Switch Mode

Chapter – 23

Chapter – 23

“ဖုန်း….”
မြေပြင်သိုပြုတ်ကျသံအကျယ်ကြီးထွက်လာ၏။
ကဒီလျှံ့မျက်နှာဟာနာကျင်မှုကြောင့်ဖြူစွတ်နေကာ
သွေးအချို့ကိုအန်ထုတ်လိုက်ရလေတယ်။
ဒဏ်ရာတွေကနေများစွာသောနာကျင်မှုတွေကိုသူစတင်ပြီးခံစားနေရလေပြီ။
“ညီငယ်လေး…”“အကိုကြီး…”

ကဒီယန်နှင့်ကဒီကွင်တို့
ကဒီလျှံ့ဘေးအပြေးရောက်သွားကြသည်။
ကဒီလျှံအားထိန်းပွေ့ထားပေးရင်းကဒီလျှံ့ပါးစပ်က
သွေးစီးကြောင်းကိုသာစိုးရိမ်စွာကြည့်နေလေတယ်။“ညီငယ်လေး။မင်းအဆင်ပြေရဲ့လား။”
ကဒီယန်ကမေးသည်။
သူမျက်နှာအမူအရာကတော့
အလွန်စိတ်ရှုပ်ထွေးနေဟန်ပါပဲ။ပထမအကြိမ်တုန်းကရှုံးခဲ့သည်ကသတိလက်လွတ်ဖြစ်သွားခဲ့သည်ပဲလေ…ဒါပေမယ့်အခုတစ်ခေါက်မှာ
ကဒီလျှံကအားကုန်သုံးနိုင်နေပါလျက်နှင့်…. သူတော်စင်အဆင့်ကိုးရဲ့
စွမ်းအားအကုန်သုံးနိုင်ပါနေလျက်နှင့်ဘာကြောင့်ရှုံးရပြန်သည်လဲ
“အကိုကြီး..ဘယ်လိုနေလဲ။အရမ်းနားနေလား” ကဒီကွင်ရဲ့အမေးမှာစိုးရိမ်သံတွေပြည့်နေတယ်။
မောင်နှမနှစ်ယောက်ရဲ့အကူအညီဖြင့်
ကဒီလျှံထရပ်လိုက်သည်။သူခေါင်းကိုဖြည်းညှင်းစွာခါရင်းပြောသည်။

“အကိုကြီးနဲ့ညီမသုံး…ငါဘာမှမဖြစ်ပါဘူး။
အပေါ်ယံဒဏ်ရာလောက်ပဲရတာပါ”
စိတ်မပူဖို့ရာပြောနေတဲ့ကဒီလျှံ့အသံကိုက စိတ်ပူရအောင်ကိုအားနည်းနေသည်။
ကဒီလျှံရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုကြည့်ပြီး ကဒီယန်ဒေါသတွေဆူပွက်လာသည်။ခန်ညားစွာရပ်နေတဲ့ဂျင်ချန်ကို
မုန်းတီးစွာသူလှည့်ကြည့်လိုက်သည်။“ညီမသုံးမင်းအကိုနှစ်ကိုဂရုစိုက်ထား။ငါ
ဒီမောက်မာတဲ့အကောင်ကိုသင်ခန်းစာပေးလိုက်မယ်။”
မောင်နှမနှစ်ယောက်အားထားရစ်ကာ
ကဒီယန်စင်မြင့်ပေါ်သို့လျှင်မြန်စွာတက်လိုက်သည်။ “အကိုကြီး…မလုပ်နဲ့”
“အကိုကြီးထားလိုက်ပါ”
ကဒီလျှံနှင့်ကဒီကွင်တို့ကဒီယန်ကိုပြေးတားပေမယ့် သူတို့နောက်ကျသွားခဲ့သဖြင့်
သက်ပြင်းသာချမိတော့သည်။ ကဒီယန်နိုင်နိုင်ရှုံးရှုံးကဒီကလန်က
အကယ်ဒမီမှာသိက္ခာအတော်ကျသွားလိမ့်မည်။ ဒီပြိုင်ပွဲဟာတရားမျှမျှတတယှဉ်ပြိုင်ခဲ့ကျတာ။

