Switch Mode

Chapter – 289

မဟာအပြစ်ဒဏ်ကြောင့်ဒုက္ခိတဖြစ်ရခြင်း

Chapter – 289
“မဟာအပြစ်ဒဏ်ကြောင့်ဒုက္ခိတဖြစ်ရခြင်း”

“လူသားတွေထဲမှာလည်း အကျင့်စာရိတ္တကောင်းတဲ့ လူတွေရှိတယ်ဆိုတာ မငြင်းပါဘူး။ ကျွန်မတို့ကတော့ အာဏာလုနေကြတာကို မကြိုက်ရုံပါ . . .”
“ဟိုးကတည်းက ဒီလို ပုံစံတွေပဲ ဖြစ်ခဲ့ကြတာပဲလေ။ အဲ့ဒီ​တော့ ကျွန်မတို့အ​နေနဲ့ သူတို့ကို ဖြိုခွဲပစ်​တာ အပြစ်​တစ်​ခုမှ မဟုတ်​တာ . . .”
“ကမ္ဘာကြီးက ဒီသံသရာကြီးထဲမှာပဲ လည်ပတ်နေတာ မဟုတ်လား . . .”
ဝမ်အာသည်​ရဲ​ရှောင်​အား ကြည့်​ရင်း အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
ရဲရှောင် ခေါင်းညိတ်လိုက်ကာ –
“တကယ်တော့ အဲဒါက အရေးမကြီးပါဘူးလေ . . .”
ဝမ်အာလည်း​ဒေါသထွက်​သွားသည့်​ဟန်​ဖြင့်​-
“ဒါဆိုလည်း ရှင်ဘာလို့ ဒီလို အရေးမပါတာတွေ ပြောနေရ​သေးတာလဲ။ ရှင့်ရဲ့ ပါးစပ်ဖွာမှုကပဲ ရှင့်ကို ယုံကြည်မှု ရှိစေခဲ့တာလား . . .”
ရဲရှောင်မှ​လေးနက်​တည်​ကြည်​သော အသံဖြင့်​-
“မင်းရဲ့ အမြင်​ရှုထောင့်​တွေက တကယ်ကို ကောင်းမွန်ပါတယ်။ ကမ္ဘာကြီးအတွက် ပြည်သူတွေအတွက် ဒီအဖြစ်အပျက်တွေက မပြောင်းလဲဘူးဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့်​အဲ့ဒါတွေကို ဖြစ်အောင် လုပ်တဲ့ လူ​တွေက​ရော သူတို့ လုပ်​ရပ်​တွေကို ရှက်စရာကောင်းတယ်လို့ မခံစားရဘူးလား . . .”
“လူတွေထဲမှာ လူဆိုးလည်း ရှိ​နေနိုင်​သလို လူ​ကောင်းလည်း ရှိ​နေနိုင်တယ်။ အဲ့ဒီလိုပဲ​မိုးကောင်းကင်ကြီးမှာလည်း ချမှတ်​ထားတဲ့ စည်းမျဉ်း​တွေဆိုတာ ရှိ တယ် . . .”
“ကောင်းကင်ဘုံက ကမ္ဘာကြီးကို အချိန်​ပြည့်​စောင့်ကြည့်နေတယ်​။ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေကို လိုက်နာတဲ့လူက ရှင်သန်ရမယ်။ ဖောက်ဖျက်တဲ့သူကတော့ သေရမှာပဲ။ ကိုယ့်ရဲ့ အကျိုးအမြတ်အတွက်နဲ့ ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်ဆိုရင် မဟာအပြစ်ဒဏ် ခံကြရတယ် . . .”
ဝမ်အာ တီးတိုး​ရေရွတ်​လိုက်​ရင်း –
“မဟာအပြစ်​ဒဏ်​. . . ဟုတ်​လား . . .”
ရဲရှောင်မှ –
“ကျုပ် မော်တယ်ကမ္ဘာအကြောင်း​ရေးထားတဲ့ စာအုပ်​တွေ​တော်​တော်​များများ ဖတ်ဖူးတယ်။ ပထမဆုံးနိုင်ငံတော် တည်ထောင်ပြီး ပထမဆုံးဘုရင် အုပ်ချုပ်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၉၀၀၀ ကပဲ . . .”
“အဲ့ဒီနှစ်ပေါင်းများစွာ အတွင်းမှာ မင်းဆက်​ပေါင်း​ရာနဲ့ချီပြီး အုပ်စိုးခဲ့ကြတယ်။​နောက်​ပြီး နိုင်ငံပေါင်း ၁ သောင်းလောက်လည်း ပျက်ဆီးပြိုကွဲခဲ့ရတယ် . . .”
“ဘုရင်ဖြစ်သွားပြီး ဆယ်စုနှစ် ဒါမှမဟုတ် ရာစုနှစ် အချို့လောက် ကြာရင်​အဲဒီဘုရင်ရဲ့ မျိုးဆက် ပြတ် သွားကြရတာချည်းပဲ။ မျိုးဆက်သစ် တော်ဝင်သွေး တစ်ယောက်လောက်တောင် မကျန်ခဲ့ဘူး . . .”
“ကောင်းတဲ့ဘုရင်ပဲဖြစ်ဖြစ် ဆိုးတဲ့ ဘုရင်ပဲဖြစ်ဖြစ် ဘယ်ဘုရင်မဆို ကိုယ့်နိုင်ငံတော်ကို ထာဝရ တည် တံ့စေချင်ကြတာချည်းပဲ။ ဒါပေမယ့်​ဘုရင်​ဖြစ်​ပြီး နှစ်အနည်းငယ် ကြာလာရင်​ကို စစ်ပွဲနဲ့ ရင်ဆိုင်ကြရ တယ် . . .”
“အဲ့ဒီ​တော့ ပြည်သူတွေလည်း စစ်ဘေးဒဏ်ကို ခံကြရတာပေါ့။ ဒါပေမယ့်​စစ်​ပွဲဖြစ်​ရင်​ပြည်သူတွေကတော့ အသက်ရှင်တာ များပါတယ်။ အနည်းဆုံးတော့ မျိုးနွယ်စုတွေမှာ မျိုးဆက်သစ် နည်းနည်းစီ ကျန်ကြတာပဲ။ ကိုယ့်နိုင်ငံကို ထာဝရတည်တံစေချင်ကြတဲ့ ဘုရင်တွေသာ တစ်မျိုးနွယ်လုံး အသတ် ခံကြရတယ်​. . .”
“အဲ့ဒီကိစ္စက တော်တော်ကို အဓိပ္ပါယ်မရှိဘူး။ သာ မန်မျိုးနွယ်စုကတော့ ရှင်သန်နိုင်ပြီး တော်ဝင်မျိုးနွယ်စုကြ အမြဲလိုလို အသတ်ခံရတာပဲ မဟုတ် လား . . .”
“ခင်ဗျားတို့လည်း သမိုင်းကြောင်းတွေ သိမှာပါ။ ဘုရင်အားလုံး အသတ်ခံကြရတာချည်းပဲလေ”
“ဒါက ကောင်းကင်ဘုံရဲ့ စည်းမျဉ်းပဲ။ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးတဲ့ လူတွေကို ကောင်းကင်ဘုံက မဟာအပြစ်ဒဏ် ခတ်လိုက်တာလေ။ တန်ပြန်သက်ရောက်မှုလို့ ဆိုရမှာပေါ့ . . .”
“လူ့အသက်ပေါင်း ဘီလီယံများစွာက လွယ်လွယ် ကူကူနဲ့ မသေသင့်ဘူး . . .”
“လူတစ်ယောက်က ကိုယ့်ဟာကိုယ် ကျင့်ကြံမှုတွေလုပ်ပြီး လူရိုသေ ရှင်ရိုသေ အနေအထား လောက် ရရင် တော်ပြီပေါ့။ လူ့အသက်ပေါင်းများစွာကို သေ​ကြေပျက်​စီး​စေပြီး ထီးနန်းကိုပါ ရယူချင်နေတယ် ဆိုရင်တော့ အဲဒီလူက ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို ခံစားရမှာပဲ။ ဒီလိုမှ မဟုတ်ရင် ကမ္ဘာကြီးက တရားမျှတမှု ဘယ်ရှိပါ​တော့မလဲ . . .”
“မိန်းကလေး ဝမ်အာ . . . ပြည်သူတွေအနေနဲ့က​ရော ဘယ်သူ့ကို တာဝန်ယူခိုင်းလို့ ရမှာလဲ၊ အခြေအနေတွေ အားလုံးကို လက်ခံပြီး ငြိမ်းချမ်းသာယာမယ့်​နောက်ထပ်နိုင်ငံအသစ်ကို စောင့်မျှော်​နေကြရလိမ့်မယ်လို့ မင်းပြောခဲ့တယ်နော်။ ဒီမှာ မိန်းကလေး . . . လူတွေအနေနဲ့ တရားမျှတမှုကို ရှာနိုင်မယ့်​နေရာမရှိတောင် နတ်ဘုရားတွေက သူတို့အတွက် တရားမျှတမှုကို ပေးနေမှာပါ။ အဆိုးအကောင်းကို နတ်ဘုရားတွေပဲ ဆုံးဖြတ်ပိုင်စွမ်း ရှိတယ်။ တရားခံက အနှေးနဲ့အမြန် မဟာအပြစ်ဒဏ် ခတ်ခံရမှာပဲလေ”
ဝမ်အာဘက်​မှ တစ်ခုခု ပြောချင်နေသည့်တိုင် မပြောနိုင်ချေ။
ရဲ​ရှောင်​ပြော​နေ​သည့်​အကြောင်းအရာများ အားလုံးသည် လိမ်၍မရသော သမိုင်းသက်သေများပင် ဖြစ်သည်
အဆိုပါ သမိုင်းမှတ်တမ်းများအား ရေးသားသည့် လူများအား အချို့သော အင်အားကြီး ဘုရင်များမှ သတ်ဖြတ်​၍ လက်​စ​ဖျောက်​နိုင်​သည့်​တိုင်​အမှန်တရားကိုမူ ဖုံးကွယ်၍ မရနိုင်​ပေ။ ထို့ကြောင့်ပင် ဝမ်​အာဘက်​မှ ငြင်း၍ မရနိုင်ခြင်း ဖြစ်သည်​။
ဘုရင်တစ်ပါး ထီးနန်းရသောအခါ မကြာခင်အချိန်​မှာပင် သူ၏ ချစ်လှစွာသော သားများ၊ မြေးများ အသတ်ခံရသည်က များလေသည်​။ ၎င်းတို့၏ ခေါင်းများကိုပင်​မြို့ရိုး၌ ချိတ်ဆွဲထားခြင်း ခံခဲ့ကြရပြီး ပုန်ကန်မှုများ ဖြစ်ကြသည်သာ များသည်​။
“ဘုရင်တစ်ပါး မျိုးဆက်ပြတ်သွားတယ် ဆိုတာကလည်း မဟာအပြစ်ဒဏ်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်​ကျွန်မတို့ မုန်တိုင်းအိမ်တော်က ထီးနန်းဆိုတာကို တစ်ခါမှ စိတ်တောင်မဝင်စားခဲ့ဘူး။ ကျွန်မတို့ လုပ်တယ်ဆိုတာက နိုင်ငံတစ်ခု မြန်မြန်ကျဆုံးပြီး နောက်နိုင်ငံတစ်ခု မြန်မြန် ပေါ်လာစေရုံလောက်ပဲ။ ဒီလိုလုပ်ရင်း ကျွန်မတို့က ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းက ကယ်တင်ပေး​နေတာလေ။ ကျွန်မတို့ကြောင့်ပဲ ရှည်ကြာနေမယ့်​တိုက်ပွဲတွေ မြန်မြန် အဆုံးသတ်သွားကြတာ​ပေါ့။ ဘာပဲ​ပြော​ပြော စစ်ပွဲပြီးရင် ငြိမ်းချမ်းရေး ရသွားမှာပဲ မဟုတ်လား။ လူတွေ နှစ်ရာဂဏန်းလောက် ငြိမ်ငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရမှာပဲလေ။ အဲဒီလိုဖြစ်အောင် ကျွန်မတို့ပဲ လုပ်ပေး​နေတာ . . .”
ဝမ်အာသည် ရဲ​ရှောင်​အား စူးရှသော အကြည့်​များဖြင့်​ကြည့်​ရင်း​ပြောလိုက်​သည်​။
“အဲဒါကြောင့် ရှင်ပြောတာတွေက မှားနေတယ်လုိ့ ပြောတာ။ ရှင့်အတွေးနဲ့ရှင်က ဟုတ်နေတယ်​လို့ ထင်​ရ​ပေမယ့်​တကယ်​တမ်းကြ​တော့ လက်တွေ့ မကျဘူး။ ကောင်းကင်စည်းမျဉ်းတွေဆိုတာကလည်း ကျွန်မတို့အပေါ် ကျစရာ အကြောင်းမရှိဘူး . . .”
ဝမ်အာသည် ရဲ​ရှောင်​အား စူးရှသော အကြည့်​များဖြင့်​ကြည့်​ရင်း​ပြောလိုက်​သည်​။
ရဲရှောင်လည်း မဆိုင်းမတွပင်​-
“ဒါဆို နာမည်ကျော် သခင်ကြီးဘိုင်ဆိုတာ ဘာလို့ အခု ဒုက္ခိတတစ်ယောက် ဖြစ်နေရတာလဲ . . .”
ရဲ​ရှောင်​၏ မျက်လုံးများသည် သခင်ကြီးဘိုင်၏ ခြေထောက်များအား စူးစူးရဲရဲ စိုက်ကြည့်လျက် ရှိ သည်​။
ရဲရှောင်၏​မေးခွန်းသည်​အလွန်ရဲတင်းသော မေးခွန်းပင် ဖြစ်သည်​။
ဝမ်အာဘက်​မှ မည်သို့ မည်​ပုံ ပြန်ပြောရမည်မှန်း မသိအောင်ပင်​ဖြစ်သွားခဲ့သည်။ သူမ၏ မျက်လုံးများသည်​အေးစက်​မာ​ကြောသွားကာ ရဲရှောင်အား အချိန်​မ​ရွေး ထသတ်တော့မည့်ပုံပင်​ပေါက်နေလေ သည်​။
ရဲရှောင်သည် ဝမ်​အာ၏ အကြည့်​များအား လျစ်လျူရှုလိုက်ပြီးနောက် –
“ကျုပ်ပြောသလိုပဲ၊ ကျုပ်က မုန်တိုင်းအိမ်တော်အကြောင်း စာတွေ ဖတ်ထားခဲ့တယ်။ ခင်ဗျားတို့အကြောင်း မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာတွေကိုလည်း သိနေတယ်။ မုန်တိုင်းအိမ်တော်ရဲ့ လျှို့ဝှက်ဆန်းကြယ်လှတဲ့ သခင်ကြီးဘိုင် အကြောင်းလည်း နည်းနည်းပါးပါး သိတယ်”
“အများကြီး မှတ်တမ်းတင်​ထားတာ မရှိပေမယ့်​စာအုပ်ပါ အကြောင်းအရာတွေနဲ့တင် ခန့်မှန်းလို့ ရတာတွေ ရှိတယ် . . .”
ရဲရှောင် တခဏမျှ ရပ်နားလိုက်ရင်း –
“အချို့မင်းဆက်တွေ လက်ထက်မှာ တိုက်ပွဲတွေ ရုတ်တရက် ထထဖြစ်တယ်။ တိုက်ပွဲက မိုင်ထောင်နဲ့ ချီလောက်ကို လွှမ်းခြုံထားပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု တစ်စုက တိုက်ပွဲမှာ အသာစီးရနေတယ်။ အဲဒီအင်အားစုဆိုတာ မုန်တိုင်းအိမ်တော်ပဲ။ သခင်ကြီးဘိုင်ဆိုတဲ့ လူက အစွမ်းသိပ်​ထက်တဲ့ နတ်ဘုရားတစ်ပါးလိုပဲ။ သူ့ရဲ့ အသိဉာဏ်ပညာကလည်း သမုဒ္ဒရာကြီးထက်ကို ကျယ်ပြန့်သေးတယ်။ မိုင်ပေါင်းများစွာ အဝေးကြီးကနေ အမိန့်တွေပေးနေတာ​တောင်​တိုက်ပွဲက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိ​နေခဲ့တယ်။ ဒါပေမယ့်​သူက ဒုက္ခတိဖြစ်နေတာတော့ မထူးဆန်းဘူးလား . . .”
ရဲရှောင်သည်​စကားများအား ဖြည်းညင်းစွာ ပြောနေခြင်း ဖြစ်သည်။ ထိုသို့ပြောနေစဉ်အတွင်း “ဒုက္ခိတ” ဟူသော စကားလုံးသို့ အရောက်တွင် လေသံကို ပို၍ပင် နှေး၍ ပြောလိုက်သည်​။
သူ၏ အသံသည်​မြေကြီးပျော့ပျော့ထဲသို့ ခဲလုံးလေးများ ပစ်ချသည့်​အလား နစ်ခနဲနစ်ခနဲပင်​တစ်​ဖက်​လူ၏ နားထဲသို့ ဝင်သွားစေမည်မှာ အ​သေအချာ ဖြစ်သည်။
တစ်ဖက်လူ၏ နားမှတဆင့် နှလုံးသားကိုပင် ရိုက်ခတ်သွားစေနိုင်မည့် စကားလုံးများ ဖြစ်သည်။
ဝမ်အာ၏ မျက်နှာသည်ြ​ဖူရော်ရော်ပင်​ဖြစ်နေလေသည်။ သူ၏ နှုတ်ခမ်းအား ပြတ်​ထွက်​မတတ်​ပင်​ကိုက်ထားကာ စိတ်​ထဲတွင်​လည်း ရဲရှောင်အား သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများသည်​ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ဖြစ်နေခဲ့သည်​။
“ဒီသမိုင်းကြောင်းတွေထဲမှာ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခု ရှိသေးတယ်။ သခင်ကြီးဘိုင် ဒုက္ခိတဖြစ်ပုံဖြစ်နည်းတွေက တစ်ကြိမ်နဲ့တစ်ကြိမ် မတူတာကိုပဲ . . .”
ရဲရှောင် ခပ်အေးအေးပင်​ပြောလိုက်ပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset