Switch Mode

Chapter – 26

Chapter – 26

ကဒီယန်ဘေးဘီကိုသတိလက်လွတ်ကြည့်လိုက်ပြီးမှ
ခေါင်းညိတ်သည်။
“ကောင်းပြီညီလေးဒါဆိုအခု
မင်းအခန်းအရင်သွားရအောင်။မင်းကဒီယန်ကိုဘယ်လိုရိုက်နှက်နိုင်ခဲ့တယ်ဆိုတာငါ့ကိုပြောပြ။
ညကျရင်ငါသူငယ်ချင်းတွေခေါ်ပြီးဂုဏ်ပြုပွဲလုပ်မယ်” ဂျင်ချန်ရယ်မောကာပြန်ဖြေသည်။

“အကိုကြီးကိုကျွန်တော်သင်ပေးလိုရပါတယ်။ဒါပေမယ့်
ဂုဏ်ပြုပွဲတော့မလုပ်ချင်ဘူး”
“ကောင်းပြီလေ။မင်းပြောတာငါနားထောင်လိုက်မယ်။ မင်းအခန်းကိုသွားကြစို့လေ။ဒီမှာအရမ်းဆူတယ်”
“ချင်းယန်ရှင်းတန်”
ဂျင်ချန်ခြေတစ်လှမ်းတောင်မလှမ်းသေးချိန်တွင်
နူးညံ့ညင်သာသည့်အသံဖျော့ဖျော့လေးက သူကိုလှမ်းခေါ်လိုက်လေတယ်။
ရင်းနှီးနေသည့်အသံကြောင့်ပြန်လှည့်မကြည့်ခင်မှာ
ဂျင်ချန်ခဏတော့ကြောင်အသွားသေးသည်။အသံလာရာဘက်လှည့်လိုက်တော့
သူထံပြေးလာနေသည့်ပုံရိပ်တစ်ခုကိုမြင်ရသည်။
သူမဟာစာကြည့်တိုက်မှာတုန်းကသူဘေးမှာထိုင်ခဲ့တဲ့
ကောင်မလေးပဲဖြစ်သည်။“ဘာလဲ”
မိန်းမငယ်လေးကိုကြည့်ကာဂျင်ချန်မေးလိုက်သည်။သူမရဲ့လှပမှုကြောင့်တစ်မြို့လုံးကလူတွေ
သတ်ပွဲတွေတောင်ဖြစ်လောက်သည်။
ကောင်မလေးရဲ့အသံမှာရေပြင်ထက်က လှိုင်းလုံးငြိမ့်ငြိမ့်လေးတွေလိုငြိမ့်ငြောင်းကာ

ပျော်ရွှင်စွာရယ်မောလိုက်လေတယ်။
သူမရဲ့လက်မောင်းကိုမြှောက်ကာ
သူမလက်ထဲကိုင်ထားတဲ့ပိုက်ဆံအိတ်ကိုပြသည်။“ချင်းယန်ရှင်းတန်နင့်ကြောင့်ငါPurple
coin၁၀၀တောင်နိုင်လိုက်တယ်။ငါနင့်ကို
တကယ်ကျေးဇူးတင်တယ်သိလား။“
သူမအသံဟာအလွန်ကိုပျော့ပြောင်းနေကာ နားထောင်ရသည်မှာလည်း
စိတ်ထဲအေးချမ်းသွားစေပြန်တယ်။ဘာနှင့်တူသလဲဆိုရင်သာယာသည့်နေ့လေးတွင်မိုးဆွေးငှက်လေး
တေးဆိုနေသလိုပင်…
ဒီစကားကြားတော့ချင်းယန်ဟူတစ်စုံတစ်ခုကို
သတိရသွားသည်။သူနှဖူးသူတစ်ချက်ရိုက်လိုက်ကာ အလောတကြီးပြောသည်။
“ငါ့ညီမင်းအခန်းကိုပြန်နှင့်။မင်းအကိုကြီးက
အနိုင်ရထားတဲ့ Purple coinတွေသွားထုတ်ဦးမယ်”အနားကနေလေလိုပျောက်သွားကာ
လူအုပ်ထဲရောက်သွားတဲ့ချင်းယန်ဟူကိုဂျင်ချန်ရယ်ရင်းသာကြည့်နေလိုက်သည်။

အဲ့ဒိအချိန်မှာကောင်မလေးဟာ
ဂျင်ချန်အနားကိုဖြေးညှင်းစွာလျှောက်လာပြီး ခပ်တိုးတိုးမေးသည်။
“ဟယ်လို….ချင်းယန်ရှင်းတန်ငါ့နာမည်ကနင်ယွဲ့ပါ။ ငါနင့်ကိုတစ်ခုလောက်မေးကြည့်လိုရမလား”
ဂျင်ချန်သူမကိုကြည့်ပြီးတစ်ချက်ရယ်လိုက်ရင်းမှ
“မင်းမေးချင်တာရှိရင်မေးလိုရတယ်။
ကျိန်းသေပေါက်ဖြေမယ်လို့တော့ငါအာမမခံနိုင်ဘူး” “မစိုးရိမ်ပါနဲ့။“
နင်ယွဲ့ကဘာမျမမေးသေးခင် တခစ်ခစ်ရယ်လိုက်သေးသည်။
“ချင်းယန်ရှင်းတန်နင့်စွမ်းအားတွေက သူတော်စင်အဆင့်၈ပဲဟုတ်ရဲ့လား”
ဂျင်ချန်ခဏလောက်ငြိမ်နေပြီးမှခေါင်းတစ်ချက်ငြိမ့်သည်။ “အမှန်ပဲ။ငါအခုသူတော်စင်အဆင့်၈ပဲရှိသေးပေမယ့်
မကြာခင်အဆင့်၉ရောက်တော့မယ်လို့အာရုံတွေရနေတယ်။“
သူအဖြေကိုကြားတော့နင်ယွဲ့မျက်နျာလေးက အံ့သြမှုကြောင့်

ချစ်စဖွယ်ကလေးငယ်လေးဟန်ဖြစ်သွားသည်။
တအံ့တသြဖြင့်သူမထပ်မေးသည်။“ချင်းယန်ရှင်းတန်နင်ဒါဆိုနင်သူတော်စင်မဖြစ်သေးဘူူးပေါ့”
သူမရဲ့အသံထဲမရေရာမှုတွေပါသည်။သူမ
လုံးဝမယုံကြည်သည့်ပုံပါပေ။
သူမအသံထဲကမယုံကြည်မှုတွေကိုသတိပြုမိတော့ ဂျင်ချန်မျက်မှောင်ကျုံလိုက်သည်။
စိတ်ရှုပ်စွာဖြင့်သူပြောလိုက်သည်။
“နင်ယွဲ့ငါမင်းမေးတာကိုဖြေပြီးပြီထင်တယ်နော်”
သူမကလှပလွန်းတဲ့ကောင်မလေးပဲဖြစ်ဖြစ်၊သူမကြောင့်စစ်ပင်ဖြစ်နိုင်သည်ပဲဖြစ်ဖြစ်ဂျင်ချန်အတွက်တော့
သူမကသာမန်ကောင်မလေးတစ်ယောက်ပါပဲ။နင်ယွဲ့သူမရဲ့လက်တွေကိုဝေ့ယမ်းကာ
တောင်းပန်သည့်ဟန်လုပ်လိုက်သည်။သူမပြုံးလိုက်ရင်း “ငါတောင်းပန်ပါတယ်ချင်းယန်ရှင်းတန်။
ငါအရမ်းအံ့သြသွားလို့ပါ။နင်ငါပြောလိုက်တာကို စိတ်ထဲမထားပါနဲ့”
သူမရဲ့အသံနောက်တွင်
ချင်းယန်ဟူအပြေးရောက်လာသည်။သူ

ဂျင်ချန်ဘေးရောက်သောအခါ
ပိုက်ဆံအိတ်ကိုကိုင်ကာယမ်းလာသည့်လက်ကိုချရင်းပျော်ရွှင်နေသည့်အသံဖြင့်ပြောသည်။
“ညီလေးမင်းအကိုကြီးကအရမ်းတော်တယ်ဟုတ်။ တစ်နာရီပဲကြာသေးတယ်ငါအခုPurple
coin၁၀၀ရှာနိုင်ပြီ”
Purplecoin100ဆိုတာကသာမန်မိသားစုတွေတွက်တစ်ဘဝလုံးစားဖိုလုံလာက်သည်။
သူအကိုလက်ထဲကပိုက်ဆံအိတ်ကိုကြည့်ကာဂျင်ချန်ပြုံးရင်းပြောလိုက်သည်။
“ဒါဆိုနင်ယွဲ့မင်းမေးစရာမရှိတော့ဘူးဆိုရင် ငါတိုသွားတော့မယ်”
“သွားလေ။ငါလည်းစာကြည့်တိုက်ကိုစာဖတ်ဖို့
ပြန်သွားရဦးမယ်။ ချင်းယန် ရှင်းတန်ငါတိုထပ်တွေ့ကြတာပေါ့”
ခဏကြာပြီးနောက်ဂျင်ချန်
သူအကိုကိုသူ့အခန်းသိုပြန်ခေါ်သွားလိုက်သည်။ တံခါးသေချာပိတ်ပြီးအထဲကိုဝင်သွားလိုက်သည်။ချက်ချင်းကိုချင်းယန်ဟူစိတ်မရှည်နိုင်တော့ဘဲ
မေးတော့သည်။

“ညီလေးမင်းကဒီယန်ကိုဘယ်လိုရိုက်လဲတာလဲ
ငါ့ကိုပြောပြစမ်းပါ။မင်းဘယ်တုန်းက
ဒီလောက်သန်မာသွားတာလဲ။မင်းလုပ်ခဲ့ပုံကမင်းကသူတော်စင်အဆင့်၈ကလူလို့
ထင်နိုင်စရာကိုမရှိဘူး။
မင်းသူတော်စင်ဖြစ်နေပြီမဟုတ်လား”
ဂျင်ချန်ခေါင်းအသာခါသည်။“မဟုတ်ပါဘူး။
ကျွန်တော်ကသူတော်စင်အဆင့်၈ပဲရှိသေးတာပါ။သူတော်စင်ဖြစ်ဖို့အဝေးကြီးလိုပါသေးတယ်”
ချင်းယန်ဟူသူကိုသံသယမျက်လုံးဖြင့်ကြည့်လာသည်။“မင်းသူတော်စင်မဖြစ်သေးဘဲ
ကဒီယန်ကိုဘယ်လိုရိုက်နိုင်သွားတာလဲ” ဂျင်ချန်ကူကယ်ရာမဲ့စွာရယ်ရင်းပြောသည်။“ကျွန်တော်သူကိုရိုက်လိုက်တာကြောင့်
သူရှုံးသွားတာလို့အကိုကြီးကထင်နေတာလား။အကိုကြီးသေချာရောကြည့်နေရဲ့လား”
ချင်းယန်ဟူရှက်ရွံ့မှုကြောင့်ခေါင်းငုံလိုက်သည်။ သူပွဲစဉ်တစ်လျှောက်လုံးကြည့်နေခဲ့ပေမယ့်
တစ်ချို့အရာတွေကသေချာမြင်ရသည်မဟုတ်။

“အာညီငယ်လေးကလည်းတကယ်တော့တကယ်တော့
မင်းအကိုကသေချာမမြင်လိုက်ဘူးကွ။မင်းအကိုကြီးကို
ပြောပြလေကွာ”
ဂျင်ချန်အိပ်ယာပေါ်ထိုင်ချကာ
သက်တောင့်သက်သာဖြစ်စွာနှင့်ချင်းယန်ဟူကို
ကြည့်လိုက်သည်။
“အကိုကြီးကျွန်တော်နိုင်သွားတာက သူတော်စင်စွမ်းအားကြောင့်မဟုတ်ဘူး။အဲ့ဒါနည်းပညာကြောင့်ပဲ”
“နည်းပညာ”
ချင်းယန်ဟူမျက်နှာမှာစိတ်ရှုပ်နေသည့်
အမူအယာတွေရှိသည်။နည်းပညာတွေနဲ့သူမစိမ်းပါဘူး။ အကယ်ဒမီကျောင်းမှာ
ဆရာတွေကသူတို့လေ့ကျင့်ခဲ့ကြတဲ့သိုင်းပညာရပ်တွေအ
ကြောင်း၊နည်းပညာတွေအောကာင်းပြောပြလေ့ရှိတယ်။ဒါပေမယ့်
သိုင်းပညာတစ်ရပ်တတ်ဖို့လွယ်တာမဟုတ်ဘူး။ တစ်စုံတစ်ယောက်က
နည်းပညာတစ်ခုကိုလေ့လာလိုက်နိုင်ရင်ထိုသူကတိုက်ပွဲအတွေ့အကြုံတွေရှိလိုပဲ။

ဒါမှသာသူ့ကိုယ်ပိုင်စွမ်းရည်နဲပေါင်းစပ်ပြီး
တိုက်ခိုက်သည့်ပုံစံပြောင်းလဲနိုင်မှာဖြစ်သည်။ချင်းယန်ဟူနားမလည်တာလဲဒါပဲ
ဂျင်ချန်ကသူ့ထက်အများကြီးငယ်တာတင်မဟုတ် သူဒီကိုရောက်တာလဲကြာသေးတာမဟုတ်ဘူး။ဘယ်အချိန်ကများသွားသင်လိုက်လဲ။
“ညီလေးမင်းဒီနည်းပညာကိုဘယ်ကသင်ခဲ့တာလဲ”ဂျင်ချန်ခေါင်းခါကာဝမ်းနည်းစွာပြောသည်။
“အကိုကြီးကျွန်တော်မပြောပြနိုင်ဘူး”
ဤသည်ကိုကြားတော့ချင်းယန်ဟူမျက်မှောင်ကျုံသည်။ဂျင်ချန်ပြောသည့်နောက်ထပ်စကားကိုကြားမှပဲ
သူဝိဉာဉ်ဟာခန္ဓာမှာပြန်ကပ်တော့သည်။ “အကိုကြီးသင်ချင်တယ်ဆိုရင်ကျွန်တော် သင်ပေးနိုင်ပါတယ်”
“တကယ်လား။အရမ်းကောင်းတယ်။ညီလေးမင်းဘယ်တော့ငါ့ကိုသင်ပေးမှာလဲ”
သင်နိုင်ဖို့အတွက်သူအရမ်းစိတ်လှုပ်ရှားနေပြီ။သူသည်နည်းပညာတွေကိုတတ်မြောက်ထားမယ်ဆိုလျှင်
သူတော်စင်တွေကိုတောင်ရင်ဆိုင်နိုင်မှာဖြစ်သည်။ ဂျင်ချန်ရယ်လိုက်သည်။

“အကိုကြီးမနက်ဖန်မှ
စသင်တာပိုကောင်းမယ်ထင်တယ်။မနက်ဖန်အရှေ့ပိုင်းဥယျာဉ်ကလှိုဏ်ဂူမှာကျွန်တော်
မနက်စောစောလောက်စောင့်နေမယ်”
“ကောင်းပြီညီလေး။ကတိတည်နော်။ငါမနက်ဖန်
မနက်အစောကြီးထဲကစောင့်နေမှာ”
ချင်းယန်ဟူကပြောသည်။အကယ်ဒမီကဆရာတွေကိုတပည့်တွေကိုနည်းပညာတွေမသင်ပေးခဲ့ပေမယ့်
ဤသည်ကကလန်အတွင်းမျာပါအရေးကြီးသည်ကိုသူသိသည်။
ပရော်ဖက်ဆာတစ်ယောက်ထံမှသင်ကြားပေးခြင်းခံထားရသည့်လူတစ်ယောက်ကိုတော်ရုံလူက
သူအတွက်ပြိုင်ဘက်မဖြစ်နိုင်ပေ။ ညီအကိုနှစ်ယောက်
တခဏလောက်စကားပြောပြီးသည့်နောက်ချင်းယန်ဟူပြန်သွားသည်။အကြောင်းမှာ
သူသူသူတော်စင်စွမ်းအားတွေကိုအလွန်အကျွံသုံးခဲ့ရသ ည်မို့သူဒဏ်ရာအနည်းငယ်ရကာပင်ပန်းနေသည်။
ထိုကြောင့်အဆင့်၃သားရဲအမြုတေကိုသုံးပြီး သူပြန်လည်ကုစားဖိုလိုသည်။

အခုဆိုလျှင်ဂျင်ချန်ကကဒီယန်ကိုနိုင်သွားတဲ့အကြောင်း အကယ်ဒမီတစ်ခုလုံးပျံ့နေပြီဖြစ်သည်။အဆိုပါဖြစ်ရပ်ကို မသိသူဟူ၍မရှိသည်အထိ။သိုပေသိ
မည်သူမျှလက်ခံနိုင်သည်ဟူ၍မရှိ။အစဉ်အဆက်သောအကယ်ဒမိသမိုင်းကျောင်းမှာထိုသိုဖြစ်ရပ်မရှိဖူးခဲ့။
သူတော်စင်အဆင့်၁၀ကိုအသာလေးနိုင်သွားသည့်
သူတော်စင်တစ်ယောက်က
သူတော်စင်အဆင့်၈လေးဆီမှာရံှးနိမ့်ခဲ့ရသည်တဲ့….အထူးသဖြင့်ထိုအဆင့်၈လေးဟာ
လူသစ်လေးဖြစ်နေပြန်သည်။ကဒီယန်နဲ့ဂျင်ချန်၏သတင်းမှာ
ကျောင်းအုပ်ထံသို့ပါရောက်သွားလေသည်။ ခါကဲအကယ်ဒမီတွင်တည်ရှိသော
မျှော်စင်၏အလယ်ထပ်တွင်ကျောင်းအုပ်မှာထိုဖြစ်ရပ်ကို
သေချာချင့်ချိန်နေလေသည်။
“ပိုင်အန်း မင်းပြောတာအမှန်ပဲလား။ချင်းယန်ရှင်းတန်က သူတော်စင်အဆင့်၈ပဲရှိသေးပြီးကဒီယန်ကိုနိုင်သွားတယ်ဟုတ်လား”
ကျောင်းအုပ်၏ဟန်မှာတည်ငြိမ်နေသော်ငြား
မျက်လုံးတွေမှာတော့သိချင်စိတ်တွေပြည့်နေတယ်။

ဒုကျောင်းအုပ်ပိုင်အန်းသည်တရိုတသေဖြင့်
ပြန်ဖြေသည်။
“ကျောင်းအုပ်ကြီးအခုတစ်ကျောင်းလုံးကတော့ အဲ့လိုပြောနေကြတာပဲကျွန်တော်လည်း
ကောလဟာလဆိုပြီးအစကမယုံခဲ့ဘူး။ဒါပေမယ့်
ပြိုင်ပွဲကအကယ်ဒမီစင်မြင့်မှာပဲဖြစ်သွားတာမို့
ကောလဟာကသက်သက်တော့မဟုတ်ဘူး။ဆရာတိုင်းကပြောတယ်ချင်းယန်ရှင်းတန်ကသူထက်အများကြီးအဆင့်မြင့်တဲ့
ကဒီယန်ကိုနိုင်သွားတယ်တဲ့။ပြောကြသေးတာက ကဒီယန်ကသူတော်စင်လက်နက်ကိုမသုံးဘူးးတဲ့။ လက်ဗလာနဲ့တိုက်ခဲ့တာပါတဲ့”
ကျောင်းအုပ်မှာ မုတ်ဆိတ်ဖြူကြီးတွေအားပွတ်သပ်ရင်းတွေးတောနေလေတယ်။
“ကောလဟာလတွေကအရမ်းပျံ့နေတာဆိုတော့ အမှန်ပဲဖြစ်မယ်။ကြည့်ရတာချန်းပိုင်က
ငါ့ဆီတကယ့်လူငယ်သူရဲကောင်းလေး
ခေါ်လာပေးတာပဲ။သူတော်စင်တစ်ယောက်ကအဆင့်၈သမားဆီကနေအရိုက်ခံရတာက
တစ်ခါမှမကြားဖူးတဲ့ဖြစ်ရပ်ပဲ။“

“ကျောင်းအုပ်ကြီး။ကျွန်တော်တို့ဘာလုပ်ကြမလဲခင်မျာ။
သိပ်မကြာခင်မှာကျောင်းကစီနီယာတွေက သူတော်စင်အဆင့်၈ကောင်လေးကို
လိုက်ရှာကတော့မယ်။ချင်းယန်ရှင်းတန်အတွက်မကောင်းတဲ့အရာတွေဖြစ်လာမှာစိုးတယ်”
ဤသည်ကိုကြားတော့ကျောင်းအုပ်ကလက်ကာသည်။
“လွှတ်ထားလိုက်ပါ။ငါတိုဝင်မပါသင့်ဘူး။
သူတိုဒီကိစ္စလေးကိုမှမဖြေရှင်းနိုင်ရင်အနာဂတ်မှာ အဆင်ပြေမှာမဟုတ်ဘူး”

Comment

Leave a Reply

Options

not work with dark mode
Reset