သူတို့ရှုံးခဲ့တယ်ဆိုရင်တောင်မှမျက်နှာမပျက်သင့်ပေဘူး။ ဒါပေမယ့်အခုတော့ကဒီယန်ကတိုက်ခိုက်ဖ့ိုလုပ်နေပြီ။ အခြေအနေကပြောင်းသွားပြိ။အကယ်၍လူသစ်လေးကိုအတန်းကြီးစီနီယာကအနိုင်ကျင့်တယ်ဆိုတဲ့
သတင်းသာပျံ့သွားခဲ့မယ်ဆိုရင်…
သူတို့မောင်နှမသုံးယောက်တော့အကယ်ဒမီတစ်ခုလုံးရဲ့
လှောင်ပြောင်တာကိုခံရတော့မည်။စင်ပေါ်ခုန်တက်လာသည့်
ကဒီယန်အားဂျင်ချန်စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ညီအတွက်ငါ့ကိုလက်စားချေတော့မယ်ပေါ့”
ဒေါသဖြစ်စွာဖြင့်ဂျင်ချန်အားစေ့စေ့ကြည့်ရင်းကနေကဒီယန်ပြန်ပြောလိုက်သည်။
“ချင်းယန်ရှင်းတန်မင်းတကယ်သန်မာပါတယ်။ဒါပေမယ့်မင်းကငါ့ညီကိုဒဏ်ရာရအောင်
လုပ်လိုက်တယ်။ငါမင်းကိုတစ်ခုခုပြန်မလုပ်ရသေးဘဲမင်းထွက်မသွားရဘူး”
စင်အောက်မှာရှိနေသမျှပရိတ်သတ်တွေဟာ
နှဖူးကျောတွေရှုံ့သွားတဲ့အထိ
မျက်မှောင်ကျုံလိုက်ကြတယ်။ကဒီယန်အပေါ်သူတို့ရဲ့အမြင်ကပြောင်းသွားရပြီ။

“ကဒီယန်ဒါဘာအဓိပ္ပါယ်လဲ။မင်းကချင်းယန်ကလန်ကို
မျက်လုံးထဲမထည့်တော့ဘူးလား”
လေးနက်သည့်အသံဖြင့်လူတစ်ယောက်ဟာစင်ပေါ်တက်လာသည်။
ဂျင်ချန်စိတ်သက်သာရာရသွားရသည်မှာထိုသူကား
သူအကိုချင်းယန်ဟူဖြစ်နေသောကြောင့်ပေ။
ချင်းယန်ဟူကဒီယန်အားစေ့စေ့ကြည့်ကာပြောသည်။“မင်းငါ့ညီကိုဒုက္ခပေးချင်ရင်ငါ့ကိုအရင်နိုင်အောင်လုပ်” သူရှေ့မှာရပ်နေတဲ့ချင်းယန်ဟူရဲ့စကားကိုကြားတော့ ဂျင်ချန်ရင်ထဲနွေးသွားရသည်။
“အကိုကြီးပြန်ဆင်းသွားလိုက်ပါ။ကျွန်တော် ရင်ဆိုင်နိုင်ပါတယ်”
ချင်းယန်ဟူခေါင်းခါသည်။
“မရဘူးမင်းမနိုင်နိုင်ဘူး။ကဒီယန်က
သူတော်စင်အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ။
မင်းရဲ့သူတော်စင်အဆင့်ကနိမ့်သေးတယ်။အကိုကြီးက မင်းကိုကူညီမယ်”
ခဏမျှတုံ့ဆိုင်းပြီးနောက်ဂျင်ချန်စကားအချို့ပြောကာ
ခေါင်းညိတ်လိုက်သည်။
“ဒါဆိုအကိုကြီးဂရုစိုက်ပါ”

