Chapter – 22
သူပစ်မှတ်ကိုထုနှက်ဖို့အတွက်
အရမ်းကိုကပ်လွန်းနေသည်ကိုသိလိုက်ရတဲ့အခါ
သူနောင်တသေးသေးလေးရလိုက်သည်။သိုပေမယ့်
သူချက်ချင်းပဲကျောဘက်ကိုသွားလိုက်ပြီး
ဂျင်ခန်ကိုကန်လိုက်သည်။
လျှပ်တပြက်အချိန်မှာပဲဂျင်ချန်ဘာမှပြန်မလုပ်ဘဲ
၁၀ကွက်အကြောပေးခြင်းဟာပြီးသွားခဲ့ပါပြီ။
လှုပ်ရှုားမှုတိုင်းကို
ကဒီလျှံဟာအရှောင်ပဲခံနေရလေတယ်။ ဒါပေမယ့်ကြည့်ရှုနေတဲ့သူတွေအတွက်မှာတော့ဂျင်ချန်ဟာသူအရေပြားနှင့်ထိခါနီးမှသာ
ရှောင်တိမ်းသည်ကိုတွေ့၇ပေတယ်။ဒါကြောင့်မို့
ကြည့်နေကြရင်းသူတို့တွေမှာချွေးစေးတွေပင်ပျံလို့ပါပဲ။ အထူးသဖြင့်ချင်းယန်ဟူ…သူမှာဂျင်ချန်အတွက်
ရင်တထိတ်ထိတ်ဖြစ်နေရတယ်။
ကဒိလျှံရဲ့တိုက်ခိုက်မှုတွေကအတော်မြန်ပေမယ့်
၁၀ကြိမ်လုံးမှာသူဂျင်ချန်ရဲ့
အင်္ကျီလေးကိုတောင်ထိအောင်မတိုက်နိုင်ခဲ့ဘူး။ကဒီလျှံမယုံကြည်နိုင်နေသလို
ဒေါသကြောင့်မျက်နှာတွေပါနီမြန်းလာလေတယ်။
နောက်ဆုံးမှာတော့ကဒီလျှံရဲ့လက်သီးကိုရင်ဆိုင်ဖို
ဂျင်ချန်ဆုံးဖြတ်လိုက်တယ်။
“၁၀ကြိမ်ပြီးသွားပြီ။အခုငါ့အလည့်ပဲ”
ကဒီလျှံဆက်ပြောမှာကိုမစောင့်နေဘဲ
ကန်ချက်တစ်ချက်သာလွှတ်လိုက်လေတယ်။
သူခြေထောက်မှာသုံးထားသည့်အမြန်နှုန်းမှာ
အလွန်ကိုပြင်းလှသည်မို့ကဒီလျှံမှာရှောင်ဖိုအခွင့်အရေး မရလိုက်လေဘူး။သိုပေမယ့်ကန်ချက်ကိုကာဖို့
သူလက်တွေကိုအသုံးပြုလိုက်ပေမယ့်
ဂျင်ချန်ခြေထောက်မှာလက်တွေကိုဖြတ်၍ ကဒီလျှံရဲ့ရင်ဘတ်ဆီရောက်လာလေတယ်။
“ဒုံး….ဒုံး….ဒုံး”
ဂျင်ချန်ရဲ့ခြေထောက်ကသုံးထားတဲ့အားက ကဒီလျှံကိုနောက်ကိုအရှိန်ဖြင့်
အတော်လွင့်သွားစေသည်။ကဒီလျှံမှာဂျင်ချန်ကို
မယုံနိုင်စွာသာရပ်ကြည့်နေဖြစ်သည်။ဂျင်ချန်က
သူတော်စင်အဆင့်၈ပဲရှိသေးတာတောင်မှသူခွန်အားက
မျှော်လင့်ထားတာထက်အတော့်ကိုများနေသေးတယ်။အဲ့ဒိခွန်အားကိုကဒီလျှံတောင်မှ
တောင့်ခံဖိုရာမဖြစ်နိုင်လေဘူး။
နောက်ဆုံးသူတိုယှဉ်ပြိုင်ခဲ့စဉ်ကကဒီလျှံအတွက်
ဂျင်ချန်ကိုပြန်တိုက်ဖို့အခွင့်အရေးမရခဲ့ဘူး။ထိုကြောင့် သူဂျင်ချန်ခွန်အားအစစ်အမှန်ကိုနားမလည်ခဲ့ဘူး။
ယခုတိုက်ပွဲမှသာဂျင်ချန်ဟာသူထက်ခွန်အားအရာမှာများစွာသာသည့်အကြောင်းနားလည်လိုက်ရလေတယ်။
ဖြစ်နိုင်တာကတော့ဂျင်ချန်က
ပြိုင်ပွဲကိုမြန်မြန်အဆုံးသတ်ချင်နေပုံပါပဲ။သူကကဒီလျှံကိုခုခံဖိုရာအချိန်မပေးတော့ဘဲ
လက်ဝါးတစ်ချက်ဟာ
ကဒီလျှံ့ရင်ဘတ်ဆီရောက်လာပြန်တယ်။
ကဒီလျှံမတ်မတ်ရပ်နိုင်ဖိုမနည်းကြိုးစားလိုက်ရသည်။သူမျက်နှာကားအတော်အရုပ်ဆိုးနေလေပြီ။
ဂျင်ချန်ခေါင်းကိုရွယ်ထားတဲ့လက်သီးဟာဂျင်ချန်ရဲ့လက်သီးကိုကာကွယ်ရင်းသာ အသုံးပြုလိုက်ရလေတယ်။
ဂျင်ချန်တစ်ချက်ရယ်လိုက်ပြီးကဒီလျှံကိုပခုံးမှကိုင်ကာ
ဆွဲယူလိုက်တယ်။ထိုသူ့ခန္ဓာအား
နောက်လက်တစ်ဖက်ဖြင့်ထပ်ကိုင်ကာ
အားနည်းနည်းထည့်ပြီးအဝေးကိုပျံသန်းစေလိုက်သည်။
သူအရင်ဘဝမှာတုန်းကဖြင့်မွန်ဂိုတွေထံမှာပညာသင်ခဲ့ဖူးပါ၏။သိုပေကြောင့်လည်း
နပန်းသတ်ခြင်းလိုပညာရပ်မျိုးတွင်သူအတော်
တော်ပါ၏။သူအကြိမ်များစွာလေ့ကျင့်ခဲ့သည်မို့
အတွေ့အကြုံတွေမှာလည်းအတော်ပင်များလေသည်။
အကြောင်းတွေက
သူမှတ်ဉာဏ်မှာချိုးကပ်နေပြီဆိုပေမယ့် သူကားဓားရေးပြရုံသက်သက်ထက်
များစွာအသုံးဝင်သည့်
တိုက်ခိုက်ရေးပညာရေးတွေကိုလည်း
လေ့လာထားခဲ့သည်။သူ့အနေနှင့် တစ်စုံတစ်ခုကိုမမှတ်မိလျှင်တောင်မှအခြားတစ်ခုကိုတော့ဖြင့်
သူမှတ်ဉာဏ်ကညှစ်ထုတ်ပေးပါလိမ့်မည်တည့်..
ကဒီလျှံ၏ခန္ဓာမူကားလေထဲသို့ငှက်မွှေးနှယ်
လွင့်၍သွားသည်။၄
၊၅မီတာလောက်အထိပျံသန်းပြီးတော့မှပြိုင်ပွဲကွင်းပြင်သို
ပြန်လည်သက်ဆင်းလာတော့သည်။
“ဖုန်း…..”
ဂျင်ချန်ကအရမ်းအားနည်းတာမဟုတ်လား…..အခုဒီအားနည်းတဲ့ခန္ဓာကိုယ်လေးက
ဒီလောက်အထိလုပ်လိုက်နိုင်တယ်….အလားတူပဲ
ပရိတ်သတ်တွေလည်းအရမ်းထိတ်လန်ကုန်ကြရကာ ဂျင်ချန်နှင့်ပတ်သတ်သည့်ထင်မြင်ချက်တွေကိုသာတစ်ယောက်တစ်ပေါက်ပေးနေကြတော့တယ်။
စင်ပေါ်ကပုံရိပ်တစ်ခုကိုငေးကြည့်ရင်း အနာဂတ်မှာ
ဂျင်ချန်ဟာမည်သို့သောသူဖြစ်လာမည်ကို
မမှန်းဆနိုင်ကြတော့ပေ။
ကဒီလျှံနှင့်ကဒီယန်တိုမှာတော့
အလွန်အရုပ်ဆ်ုးနေလေပြီ။ရလဒ်ကဒီလိုဖြစ်လာမည်သို
မှန်းခဲ့သည်မဟုတ်။
“ဟမ့်။ချင်းယန်ရှင်းတန်
မင်းကအားနည်းနည်းတော့ရှိသားပဲ”
အသံခပ်တိုးတိုးဖြင့်ကဒီယန်ကပြောသည်။
ကဒီလျှံခက်ခက်ခဲခဲမတ်တပ်ပြန်ရပ်ကာ
ဂျင်ချန်အားသတ်ဖြတ်တော့မလိုကြည့်နေပြန်သည်။
“အား ”
ကဒီလျှံကျယ်လောင်စွာမာန်သွင်းလိုက်လျှင် သူတော်စင်အဆင့်၉စွမ်းအားတွေက
သူလက်ဝါးနှစ်ဖက်မှာစုဝေးလာသည်။သူ
ဂျင်ချန်ဆီလျင်မြန်စွာပြေးသွားကာလက်နှစ်ဖက်လုံးဖြင့်
ဂျင်ချန်ရင်ဘတ်အားအားကုန်ရိုက်ချလိုက်သည်။
ဂျင်ချန်မျက်နှာမှာတော့
လှောင်ပြောင်နေဟန်ကထင်းနေဆဲ။သူသည်လည်း
သူသူတော်စင်စွမ်းအားတွေကိုလက်နှစ်ဖက်မှာ
စုစည်းကာကဒီလျှံ့လက်တွေနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“ဖုန်း….”
လက်တွေဆုံမိသည့်အခိုက်အသံအကျယ်ကြီးထွက်ပေါ်လာသည်။တဖန်ပြန်ပြောင်းကာ
တစ်ယောက်ရင်ဘက်တစ်ယောက်ရိုက်မိကြရာ
နှစ်ယောက်လုံးနောက်ဆုတ်လိုက်၇သည်။
ဂျင်ချန်ကားရပ်တန်မည့်ဟန်မရှိပြီ။
သူခြေထောက်အားကျွမ်းကျင်စွာသုံးပြီး တိုက်ခိုက်ဖိုရာပြင်လိုက်ပြန်သည်။
ဂျင်ချန်ချက်ချင်းမြေပေါ်လှဲချကာ
ခြေထောက်တွေကတော့
ကဒီလျှံအားထိထိမိမိကန်ထုတ်လိုက်သည်။
ကဒီလျှံအကန်မခံရခင်က
ထိုကန်ချက်အားသိလိုက်ပေမယ့်ရှောင်ဖိုရန်ကားမဖြစ်ပြီ။ကဒီလျှံသူဗိုက်အကန်ခံရပြီးနောက်တစ်ကြိမ်လေထဲသို့ ပျံတက်သွားရပြန်သည်။