Chapter – 24
ဓားကိုလက်၌ကိုင်ထားရင်း ချင်းယန်ဟူ၏ သတ္တိတွေကသူကိုတွန်းအားဖြစ်နေစေတယ်။သူပြိုင်ဘက်က
သူတော်စင်လက်နက်သွန်းလုပ်နိုင်နေတဲ့
သူတော်စင်တစ်ယောက်။ဘယ်လိုပဲဖြစ်ဖြစ်ပါသူကလည်းအရမ်းအားမနည်းလှပါဘူး။
“ချင်းယန်ဟူမင်းရဲ့သာမန်ဓားလေးက
ငါ့ကိုယှဉ်နိုင်မယ်ထင်နေတာလား။ဆုတောင်းနေလိုက်။အခုသူတော်စင်တစ်ယောက်ရဲ့စွမ်းအားကို
မင်းသိအောင်ငါပြမယ်။”
ရွှေရောင်ဓားကြီးကိုလက်နှစ်ဖက်ဖြင့်သယ်ကာ
ချင်းယန်ဟူအားလျင်မြန်စွာခုတ်ပိုင်းလိုက်သည်။
ဓားကသိပ်မလေးလှသည်မို့အားဖြင့်လွှဲလိုက်နိုင်သည်။။
ဓားဟာမျက်တောင်တစ်ခတ်အတွင်းမှာချင်းယန်ဟူထံ
တိုးဝင်သွားသည်။
ကဒီယန်၏သူတော်စင်လက်နက်ကိုသာ
ချင်းယန်ဟူအာရုံစိုက်နေခဲ့သည်မို့သူကိုမထိခင်မှာ လျင်မြန်စွာရှောင်လိုက်နိုင်သည်။ဓားဟာ
သူဘေးမှကပ်ဖြတ်သွားပြီး
အဝတ်အစားတွေကိုသာထိသွားခဲ့သည်။သူတော်စင်ဖြစ်သွားပြီးတဲ့နောက်မှာ
ကဒီယန်ကယခင်ကထက်သိသိသာသာခွန်အားတွေတိုးလာခဲ့တယ်။ချင်းယန်ဟူသူကိုယှဉ်နိုင်ဖို့ရာ
မဖြစ်နိုင်လေဘူး။အခုပထမအချက်မှာတင်ဘယ်လောက်အန္တရာယ်များမှန်းချင်းယန်ဟူသိလိုက်ရပြီ။
“ဟ”
ကဒီယန်ခဏလေးတောင်တုံဆိုင်းမနေဘဲ
နောက်တစ်ကြိမ်သူဓားကိုဝေ့ယမ်းလိုက်ပြန်သည်။
တိုက်ခိုက်မှုကချင်းယန်ဟူနှင့်အတော်နီးကပ်လာနေပြီ။ ချင်းယန်ဟူ သူခန္ဓာကိုယ်တစ်ခုလုံးကို ချီစွမ်းအင်တွေဖြင့်ကာကွယ်ထားလိုက်သည်။ကဒီယန်ကလည်း
သူရွှေရောင်ဓားဖြင့်ချင်းယန်ဟူူကိုခုတ်ပိုင်းပြန်သည်။
ထိုရွှေရောင်ဓားဟာမည်မျှသန်မာသည်ကိုတွေ့မြင်ပြီးတဲ့
ချင်းယန်ဟူမှာကူကယ်ရာမဲ့စွာဖြင့်သူရဲ့ဓားဖြင့်သာ ခုခံလိုက်ရတော့သည်။ချင်းယန်ဟူ
မျှော်လင့်ထားသည်ထက်
သူတော်စင်လက်နက်ကများစွာမြန်နေသည်။သူနည်းနည်းလေးသာနှေးသွားခဲ့မယ်ဆိုလျှင် သူခေါင်းပြတ်သွားလောက်ပေပြီ။
နောက်ဓားချက်အဝေ့ကိုသူမခုခံနိုင်တော့ဘဲအမြန်ရှောင်ပြေးလိုက်ရသည်။
“ဘုန်း…”
