Chapter – 19
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်က လျင်မြန်စွာ ကုန်သွားပြန်သည်။
သုံးရက်ဆိုတဲ့အချိန်က သိပ်တော့မကြာပေမယ့်ဂျင်ချန်
ခါဂဲအကယ်ဒမီမှာနေသားတကျဖြစ်ဖို့တော့လုံလောက်သ ည်။ပထမဆုံးရက်မှာ
ဂျင်ချန်အတန်းသွားတက်သေးသည်။
ကျန်နှစ်ရက်တွင်တော့
သူအခန်းထဲမှာနေပြီးလေ့ကျင့်လိုက်၊စာကြည့်တိုက်ကိုသွ
ားလိုက်ဖြင့်သာကုန်ဆုံးခဲ့သည်။
အကယ်ဒမီကဆရာတွေရဲ့သင်ရိုးညွှန်းတန်းတွေကတော့
တစ်စုံတစ်ယောက်ကဘယ်လိုပြုမူရမယ်၊
အန္တရာယ်ကျရောက်နေတဲ့အချိန်မှာဘာလုပ်ရမယ်နဲ့ မြို့ပြင်ဘက်ရောက်သွားတဲ့အခါအသက်ရှင်ကျန်ရစ်
နိုင်အောင်
ဘယ်လိုskillတွေအသုံးချရမယ်ဆိုတာတွေသာဖြစ်တယ်။ ဂျင်ချန်ကအရင်ဘဝမှာ
လှည့်လည်ခရီးသွားနေတဲ့သူဆိုတော့
သူအနေနဲအတွေ့အကြုံတွေအများကြီးရှိလေရာ
အကယ်ဒမီကဆရာတွေကိုတောင်ပြန်သင်ကြားပေးနိုင်ပါ
သေးသည်။
သူရဲ့တိုက်ပွဲအတွေ့အကြုံတွေနှင့်
ကမ္ဘာကြီးမှာရှင်သန်နေခဲ့တဲ့စွမ်းရည်တွေကဆရာတွေရောကျောင်းသာတွေကိုပါ
သင်ကြားနိုင်နေပြီဖြစ်သည်။
ဆရာတွေရဲ့အတွေ့အကြုံတွေက ဂျင်ချန်နှင့်ယှဉ်၍ရမည်တဲ့လား…
နောက်နေမနက်မှာတော့
ထမင်းစားခန်းမမှာစားပြီးသည်နှင့်
ဂျင်ချန်အကယ်ဒမီရဲ့ယူနီဖောင်းကို
ဝတ်လိုက်ပြီးစာကြ့ည့်တိုက်ကိုဦးတည်ထွက်လာလိုက်သ ည်။အကယ်ဒမီကစည်းကမ်းတွေကလျော့ရဲလွန်းသည်။
ကျောင်းသားတစ်ယောက်ကအတန်းတက်ချင်တယ်ဆိုလှ
ျင်တက်နိုင်ပြီးမတက်ချင်ဘူးဆိုလျှင်လည်းမတက်ဘဲနေနိုင်သည်။ဒါ့အပြင်
မြင့်မြတ်သည့်မိသားစုတွေနှင့်ချမ်းသာသည့်မိသားစုတွေဟာ
သူတိုကလေးတွေကိုငယ်စဉ်ကပင်ဆရာများကိုငှားကာသင်ကြားစေခဲ့သည်။ဒါကြောင့်မို့အတော်များများဟာ သင်ခန်းစာတွေကိုရင်းနှီးပြီးသားဖြစ်သည်။သိုပေမယ့်အတွေ့အကြုံကတော့မရှိပေ။ထိုကြောင့်
အတန်းတွေထဲတွင်
သာမန်လူတန်းစားတွေသာရှိနေတတ်ကြသည်။
အကယ်၍မြင့်မြတ်သောမိသားစုတစ်ခုခုမှ
ကျောင်းသားတစ်ယောက်အတန်းတက်ခဲ့မည်ဆိုလျှင်ထိုကျောင်းသား၏မိသားစုသည်
အဆင့်နိမ့်၍သာဖြစ်ရပေမည်။
စာကြည့်တိုက်ပထမအထပ်ကိုရောက်တော့
စာအုပ်အချို့ယူကာ
တစ်နေရာရွေး၍ဝင်ထိုင်ကာဖတ်တော့သည်။
ခါဂဲအကယ်ဒမီရဲ့စာကြည့်တိုက်ကအတော်ကြီးပြီး သဘောထားကြီးစွာဖြင့်
ဘာသာရပ်တိုင်းဘာသာရပ်တိုင်းအတွက်များပြားလှသေ
ာစာအုပ်တွေကိုထားပေးထားသည်။
ဂျင်ချန်စာအုပ်တွေအများကြီးတွေ့ရပေမယ့် အိမ်ပြန်နိင်မည့်စာအုပ်တော့မတွေ့ရပေ။
ဂျင်ချန်နားလည်လိုက်ရသည်ကတော့
ကမ္ဘာကြီးကအတော့်ကိုပြောင်းလဲသွားပြီဆိုတာပါပဲ။
အခုဂျင်ချန်လက်ထဲကစာအုပ်ကတော့
ထျန်ယွမ်တိုက်ကြီးတွေမှာပဲရှာတွေ့နိုင်မယ့်
မှော်ဝင်သားရဲတွေအကြောင်းကိုရေးသားထားတဲ့စာအုပ်ပ
ါပဲ။မှော်ဝင်သားရဲအမျိုးအစားများစွာရှိသည့်အထဲတွင် ပျံသန်းနိုင်တဲ့မှော်ဝင်သားရဲတွေက
မျိုးစိတ်ပေါင်းတစ်သောင်းကျော်ရှိသည်။
စာအုပ်ထဲမှာရေးသားထားသလိုဆိုလျှင်ဖြင့်
ရှာဖွေ၍မတွေ့နိင်သေးသောမှော်ဝင်သားရဲတွေလည်းရှိ သည်တဲ့….တောင်တန်းဒေသတွေမှာအသက်မရှင်နိုင်ဘဲသမုဒ္ဒရာထဲမှာသာရှင်သန်နိုင်သည့်မှော်ဝင်သားရဲတွေလည်းရှိသည်။အဲ့ဒိနယ်မြေတွေကို
အသန်မာဆုံးသူတွေတောင်မှမသွားနိင်ကြပေ။
ဂျင်ချန်စာအုပ်ထဲမှာနစ်မျောနေတဲ့အချိန်တွင်၁၇
၁၈လောက်ရှိမည့်ကျောင်းသူလေးတစ်ယောက်ဟာတံခါးကိုဖြတ်ကာဝင်လာသည်။
သူမကသာမန်ထက်လွန်ကဲစွာလှပပြီးတော့
အကယ်ဒမီယူနီဖောင်းကိုပဲဝတ်ဆင်ထားသည်။သူမရဲ့ရှည်လျားပြီးလှပသည့်ဆံပင်တွေကို
မြင်းမြှီးပုံစံကျစ်ဆံမြှီးကျစ်ထားသည်က
သူမအားပို၍ကျက်သရေရှိသွားစေသည်။သိုပေမယ့်
သူမရဲ့အမူအယာကတော့အလွန်ကိုမောက်မာသည့်ပုံပေ
ါ်သည်မို့သူမသည်သေချာပေါက်
မြင့်မြတ်သောမိသားစုမှဖြစ်ပေလိမ့်မည်။သူမကတော့ကဒီကွင်ပဲဖြစ်သည်။
ကဒီကွင်စာကြည့်တိုက်ထဲဝင်လာကာစာအုပ်စင်တွေဆီလျှောက်သွားသည်။စာအုပ်တစ်အုပ်ကိုကိုင်ကာ
စာဖတ်ဖို့နေရာကိုတစ်ချက်လှမ်းကြည့်လိုက်တော့
ကျောင်းသားတွေအတော်များများစာဖတ်နေကြတာ
တွေ့ရလိုက်သည်။တစ်နေရာအရောက်တွင် သူမမျက်လုံးတွေကပြူးကျယ်ကာ
အံ့သြမှုကြောင့်သွားလက်စကိုရပ်ကာကြောင်ကြည့်နေမိသည်။သူမကိုအံ့သြစေသည်ကား
ဂျင်ချန်၏ကျောပြင်ဖြစ်သည်။
ကဒီကွင်
ဂျှင်ချန်၏ကျောပြင်ကိုအတော်ကြာစိုက်ကြည့်နေမိသည်။ သူမရဲ့အကြည့်တွေက
မည်သည်ကိုဆိုလိုနေမှန်းတော့မသိရပေ။လွန်ခဲ့တဲ့ရက်အနည်းငယ်က
သူမရဲ့ခြေထောက်ကိုဆွဲယမ်းကာလူအုပ်ထဲပစ်ချခံခဲ့ရစဉ်
ကခံစားမှုတွေကိုပြန်မြင်ယောင်လာသည်။
ဤသည်ကသူမကိုများစွာဒေါသထွက်စေသည်။သူမအတွက်တော့ဒီအဖြစ်အပျက်ကို
လုံးဝမေ့နိုင်မည်မဟုတ်။
စာဖတ်တာကသိပ်ကြာမှာမဟုတ်ပါဘူး…အဟင်း..ကဒီကွင်
စာကြည့်တိုက်အပြင်ဘက်မှာရပ်စောင့်နေလိုက်သည်။
ခြေထောက်ကမြေကြီးတွေကိုထိုးဆွနေပြီးဂျင်ချန်ကိုသရော်တော်ောတ်ကြည့်နေသည်။
နောက်အံတကြိတ်ကိတ်ဖြင့်ဂျင်ချန်အားကြုံးဝါးပြန်သည်။
ဂျင်ချန်ကတော့ကဒီကွင်ရှိနေမှန်းတောင်မသိချေ။သူကစာကိုပဲအာရုံစိုက်ဖတ်နေသည်။
စာကြည့်တိုက်မှာဆူညံတာလည်းမရှိတော့သူအတွက်သိပ်ကိုအဆင်ပြေနေပါတယ်။