Chapter – 25
နာကျင်မှုကိုအံကြိတ်ခံရင်း
ဂျင်ချန်ကိုခြေထောက်ဖြင့်လှမ်းကန်လိုက်ကာသူကျန်လက်တစ်ဖက်ကိုရုန်းထွက်လိုက်သည်။သူလက်တစ်ဖက်ကကျိုးသွားပြီဖြစ်ပေမယ့်
ကျန်တစ်ဖက်ကတော့အခြေအနေမဆိုးလှသေး….သူကားလက်တစ်ဖက်ကျိုးနေတာတောင်မှ
ပြန်လည်တိုက်ခိုက်နိုင်သေးသည်။
အခုအခြေအနေကဆိုးရွားနေပေမယ့်ကံကောင်းတာကကဒီယန်မှာအတွေ့အကြုံတွေများသည်။ထိုကြောင့်
အခြေအနေကိုမည်သိုထိန်းချုပ်သင့်သည်ကိုသူသိသည်။
အရှိန်ပြင်းသည့်ခြေကန်ချက်နှင့်လှုပ်ရှုားလာသည့်လက်ကို
ဂျင်ချန်မျက်လုံးထဲမြင်လိုက်သည်မို့
သူတိုက်ရိုက်ပြန်မတိုက်နိုင်သည်ကိုသိလိုက်သည်။ထိုကြောင့်မတတ်သာစွာဖြင့်
ကဒီယန်လက်ကိုလွှတ်ပေးလိုက်ပြီးProfound
ခြေလှမ်းကိုသုံးကာရှေုာင်ထွက်လိုက်သည်။ ကဒီယန်ကန်ချက်တွေမှလွတ်ရန်
ကိုယ်ကိုတစ်ပတ်လည်ကာဆုတ်ရင်းရှေုာင်တိမ်းသည်။တစ်ပြိုင်နက်တည်းမှာပဲ
သူသူတော်စင်စွမ်းအားတွေကိုစုကာ
ကဒီယန်ကျောကိုရိုက်ချရန်ချိန်ထားလိုက်သည်။
ဂျင်ချန်ဘေးကိုရှေုာင်ထွက်သွားတာနဲ့ ကဒီယန်သတိထားနေနေရကား
သူကျောမှစွမ်းအားကိုခံစားမိသည်နှင့် အနည်းငယ်တောင်တုံ့ဆိုင်းမနေဘဲ
ချက်ချင်းရှေုာင်တိမ်းလိုက်သည်။သူရှေုာင်လိုက်ပေမယ့်ထိတ်လန်စိတ်ကရှိနေဆဲ။
သူကျောမှဖိအားကအလွတ်ပေးခြင်းမရှိရာကဒီယန်စိုးရိမ်သွားရသည်။
“ဘုန်း”
ကဒီယန်အတွက်
ဂျင်ချန်ရဲ့လက်နှစ်ဖက်အပြည့်စွမ်းအားတွေကိုရှေုာင်ဖို့ရာ မလျင်လိုက်နိုင်လေဘူး။ထိုကြောင့်
သူကျောကိုရိုက်ချမိရာက
အသံအကျယ်ကြီးထွက်လာလေတယ်။ဤသည်က
ကဒီယန်ကိုရှေု့သို့နှစ်လှမ်းလောက်
အရှိန်ဖြင့်ရောက်သွားစေတယ်။ သူကားသန်မာသည့်သူတော်စင်ဖြစ်ရကား
ချက်ချင်းသူ့ကိုယ်သူစစ်ဆေးလိုက်တယ်။ သူမျက်နှာကဖြူဖျော့နေခဲ့ပြီးဖြစ်သလို
ဂျင်ချန်ကနဂိုကထိခိုက်ထားသည့်နေရာကိုသာထပ်ရိုက်တာဖြစ်တဲ့အပြင်ဂျင်ချန်စွမ်းအားက
သူတော်စင်အဆင့်ကိုးအထွတ်အထိပ်အနေအထားမှာလည်းရှိနေသေးတယ်။