ချင်းယန်ဟူခုန်ရှောင်ပြီးတဲ့နောက်ရွှေရောင်ဓားဟာ ယခင်သူရပ်ခဲ့သည့်နေရာပေါ်ခုတ်ပိုင်းမိသွား၏။
ပြင်းထန်သည့်စွမ်းအားးတွေကြောင့်ထိုနေရာတွင်နက်ရှိုင်းသည့်အက်ကွဲရာကြီးဖြစ်သွားခဲ့ကာ
အရပ်လေးမျက်နှာသို့ပါအနည်းငယ်အက်သွားစေသည်။ ကဒီယန်သူ့ဓားကိုအရှိန်ထိန်းလိုက်ချိန်တွင်ချင်းယန်ဟူ သူဓားဖြင့်ကဒီယန်ကိုလွှဲချလိုက်သည်။
“ဟမ့်”
ကဒီယန်နှာခေါင်းရှုံ့ကာအထင်းသေးစွာဖြင့်
လက်တွေဝေ့ယမ်းလိုက်သည်။သူတော်စင်လက်နက်မှ
အလင်းရောင်တွေဖြာထွက်လာကာချင်းယန်ဟူ၏ဓားနှင့်
ရင်ဆိုင်လိုက်သည်။
ဓားနှစ်ချောင်းထိတွေ့မိရာမှချင်းယန်ဟူ၏ဓားမှာ အက်ကွဲသံအကျယ်ကြီးထွက်လာကာ
လက်ထဲမှလွတ်ထွက်သွားရသည်မှာ
သူမခုခံနိုင်တော့သဖြင့်သာ။ချင်းယန်ဟူ၏ပါးစပ်မှ
သွေးတွေထွက်လာတာကိုကြည့်ခြင်းအားဖြင့်ဓားမှဆိုးကျိုးကအတော်များမှန်းသိနိုင်သည်။ချက်ချင်းပဲကဒီယန်ချင်းယန်ဟူ့ရင်ဘတ်ကို
အားဖြင့်ကန်ကာတဖန်တက်နင်းလိုက်ပြန်သည်။သူခွန်အားတွေဟာ
သန်မာတဲ့ချျင်းယန်ဟူလိုလူကိုတောင်လွင့်ထွက်ကာစင်ပေါ်သိုပြန်မကျမှီ
လေထဲ၌အတန်ကြာနေလိုက်ရစေသည်။
ချင်းယန်ဟူအန်လိုက်ရပြီးသူမျက်နှာကတော့အံ့သြသင့်ကာဖြူဖျော့နေလေတယ်။
“အကိုကြီး။“
ဂျင်ချန်အော်ဟစ်လိုက်သည်
။သူ့အမူအယာကလည်းပြောင်းလဲလို့နေပြီ။ ချင်းယန်ဟူပြုတ်ကျလာမည့်နေရာကို
ဂျင်ချန်အပြေးသွားရန်လေထဲတွင်ခုန်လိုက်သည်။
ချင်းယန်ဟူမြေပြင်ပေါ်ပြုတ်မကျခင်ဂျင်ချန်လှမ်းဖမ်းပွေ့လိုက်နိုင်သည်။ “အ“
မြေပေါ်ရောက်တော့ချင်းယန်ဟူသွေးအန်လိုက်ရပြီး
ပြင်းပြင်းထန်ထန်ချောင်းဆိုးတော့သည်။
သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကိုချင်းယန်ဟူလို သူတော်စင်အထွတ်အထိပ်အဆင့်ကတောင်မှ
မယှဉ်နိုင်ခဲ့ဘူး။သူအခု
အတွင်းဒဏ်ရာတွေတော်တော်ရထားပြီ။
“အကိုကြီး။ဒဏ်ရာတွေကအတော်ပြင်းထန်လား” ဂျင်ချန်ချင်းယန်ဟူကို
သူကိုယ်သူဒောသဖြစ်ဖြစ်နှင့်စိုးရိမ်စွာမေးလိုက်သည်။ စင်မြင့်ပေါ်မှာဝံ့ကြွားစွာရပ်နေသည့်ကဒီယန်အား