`ဤသိုဆိုပြီးနောက်ဂျင်ချန်စင်ပေါ်ကဆင်းသွားသည်။
ဂျင်ချန်စင်ပေါ်ကဆင်းသွားသည်ကို
ကဒီယန်လှောင်ပြောင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
“ချင်းယန်ဟူမင်းအရင်ပြောတာနော်။ဒုက္ခရောက်မှ
ငါ့ကိုအပြစ်မတင်နဲ့”
“ဟမ့်ဒါတွေပြောဖို့စောပါသေးတယ်။ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာစောင့်ကြည့်ရမှာပေါ့”
သူနဲကဒီယန်တိုနှစ်ယောက်လ့ုး
သူတော်စင်အထွတ်အထိပ်အဆင့်ကို
ရောက်နေတာကြာလှပြီဖြစ်သည်။ကဒီယန်သူသူတော်စင်စွမ်းအားကို
လက်နက်အဖြစ်မသွန်းလုပ်နိုင်သေးသ၍သူတို့ရဲ့အဆင့်ကအတူတူပဲဖြစ်သည်။
ချင်းယန်ဟူကိုကဒီယန်ကတော့အထင်သေးစွာသာကြည့်နေ၏။ညာဘက်လက်ကိုမြှောက်လိုက်စဉ်မှာများပြားလှတဲ့ရွှေရောင်စွမ်းအားတွေ
သူလက်ထံလာစုကာ
ရွှေရောင်ဓားတစ်လက်အဖြစ်ပြောင်းသွားသည်။ ထိုရွှေရောင်ဓားဟာအတော်ပင်ကြီးသလို

ငါးပေနီးပါးရှည်သည်။အပြားကပင်အတော်ကြီးလှ၏။
လက်ကိုင်ကိုထိန်းကာဖြင့်ထိုဓားအား
ကဒီယန်လက်နှစ်ဖက်ဖြင့်ကိုင်ထားရသည်။ဂျင်ချန်စိုးရိမ်စွာမျက်မှောင်ကျုံလိုက်မိသည်။ချင်းယန်စံအိမ်မှာ
သူတော်စင်လက်နက်တွေမြင်ခဲ့ဖူးသည်။ဒါကြောင့်
ဤသည်ကကဒီယန်၏သူတော်စင်လက်နက်ဖြစ်ကြောင်း
ပြောနိုင်သည်။သူ့အနေနဲ့
ဒီကမ္ဘာကိုရောက်ပြီးကတည်းကနေ
အခုမှသူတော်စင်လက်နက်အသုံးပြုသည်ကို
မြင်ဖူးတာဖြစ်တယ်။သူစိတ်မလှုပ်ရှုားဘဲဘယ်နေမလဲ။
ရွှေရောင်ဓားကြီးပေါ်လာသည်ကိုကြည့်ပြီး ပရိတ်သတ်တွေထဲဆူညံသွားလေတယ်။
“သူတော်စင်လက်နက်သူသွန်းလုပ်နိုင်သွားပြီလား…” “ဒါဆိုသူသူတော်စင်ဖြစ်သွားပြီပေါ့
“ကဒီယန်သာသူတော်စင်အဆင့်ဆိုချင်းယန်ဟူတော့
သေပြီပဲ”
သူတော်စင်အထွတ်အထိပ်အဆင့်နှင့်သူတော်စင်ကသိပ်မကွာပေမယ့်
ဖြတ်ကျော်ဖို့ရာတော့ခက်သည်။ခါဂဲအကယ်ဒမီမှာ

သူတော်စင်အဆင့်စီနီယာတွေအများကြီးရှိသည်။ သိုပေမယ့်လူတိုင်းလက်နက်မသွန်းလုပ်နိုင်ပေ။ထိုသိုသွန်းလုပ်နိုင်ဖိုရာလည်း
အတော့်ကိုခက်ခဲပင်ပန်းစွာဖြတ်ကျော်ခဲ့ရသည်ချည်းသာြ ဖစ်သည်။ထန်ယွမ်တိုက်ကြီးအတွင်းမှာတောင်
လက်နက်သွန်းလုပ်သည့်အဆင့်မရောက်ပဲ
သေသွားရသူတွေအများကြီးပင်။တစ်စုံတစ်ယောက်ဟာ
သူတော်စင်အဆင့်ရောက်သွားပြီဆိုလျှင်ထိုသူ၏ခွန်အားမှာအတော်လေး
များပြားသွားပေလိမ့်မည်။
သူတော်စင်လက်နက်ဆိုသည်မှာလက်နက်ကြီးသက်သက်မဟုတ်ပေ။သုံးစွဲသူ၏စွမ်းရည်တွေကို
တစ်ဖက်သား၏ခွန်အားတွေထက်သာလွန်အောင်
ထောက်ပံ့ပေးသေးသည်။
ကဒီယန်ရဲ့လက်နက်ကိုကြည့်ရင်းချင်းယန်ဟူ၏ မျက်နှာမှာသက်တောင့်သက်သာမရှိတော့ပေ။ကဒီယန်ကသူတော်စင်အဆင့်ရောက်သွားပြီဆိုရင်
ကောင်းကင်ကိုတောင်လှုံ့ဆော်နိုင်နေပြီဖြစ်သည်။

သူတော်စင်အထွတ်အထိပ်အဆင့်ကလူတစ်ယောက်က
သူပြိုင်ဘက်မဟုတ်တော့ပေ။
“အကိုကြီးကသူတော်စင်လက်နက် သွန်းလုပ်နိုင်သွားပြီလား…”
စင်အောက်ကကဒီမောင်နှမနှစ်ယောက်လည်း
အံ့အားသင့်နေလေတယ်။ကဒီကွင်အံ့အားသင့်စွာဖြင့်
ကဒီယန်သူ့လက်နက်ကိုဝေ့ယမ်းနေသည်အားတအံ့တသြကြည့်နေမိသည်။
သူတော်စင်လက်နက်အားကြည့်ရင်း ကဒီလျှံမျက်နှာမှာအားကျသည့်အရိပ်အယောင်တွေရှိနေသည်။သူအကိုကသူမရောက်နိုင်သေးတဲ့အဆင့်ကိုရောက်သွားခဲ့ပြီပဲ။
သူတော်စင်လက်နက်ကိုကိုင်ထားသည့်ကဒီယန်ဟာယုံကြည်မှုအလွန်ရှိနေလေတယ်။
ချင်းယန်ဟူ၏မျက်နှာကတော့
တဖြည်းဖြည်းမဲမှောင်လို့နေလေပြီ။ဖိအားတွေကချင်းယန်ဟူကိုအတော်ဒုက္ခပေးနေပြီ။
“ဟား…ဟား..ဟားးးး….ချင်းယန်ဟူ..မင်းအခုကြောက်နေပြီလား။မြေပြင်မှာ
ဒူးသုံးကြိမ်ထောက်ပြီးခခယယတောင်းပန်မယ်ဆိုရင်

ငါခွင့်လွတ်ပေးမယ်။အဲ့လိုမှမဟုတ်ရင်တော့ဟွန
ငါ့အဆိုးမဆိုနဲ့”
ကဒီယန်ဟာအရူးတစ်ယောက်လိုရယ်မောနေလေတယ်။ချင်းယန်ဟူရဲ့မျက်နှာဟာပိုပြီးအရုပ်ဆိုးသွားတယ်။
သူချက်ချင်းဒေါသသဖြင့်ပြန်ပြောသည်။
“အိပ်မက်သာမက်နေလိုက်။ကဒီယန်
မင်းဘာသာသူတော်စင်ပဲဖြစ်နေဖြစ်နေငါချင်းယန်ဟူက
သေတောင်ကြောက်မှာမဟုတ်ဘူး”
ကဒီယန်ချင်းယန်ဟူအားအမြင်ကတ်စွာကြည့်သည်။ “ချင်းယန်ဟူမင်းငါ့နဲတိုက်ခိုက်ဖို့
ဘာလက်နက်ကိုသုံးမှာလဲ”
ချင်းယန်ဟူကဒီယန်အားအံကြိတ်ကာကြည့်လိုက်သည်။သူမျက်လုံးထဲမှမီးဝင်းဝင်းတောက်လျက်ရှိသည်။
“ဒီမှာမင်းဓား”
ထိုအခချိန်တွင်လူအုပ်ထဲမှဓားတစ်ချောင်းအားချင်းယန်ဟူဆီပစ်ပေးလိုက်သည်။
ချင်းယန်ဟူထိုဓားအားဆွဲဖမ်းလိုက်သည်။
ဒီဓားဟာမပေါ့သလိုအရမ်းလည်းမရှည်လှဘူး။
ငွေဓားဟာအလင်းရောင်အောက်မှာ
အရပ်လေးမျက်နှာလုံးကိုတဖျက်ဖျက်လက်နေစေတယ်။

အရောင်ကိုဖယ်လိုက်ရင်တောင်ကဒီယန်ဓားနှင့်
ချင်းယန်ဟူဓားဟာအနည်းငယ်ကွာခြားနေသေးတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset