Chapter – 20
ကဒီကွင်စာကြည့်တိုက်ကထွက်လာပြီးတဲ့နောက်
ကဒီလျံတောထဲမှာတစ်ယောက်ထဲလေ့ကျင့်နေရာဆီသွားလိုက်သည်။
ကဒီကွင်လျှောက်လာတာမြင်တော့ကဒီလျှံကရပ်တန်လိုက်ပြီးရယ်သည်။
“ညီမသုံးပြောတော့စာကြည့်တိုက်သွားမလို့ဆို။ ငါ့ဆီဘာလိုပြန်ရောက်လာတာလဲ”
သူနှလုံးသားထဲမှာတော့ညီမငယ်လေးကို နက်ရှိုင်းစွာချစ်မြတ်နိုးနေတယ်။
ကဒီကွင်သူဆီကိုလျှောက်သွားပြီးပြောသည်။ “အကိနှစ်ုကျွန်မကိုကူညီပြီးချင်းယန်
ရှင်းတန်ကိုသင်ခန်းစာပေးမယ်လို့မပြောခဲ့ဘူးလား”
ချင်းယန်ရှင်းတန်ဆိုတဲ့နာမည်လဲကြားလိုက်ရော ကဒီလျှံ၏မျက်နှာပေါ်မှအပြုံးကပျောက်ကွယ်ကာမည်းမှောင်သွားသည်။
ကဒီလျှံကလွန်ခဲ့တဲ့ရက်အနည်းကပြိုင်ပွဲမှာ
သူတော်စင်အဆင့်၈တစ်ယောက်ရဲ့တိုက်ခိုက်တာခံလိုက် ရတယ်ဆိုပြီးနာမည်ဆိုးထွက်နေခဲ့တာကြာပြီဖြစ်သည်။ ဒါသူသိက္ခာဘယ်လောက်ကျလိုက်သလဲ။
သူဒီအဖြစ်အပျက်ကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး။အဲ့ဒိကန်ချက်ကသူနှလုံးသားထဲမှာစွဲထင်နေတော့မှာ။
ကဒီကွင်သိချင်စိတ်နှင့်မေးလိုက်သည်။“အကိုနှစ်ချင်းယန်
ရှင်းတန်ကအခုစာြ့ကည့်တိုက်မှာရှိနေတယ်။ညီမတိုသင်ခန်းစာသွားမပေးသင့်ဘူးလား”
“သေချာတာပေါ့။ဒီတစ်ကြိမ်မှာတော့
ငါတိုတွေနိင်ရမယ်။ ညီမသုံး ငါ့နောက်ကလိုက်ခဲ့”ကဒီလျှံဟာဆုံးဖြတ်ချက်ချပြီးသည်နှင့်
စာကြည့်တိုက်ရှိရာဆီထွက်သွားသည်။သူ
ဂျင်ချန်ကိုတိုက်ခိုက်ဖ့ကလွဲပြီးအခြားမရှိဘူး။
သူဒီကောင့်ကြောင့်အပြစ်ပြောခံခဲ့ရတယ်။ ဒီတစ်ကြိမ်မှာတော့
သူဂျင်ချန်ရဲ့တိုက်ခိုက်တာကိုမခံရစေရဘူး။
ကဒီကွင်လည်းစိတ်လှုပ်ရှားစွာလိုက်သွားတယ်။
“ဒီတစ်ကြိမ်မှာအကိုနှစ်ချင်းယန်
ရှင်းတန်ကိုသင်ခန်းစာပေးနိုင်လိမ့်မယ်။ဒီကောင်ဘယ်တော့မှမမေ့စေရဘူး”
သူမတိုနှစ်ယောက်လုံးက
သူတော်စင်အဆင့်ကိုးမှာရှိတယ်။သူမက
ကဒီလျှံ့ထက်စာရင်အားနည်းပါသေးတယ်။အကယ်၍ ကဒီလျှံသာချင်းယန်ရှင်းတန်ကိုမနိုင်ဘူးဆိုရင်
သူမလည်းနိုင်မှာမဟုတ်ဘူး။
စာကြည့်တိုက်ထဲမှာတော့ဂျင်ချန်ဟာစာအုပ်ထဲမှာနစ်မျောနေဆဲ။
“ဟေ့ငါဒီမှာထိုင်လိုရမလား”
အဲ့ဒိအချိန်မှာကြွပ်ဆတ်လှတဲ့အသံဟာ
ဂျင်ချန်ရဲ့ဘေးကနေထွက်ပေါ်လာ၏။
ဂျင်ချန်ကစာအုပ်ကိုအာရုံဝင်စားနေပေမယ့်သူစိတ်ဝိဉာဉ်ကအရမ်းသန်မာတာကြောင့် ချက်ချင်းသတိပြုမိလိုက်သည်။
ရောင်ပြန်သက်ရောက်သလို
ဂျင်ချန်ဖျက်ခနဲသူခေါင်းကိုမော့ကြည့်လိုက်တဲ့အခါသူဘေးမှာရပ်နေတဲ့၁၇၁၈
အရွယ်ကောင်မလေးတစ်ယောက်ကိုတွေ့ရသည်။ သူမလည်းအကယ်ဒမီယူနီဖောင်းကိုဝတ်ထားပြီး
သူမရဲ့နက်မှောင်တဲ့ဆံပင်ရှည်တွေဟာလှိုင်းတွန်တွေလို ပခုံးပေါ်ဖြာကျနေသည်။
သူမကအလွန်ယဉ်ကျေးသိမ်မွေ့တဲ့ပုံပေါ်သည်။ သူမရဲ့နူးညံ့လှတဲ့အပြုံးနဲ့ဆန်ကျင်စွာပဲ
သူမရဲ့မျက်လုံးတွေက
သူကိုသိချင်စိတ်ပြင်းပြစွာကြည့်နေသည်။သူမရဲ့ချယ်ရီရောင်နှုတ်ခမ်းလေးကို
ထိကပ်ခွင့်ရဖို့အတွက်လူအများကို
တိုက်ခိုက်စေနိုင်သည်။သူမက၁၇၁၈ပဲရှိသေးပေမယ့်
အကယ်ဒမီဝတ်စုံကသူမကိုယ်မှာထင်းထွက်နေသည်။
သူမကစာအုပ်အထူကြီးတစ်အုပ်ကိုလည်း
ပွေ့ပိုက်ထားသေးသည်။
ဂျင်ချန်ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့မှ
ထိုင်စရာခုံတွေအားလုံးပြည့်နေပြီဆိုတာသိလိုက်သည်။
လှပတဲ့မိန်းကလေးဘက်ပြန်လှည့်လိုက်ပြီး
ပြောလိုက်သည်။“ထိုင်ပါ”
ပြီးသည်နှင့်
သူအကြည့်တွေကစာအုပ်ဆီပြန်ရောက်သွားသည်။
ကောင်မလေးကအရမ်းလှနေတာတောင်မှဂျင်ချန်ကသူမနဲနီးကပ်ဖို့မကြိုးစားပေ။
မိန်းကလေးကဂျင်ချန်ကိုထူးဆန်းစွာကြည့်လိုက်သည်။သူမရဲ့မျက်လုံးတွေကတောက်ပနေပြီး
ဂျင်ချန်ကကိုစူးစမ်းနေသည်။“ကျေးဇူးပါ”
သူမညင်ညင်သာသာလေးပြောလိုက်သံက
ကြားရသူရဲ့စိတ်ကိုအေးချမ်းသွားစေသည်။
သိုပေမယ့် စာအုပ်ထဲမှာနစ်မြောနေတဲ့ ဂျင်ချန်ကတော့ဤသည်ကိုမကြားပေ။
မိန်းကလေးက ဂျင်ချန်ကိုစူးစမ်းလိုတဲ့မျက်လုံးတွေနှင့်တစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှတော့မပြောတော့။အဲ့နောက်မှာသူမစာအုပ်ကိုစဖတ်ပါတော့တယ်။
စာရွက်တွေကိုလက်မလေးဖြင့်လှန်လိုက်ပုံကိုကကျက်သရေရှိတဲ့ရောင်ဝါတွေထွက်နေလေတယ်။
ကြည့်လိုက်တာနဲ့သူမဟာမြင့်မြတ်တဲ့မိသားစုကဆိုတာ သိနိုင်ပေတယ်။
စာကြည့်တိုက်ဟာငြိမ်သက်နေတယ်။
စာကြည့်တိုက်ထဲမာလူအများကြီးမရှိသလို
အားလုံးကဆူညံမှုသေးသေးလေးကိုတောင်မလုပ်ကြဘဲကိုယ့်စာအုပ်ကိုစိတ်ပါဝင်စားစွာသာဖတ်နေလေတယ်။
အဲ့ဒိအချိန်မှာကဒီလျှံနှင့်
ကဒီကွင်တိုဂိတ်ဝကိုရောက်လာကြသည်။
“အကိုနှစ်ကြည့်လိုက်ဟိုမှာ”ကဒီကွင်က
ဂျင်ချန်ထိုင်နေတဲ့နေရာကိုလက်ညိုးထိုးပြီးပြလိုက်သည်။
ကဒီကွင်ရဲ့လက်ညွှန်းညွှန်နေသည့်နေရာကို ကဒီလျှံလိုက်ကြည့်လိုက်တော့
ရင်းနှီးနေသည့်ကျောပြင်ကိုတွေ့ရသည်။ သူချက်ချင်းကိုဒီကောင့်ဆီသွားပြီး
ဆံပင်ကိုဆွဲကာသူနဲမျက်နှာချင်းဆိုင်ခိုင်းပစ်လိုက်ချင်သ ည်။သူဂျင်ချန်အနားကိုသွားတော့
ကဒီကွင်ကလည်းနောက်ကလိုက်သွားသည်။
“ဘုန်း”
ဂျင်ချန်ထိုင်နေသည့်စားပွဲခုံကိုလက်ဝါးဖြင့်ရိုက်ချလိုက်ေ တာ့စာကြည့်တိုက်ထဲတွင်
ပဲံတင်သံအကျယ်ကြီးမြည်ဟိန်းသွားသည်။
ရုတ်တရက်ထွက်လာသည့်အသံကျယ်ကြီးကြောင့်
စာဖတ်နေကြသည့်လူတွေအားလုံးမျက်မှောင်ကျုံလျက်အသံလာရာဆီကြည့်လိုက်ကြပြီးဂျင်ချန်ကိုတွေ့တော့ သဘောတကျပြုံးလိုက်ကြသည်။
ဂျင်ချန်မျက်မှောင်ကျုံကာ
ကဒီလျှံ့ကိုတည့်တည့်မော့ကြည့်လိုက်သည်။ သူဒေါသသံဖြင့်ပြောလိုက်သည်။
“မင်းဘာလုပ်တာလဲ”
အဲ့ဒိအချိန်မှာ
ဂျင်ချန်ဘေးကမိန်းမလှလေးကလည်းမျက်မှောင်ကျုံကာ ကဒီလျှံကိုကြည့်နေသည်။
သူမစာအုပ်ကိုစိတ်ဝင်တစားဖတ်နေချိန်မှာထွက်ပေါ်လာသည့်အသံကျယ်ကြီးကြောင့်လန်သွားရသည်မဟုတ်လား။
ကဒီလျှံကဂျင်ချန်ကိုအထင်သေးစွာကြည့်ပြီး
မောက်မာစွာပြောလိုက်သည်။
“ချင်းယန်ရှင်းတန်ငါကဒီလျှံနဲ့နှစ်ဦးချင်းတိုက်ရဲလား”
ကဒီလျှံအသံကစာကြည့်တိုက်ထဲတွင်
ဟိန်းထွက်သွားကာ
ကြားရသူအားကြောက်လန်စေသည်။
“နှစ်ဦးချင်းတိုက်မယ်ဟုတ်လား။“ဂျင်ချန်ကဒီလျှံ့အား
အထင်သေးစွာကြည့်လိုက်သည်။
‘ငါစိတ်မဝင်စားဘူး။ကျေးဇူးပြုပြီးဒီကထွက်သွားပေး။ ငါစာဖတ်တာကိုမနှောင့်ယှက်နဲ့။
ငါ့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကိုမဖြုန်းနဲ့”
ဂျင်ချန်ကသူ့ကိုအထင်မကြီးဘူးဆိုတာတွေ့တော့ ကဒီလျှံဒေါသတွေထွက်လာသည်။
သူအံကြိတ်ကာပြောလိုက်သည်။
“မင်းငါနဲ့တိုက်ရဲလား။မတိုက်ရဲဘူးလား”