Switch Mode

Chapter – 291

ယုံကြည်ချက်

Chapter – 291
“ယုံကြည်ချက်”

​နောက်​ဆုံးတွင်​မူ သခင်ကြီးဘိုင် သက်ပြင်းချလိုက် သည်။ သူ၏ မျက်လုံးများသည်​အရောင်ဖျော့လျက် ရှိပြီး​တွေဝေ​နေသည့်ပုံ ပေါက်နေလေသည်​။
သခင်ကြီးဘိုင် ခေါင်းငုံ့ထားသည့်တိုင် ရဲရှောင်သည် သခင်ကြီးဘိုင်၏ မျက်နှာအား ကောင်းစွာ တွေ့မြင်ေ​နရသည်​။
ထို့နောက် သခင်ကြီးဘိုင်သည် ရုတ်တရက် ခေါင်းမော့လိုက်ကာ –
“ခင်ဗျားက သိပ်ပြီး ပါးနပ်တဲ့ လူတော်တစ်ယောက်ပဲ။ ခင်ဗျားရဲ့ ထင်မြင်ယူဆချက်တွေကလည်း အထင်ကြီးစရာပဲ။ တခြားလူတွေ နားလည်သဘောမပေါက်နိုင်တဲ့ အရာတွေကို ခင်ဗျားက သိနေတယ်​. . .”
သခင်​ကြီးဘိုင်​သည်​ရဲရှောင်အား စူးစိုက်၍ ကြည့်နေသည့်တိုင် သူ၏ မျက်လုံးများမှာမူ ယခင်ကဲ့သို့ တောက်ပနေခြင်း မရှိတော့​ချေ။ အရောင်ဖျော့လျက် ရှိနေတော့သည်​။
“ပထမဆုံးအခေါက်က ကျုပ်ရဲ့ ကျင့်ကြံမှုတွေ အကုန်လုံး ဆုံးရှုံးခဲ့ရတယ်။ ဒုတိယအခေါက်မှာ အဲဒီကျင့်ကြံမှုတွေအပြင် လက်တွေပါ လှုပ်မရခဲ့ဘူး။ တတိယအခေါက်မှာတော့ သွေးကြောတွေပါ ပျက်ဆီးကုန်တယ်။ စတုတ္ထအခေါက်ကြ ခုနက ခံစားရတာတွေအပြင် မျက်လုံးပါ ကွယ်ခဲ့ရတယ် . . .”
“နောက်ဆုံး ၉ ကြိမ်မြောက် အခေါက်မှာကြ​တော့ ကျုပ်ရဲ့ ကျင့်ကြံမှုတွေ၊ မျက်လုံးတွေ၊ လက်တွေ၊ ခြေထောက်တွေ၊ သွေးကြောတွေနဲ့ စိတ်ဝိညာဉ်တော်ပါ ပျက်ဆီးခဲ့ရတယ် . . .”
“ဒီလို ဖြစ်ရတာကလည်း ကောင်းကင်အပြစ်ဒဏ်ကြောင့်ပဲ ဖြစ်မှာပေါ့။ လူ့အသက် ဘီလီယံနဲ့ချီပြီး သတ်မိမှတော့ ဒီလောက်ထိဖြစ်တာ မထူးဆန်းပါဘူးလေ . . .”
“ဒီလိုဖြစ်တာက သာမန် နေမကောင်းဖြစ်တာ၊ ဒဏ်ရာရတာမျိုးနဲ့ မတူဘူး . . .”
သခင်ကြီးဘိုင် အသက်ပြင်းပြင်း တစ်​ချက်​ရှူသွင်းလိုက်​ကာ –
“အဲ့ဒီလို အ​ခြေအ​နေကို​တောင်​ခင်ဗျားက ကု​ပေးနိုင်တယ်တဲ့လား။ခင်ဗျားရဲ့ ဆေးလုံးတွေက ထူးခြားအစွမ်းထက်​တော့ နတ်အဆင့်လို့တောင် သတ်မှတ်လို့ ရနိုင်ပေမယ့်​အမှန်​တကယ်​က​တော့ သာမန်ဆေးလုံးတွေပဲ မဟုတ်လား၊ အဲ့ဒီ​တော့ ခင်​ဗျားက အလုပ်ဖြစ်နိုင်မယ်ရော ထင်လို့လား . . .”