ချင်းယန်ဟူမုန်းတီးစွာကြည့်ရင်းခေါင်းခါပြလိုက်သည်။“ငါအဆင်ပြေပါတယ်။ဒီကောင်သူတော်စင်ဖြစ်နေပြီမှန်း ငါမထင်ထားလိုက်မိဘူး။အခုအတိုင်းဆိုမင်းအကိုကြီးက ဒီကောင်နဲဆက်မပြိုင်နိုင်တော့ဘူး။“
ချင်းယန်ဟူဒေါသထွက်နေပေမယ့်မတတ်နိုင်တော့ပေ။
“ကျွန်တော်တောင်းပန်ပါတယ်အကိုကြီး။
ကျွန်တော်ကြောင့်ဒီလိုဖြစ်ရတာပါ”
များပြားလှတဲ့ဒဏ်ရာတွေကြောင့်ဖြူဖျော့နေတဲ့ချင်းယန်ဟူကိုကြည့်ပြိး
ဂျင်ချန်အတော်ဝမ်းနည်းပြီးခံစားသွားရတယ်။
ဂျင်ချန်စကားကိုကြားတော့ချင်းယန်ဟူ
မျက်မှောင်ကျုံကာ ဒေါသထွက်စွာပြောသည်။“ညီငယ်လေး။မင်းဘာစကားပြောလိုက်တာလဲ။ ငါ့ကိုမင်းအကိုမှန်းရောသတိ၇သေးရဲ့လား”
သူမျက်နှာမှာ
စိတ်ပျက်မှုတွေ၊အားမလိုအားမရဖြစ်မှုတွေနှင့်သက်ပြင်းချရင်းပြောလာသည်။
“ဒါပေမယ့်မင်းအကိုကြီးကအသုံးမကျပါဘူး။
အခုအချိန်ထိငါသူတော်စင်အဆင့်ကိုမရောက်သေးဘူး။ ဒါကြောင့်မို့ကဒီယန်ကမျက်လုံးထဲတောင်
မထည့်ခဲ့တာပဲ။’
ချင်းယန်ဟူရဲ့စကားတွေဟာ
ဂျင်ချန်ကိုအတော်ခံစားသွားရစေသည်။
ကဒီယန်ကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့အခိုက်မှာသူမျက်လုံးထဲအေးစက်မှုတွေစက္ကန်ပိုင်းလောက်
ဖြတ်သန်းသွားသည်။ခွဲခြားပြလို့မ၇နိုင်တဲ့
အထင်သေးမှုတွေဟာသူ့အကြည့်ထဲပါနေခဲ့တယ်။ သိုပေမယ့် သူချက်ချင်ခံစားချက်မဲ့စွာပြောလိုက်တယ်။“အကိုကြီးခဏလောက်နားနေပါဦး။ဒီညီလေးက
လက်တုံပြန်ပေးမယ်။“
ထိုသို့ပြောပြီးသည်နှင့်ဂျင်ချန်
ပြိုင်ပွဲစင်မြင့်ကိုဦးတည်လိုက်သည်။
ချင်းယန်ဟူ့အမူအယာချက်ချင်းပြောင်းသွားကာ
ခေါင်းတွင်တွင်ခါရင်းဂျင်ချန်ကိုလှမ်းဆွဲသည်။ “လုံးဝမလုပ်ရဘူး။ညီငယ်လေး
မင်းကသူပြိုင်ဘက်မဟုတ်ဘူးကွ”ဂျင်ချန်ချင်းယန်ဟူအား
တောင်းပန်သလိုပြုံးပြလိုက်ပြီးပြောလိုက်တယ်။“အကိုကြီး။ကျွန်တော့်ကိုယုံပါ”
သူမျက်နှာဟာအေးစက်နေကာ
ချင်းယန်ဟူရဲ့လက်တွေကိုဖယ်လိုက်ပြီး စင်မြင့်ပေါ်တက်လိုက်သည်။
“ဘုရားသခင်။ဒီကောင်ဘာလုပ်မလို့လဲ” “သူ ကဒီယန်နဲပြိုင်မလိုတဲ့လား။ ဘုရားရေ….ဒီကောင်ရူးသွားပြီလား”
“သူကအခုမှသူတော်စင်အဆင့်၈ပဲရှိသေးတာလေ။
သူတော်စင်တစ်ယောက်ကိုယှဉ်ဖိုဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ”
ဂျင်ချန်စင်မြင့်ပေါ်ခြေချလိုက်သည်နှင့်
ပရိတ်သတ်ထဲကလူတွေဟာကဒီယန်ကမင်းရဲ့ပြိုင်ဘက်
မဟုတ်ဘူးလို့
အော်ဟစ်သတိပေးချင်စိတ်တွေပေါက်လာကြတယ်။ “…တကယ်ကိုအသုံးမကျတဲ့ဦးနှောက်ပဲ။
သူတော်စင်တစ်ယောက်ကို
သူတော်စင်အဆင့်၁၀ကလူတောင်မနိုင်ဘူးဆိုတာမင်းမတွေ့ခဲ့ဘူးလား။ဒါတောင်
ဘယ်လိုစိတ်နဲ့တက်လာရဲသေးတာလဲ” စာကြည့်တိုက်မှာဂျင်ချန်ဘေးထိုင်ခဲ့တဲ့
ကောင်မလေးဟာ ဂျင်ချန်စင်ပေါ်တက်သွားသည်ကိုစိုးရိမ်စွာကြည့်နေလေတယ်။
ဂျင်ချန်စင်ပေါ်ရောက်သည်အထိ
ကဒီယန်ကမင်သေသေနဲပဲကြည့်နေလေတယ်။ပြီးမှခပ်ညစ်ညစ်ရယ်ကာဆွလေတယ်။
“ဘာဖြစ်တာလဲ။ ချင်းယန်ရှင်းတန်မင်းငါ့ကိုနိုင်မယ်ထင်တယ်ပေါ့”
ကဒီယန်ဘယ်တုန်းကမှ
ဂျင်ချန်ကိုပြိုင်ဘက်တစ်ယောက်လို့မထင်ခဲ့ဖူးဘူး။ သူကအခုအားကြီးတဲ့
သူတော်စင်တစ်ယောက်ဖြစ်နေတော့ပိုဆိုးသည်။ဂျင်ချန်အေးစက်စက်သာပြန်ဖြေတယ်။
“ဘာလဲငါပြိုင်လို့မရဘူးလား”
ခဏကြက်သေသေပြီးနောက်
ကဒီယန်ယုတ်မာသည့်အတွေးဖြင့်ရယ်လိုက်သည်။“ဒါပေါ့။ရတာပေါ့”
အခုကဂျင်ချန်ကိုရက်ရက်စက်စက်
ပြန်အနိုင်ယူရမယ့်အချိန်ပဲ။လူသစ်ပြိုင်ပွဲနေ့က
ဒီကောင်ကသူညီမကိုဆိုးဆိုးရွားရွားအရှက်ခွဲခဲ့တယ်။အခုသူအလှည့်ပဲ။
ကဒီလျှံရော ကဒီယန်ရောအတွက် ကဒီကွင်ကအရမ်းချစ်ရတဲ့ညီမလေးပဲ။ ကဒီကွင်ကြောင့်ပဲသူတို့တွေဂျင်ချန်ကိုကြည့်မရဖြစ်ခဲ့ရတယ်။
ဂျင်ချန်တစ်လှမ်းချင်းတက်သွားကာချင်းယန်ဟူဓားကို
ကောက်လိုက်တယ်။
သူလက်ထဲကဓားအလေးချိန်ကြောင့်
ဂျင်ချန်မျက်မှောင်ကျုံလိုက်သည်။ဓားတစ်ချောင်းက
ပေါင်၁၀၀ထက်ပိုမလေးသင့်ဘူး။အခုဒီဓားက
ပေါင်၁၀၀မပြည့်ပေမယ့်ထိုနီးပါးရှိ
တယ်။သူတော်စင်အဆင့်၈မဟုတ်ရင်တောင်မှဒီဓားကိုအသုံးပြုဖိုသိပ်မလွယ်ဘူး။
သူအရင်ဘဝမှာဆိုဂျင်ချန်ဓားကိုကျွမ်းကျွမ်းကျင်ကျင်
သုံးနိုင်တယ်။အထူးသဖြင့်….ဘလိတ်ဓားပေါ့။
ဒီလိုဓားမျိုးကိုတော့သူနာမည်ကြီးဖို့အတွက်
ဓားရေးပြဖိုကိုသာသုံးဖြစ်လိမ့်မယ်။သို့ပေမယ့် ဓားတစ်ချောင်းကိုလက်နှစ်ဖက်နဲကိုင်ပြီး
တိုက်ခိုက်ဖိုကတော့မဟုတ်သေးဘူး။အရမ်းလေးလွန်းတဲ့အတွက်
သူခွန်အားတွေအတော်ကုန်လိမ့်မယ်။ရှက်ဖိုကောင်းတာကအနားမှာ
အခြားဓားလည်းမရှိတော့ဘူး။
ခဏလောက်တွေဝေနေပြီးတဲ့နောက်ဂျင်ချန်ဒီဓားကြီးကိုပစ်ချျလိုက်ပြီး
လက်ဗလာနဲ့တိုက်ဖိုဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့သူမှာ
လျင်မြန်မှုတွေ၊ခွန်အားတွေရှိပါသေးတယ်။
စင်မြင့်အလယ်ကိုလျှောက်သွားလိုက်ကာဂျင်ချန်
ကဒီယန်ကိုမင်သေသေဖြင့်ကြည့်ကာ သူလက်သီးတွေကိုဆုပ်ရင်း
အသင့်အနေအထားပြင်ထားလိုက်သည်။
“မင်းအရင်စ။ငါမင်းကိုလက်ဗလာနဲ့ခုခံမယ်” ကဒီယန်မျက်ခုံးတွေကျုံလိုက်သည်။ဂျင်ချန် သူကိုအထင်မကြီးမှန်းသိပ်သိသာနေတယ်။လက်ဗလာနဲ့တောင်တိုက်ရဲသည်တဲ့။
သူတော်စင်အဆင့်၈ကလူတစ်ယောက်ကလက်နက်သွန်းလုပ်နိုင်နေပြီဖြစ်တဲ့
သူတော်စင်တစ်ယောက်ကို
လက်ဗလာနဲ့တိုက်တယ်ဆိုတာသူတော်စင်တွေကိုရှုံ့ချလိုက်သလိုပဲ။
ဂျင်ချန်ကို အထင်သေးစွာကြည့်ရင်း ပြောလိုက်သည်။“ချင်းယန်ရှင်းတန်….မင်းအတော်မောက်မာတာပဲ” ကဒီယန်လက်ထဲက
ရွှေရောင်ဓားပျောက်ကွယ်သွားလေတယ်။
“ငါမင်းကိုအနိုင်ကျင့်တယ်လို့မပြောနဲ့။လာစမ်း….. ငါကလက်နက်မပါလည်းမင်းလောက်တော့အေးဆေးပဲ”
ဒီစကားကြားတော့ဂျင်ချန်နတ်ဆိုးဆန်ဆန်ပြုံးသည်။
ဘာစကားတစ်ခွန်းမှပြန်မပြောဘဲကဒီယန်ဆီအရှိန်
နှင့်ပြေးသွားလိုက်သည်။သူလက်သီးတွေထဲမှာ
သူတော်စင်အဆင့်၈စွမ်းအားတွေကထင်းထွက်နေကာ
လေထဲကိုဖြတ်ပြီးကဒီယန်ခေါင်းကိုဦးတည်လိုက်သည်။
ကဒီယန်ကတော့ပျင်းရိစွာသာစောင့်နေလေတယ်။
သူလက်သီးနှင့်ပြန်လည်ခုခံဖိုပြင်လိုက်ချိန်တွင်ထိုလက်သီးမှရွှေရောင်စွမ်းအားတွေကို
ခံစားလို့ရနေလေတယ်။
သူတော်စင်လက်နက်သွန်းလုပ်နိုင်တဲ့
သူတော်စင်တွေသာထိုသိုပြုလုပ်နိုင်တာဖြစ်သည်။လက်သီးနှစ်ခုမဆုံမိခင်မှာဂျင်ချန်
လက်သီးဆုပ်ထားရာမှ
ဖြေချကာသူလက်ကိုပျော့ပြောင်းစေလိုက်သည်။အသာအယာပဲကဒီယန်လက်သီးကို
ရှောင်လိုက်လေတယ်။
ထိုက်ကျိအတွင်းအားသုံးလိုက်တော့
ကဒီယန်ကိုသတိလက်လွတ်ခဏဖြစ်သွားစေသည်။ ထိုခဏမှာဂျင်ချန်လက်မောင်းတွေဟာ
မထင်ထားသည့်နေရာမှပြန်ဝင်လာကာ
ကဒီယန်လက်ကိုလိမ်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာကဒီယန်လက်မှစွမ်းအင်တွေ
ပျောက်ကွယ်သွားကာဂျင်ချန်က
လက်မောင်းကိုလိမ်ချိုးလိုက်လေတယ်။“အား…..”
အရိုးးကျိုးသံအကျယ်ကြီးက
လူတိုင်းကိုထိတ်လန်စေတယ်။နာကျင်မှုကပြင်းလွန်းလို့ ကဒီယန်ရင်ခေါင်းသံဖြင့်အော်ဟစ်လိုက်လေတယ်။
သူမျက်နှာဟာလည်းအသေကောင်လိုဖြူဖျော့နေခဲ့ပြီ။သူညာဘက်လက်ကျိုးသွားခဲ့ပြီးတာတောင်
ဂျင်ချန်ကမရပ်သေးဘူး။
သူလက်မောင်းနောက်တစ်ဖက်ကိုဆွဲလိမ်ကာ ချိုးလိုက်ပြန်တယ်။
“အား…..”
ဒီတစ်ခါမှာတော့
ကဒီယန်အသည်းအသန်အောာ်ဟစ်လိုက်ရတော့တယ်။သူလက်နှစ်ဖက်လုံးရဲ့နာကျင်မှုက
အတော်ဆိုးရွားလှတယ်။သူငယ်ငယ်တုန်းက ဒဏ်ရာအနည်းငယ်ရခဲ့ဖူးတယ်။အဲ့ဒိအချိန်က
သူအသည်းအသန်ငိုကျွေးခဲ့ရတာကိုအခုထိမှတ်မိဆဲ။
သူမျက်နှာဟာသွေးမရှိတော့သလိုဖြူစုတ်နေပြီး
နှဖူးမှာဆိုချွေးတွေစီးကျလို့နေလေတယ်။
အော်သံတွေကြားရလိုကြည့်လိုက်ကြတဲ့ပရိတ်သတ်တွေဟာထင်ထားသည်နှင့်
ပြောင်းပြန်ဖြစ်နေတဲ့အခြေအနေကြောင့်
ရှော့ရသွားကြတယ်။လူတိုင်းဟာ
ဂျင်ချန်ကိုထူးထူးဆန်းဆန်းကြည့်နေကြပြီး မယုံနိုင်ဖြစ်နေကြတယ်။
“ညီငယ်လေးကတကယ်အံ့သြဖိုကောင်းတာပဲ။ကြည့်လိုက်ရုံနဲကို
ကဒီယန်ဆိုးဆိုးရွားရွားထိခိုက်သွားတာ
သေချာတယ်။ကဒီယန်ကသူတော်စင်လက်နက်ကိုမသုံးဘူးဆိုပေမယ့်သူကသူတော်စင်ပဲလေ။
သူခွန်အားကငါ့ထက်အများကြီးသာတယ်”ချင်းယန်ဟူခပ်တိုးတိုးရေရွတ်ရင်းဂျင်ချန်ကို
ငေးကြည့်နေပါတော့တယ်။