Chapter – 282
“လေလံပွဲစတင်ရန်ပြင်ဆင်ခြင်း”
သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင်ပြန်လည်ပျောက်သွားသည်ကို လူတိုင်း သတိပြုမိကြသော်လည်း မည်သူမျှ အလွန်အမင်း စိတ်ဝင်စားခြင်း မရှိချေ။
ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော လေလံပွဲကြီးမျိုးတွင်အားပြိုင်လေ့ရှိကြသည်မှာ သဘာဝပင် ဖြစ်သည်။
နေရောင်ဂိုဏ်းမှ မုတ်ဆိတ်ဖြူ အဘိုးကြီးသည်လောကွတ်ပျုဌာသော အသံဖြင့်-
“နံပါတ် ၁ အခန်းထဲမှာ ရှိနေတဲ့ မိန်းကလေးက ဝမ် အာလား၊ ချူးအာလားဆိုတာ သိပါရစေ . . .”
ထို့နောက် ပြုံးလိုက်ပြန်ရင်း –
“ကျုပ်ကတော့ စွန်းချန်လုံပါ။ ကျုပ်မှာ ဆန့်ကျင်လိုတဲ့ စိတ်ဆန္ဒမျိုး လုံးဝ မရှိပါဘူး။ ကျုပ်က ခင်မင်ချင်ရုံပါ မိန်းကလေး။ ဟဲဟဲ . . . ကျုပ်တို့ နေရောင်ဂိုဏ်းဆိုတာကလည်း မုန်တိုင်းအိမ်တော်နဲ့ သိကျွမ်းခဲ့ကြတာ နှစ်ထောင်နဲ့ချီပြီလေ။ အဲဒီတော့ မိတ်ဟောင်းဆွေဟောင်းတွေလို့တောင်ြေပာလို့ရပါ တယ် . . .”
နံပါတ် ၁ အခန်းထဲရှိ လူမှာမူ မျက်လုံးများအား မှိတ် ထားရင်း တည်ငြိမ်စွာဖြင့် ရှိနေသည်။ေနရောင်ဂိုဏ်းမှအဘိုးကြီး၏ စကားအား အမှန်တကယ်မကြားရ၍ ဖြစ်စေ၊ မကြားချင်ယောင်ဆောင်၍ အရေးမစိုက်သည်ဖြစ်စေ သူ၏ စိတ်ရင်းအမှန်အား မည် သူမျှ တိတိပပ သိနိုင်လိမ့်မည် မဟုတ်ချေ။
ဝတ်ရုံဖြူနှင့်မိန်းကလေးသည်လူငယ်၏ မျက်နှာအမူအယာအား ကြည့်ရင်း –
“ကျွန်မက ဝမ်အာပဲ။ အခု လေလံပွဲ ကျင်းပတော့မှာဆိုတော့ မလိုအပ်တာတွေ မပြောကြရင် ကောင်း မယ် . . .”
စွန်းချန်လုံ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း –
“ကျေးဇူးတင်ပါတယ် မိန်းကလေး . . .”
ထိုအချိန် ကြယ်ရောင်ဂိုဏ်းမှ လူများ၏ စိတ်ထဲတွင်အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကြသည်။
(တော်သေးတာပေါ့ . . . ဝမ်အာဖြစ်နေလို့။ ချူးအာ မဟုတ်သရွေ့ ငါတို့ အဆင်ပြေလောက်ပါရဲ့ . . .)
ထိုလူများ စဉ်းစားလိုက်သည့်အတိုင်း ဝမ်အာသည် ချူးအာထက် ပို၍ သိမ်မွေ့သော မိန်းကလေး တစ်ဦး ဖြစ်သည်။ မလိုအပ်ဘဲ လူသတ်လေ့ မရှိချေ။
ဝမ်အာ ရှိနေသည့်အတွက်လေလံပွဲသည်လည်း အဆင်ပြေပြေချောချောမွေ့မွေ့ဖြင့်ကျင်းပခွင့် ရသွားမည်မှာ အသေအချာပင်ဖြစ်သည်။
အကယ်၍ ချူးအာသာ ဆိုပါက ယခုထက်ပို၍ အခြေအနေ ဆိုးပေလိမ့်မည်။
ထိုအချိန်တွင်စားပွဲခုံအား တူဖြင့် ထုလိုက်သည့်အသံအား ကြားလိုက်ရသည်။
“ဒုန်း . . .”
ထိုအသံကြောင့်အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
သတ်ဖြတ်လိုသော အငွေ့အသက်များ ခန်းမတစ်ခုလုံး ပြည့်နှက်လာသည့် အချိန်မှစ၍ စင်ပေါ်ရှိ ကွမ်ဝမ်ရှန်သည်လည်းခြေမကိုင်မိ လက်မကိုင်မိဖြင့်ထိတ်လန့်နေမိသည်။
သို့သော် ယခုအခါတွင်မူ အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပြီ ဖြစ်သဖြင့် ပွဲစတင်ရန် တူဖြင့် ထု၍ သတိပေးလိုက်ခြင်း ဖြစ်သည်။
ကွမ်ဝမ်ရှန်၏ စိတ်ထဲတွင် လေလံပွဲ ကျင်းပမည်ဟူသည့် စိတ်တစ်ခုတည်းသာ ရှိပြီး ကျန်သော ကိစ္စများအား ဘာဆိုဘာမျှ စိတ်မဝင်စားချေ။
သူ၏ တာဝန်သည်လေလံဆွဲပေးရန်သာ ဖြစ်သည်။
ယခု လေလံပွဲကြီးအား ဒဏ္ဍာရီထဲမှာပင် ထင်ကျန်ရစ်စေခဲ့ချင်သော စိတ်ဆန္ဒမျိုးလည်း သူ့ထံတွင်ရှိနေလေသည်။
အကယ်၍ လေလံပွဲပြီးပါက သေဆုံးရမည် ဆိုလျှင်ပင် နောင်တမရဘဲလေလံပွဲအား ဆက်၍သာ ကျင်းပမည် ဖြစ်သည်။
ဂိုဏ်းကြီးများ၊ ပညာရှင်ကြီးများအပြင် ခန်းမအတွင်း ၌ အခြား အုပ်စုတစ်စုလည်း ရှိနေပါသေးသည်။ ထိုအုပ်စုမှာ ချန်နိုင်ငံတော်၏ နန်းတွင်းအဖွဲ့မှ လူများပင် ဖြစ်ကြသည်။ အခြားနိုင်ငံမှ လူများကိုမူ ဖိတ်ကြားထားခြင်းမရှိချေ။ အကြောင်းမှာ လက်ရှိတွင် ချန်နိုင်ငံတော်သည် အိမ်နီးချင်းနိုင်ငံ အများစုနှင့် စစ်ခင်းေနရခြင်းကြောင့် လင်းပါအိုသည် အခြားနိုင်ငံများအား ဖိတ်ခေါ်ခဲ့ခြင်း မပြုခဲ့ပေ။
အချို့မှာ တော်ဝင်မိသားစုမှဖြစ်၍ အချို့မှာမူ အုပ်ချုပ်ရေးပိုင်းမှ အမတ်များ၏ မိသားစုဝင်များ ဖြစ်ကြသည်။ သို့သော် ယခုကဲ့သို့သော အချိန်မျိုးတွင်မူ ထိုလူများသည် သြဇာအာဏာ သက်ေရာက်ခြင်းမရှိတော့ချေ။
အကယ်၍ အခြားသော အခြေအနေမျိုးတွင် ပွဲတက်ရမည် ဆိုပါက ထိုလူများအား အထူးအရေးပေး၍ ဆက်ဆံကြမည်ဖြစ်သည့်တိုင် ယခုကဲ့သို့သောလေလံပွဲကြီးတွင်မူ ပွဲကြည့်ပရိတ်သတ်အနေဖြင့်သာ ရှိနေကြရသည်။
ထိုင်ရသည့် နေရာများမှာလည်း ထောင့်ဘက်များတွင်သာ ဖြစ်သည်။
လေလံပွဲသို့ မင်းသားသုံးပါးအပြင် ဇုဝူကျီနှင့် လန်လန့်လန့်တို့ကဲ့သို့ အမတ်များ၏ မိသားစုဝင်များလည်း တက်ေရာက်ကြသည်။
တော်ဝင်မိသားစုသည် လေလံပွဲတက်ရာတွင် နာမည်အရင်းဖြင့် မတက်သောကြောင့် ခန်းမအတွင်း ဝင်ရန်ပင် အနည်းငယ် ခက်ခဲခဲ့ကြသည်။
တော်ဝင်မိသားစုများဖြစ်ေသာ မင်းသားသုံးပါး အနေဖြင့်လေလံပွဲသို့ တက်ရောက်ရခြင်းမှာပစ္စည်းတစ်စုံတစ်ခု ရရန်လေလံဆွဲမည်ဟူသော ရည်မှန်းချက်ထက် အစွမ်းထက် ပညာရှင်ကြီးများနှင့် မိတ်ဆွေဖွဲ့နိုင်ရေးအတွက်သာအလိုရှိ၍ တက်ကြခြင်းဖြစ်သည်။ ထိုကဲ့သို့သာ မိတ်ဆွေဖွဲ့နိုင်မည် ဆိုပါက သူတို့၏ လုပ်ငန်းစဉ်များအတွက်အထောက်အပံ့ကောင်းများ ရနိုင်မည်ဖြစ်သည်။ မင်းညီမင်းသားများ ဖြစ်သည့်အတွက်လည်း လူထု၏ ထောက်ခံအားပေးမှုများကို ရရှိလိမ့်မည်ဟု သူတို့၏ စိတ်ထဲတွင်ယုံကြည်ချက် ရှိနေကြသည်။
မင်းသားများကဲ့သို့ အခြားသော အမတ်မင်းများ၏ မိသားစုဝင်များတွင်လည်း သူတို့ရည်ရွယ်ချက်ဖြင့် သူတို့ ရှိနေကြသည်။
ဇုဝူကျီနှင့် လန်လန့်လန့်တို့မှာမူ အတူတူထိုင်နေကြရင်း ကွမ်ဝမ်ရှန်အား ငေးကြည့်ကာ လေလံပွဲ အပေါ်တွင်သာအာရုံစိုက်နေကြသည်။
ဇုဝူကျီသည်တည်တည်ငြိမ်ငြိမ်ဖြင့်ရှိနေသော်လည်း လန်လန့်လန့်မှာမူ စိတ်လှုပ်ရှားနေသည့်ဟန်ပင်။
လန်လန့်လန့်၏ ခေါင်းမှ အနာများသည်လည်း သက် သာလာပြီဖြစ်ကာ ဆံပင်များ အပြည့်အဝ ပြန်မပေါက်ေသးသည့်တိုင် ရှိနေသည့် ဆံပင်များသည်နက်မှောင်သန်စွမ်းနေပြီ ဖြစ်သည်။ ထို့ကြောင့်ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသော လူတစ်ဦး ဖြစ်ရုံသာမက ယခင်ကထက်စာလျှင်လည်း ပို၍ ကြည့်ကောင်းသွားပြီ ဖြစ်သောကြောင့်လန်လန့်လန့်သည်မာနကြီးတစ်ခွဲသားဖြင့်ပင်ထိုင်နေလေသည်။
ခန်းမအတွင်း၌ ပိုင်ရှင်းယွဲ့နှင့် ဝမ်ရမ်ချူးချူးတို့လည်း ရှိနေကြပြီး တိတ်ဆိတ်စွာဖြင့်ပင် လေလံပွဲအား ထိုင်ကြည့်နေကြသည်။
လေလံပွဲမှ ထူးခြားချက် တစ်စုံတစ်ရာ တွေ့လိုတွေ့ငြားစောင့်ကြည့်နေသည်မျိုးလည်း ဖြစ်နိုင်ပေသည်။
သို့သော် ဝမ်ရမ်ချူးချူးမှာမူ ယခင်အခေါက်ကဲ့သို့ ဟိတ်ဟန်မျိုး မရှိတော့ချေ။ တစ်စုံတစ်ခုအားတွေးတောနေသည့်အလား တိတ်ဆိတ်စွာဖြင့်ထိုင်နေလျက်ရှိသည်။
ပိုင်ရှင်းယွဲ့၊ ဝမ်ရမ်ချူးချူး၊ ဇုဝူကျီ၊ လန်လန့်လန့်နှင့် မင်းသားသုံးပါးစလုံး၏ စိတ်ထဲတွင် အတွေးကိုယ်စီဖြင့်စိတ်လှုပ်ရှားနေမိကြသည်။
မင်းသားသုံးပါးအနေဖြင့်သိုင်းလောက ဆိုသည်မှာ သူတို့ ထင်မှတ်ထားသည့်အတိုင်း မဟုတ်မှန်း ယခုလေလံပွဲသို့ရောက်သည့်အခါမှသာ သိလိုက်ကြရသည်။
(ပညာရှင်တွေဆိုတာ အစွမ်းသာထက်တာ ပညာမတတ်ကြဘူး။ သူတို့သိတာလေးက နည်းနည်းလေး။စာကိုတောင် ဖြောင့်အောင် မရေးတတ်ကြတဲ့ သူတွေ။ သူတို့လုပ်တတ်တာ ဂိုဏ်းတွေ၊ အင်အားစုတွေခွဲမယ်။နောက်ပြီး အကျိုးအမြတ်လေး နည်းနည်း အတွက်နဲ့တောင် သေအောင် တိုက်ခိုက်နေကြတဲ့သူတွေ . . .)
(တိုက်ခိုက်တဲ့ နေရာမှာတော့ ကျွမ်းကြပါရဲ့၊ ဉာဏ်မရှိတာတော့ အတော်ဆိုးတာပဲ . . .)
(ဒီလိုလူတွေကို စည်းရုံးဖို့က သိပ်လွယ်မှာပဲ . . .)
(လူတွေ ပြောနေကျ စကားလိုပေါ့ သိုင်းကောင်းကောင်းတတ်ရင် တော်ဝင်မျိုးနွယ်ဆီမှာ အမှုထမ်းခွင့် ရမယ်။ ကိုယ့်ဘက်ကသာ ရက်ရက်ရောရောနဲ့ ဆုလေးဘာလေးပေး၊ မျှော်လင့်ချက်လေး နည်းနည်းလောက် ပေးလိုက်ရင် တစ်ဘဝလုံး အဆုံးခံပြီး ကောက်ကောက်ပါအောင် လိုက်လာမယ့်ပညာရှင်တွေဆိုတာ ရိုက်သတ်လို့တောင် မကုန်ဘူး . . .)
ယခင်က မင်းသားများ၏ ခေါင်းထဲတွင် ထိုအတွေးများသာ ရှိခဲ့သည်။
အပြင်ပိုင်းတွင် ပညာရှင်များအား လေးလေးစားစားဖြင့်ဆက်ဆံနေသော်လည်း စိတ်ထဲတွင်မူ အထင်အမြင် သေးနေခဲ့ကြသည်။
မင်းသားများ၏ အယူအဆသည်ယေဘုယျအားဖြင့်မှန်သည်ဟု ဆိုရပေလိမ့်မည်။ သိုင်းပညာကောင်းစွာတတ်ကျွမ်းသည့် လူအများစုသည် သူဌေးများ၊ မင်းမျိုးမင်းနွယ်များထံတွင်သာ အမှုတော်ထမ်းလေ့ ရှိကြသည်။
သို့သော် ထိုကဲ့သို့သော ပညာရှင်များသည်ရည်မှန်းချက် မရှိသော အတွေးအခေါ် နိမ့်ပါးသည့် လူများသာ ဖြစ်ပါတော့သည်။