သခင်​ကြီးဘိုင်​၏ စကား​ကြောင့်​ရဲရှောင် ပြုံးလိုက် ကာ –
“ဒီကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်းမဆို၊ ဘယ်သူမဆို ခင်ဗျားကို ကြောက်ကြတယ်။ ခင်ဗျားကို ဘယ်သူမှ မဆန့်ကျင်ရဲကြဘူး။ အဲဒီလိုပဲ ခင်ဗျားကို သတ်ချင်​နေကြတဲ့ လူတွေကလည်း နေရာတိုင်းမှာ ရှိနေတယ်။ ခင်ဗျားကိုသတ်ပြီး သူတို့ကိုယ်သူတို့ ဒဏ္ဍာရီထဲက သူရဲကောင်း​တွေလို ဖြစ်ချင်​နေကြတဲ့ လူတွေမှ တပုံကြီးပဲ။ ဒါ​ပေမယ့်​ဘယ်သူမှတော့ တကယ်မလုပ်ရဲကြဘူး။​နောက်​ပြီး ခင်ဗျားရဲ့ အ ရှေ့မှာ ခင်ဗျားမျက်နှာကို တည့်တည့်ကြည့်ပြီး မဖြစ် နိုင်တာကို လိမ်ပြောဝံ့တဲ့လူလည်း ရှိလိမ့်မယ်လို့ ကျုပ်​တော့ မထင်ဘူး . . .”
သခင်ကြီးဘိုင် ပြုံးလိုက်မိသည်။ ထိုအပြုံးမှာ သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူသွားသည့်​အပြုံးမျိုးပင် ဖြစ်နေ​လေသည်။
သာမန်လူများ ပြုံးသည်နှင့် မတူချေ။ ရင်ထဲမှ ခံစားချက်အား ပေါ်လွင်အောင် နက်ရှိုင်းစွာ ပြုံးလိုက်သော အပြုံးမျိုးပင် ဖြစ်​သည်​။
သခင်ကြီးဘိုင်သည် ပြုံးလျက်​ပင်​သူ၏ ဒူးအား ပုတ်လိုက်ကာ –
“ဒါပေါ့၊ အဲဒီလိုလူမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမယ့်​အခု အဲဒီလိုလူမျိုးကို ရှာတွေ့သလားလို့ပါ . . .”
ရဲရှောင် ရယ်မောလိုက်ရင်း –
“လူထက် အခွင့်အရေးတစ်ခုကို ရှာနေတယ်ဆိုရင်​ပိုမှန်မှာပေါ့ . . .”
သခင်ကြီးဘိုင် စိတ်ဝင်စားစွာဖြင့်​ရဲ​ရှောင်​ဆက်​ပြောမည့်​စကားအား နားထောင်​လျက်​ရှိသည်​။
“တကယ်တော့ ကျုပ်စိတ်ထဲမှာ အခုလို မလုပ်ချင် ဘူး။ ပွင့်ပွင့်လင်းလင်း​ပြောရရင်​ခင်ဗျားကို ဒီလို အခွင့်အရေးမျိုး မပေးချင်ဘူး . . .”
ရဲရှောင် တွေးတွေးဆဆဖြင့်​ပြောလိုက်ခြင်း ဖြစ်​သည်။
သခင်​ကြီးဘိုင်​သည်​ရဲ​ရှောင်​အား စူးစိုက်​ကြည့်​လိုက်​ရင်း –
“ကျုပ်က ချန်နိုင်ငံတော်ကို ဖြိုခွဲမှာ သိနေလို့ မဟုတ်လား . . .”
ရဲ​ရှောင်​လည်း မဆိုင်းမတွပင်​-
“သိပ်မှန်တာပေါ့ . . .”
သခင်ကြီးဘိုင်သည်​ရဲရှောင်အား အကဲခတ်​သည့်​အ​နေအထားဖြင့်​ကြည့်​လိုက်​ကာ –
“ကြည့်ရတာ ခင်ဗျားက ဒီနိုင်ငံအပေါ် တော်တော် သံယောဇဉ် ရှိနေတယ်ထင်တယ် . . .”
ရဲရှောင် ခေါင်းညိတ်ပြလိုက်ရင်း –
“ဒီလိုပဲ ဆိုပါတော့ . . .”
သခင်ကြီးဘိုင်၏ မျက်လုံးများသည်​ရီဝေဝေပင်​ဖြစ် သွား​လေသည်။
အခိုးအငွေ့များကြား ရုတ်တရက်​ရောက်ရှိသွားသည့်​အလား ဘယ်အရာ​ကိုမှ မမြင်နိုင်တော့သကဲ့သို့ပင်​ခံစားသွားရသည်​။
သူ၏ ကောက်ချက်ချမှုများသည်​မှားယွင်းခဲ့သည့်​အတွက်​အံ့သြသွားခဲ့ရသည်​။
ဖန်ဧကရာဇ်အား အဆင့်မြင့် နယ်ပယ်တစ်ခုခုမှ လူတစ်​ဦး ဖြစ်​လိမ့်မည်ဟု ထင်​မှတ်​ထားခဲ့မိသည်​။
အနည်းဆုံးမူ ချင်းယန်နယ်ပယ်မှ ဖြစ်လိမ့်မည်ဟု ထင်မှတ်​ထားခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သော လူတစ်ဦးသည် မော်တယ်ကမ္ဘာ သို့မဟုတ် သူနေထိုင်သည့် နိုင်ငံနှင့် ပတ်သက်၍ မည်သည့် ခံစားချက်မျှ ရှိနေလိမ့်မည် မဟုတ်ချေ။
ချင်းယန်နယ်ပယ်မှ ပညာရှင်များသည် အများအားဖြင့် မာန်မာန ထောင်လွှား၍ တစ်ကိုယ်ကောင်း ဆန်ကြသူများသာ ဖြစ်သည်​။
အခြားလူများဘက်မှ စ၍ သစ္စာမဖောက်ခင် မိမိဘက်​မှစ၍ သစ္စာဖောက်ရန်သာ အစဉ်အမြဲ ကြိုးစားနေကြသူများ ဖြစ်​ကြသည်​။
သို့သော် ယခု သူ၏​ရှေ့တွင်​ရှိ​သော ဖန်ဧကရာဇ် သည် ချန်နိုင်ငံတော်အပေါ် သံယောဇဉ် တွယ်​နေ​သော လူတစ်​ဦး ဖြစ်​သည်​။ ထို့ပြင် သူ၏ ချန်​နိုင်ငံအတွက်လည်း တစ်စုံတစ်​ခု လုပ်ပေးချင်နေသည့်ပုံပင်။
သခင်ကြီးဘိုင်သည်​သူ၏ ယူဆချက်များ မှားသွားခဲ့ကြောင်း သဘောပေါက်လိုက်မိသည်​။ ထိုအမှားများအား သုံးသပ်​ရင်း စိတ်​ထဲတွင်​တစ်​ကိုယ်​တည်း​တွေး​နေမိသည်​။
(ဖန်ဇီလင်က မော်တယ်ကမ္ဘာမှာပဲ မွေးတာဖြစ်မယ် ထင်တယ်။ ချန်နိုင်ငံတော်ရဲ့ တကယ့်ကို သစ္စာစောင့်သိတဲ့ ပြည်သူတစ်ယောက်ပါပဲလား။ ဒီလိုမှ မဟုတ်ရင် အခုလိုမျိုး သူလုပ်မှာ မဟုတ်ဘူး။ သူ့လို သံယောဇဉ်ကြီးတတ်တဲ့ လူမျိုး​တွေကို အသုံးချရတာ ငါ့အတွက်​ပိုလွယ်​ကူတယ်​။ သူ့ကို ငါ့အကျိုးအမြတ်အတွက် အသုံးချလို့ ရမယ်​ထင်တယ်။ ငါက ဒီလိုလုပ်ရတာ မနှစ်သက်တဲ့ လူဆို​ပေမယ့်​လည်း အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး လုပ်သင့်ရင်​လုပ်ရမှာပဲ . . .)
(ငါက သူ့အားနည်းချက်ကို ရှာတွေ့ထားပြီ။ ဒီလို အခြေအနေမှာ သူ့လိုလူမျိုးကိုသာ ငါအသုံးချနိုင် မယ်ဆိုရင် ငါ့ရဲ့ အစီအစဉ်တွေလည်း ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ် ထင်တယ်။ နောက်ပြီး သူ့ရဲ့ တောင်းဆိုချက်က ဘာမှ စာဖွဲ့လောက်တဲ့ အရာလည်း မဟုတ်ဘူး . . .)
(ဘယ်အချိန်မဆို အရာရာတိုင်းကို ငါက ပြောင်းလဲနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပဲဟာ။ ဒါပေမယ့်​ချင်းယန်နယ်ပယ်က လူတစ်ယောက်ရဲ့ မွေးရပ်မြေက မော်တယ်ကမ္ဘာ ဖြစ်နေတယ်လို့တော့ ငါမကြားဖူးဘူး . . .)
သခင်​ကြီးဘိုင်​သည်​သူ၏ အ​တွေးများ ရုတ်​သိမ်းလိုက်​ပြီး ရဲ​ရှောင်​အား စူးရှ​သော အကြည့်​များဖြင့်​ကြည့်​လိုက်​ကာ –
“တကယ်ေ​တာ့ နိုင်ငံဆိုတာ အင်အားကြီး အဖွဲ့အ စည်း တစ်ခုလို့ ယူဆလို့ရတယ်။ နိုင်ငံအပေါ် သံယောဇဉ် ရှိတယ်ဆိုတဲ့ စကားမျိုးက ဘုရင်တွေက သူ့လူတွေကို ကောင်းကောင်း အုပ်ချုပ်နိုင်ဖို့အတွက် မျက်ရည်ချူတဲ့ နည်းလမ်းတစ်ခုပါ။ အဲ့ဒီ​တော့ ဖန်ဧကရာဇ်လို အတွေ့အကြုံ ရင့်ကျက်တဲ့ လူတစ်ယောက်က ဒီလို မဟုတ်တမ်းတရား အတွေးမျိုး ဘယ်လိုများ တွေးနိုင်နေရတာလဲ။ ကျုပ်အမြင်အရတော့ ဒီလို အတွေးမျိုးက ဖန်ဧကရာဇ်နဲ့ မလိုက်ဖက်ဘူး ထင်တယ် . . .”
အမှန်​တကယ်​တွင်​မူ သခင်​ကြီးဘိုင်​သည်​ရဲ​ရှောင်​အား စကားအရာဖြင့်​စမ်းသပ်လိုက်ခြင်း ဖြစ်သည်​။ ရဲရှောင်ဘက်​မှ မည်​ကဲ့သို့​သော စကားမျိုး ပြန်​ပြောလာမည်​ကို သိလို၍​သွေးတိုးစမ်းလိုက်​ခြင်း ပင်​ဖြစ် သည်။
ရဲရှောင်လည်း တည်ကြည်လေးနက်ေ​သာ အသံဖြင့် –
“ခင်ဗျား​ပြောသလို မျက်​ရည်​ချုတဲ့​နည်းလမ်းတစ်​ခု ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမယ့်​သစ္စာရှိခြင်းနဲ့ သံယောဇဉ် ရှိခြင်းဆိုတာ လူသားတစ်ယောက် ထားရှိရမယ့်​စည်းမျဉ်းတစ်ခုဆို မမှားဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ရာကိုယ် ရှိကြတယ်။ ကိုယ်မယုံကြည်တိုင်း​သူများယုံကြည်မှုကို သွားပြီး အပြစ်တင်လို့ မရဘူးလေ . . .”
ရဲ​ရှောင်​၏ စကားအဆုံးတွင်​သခင်ကြီးဘိုင် မျက်မှောင်ကြုတ်သွားသည်။
ထိုကဲ့သို့ မျက်မှောင်ကြုတ်လိုက်သောအခါ သခင်ကြီးဘိုင်၏ မျက်ခုံးမွှေး ၂ ဖက်သည် နဂါးနှစ်ကောင် မျက်​နှာချင်းဆိုင်​ရှိ​နေသည့်​ပုံစံ ဖြစ်သွားလေသည်​။
မျက်မှောင်ကြုတ်​နေရာမှ ပုံမှန်အတိုင်း ပြန်နေလိုက် သောအခါတွင်မူ ကောင်းကင်ထက်သို့ နဂါး ၂ ကောင် ပျံတက်သွားသည့် ပုံစံနှင့်​အလွန်တူလှသည်​။
ရဲရှောင်သည် ထိုမြင်ကွင်းအား သတိပြုမိလိုက်​သည့်အတွက် အံ့သြသွားရသည်​။
လူတစ်ယောက်အနေဖြင့် မျက်မှောင်ကြုတ်လိုက်ရုံဖြင့် တစ်ဖက်လူ၏ စိတ်အာရုံအား ဖမ်းစားနိုင်စွမ်း ရှိလိမ့်မည်ဟု ရဲရှောင် ထင်မထားခဲ့မိချေ။ ထိုအရည်​အချင်းသည်​မွေးရာပါ အရည်အချင်းတစ်ခုဟုပင် ဆိုရ​ပေမည်​။
ဘုရားပေးသော ဆုလာဘ်​ဟုလည်း သတ်မှတ်ရပေလိမ့်မည်။
ရဲရှောင် ခဏမျှ စဉ်းစားလိုက်ရင်း –
“လူတစ်ယောက်အနေနဲ့၊ ယောကျာ်းတစ်ယောက် အနေနဲ့ ဂရုစိုက်ရမယ့်​တာဝန်ကျေရမယ့်​အရာတစ် ခုခုတော့ ရှိသင့်တယ်။ ကာကွယ်ရမယ့်​စိတ်မျိုးလည်း ရှိရမယ်။ အရှက်တရားအတွက်ပဲဖြစ်ဖြစ်၊ သစ္စာတရားအတွက်ပဲဖြစ်ဖြစ်၊ အမှန်တရားအတွက်ဖြစ်ဖြစ် သူလုပ်​သင့်​လုပ်​ထိုက်​လို့ ကာကွယ်​သင့်​ကာကွယ်​ထိုက်​လို့ လုပ်​လိုက်​တဲ့ အလုပ်​က မှန်မှန်မှားမှား ဘာကိုမှ ဂရုစိုက်နေစရာ မလိုဘူး။ ကိုယ်လုပ်ခွင့် ရလိုက်တာကိုက တာဝန်ကျေသွားတယ်လို့ပဲ ယူဆရမယ် . . .”
“ကျုပ်မွေးတဲ့ နိုင်ငံက ကျုပ်ရဲ့ ယုံကြည်ရတဲ့ အရာပဲ။ ကျုပ် ဂရုစိုက်ရမယ့်​အရာပေါ့။ အဲ့ဒါ​ကြောင့်​နိုင်ငံကို ထိခိုက်နစ်နာစေချင်တဲ့စိတ်မျိုး ကျုပ်မှာ လုံးဝ မရှိဘူး . . .”
ရဲရှောင် ထိုစကားများအား ပြောနေရင်းဖြင့်​စိတ်ထဲတွင်​မွန်းကြပ်နေရာမှ ပေါ့ပါးသွားသကဲ့သို့ ခံစားသွားရသည်။
အခန်းထဲသို့ စ၍ ဝင်လာသည့်​အချိန်​တွင်​သူ၏ စိတ်များ လေးလံ၍ စိတ်ဖိစီးမှုများ ခံစားခဲ့ရသည်​။
သို့သော် ယခုအခါတွင်မူ ထိုကဲ့သို့ ခံစားရခြင်း မရှိတော့ဘဲ စိတ်လက်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပါတော့သည်​။Top of Form

Comment

Leave a Reply

Options

not work with dark mode
Reset