Chapter – 21
ကဒီလျှံရဲ့စိန်ခေါ်တဲ့စကားကဂျင်ချန်ကိုဒေါပွစေသည်။ ကဒီလျှံကိုအထင်သေးစွာကြည့်နေလျက်
သူပြန်ပြောလိုက်သည်။
“အရင်ရက်ကငါမင်းကိုအနိုင်ယူခဲ့ပြီးပြီ။အခုမင်းက ငါ့ကိုစိန်ခေါ်ရဲသေးတယ်ပေါ့”
အရင်ဘဝကသူသုံးနေကျလေသံအတိုင်းအခုဂျင်ချန်ရဲ့လေသံမှာ
အထင်သေးမှုတွေအပြည့်ပါနေတယ်။
သူကမတော်တဆဖြစ်ပြီးပြန်မွေးဖွားလာခဲ့တာတောင်မှအချို့အကျင့်တွေကတော့ရှိနေဆဲပဲ။
ဂျင်ချန်ပြောတာကိုကြားရပြီးတဲ့အခါ
ကဒီလျှံရဲ့မျက်နှာဟာသေလုအောင်ဖြူဖျော့သွားသည်။ သူမျက်လုံးထဲမှာ ဒေါသတွေပေါ်ထွက်လာနေပေမယ့်သူစာကြည့်တိုက်ရဲ့စည်းကမ်းတွေကိုတော့
မချိုးဖောက်ရဲသေးပေ။ဒါ့အပြင်
ဂျင်ချန်ရဲ့တိုက်ခိုက်တာကိုခံထားရသည်မှာလဲ သိပ်မကြာသေးဘူးမဟုတ်လား….
ကဒီလျှံရဲ့ဘေးမှာရပ်နေတဲ့
ကဒီကွင်တောင်မှဒေါသတွေထွက်နေတယ်။
ဂျင်ချန်ကိုစိုက်ကြည့်ရင်းသူမလှောင်လိုက်သည်။“ဟမ့်နင်ငါ့အကို
စိန်ခေါ်တာကိုလက်မခံရဲဘူးမဟုတ်လား။နင်ယောင်္ကျားမှဟုတ်ရဲ့လား”
ကဒီကွင်ပြောတာကိုကြားမှ
ကဒီလျှံ့မျက်နှာတောက်ပလာကာ
စိတ်သက်စာရာရသွားသလို ခံစားလိုက်ရသည်။“ဟုတ်တယ်။ငါစိန်ခေါ်တာကိုလက်မခံရင်
မင်းကသူရဲဘောကြောင်လို့ပဲ။ချင်းယန်ရှင်းတန်
ငါမင်းကိုတိုက်ခိုက်ရေးကွင်းပြင်မှာစောင့်နေမယ်။
မင်းကိုယ်မင်းငကြောက်လို့ထင်ရင်မလာခဲ့နဲ့။ညီမသုံးတိုက်ခိုက်ရေးကွင်းပြင်ကိုသွားရအောင်”
အဲ့ဒိနောက်မှာတော့ကဒီလျှံဟာ
ဂျင်ချန်ကိုတစ်ချက်စူးခနဲကြည့်လိုက်ပြီး
စာကြည့်တိုက်ကနေ ထွက်သွားတော့သည်။
“ဟမ့်ချင်းယန်ရှင်းတန်နင်လာတာကောင်းမယ်။နင်ကငကြောက်ဆိုရင်တောင်
လူသိအောင်တော့မပြသင့်ဘူး”ကဒီကွင်ကအော်ပြောကာ
သူမအကိုနောက်ပြေးလိုက်သွားတော့သည်။
“ချင်းယန်ရှင်းတန်ဆိုတာလူသစ်ပြိုင်ပွဲမှာ ပထမရသွားတဲ့ကောင်မဟုတ်လား”
“ကြည့်ရတာတော့ဟုတ်မယ်ထင်တယ်။ငါကြားတာတော့ချင်းယန်ရှင်းတန်က
သူတော်စင်အဆင့်၈ပဲရှိသေးတာတဲ့ဒါမယ့်ကွာ
သူကသူတော်စင်အဆင၉တွေကိုတောင်
အနိုင်ယူပစ်တာ။ဘယ်လောက်မိုက်လဲ”
ကဒီကွင်တိုထွက်သွားပြီးတဲ့နောက်စာကြ့ည့်တိုက်ထဲမှာဂျင်ချန်အကြောင်းကိုသာပြောနေကြလေတယ်။
ဂျင်ချန်ဘေးနားမှာထိုင်နေတဲ့မိန်းမလှလေးတောင်မှ သူကိုအရမ်းအံ့သြနေတဲ့အမူအယာဖြင့်ကြည့်နေတယ်။သူမမျက်လုံးတွေကစိတ်လှုပ်ရှုားစွာ
တဖျက်ဖျက်ခတ်နေတယ်။
သူမတကယ်မမျှော်လင့်မိခဲ့ဘူးဒီကောင်က
ကျောင်းသားသစ်ဘုရင်ဆုရခဲ့တာတဲ့လား….
အရုပ်ဆိုးတဲ့မျက်နှာအမူအယာဖြင့်ဂျင်ချန်သူလက်ထဲကစာအုပ်ကိုဖျစ်ညှစ်ထားသည်။
ကဒီကလန်ကအသုံးမကျတဲ့မောင်နှမနှစ်ယောက်ကသူကိုလာရှုပ်နေတယ်။
သူစာဘယ်လိုဆက်ဖတ်နိုင်တော့မလဲ။ထပ်တွေးရရင်ဒီလိုစိန်ခေါ်ခံရမှတော့
ဂျင်ချန်လက်မခံလို့ဘယ်ရပါတော့မလဲ။
သူကသ့ူဂုဏ်သိက္ခာကိုသိပ်ဂရုမစိုက်ပါဘူး။ဒါပေမယ့်
သူကချင်းယန်ကလန်ကလူဖြစ်နေတယ်။
သူအကိုကအနားမှာမရှိပေမယ့်သူချင်းယန်ဟူကိုတော့ငကြောက်ညီတစ်ယောက်မရစေချင်ပါဘူး။
ထိုင်ခုံကနေဖြည်းညင်းစွာထရပ်လိုက်ရင်း
စားပွဲပေါ်ကသူဖတ်ဖို့ယူထားတဲ့စာအုပ်တွေကိုကောက်ယူ လိုက်တယ်။စာအုပ်စင်မှာ
သပ်သပ်ရပ်ရပ်နှင့်စနစ်တကျပြန်စီလိုက်ပြီးတဲ့နောက်သူစာကြည့်တိုက်ကနေထွက်သွားဖပြင်လိုက်သည်။အဲ့ဒိအချိန်မှာတစ်ခန်းလုံးက
ဂျင်ချန်ရဲ့လှုပ်ရှုားမှုသေးသေးလေးကိုတောင် အလွတ်မပေးဘဲကြည့်နေကြတယ်။
“ဟေ့ချင်းယန်ရှင်းတန်”
ဂျှင်ချန်စာကြည့်တိုက်ဂိတ်ဝရောက်တဲ့အချိန်မှာသူဘေးကမိန်းမလှလေးသူ့ကို
လှမ်းခေါ်လိုက်သံကိုကြားလိုက်ရသည်။
သူအံ့အားသင့်စွာဖြင့်ကောင်မလေးကိုကြည့်လိုက်သည်။
“ဘာလဲ”
ဂျင်ချန်အသံနေအသံထားနဲ့စကားကိုကြားတော့
ကောင်မလေးကဘာမှမပြောသေးခင်
နှုတ်ခမ်းစူလိုက်သည်။
“ချင်းယန်ရှင်းတန်
နင်လေ့ကျင့်ရေးကွင်းထဲကိုသွားပြီးတော့စိန်ခေါ်တာကိုလက်ခံမလိုလား”
“ဟုတ်တယ်”
“နင်သွားဖိုမလိုပါဘူး။စာကြည့်တိုက်က
ဆူညံအောင်လုပ်တာကိုတားမြစ်ထားတယ်။
နင်လုပ်ရမှာကဒီအကြောင်းကိုကျောင်းအုပ်ကြီးကို သွားပြောလိုက်ဖို့ပဲ။အဲ့ဒါဆိုရင်သူတို့နှစ်ယောက်
သေချာပေါက်အပြစ်ပေးခံရမှာ။ ဒီခါဂဲအကယ်ဒမီမှာဘယ်သူမှကျောင်းအုပ်ကြီးကိုအထွန်မတက်ရဲဘူး”
သူမပြောတာတွေကြားတော့ဂျင်ချန်
ဒီကောင်မလေးကိုတောက်ပစွာကြည့်လိုက်မိသည်။ခပ်ပေါ့ပေါ့ရယ်လျက်ကပဲ
“သူတို့ကစိန်ခေါ်နေမှတော့ငါကလက်မခံလို့ဘယ်ဖြစ်မလဲ”ဟုပြန်ပြောကာ
စာကြည့်တိုက်ကနေထွက်သွားတော့တယ်။
ဂျင်ချန်ပုံရိပ်ပျောက်သွားသည်ကိုကြည့်နေပြီးမှ သူမမျက်လုံးတွေ
တလက်လက်တောက်ပလာလေတယ်။ခဏလောက်တုံဆိုင်းနေပြီးတော့
သူမထိုင်နေခဲ့တဲ့စားပွဲဆီပြန်သွားကာ စာအုပိကိုယူလိုက်ပြီး
စင်ပေါ်စနစ်တကျပြန်ထားလိုက်တယ်။ နောက်စာကြည့်တိုက်ဂိတ်ဝဆီမြန်မြန်ပြေးသွားကာ
ပြိုင်ပွဲကွင်းပြင်ဆီထွက်သွားတော့တယ်။
ကောင်မလေးထွက်သွားပြီးတဲ့နောက်
စာကြည့်တိုက်တစ်ခုလုံးခဏလောက်ငြိမ်ကျသွားသည်။
နောက်ရုတ်တရက်
အသံကျယ်ကြီးတစ်ခုထွက်လာသည်။
“ဒါစိတ်ဝင်စားစရာကောင်းတဲ့ပွဲပဲ။
သူတော်စင်အဆင့်၈ပဲရှိသေးတဲ့လူသစ်လေးက
အဆင့်၉ကလူကိုတိုက်မယ့်ပွဲ၊သွားမကြည့်တဲ့သူက
ရူးနေလိုပဲဖြစ်မှာ”
ကျောင်းဝတ်စုံဝတ်ထားတဲ့
ဆယ်ကျော်သက်ကောင်လေးက
စာကြည့်တိုက်ထဲကနေအမြန်ပြေးထွက်သွားတယ်။ဒီလူတွေထွက်သွားပြီးတဲ့နောက်
ကျန်တဲ့ကောျင်းသူ၊ကျောင်းသားတွေဟာ သူတိုယူထားတဲ့စာအုပ်တွေကိုစင်တွေပေါ်စနစ်တကျပြန်ထားပြီး
ပြိုင်ပွဲကွင်းပြင်ဆီအမြန်ပြေးသွားတော့တယ်။
အားကစားကွင်းရဲ့ထောင့်တစ်နေရာတွင်
ပြိုင်ပွဲကွင်းပြင်ရှိသည်။ စက်ဝိုင်းပုံစင်မြင့်၅ခုရှိကာတစ်ခုဆီကိုမီတာ၂၀ကျယ်ဝန်းသည်။
ပြိုင်ပွဲကွင်းကသိပ်မကြီးတာမို့
ပွဲကြည့်ပရိတ်သတ်၁၀၀လောက်သာဆန်နိုင်သည်။
သိုပေမယ့်လူသစ်ပြိုင်ပွဲ့ပြီးခဲ့တာမကြာသေးသည်မို့
ပြင်ဆင်ထားလျက်သားဖြစ်သည်။
ဂျင်ချန်ပြိုင်ပွဲကွင်းပြင်ကိုရောက်တော့
စင်မြင့်တစ်ခုပေါ်မှာလက်ပိုက်ကာရပ်နေတဲ့
ကဒီလျှံကိုတန်းမြင်လိုက်သည်။စင်အောက်မှာတော့
ဆူညံစံာတွတ်ထိုးနေတဲ့ကျောင်းသားတွေရှိသည်။
ဂျင်ချန်ရောက်လာတာမြင်တော့စင်မြင့်ပေါ်ရပ်နေတဲ့ ကဒီလျှံကလှောင်သည်။
“မင်းလိုငကြောက်ကိုငါကမလာရဲဘူးတောင် ထင်နေတာကွ”
“ဟမ့်”
ဂျင်ချန်နှာမှုတ်ကာစင်မြင့်ပေါ်ခုန်တက်လိုက်သည်။
လက်ပိုက်ကာရပ်နေလိုက်ပြီးအထင်သေးတဲ့အကြည့်နှင့်ကဒီလျှံအားအေးစက်စွာပြောလိုက်သည်။
“ငါ့ကိုလာတိုက်။ငါမင်းကို၁၀ကွက်အကြောပေးမယ်။ အဲ့၁၀ကွက်အတွင်းငါလုံးဝပြန်မတိုက်ဘူး”
ဂျင်ချန်ပြောတာကိုကြားရသည့်ပရိတ်သတ်တွေသည်
အံ့သြလွန်းလို့အော်ဟစ်မိမတတ်ဖြစ်သွားရသည်။ ထိုလူတွေထဲတွင်
စီနီယာကျောင်းသားတွေလည်းပါဝင်သည်။သူတို့တွေခဏလောက်ငြိမ်နေပြီး
ဂျင်ချန်အကြောင်းကိုခပ်တိုးတိုးဆွေးနွေးကြတော့သည်။
သူတိုထင်ခဲ့တာကပြိုင်ပွဲမှာကဒီလျှံရှုံးသွားခဲ့သည်ကဒီကောင်နမော်နမဲ့နိုင်သွားလိုပေါ့…..
ကဒီလျှံမျက်နှာဟာဒေါသကြောင့်နီရဲတက်လာသည်။ ဒီချင်းယန်ရှင်းတန်ဟာ
သူကိုပြိုင်ဘက်တစ်ယောက်အနေဖြင့်တောင်မမြင်ပါလား….
“ချင်းယန်ရှင်းတန်မင်းကငါထင်ထားတာထက်ကိုအရှက်မရှိတာပဲ”
ကဒီလျှံအော်ပြောလိုက်သည်။
ဂျင်ချန်ကတော့ထူးမခြားနားစွာကြည့်ရင်းပြောသည်။
“ကဒီလျှံမင်းငါ့ကိုတိုက်ချင်တာဆိုမြန်မြန်လာတိုက်လေ။
ငါ့မှာအချိန်မရှိဘူး”
“ဟမ့်”
ကဒီလျှံနှာမှုတ်ကာဆက်ပြောသည်။
“ဘာတွေအလျင်လိုနေတာလဲ။
လာကြည့်တဲ့သူတွေပြည့်တဲ့အထိစောင့်လိုက်ပါဦး။ဒါမှငါမင်းကိုနိုင်တဲ့အခါမျက်မြင်သက်သေတွေရှိမှာ”
သူဘာလိုဒီလိုပြောရသလဲဆိုတော့လူသစ်ပြိုင်ပွဲမှာသူရှုံးသွားတုန်းက
ဂျင်ချန်ကခဏလေးနဲသူ့ကိုအနိုင်ယူလိုက်တာလေ…
သူဖင်ကိုကန်ချက်တစ်ချက်တည်းသုံးပြီးအနိုင်ယူခဲ့တာ။ သူအတွက်တော့အဲ့ဒိကန်ချက်ကို
ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ကဒီလျှံအမြင်မှာတော့သူရှုံးခဲ့တာကသူနမော်နမဖြစ်သွားခဲ့လို့ပဲ။
သူအလှည့်မှာတော့
ဂျင်ချန်ကိုရက်ရက်စက်စက်အနိုင်ယူပြီး ဂုဏ်သိက္ခာတွေပြန်ဆယ်ရမယ်။
တဖြေးဖြေးကွင်းပြင်ထဲမှာလူတွေပြည့်လာသည်။
တိုးပွားလာသည့်ဦးရေဟာရပ်သွားမည့်ဟန်တော့မရှိ။အပြင်မှာတော့
ပြိုင်ပွဲကွင်းဆီလာနေတဲ့လူအုပ်ကြီးတွေရှိသည်။
ဒီပြိုင်ပွဲကိုကဒီလျှံကတရားဝင်ကြေငြာထားခဲ့သည်ကိုး….
အချိန်အနည်းငယ်ကြာပြီးနောက်မှာပြိုင်ပွဲကွင်းပြင်တွင် အနည်းဆုံးလူ၂၀၀နီးပါးရှိနေပြီဖြစ်တယ်။
လူတွေအားလုံးဟာ
စိတ်လှုပ်ရှုားစွာစောင့်မျှော်နေကြတယ်။အဲ့ဒိလူတွေထဲမှာကဒီလျှံရဲ့အကိုကဒီယန်လည်းပါတယ်။
သူဘေးမှာတော့လူအနည်းငယ်ဝိုင်းကာရပ်နေတယ်။
“ညီလေးမင်းလုပ်နိုင်ပါတယ်။အကိုကြီးစောင့်ကြည့်နေမယ်”
ရုတ်တရက်ရင်းနှိးတဲ့အသံတစ်သံဟာ
လူအုပ်ကြီးရဲ့ဆူညံသံတွေကိုဖြတ်ပြီးထွက်လာတယ်။ ဂျင်ချန်လိုက်ရှာကြည့်တဲ့အခါမှာတော့သူ့အကိုကြီး ချင်းယန်ဟူ
ကကွင်းထဲမှာရပ်ပြီးသူကိုအားပေးနေတာတွေ့၇တယ်။
ဂျင်ချန်ပြုံးကာခေါင်းငြိမ့်ပြလိုက်တယ်။
အဲ့ဒိအချိန်မှာ
အသံအကျယ်ကြီးတစ်သံထွက်လာပြန်တယ်။“လာလာဘယ်သူနိုင်မယ်ဆိုတာ
ငါတိုလောင်းကြရအောင်။ဘယ်သူလောင်းရဲကြလဲ”
“ကဒီလျှံ့ကိုရွှေ၁၀ပြားလောင်းတယ်”
“ငါကချင်းယန်ရှင်းတန်ကိုရွှေပြား၂၀လောင်းတယ်” “ငါကဒီလျှံကိုရွှေပြား၅၀လောင်းတယ်”
ကဒီလျှံနဲ့ဂျင်ချန်တိုကို
ဘယ်သူနိုင်မယ်ဆိုပြီးလောင်းတဲ့သူတွေများလာတယ်။ အများစုဟာမြင့်မြတ်တဲ့မိသားစုတွေကမို့
အတော်လောင်းနိုင်ကြတယ်။
ကဒီလျှံကိုလောင်းကြတဲ့သူတွေက
၈၀ရာခိုင်နှုန်းလောက်ရှိပြီး
ဂျင်ချန်ကိုလောင်းတဲ့သူတွေကတော
၂၀ရာခိုင်နှုန်းပဲရှိတယ်။
“purplecoin၁၀ပြား
ချင်းယန်ရှင်းတန်ဘက်ကလောင်းတယ်”
ငွေတွေတင်ထားတဲ့စားပွဲကိုလက်ဝါးဖြင့်ရိုက်ချလိုက်ရင်း ချင်းယန်ဟူလောင်းလိုက်သည်။
“ချင်းယန်ရှင်းတန်ဘက်ကိုpurplecoin
၁၀ပြားလောင်းတယ်”
နှုးညံ့တဲ့အသံလေးထွက်လာကာ
ဂျင်ချန်ဘက်ကိုလောင်းလိုက်သည်ကိုအားလုံးမြင်လိုက်ကြရသည်.သူမဟာ
သေချာပေါက်မြင့်မြတ်သည့် မိသားစုမှဖြစ်ရမည်ကိုသိနိုင်သည်။လူတွေနားမလည်နိုင်ကြသည်က
ဒီမိန်းမလှလေးက
ဘယ်လိုကြောင့်ဂျင်ချန်ဘက်ကလောင်းရတာလဲဆိုတာကိုပါပဲ။
စင်မြင့်ပေါ်ကဂျင်ချန်က
ကဒီလျှံကိုကြည့်ရင်းပြောလိုက်သည်။ “ငါတို့အခုစလိုရပြီလား”
ကဒီလျှံရဲ့မျက်နှာဟာယုံကြည်မှုတွေပြည့်နေတယ်။
သူလှောင်ကာပြောလာသည်။
“ချင်းယန်ရှင်းတန်မင်းငါ့ကို
၁၀ကွက်အကြောပေးမယ်လိုပြောခဲ့တယ်နော်။ မင်းစကားမင်းမှတ်မိတယ်မလား”
“မြင့်မြတ်တဲ့စိတ်ထားရှိသူတစ်ယောက်အနေနဲသူပါးစပ်ကထွက်သမျှကကတိပဲ။
ငါမင်းကို၁၀ကွက်အကြောပေးမှာပါ”
“ဘယ်လောက်မာန်တက်နေလိုက်သလဲ”
ဂျင်ချန်ပြောတဲ့စကားကိုသူသေချာမသိပါဘူး။ဒါပေမယ့်ဘာကိုဆိုလိုသလဲဆိုတာကိုတော့
သူသဘောပေါက်လိုက်တယ်။
သူဘာစကားမှမပြောတော့ဘဲ
ဂျင်ချန်ကိုစတိုက်လိုက်တယ်။
သူကို၁၀ကွက်အကြောပေးထားတဲ့ဟာ သူကဘာလို့အားအများကြီးမသုံးရမှာလဲ။
ကဒီလျှံဂျင်ချန်ဆီကိုပြေးသွားကာ
လက်ထီးဖြင့်ထိုးချလိုက်သည်။
လေသံလေးတစ်ချက်တောင်မကြားရတဲ့အထိလက်သီးကလျင်မြန်စွာဝင်သွားသည်။
မျက်နှာနားနီးကပ်လာတဲ့လက်သီးကို
ကပ်သီးလေးရှောင်လိုက်သည်မို့ဂျင်ချန်ခြေတစ်လှမ်း
နောက်ဆုတ်သွားရသည်။ဒီလက်သီးချက်က
သူကိုခြေတစ်လှမ်းသာနောက်ဆုတ်စေဖို့လုံလောက်သ ည်။
“အရမ်းနီးနေပြီ။
ဒီ့ထက်နည်းနည်းပဲအားပြင်းလိုက်ရင်ကွာ….”
“ဒီချင်းယန်ရှင်းတန်ကအားသိပ်မရှိပါဘူးကွာ။ တိုက်ပွဲစစချင်းမှာကိုသူကအထိုးခံရတော့မလို့။
သူသာမရှောင်နိင်ခဲ့ဘူးဆိုရင်
ဒဏ်ရာရပြီးအနိုင်အရှုံးကကွဲပြားသွားမှာ”
“ဒီချင်းယန်ရှင်းတန်ကကံသိပ်ကောင်းနေတာ”
ကွင်းပြင်ထဲကလူအများစုကတော့ဂျင်ချန်ကဒီလျှံရဲ့လက်သီးကိုရှောင်နိုင်လိုက်သည်မှာ ကံကောင်းမှုကြောင့်ဟုထင်နေသည်။
လူတစ်ချို့ကသာဒါဟာကံကောင်းမှုမဟုတ်မှန်း ရိပ်မိကြကာဂျင်ချန်အား
စိတ်ဝင်တစားကြည့်လိုက်ကြသည်။