သူကသူတော်စင်တစ်ယောက်ဖြစ်နေပေမယ့်စွမ်းအားလည်းပိုမြင့်ပေမယ့်သူကား
ဒဏ်ရာရထားပြီးသားဖြစ်တော့
သူပြင်းပြင်းထန်ထန်ထပ်မံထိခိုက်သွားရပြန်တယ်။ကဒီယန်သူ့ကိုယ်တွင်းချီတွေကို
ခန္ဓာကိုယ်ကိုလှည့်လည်ကာကုသလိုက်သည်။
သူခန္ဓာအစိတ်အပိုင်းကလီစာတွေမှာ
သေလုအောင်နာကျင်နေပြီဖြစ်သည်။
ကဒီယန်သူ့ကိုယ်သူစစိဆေးနေဆဲမှာ
ဂျင်ချန်ဟာသူ့ဘေးကိုရောက်လာပြန်ကာ
သူရင်ဘတ်ကိုညာဘက်လက်ဖြင့်တစ်ကြိမ်ထက်မနည်း
တိုက်ခိုက်လာပြန်တယ်။ဂျင်ချန်လက်သီးအရှိန်ဟာငှက်မွှေးကဲ့သို့ပေါ့ပါးကာမြန်ဆန်လှပေမယ့်
သက်ရောက်မှုကတော့ပြင်း၏။
အစောပိုင်းကဂျင်ချန်ကိုပြောထားကြသူတွေမှာ
ဤသည်ကိုမြင်ပြီးပါးစပ်အဟောင်းသားဖြစ်နေလေတယ်။
ကဒီယန်ဂျင်ချန်ကိုလှည့်ကြည့်လိုက်ရာတွင် သူအကြည့်တွေထဲ
ဒေါသတွေတရှိန်ထိုးပြည့်နေလေသည်။
သူလိုသန်မာတဲ့သူတော်စင်တစ်ယောက်က သူထက်များစွာအဆင့်နိမ့်တဲ့ဂျင်ချန်လိုလူဆီက
အရိုက်ခံရသည်မှာအတော်ကိုခံပြင်းဖို့ကောင်းသည်။ ဂျင်ချန်ကသူမျှော်မှန်းထားသည်ထက်
များစွာအစွမ်းထက်နေသည်လား… သိုဆိုလျှင်ရော
ဘာအရေးလဲ…သူကား
သူတော်စင်တစ်ယောက်ဖြစ်နေပြီလေ။
“ယား…..”
ကဒီယန်ဒေါသအပြည့်ဖြင့်ကြုံးဝါးကာ
သူလက်ထဲမှာသူတော်စင်စွမ်းအင်တွေကို စုစည်းလိုက်လေတယ်။
ကြီးမားလှတဲ့သူတော်စင်စွမ်းအင်အလုံးကြီးဟာဂျင်ချန်ရင်ဘတ်ကိုဦတည်နေလေတယ်။
ဂျင်ချန်ကပေါ့ပါးတဲ့လက်သီးကိုသုံးမယ်ဆိုရင်သူကလည်းစွမ်းအားအပြည့်ပါတဲ့
လက်သီးနဲ့ဘာလိုရင်မဆိုင်ရမှာလဲ။
အခြေအနေတွေကတော့အမြင့်ဆုံးကိုရောက်လို့လာပြီ။
နှစ်ယောက်လုံးရဲ့
ားဂျင်ချန်က
လက်သီးတွေထိပ်တိုက်တွေ့ရမည့်အစ
ကဒီယန်ရင်ဘတ်ကိုသာဦးတည်လိုက်လေတယ်။
ကဒီယန်လက်သီးကလည်းဂျင်ချန်အင်္ကျီကိုအပေါက်အ ကျယ်ကြီးဖြစ်သည်အထိပြဲသွားစေလောက်အောင်
ပြင်းထန်သည့်အသံနှင့်အတူတိုက်ခိုက်မိသွားလေတယ်။
ပြဲသွားသည့်အင်္ကျီအောက်မှာတော့
မိန်းမပျိုလေးတွေစိတ်ကူးယဉ်လောက်သည့်
တောင့်တင်းသည့်ခန္ဓာဟာပေါ်ထွက်လာလေတယ်။သိုသော်ငြားလည်းထိုခန္ဓာလှလှမှာ
ကဒီယန်၏လက်သီးကြောင့်
ညိုမဲစွဲသည့်ဒဏ်ရာကြီးဖြစ်သွားရသည်။
“ဘုန်း…ဘုန်း..ဘုန်း”
ကဒီယန်တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ဂျင်ချန်မှာ နာကျင်မှုကြောင့်ရှုံ့တွနေလေတယ်။
သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကိုတောင့်ခံဖို့ သူခန္ဓာကမဖြစ်နိုင်လေဘူး။
ခက်ခက်ခဲခဲရှေုာင်တိမ်းလိုက်ပေမယ့်
အတော်တော့ထိခိုက်မိသွားရသည်။သိုပေမယ့်
ဂျင်ချန်ကတော့ပြသနာရှိသည်ဟုမထင်ပေ။စင်စစ်ကဒီယန်က
သူတော်စင်တစ်ယောက်မှန်းသူသိပြီးသားပဲလေ။
ဂျင်ချန်ကသူတော်စင်အဆင၈့်
သူငယ်ငယ်လေးကတည်းက
ပဲရှိသေးပေမယ့်
Azuletဓားသိုင်းကိုကျင့်ထားခဲ့သည်။ထိုကြောင့် သူခန္ဓာကိုယ်တွင်းမှအစိတ်အပိုင်းတွေမှာ
ပုံမျန်ထက်အဆများစွာသန်မာနေခဲ့သည်။သိုပေမယ့်
အပြင်ပန်းကကြည့်မည်ဆိုလျှင်တော့
သူကအတော်အားနည်းပုံပေါက်လိမ့်မည်။
ထိုကြောင့်ဂျင်ချန်ပြင်းပြင်းထန်ထန်ဒဏ်ရာရမသွားခဲ့
သိုသော်ငြားသူတော်စင်တစ်ယောက်၏စွမ်းအားတွေကသူ့ခန္ဓာကိုယ်အပြင်ပိုင်းကိုတော့
ညိုမဲစွဲသွားစေနိုင်သေးသည်ပေ။
အခြားတစ်ဖက်မှာလည်း
ကဒီယန်ကနဂိုနေရာမှာပဲရပ်နေဆဲ။သိုရာတွင်သူမျက်နှာမှာတော့အံ့အားသင့်နေဟန်ပေါ်တယ်။သူနဂိုခံစားနေရတဲ့နာကျင်မှုတွေအပြင်
နောက်ထပ်အသစ်သစ်သောနာကျင်မှုတွေကစတင်ထွက်ပေါ်လာနေတယ်။
ဂျင်ချန်ရဲ့ငှက်မွှေးကဲ့သို့ပေါ့ပါးသည့်လက်သီးက
သူဗိုက်ကိုထိုးမိသွားခဲ့တယ်။
ထိုနေရာမှတဆစ်ဆစ်နဲအီစိမ့်နေအောင်ကိုထူးထူးဆန်းဆန်းကြီးနာကျင်လာနေတယ်။
ထူးဆန်းတဲ့အားလှိုင်းတွေကလည်းသူခန္ဓာအတွင်းမှာ
မငြိမ်မသက်ဖြစ်ကာလှုပ်ရှုားနေပြီး
မကြာခင်ပေါက်ကွဲထွက်တော့မယောင်ဖြစ်နေလေပြန်တယ်။ဆိုးရွားလှတဲ့နာကျင်မှုတွေကြောင့်
ကဒီယန်ရူးသွားတော့မည်ထင်သည်။
ကဒီယန်မျက်နှာမဲမှောင်ကာ
သူစွမ်းအားတွေကိုသုံးပြီးကာကွယ်ထားလိုက်တယ်။သူဟာဂျင်ချန်ထက်စွမ်းအားများပေမယ့်
ဒဏ်ရာကားရသွားခဲ့ပြီးပြီ။အရမ်းကြီးမပြင်းထန်ပေမယ့် အီစိမ့်နေအောင်နာကျင်နေမှုကြောင့်
ဆက်လက်တိုက်ခိုက်ဖို့ရာအတွက် သူအတွက်ဖိအားတွေဖြစ်နေလေပြီ။
ကဒီယန်ဂျင်ချန်ကိုမယုံကြည်နိုင်စွာကြည့်နေမိတယ်။ သူထင်ထားခဲ့သည်က
ပြိုင်ဘက်ကိုအခုလိုအသာစီးရယူနိုင်ဖို့က
သူလိုသူတော်စင်သာလုပ်နိုင်မည်ပေါ့။
ဂျင်ချန်လိုသူတော်စင်အဆင့်၈ကိုမဆိုထားနဲ့ အဆင့်၁၀အထွတ်အထိပ်ကိုတောင်မှ
အပြတ်အသတ်နိုင်ခဲ့သေးတဲ့ဟာ…
ဒါကသူလက်နက်မသုံးတာနဲမဆိုင်ဘူး…
သူကိုယ်ပိုင်ခွန်အားကိုက
ဂျင်ချန်ထက်အများကြီးသာနေခဲ့ပြီးသား။
ထိုအချိန်တွင်ဂျင်ချန်နှင့်သဘောတူထားခဲ့သည်ကိုကဒီယန်သတိရလိုက်သည်။သိုသော်ငြား
ပြန်ပြင်ဖိုနောက်ကျသွားပြီ။
သူသာသူတော်စင်လက်နက်သုံးခဲ့မယ်ဆိုလျှင်
ဂျင်ချန်ကိုအသာလေးနိုင်နိုင်သည်။သူကားလျှာရှည်ကာ မသုံးဟုကတိပေးခဲ့မိသည်။ယခုမှပြန်ပြင်ကာ
လက်နက်ထုတ်သုံး၍လည်းမရတော့။ သူကတိတည်မှဖြစ်မည်။မဟုတ်လျှင်
သူဂုဏ်သိက္ခာကားသုံးရတော့မည်မဟုတ်တော့။
ကြည့်ရှုနေသူတွေဟာလည်းအများကြီးရှိသည်။ဒါ့အပြင်
သူကကဒီကလန်ရဲ့လက်ရွေးစင်တစ်ယောက်ဖြစ်သည်။
ထိုကြောင့်သူ့ဂုဏ်သိက္ခာကပိုအရေးကြီးသည်။
ကဒီယန်အသင့်ပြင်မည်ပြင်လိုက်ချိန်တွင်
ဂျင်ချန်ကလက်နှစ်ဖက်လုံးအားအပြည့်ထည့်ကာတိုက်ခို
က်လာနှင့်ပြီ။မခန်မှန်းနိုင်လောက်အောင်
ပုံသေမဟုတ်တဲ့တိုက်ကွက်တွေဟာ
ဂျင်ချန်ဆီမှလျင်လျင်မြန်မြန်ထွက်ပေါ်လာနေသည်။ ကဒီယန်မျက်လုံးထဲမှာတော့
မီးသီးတွေလင်းလိုက်မှိတ်လိုက်ဖြစ်နေသည်ကို
မြင်နေရသလိုပင်။
ကဒီယန်ဂျင်ချန်တိုက်ခိုက်မှုတွေကို အနီးကပ်တားဆီးနေရသည်။
သူလက်တစ်ဖက်ကကျိုးနေတာမို့
အခြားတစ်ဖက်တည်းကိုသာသုံးနိုင်လေသည်။ သူရဲ့သူတော်စင်စွမ်းအားတွေကြောင့်သာ
တားဆီးနိုင်နေခြင်းကိုသူလည်းသိသည်။အခုအချိန်တွင်သူဂျင်ချန်ကိုအထင်မသေးရဲတော့ဘဲ
သူနှင့်တန်းတူစွမ်းအားမြင့်သည့်ပြိုင်ဘက်ဟုသာမြင်နေေ
လသည်။
တိုက်ခိုက်နေကြသည့်လူနှစ်ယောက်မှာ
တဖြေးဖြေးမြန်ဆန်လာနေတယ်။တိုက်ပွဲဟာ
ပြင်းထန်သထက်ပြင်းထန်လာတယ်။နှစ်ယောက်လုံးဟာ
သေကွင်းသေကွက်ကိုချည်းတိုက်ခိုက်ခံနေရတာမို့
အသည်းအသန်ကိုသတိထားကာရှောင်တိမ်းနေရသည်။
ဂျင်ချန်ကပိုသန်မာလာပြီးတော့ကဒီယန်ကတော့ခုခံဖို့ခက်သထက်ခက်လာနေတယ်။သူ့အနေနဲ့
ဂျင်ချန်ရဲ့လက်သီးတွေကိုတဖျက်ဖျက်နဲသာ
မြင်နေရပြီမို့သူအကြားအာရုံကိုသာ အားထားပြီးရှောင်ရှားနေရလေတယ်။
နောက်ဆုံးမှာတော့ကဒီယန်သတိတစ်ချက်လွတ်သွားရာသူပခုံးကိုဂျင်ချန်၏အားပါသည့်ရိုက်ချက်ထိသွားသည်။ ကဒီယန်လှုပ်ရှုားမှုတွေခဏတာနှေးကွေးသွားချိန်တွင်
ဂျင်ချန်ကတုံ့ဆိုင်းမနေဘဲ
သူလက်ကျန်အားအင်တွေစုစည်းကာ
ကဒီယန်ရင်ဘတ်ကိုအသားကုန်ရိုက်ချလိုက်သည်။
နောက်အဆက်မပြတ်ဆိုသလိုတဘုန်းဘုန်းဖြင့်ကဒီယန်ကိုရှောင်ရှားချိန်မရအောင်
နေရာပေါင်းစုံမှရိုက်နှက်လေတော့တယ်။
အတော်ဒဏ်ရာရထားသည့်ကဒီယန်ပခုံးကိုလည်း
ထပ်ခါထပ်ခါရိုက်နှက်သည်။
ဆက်တိုက်ဖြစ်တဲ့ရိုက်နှက်မှုတွေကို
ကဒီယန်သူတော်စင်စွမ်းအားတွေနှင့်တောင် မရှောင်ရှားနိုင်တော့။ကဒီယန်
သွေးတစ်ပွက်အန်ထုတ်လိုက်ရပေပြီ။
ကဒီယန်ကစင်ထောင့်နားရောက်နေသည်ကိုသတိထားမိသောဂျင်ချန်မျက်နှာတွင်
လူယုတ်မာအပြုံးပေါ်လာခဲ့သည်။သူအချိန်ဆွဲမနေဘဲအတော်ဆိုးဆိုးရွားရွားကိုညိုမဲစွဲကာရောင်ကိုင်းနေပြီဖြစ် တဲ့ကဒီယန်ပခုံးကိုနောက်တစ်ကြိမ်အားပါပါဖြင့်
ရိုက်လိုက်သည်။ယခုလက်သီးသည် ယခင့်တွေထက်များစွာပြင်းလေရာ
ကဒီယန်စင်အောက်သို့
ပုံပျက်ပန်းပျက်ပြုတ်ကျသွားတော့သည်။
ဂျင်ချန်ကတော့ပြိုင်ပွဲစင်မြင့်ပေါ်မတ်မတ်ရပ်နေကာ အသက်ကိုပြင်းပြင်းရှူနေလေသည်။
သူအတော်ကိုပင်ပန်းသွားရပြီ။
သူမှာအားအင်တွေနည်းနည်းလေးတောင်မကျန်တော့ဘူး
။ကဒီယန်သာသတိမလွတ်သွားဘူးဆိုလျှင်
စင်အောက်မှာလဲနေ၇မည့်သူကသူဖြစ်လိမ့်မည်။
ပြိုင်ပွဲကွင်းပြင်ကြီးတစ်ခုလ့ုး
အပ်ကျသံပင်မကြားရအောင်ကိုတိတ်ဆိတ်နေသည်။လူအားလုံးမှာအံ့သြတုန်လှုပ်ဟန်တွေနှင့်သာရှိနေသည်။ သူတော်စင်အဆင့်၈မှာရှိတဲ့သူက
ဘယ်လိုဖြစ်ပြီးသူတော်စင်တစ်ယောက်ကိုနိုင်သွားရတာလဲ။ဒါဘယ်လိုမှမဖြစ်နိုင်တာကြီး…
ဒီလိုဖြစ်မယ်လိုဘယ်သူကတွေးမိခဲ့မှာလဲ…
“အကိုကြီး…”
အသံတစ်ခုကဖောက်ထွက်လာသည်နှင့်
ကျွတ်ကျွတ်ညံစေလောက်အောင်
ကျယ်လောင်သည့်ငြင်းခုန်သံတွေဟာ
နောက်မှလိုက်ပါလာသည်။ကဒီမောင်နှမနှစ်ယောက်ဟာ လဲကျနေသည့်ကဒီယန်ဆီအပြေးသွားကာ
ထွေးပွေ့ထားလိုက်ကြသည်။
ပရိတ်သတ်တွေထံမှလည်း
မျိုးစုံသောထင်မြင်ချက်တွေနှင့်ဆူညံနေလေတယ်။
“ဘုရားရေ။ငါအိပ်မက်မက်နေတာမဟုတ်ဘူးလား…အဆင့်၈ကလူက
ဘယ်လိုလုပ်သူတော်စင်ကိုနိုင်သွားတာလဲ။
အဆင့်၁၀အထွတ်အထိပ်သမားတောင်မနိုင်ခဲ့ဘူးလေ”
“ချင်းယန်ရှင်းတန်ကအဆင့်၈ရောဟုတ်ရဲ့လားကွာ။“
“ချင်းယန်ရှင်းတန်ရဲ့ခွန်အားတွေက
သူတော်စင်အဆင့်၈လို့ပြောဖိုခက်တယ်။
ကဒီယန်ကသူတော်စင်လက်နက်မသုံးခဲ့ပေမယ့်
ချင်းယန်ရှင်းတန်ထက်အများကြီးသာတာပဲလေ။”
“ကြည့်ရတာချင်းယန်ရှင်းတန်က
မသမာတဲ့နည်းလမ်းတွေများသုံးလိုက်သလားပဲ”
အမျိုးမျိုးသောမှတ်ချက်တွေကို
ဂျင်ချန်မည်သို့မှမတုံပြန်ဘဲစင်အောက်သို့ဆင်းကာ ချင်းယန်ဟူဆီသွားလိုက်သည်။
ချင်းယန်ဟူ၏
အလွန်အမင်းအံ့အားသင့်နေတဲ့အကြည့်ကိုမြင်တော ဂျင်ချန်ပြုံးလိုက်သည်။
“အကိုကြီးဒီညီငယ်လေးက
စိတ်မပျက်စေဘူးမဟုတ်လား။ကျွန်တော်နိုင်တယ်”
ချင်းယန်ဟူအားရပါးရရယ်ကာဂျင်ချန်ကိုသိုင်းဖက်သည်။“ညီလေးက
တကယ့်ကိုအံ့အားသင့်စရာကောင်းတယ်ကွာ။
သူတော်စင်တစ်ယောက်ကိုရိုက်နှက်နိုင်ခဲ့တယ်။
မင်းအကိုကြီးကမင်းကိုတအားလေးစားသွားပြီ”
ဂျင်ချန်လည်းချင်းယန်ဟူကိုပြန်ဖက်လိုက်ရင်းသူကျေနပ်စွာပြုံးလိုက်နိုင်ပြီဖြစ်သည်။
“အကိုကြီးဒီမှာစကားပြောလိုမကောင်းဘူး။ ဒီကအရင်သွားရအောင်