Switch Mode

Chapter – 18

မွန်းစတား အမြုတေနှင့် လေ့ကျင့်ခြင်း

Chapter – 18 မွန်းစတား အမြူတေနှင့် လေ့ကျင့်ခြင်း

“လတိုင်းမှာ မွန်းစတားအမြူတေတစ်ခုစီပေးပြီး
စာကြည့်တိုက်ရဲ့ပထမငါးဆင့်ကိုဝင်ရောက်ခွင့်ရမယ် … ”
ဘီအန်၏ရှင်းပြချက်ကို ကြားလိုက်ရသောအခါဂျင်ချန်စိတ်လှုပ်ရှားသွားသည်။ဘယ်သူကထင်မှာလည်း
စာကြည့်တိုက်ဆိုတာက
စည်းကမ်းတင်းကြပ်တဲ့နေရာမျိုးဖြစ်မှန်းပြီးတော့
ကျောင်းသားတိုင်းမွန်းစတာအမြူတေကိုလတိုင်းမရကြချေ။

ဂျင်ချန်ဆုယူပြီးသောအခါထိုင်းတနှင့်တန်မူရှောင်တိုဆုတက်ယူကြသည်။သိုင်းပြိုင်ပွဲပြီးသွားသောအခါ ပွဲကြည့်ပရိတ်သတ်များအသီးသီး
လူစုခွဲသွားကြလေသည်။

“လေးယောက်မြောက်ညီလေးမင်းအရမ်းတော်တာပဲ။မင်းပြိုင်ပွဲမှာပထမရတဲ့အကြောင်းတာအဖေသိလို့ ကတော့သူအရမ်းပျော်မှာပဲ”သူတို့နှစ်ယောက်သည် ဂျင်ချန်၏အခန်းသိုသွားရင်းပျော်ရွင်စွာစကား
ပြောလာကြသည်။

သူအကိုနှင့်စကားပြောနေစဉ်ဂျင်ချန်
လမ်းတောက်လျှောက်ရယ်နေမိသည်။သူအမေစီမှာ
တွေ့ရတဲ့နွေးထွေးမှုမျိုးကိုသူအကိုစီကလည်း ခံစားရလေသည်။

“ဒီအကြောင်းသာအမေသိလိုကတော့အရမ်းပျော်မှာ
သေချာပေါက်ပဲ”ဂျင်ချန်သူ့ဘာသာသူတွေးနေမိသည်။

ချင်းရန်ဟူနှင့်ဂျင်ချန်တို့သိပ်မကြာခင်ဂျင်ချန်တို့ အဆောင်ရောက်ပြီးဂျင်ချန်၏အခန်းအတွင်းသို့ ဝင်သွားကြ
လေသည်။ ချင်းရန်ဟူမစောင့်နိုင်တော့ပဲ“လေးယောက်မြောက်ညီလေးမင်းရဲ့အဆင့်၃ မွန်းစတားအမြူတေ
ကိုငါ့ကိုအမြန်ပြစမ်း”
ချင်းရန်ဟူ၏စိတ်လှုပ်ရှားနေသောမျက်နှာအားကြည့်ရင်းဂျင်ချန်စိတ်မထိန်းနိုင်ပဲရယ်မိကော
သိုလှောင်ခါးပတ်ထဲကအမြူတေအားချင်းရန်ဟူ၏လက်ထဲသို့ထဲ့ပေးလိုက်သည်။

ချင်းရန်ဟူကသူလက်ထဲကအမြူတေအားတစ်ခါမှမမြင်ခဲ့ဖူးတဲ့ရတနာတစ်ခုကဲ့သို့
လှည့်ကြည့်နေသည်။ ထိုနောက်သူကလေးစားစွာဖြင့်“ညီလေးမင်းကတော့တကယ်ကိုအံသြစရာကောင်းတဲ့
ကောင်ပဲ။အကယ်ဒမီကိုရောက်ရုံနဲ့တန်းပြီး
အဆင့်၃ရှိတဲ့ မွန်းစတားအမြူတေကို ရတယ်။ မင်းအကိုငါကတော့၂နှစ်လုံးလုံးကြိုးစားတာတောင်
အဆင့်၂အမြူတေပဲရတယ်။ဒါတောင်ဝယ်ရတာနော်”

ထိုစကားအားကြားလိုက်ရသောအခါဂျင်ချန်
ချောင်းတစ်ချက်ဟပ်လိုက်ပြီး“အကိုကြီး
ကျွန်တော်ကြားတာအကိုကြီးကသူတော်စင်စွမ်းအား အဆင့်၁၀ကိုရောက်နေပြီဆို။ဒါဆိုသိပ်မကြာခင်
သူတော်စင်အဆင့်ကိုရောက်တော့မှာပဲ။ဒီရဲ့အဆင့်၃ အမြူတေနဲ့အကိုလေ့ကျင့်သင့်တယ်”ဂျင်ချန်က
မွန်စတားအမြူတေအားအရမ်းကြီးအရေးကြီးသည့် အရာအဖြစ်မသတ်မှတ်ထားသေးပေ။သို့သော်လည်းသူစိတ်ထဲတွင်တော့အမြူတေအဆင့်၃သည်

သိုင်းပညာစွမ်းအားကိုလျင်မြန်စွာ
တိုးတက်လာစေနိုင်မှန်းသိသည်။

ဂျင်ချန်၏စကားကချင်းရန်ဟူအားအံသြသွားစေသည်။ဒါပေမယ့်သူကချက်ချင်းပဲအမြူတေအားဂျင်ချန်
လက်ထဲကိုထဲ့ပေးလိုက်ရင်း“မယူပါဘူး။ဒီအမြူတေက ညီလေးသွေးနဲ့ချွေးနဲ့ရင်းပြီးမှရခဲ့တာလေ။ဘယ်လို လုပ်အကိုကြီးကယူရက်ပါ့မလည်း”ဟုပြောလိုက်သည်။

သူစီပြန်ရောက်လာသောအဆင့်၃ အမြူတေအားကြည့်ရင်းဂျင်ချန်သူအကိုရဲ့
အပြုအမူအားလေးစားမိသည်။
အနည်းဆုံးတော့သူကချင်းရန်ဟူအားသူရဲ့
တတိယအကိုချင်းရန်ကီကဲ့သို့အတားအစီးအနှောက် အယှက်ဖြစ်မှာကိုဆိုးရိမ်စရာမလိုတော့ပေ။

ထိုနောက်ဂျင်ချန်ကသူအကိုအားအကယ်ဒမီ
နှင့်ပတ်သတ်ပြီးမေးခွန်းတွေမေးနေသည်။
၃နာရီလောက်ကြာအောင်ချင်းရန်ဟူက
ကျောင်းစည်းမျဉ်းများစည်းကမ်းများအား

ရှင်းပြနေလေသည်။အကယ်ဒမီကျောင်းအုပ်ကြီးသည် သာမာန်မိသားစုက ကျောင်းသားများအား အလေးထားဂရုစိုက်ကြောင်း
မြင့်မြတ်သောမျိုးနွယ်ဝင်များကသာမာန်ကျောင်းသားများအား
အနိုင်ကျင့်လျင်ပြင်းထန်စွာအပြစ်ပေးကြောင်း
စသဖြင့်ရှင်းပြလေသည်။ပြီးတော့ကျောင်းအုပ်ကြီးက
မြင့်မြတ်သောမိသားစုကျောင်းသားများကြားပြသာနာ
ဖြစ်လျင်ဝင်ရောက်မစွက်ဖက်ပေ။

ပြီးတော့ခါဂဲအကယ်ဒမီတွင်
မြင့်မြတ်သူတော်စင်များကိုသာလျင် ဘွဲပေးသည်။ထိုဘွဲရများသို့မဟုတ်ခါဂဲအကယ်ဒမီက
ထောက်ခံချက်ပေးသောသူများသည်တိုင်းပြည်၏စစ်တပ်အတွင်းဝင်ရောက်ခွင့်ရှိပေသည်။

အကယ်၍ကျောင်းသားတစ်ယောက်သည်သူတော်စင်အဆင့်ကိုရောက်ပြီး
သူတော်စင်လက်နက်အားဖန်တီး

နိုင်ပါက သူသည် အဆင့်၂ အမြူတေ၁ခုအား
လတိုင်းရရှိပေမည်။ဒါအပြင်ကျောင်းသားများသည်
ခါဂဲအကယ်ဒမီနှင့်မိုင်၂၀ဝေးသောသစ်တောလေးတွင်
မှော်သားရဲများအားအမဲလိုက်၍မွန်းစတားအမြူတေ အားသုံးစွဲခွင့်ရှိပေသည်။ထိုသစ်တောလေးသည်
၁၀ကီလိုမီတာမျှသာကျယ်ဝန်းးပြီးအကယ်ဒမီမှ လွတ်ပေး ထားသော မှော်သားရဲများသာရှိသည်။ထိုမှော်သားရဲများအားလုံးက
အဆင့်နှိမ့်များသာဖြစ်သည်။
ခါဂဲကျောင်းကထိုမှော်သားရဲများအားကျောင်းသားများလက်တွေတိုက်ပွဲအတွေ့အကြုံရရန်လွတ်ပေး
ထားခြင်းဖြစ်သည်။ အကြမ်းဆုံးသော မှော်သားရဲကအဆင့်၂ထက်မကျော်ပေ။ပြီးတော့တခြားသာမာန် တိရိစ္ဆာန်အရိုင်းများသာရှိသည်။အကယ်၍
ထိုသစ်တောအတွင်းအဆင့်၂
မှော်သားရဲထက်ကြမ်းသောမှော်သားရဲပေါ်လာပါက
ကျောင်းကထိပ်သီးပညာရှင်အချို့အားစေလွှတ်၍ ရှင်းလင်းခိုင်းလေသည်။

ထိုသစ်တောအားအပိုင်း၃ပိုင်းပိုင်းထားသည်။
ပထမပိုင်းသည်သာမာန်တောရိုင်းတိရိစ္ဆာန်များသာရှိပြီး ဒုတိယအပိုင်းတွင်အဆင့်၁မှော်သားရဲများအား
လွှတ်ထားလေသည်။နောက်ဆုံးအပိုင်းတွင်တော့အဆင့်၂မှော်သားရဲများကကျက်စားနေကြသည်။
ထိုအပိုင်း၃ပိုင်းအားတစ်ပိုင်းနှင့်တစ်ပိုင်းမရောစေရန် အရင်ကျောင်းအုပ်ကြီးကပိတ်ထားခဲ့သည်။ထိုကြောင့်မည်သူမှထိုတောအတွင်းမှမှော်သားရဲများလွှတ်သွား မည်ကိုဆိုးရိမ်စရာမရှိချေ။

ပြီးတော့အကယ်ဒမီ၏စာကြည့်တိုက်အား
၇ပိုင်းပိုင်းထားချေသည်။ထိုစာကြည့်တိုက်ထဲတွင်
စာအုပ်ပေါင်း များစွာ ရှိပြီး သတင်းအချက်အလက်နှင့်ပတ်သတ်သောအကြောင်းအရာများစွာလည်းရှိသည်။ ပြီးတော့ထိုစာကြည့်တိုက်အတွင်းတွင်
လျိုဝှက်သိုင်းကျင့်စဉ်များအားလည်းထားရှိသည်။သူတော်စင်အဆင့်မရောက်
သေးသော်ကျောင်းသားများသည်စာကြည့်တိုက်၏ပထမနှစ်ဆင့်ကိုသာဝင်ရောက်နိုင်ပေသည်။
သူတော်စင်အဆင့်ရောက်ပြီးသူတော်စင်လက်နက်အား

ဖန်တီးနိုင်သူများသည်စာကြည့်တိုက်၏အဆင့်၃နှင့်
၄အားဝင်
ရောက်ခွင့်ရှိကြသည်။အဆင့်၄ထက်မြင့်သော
နေရာများအားဆရာဆရာမများနှင့်မြင့်မြတ်သူတော်စင်များသာဝင်ရောက်ခွင့်ရှိလေသည်။
…….
ချင်းရန်ဟူကဂျင်ချန်အားကျောင်း၏
အကြောင်းများအားပြောပြီးသောအခါအတော်ပင်
ညနက်သွား ပြီဖြစ် သည်။ ထိုကြောင့် ချင်းရန်ဟူလည်းသူရဲ့အဆောင်သို့အမြန်ပြန်သွားလေသည်။

ထိုအချိန်မှာပင်ခါဂဲအကယ်ဒမီ၏အလယ်တွင်ရှိသောတာဝါကြီး၏အမြင့်ဆုံးထပ်တွင်ဒုတိယကျောင်းအုပ်ကြီး ဘီအန်ကစားပွဲတစ်လုံးရှေ့တွင်ရိုသေစွာ
မတ်တပ်ရပ်နေသည်။သူရှေ့တွင် ဂျင်ချန်တစ်ခါတွေ့ဖူးသော
ကျောင်းအုပ်ဆရာကြီးထိုင်နေ၏။

ကျောင်းအုပ်ဆရာကြီးကသူလက်ကိုမြှောက်ကာ
ရှည်လျားလှသော မုတ်ဆိတ်မွေးကြီးအားလက်ဖြင့်သပ်လိုက်
ပြီး“ဘီအန်မင်းပြောသလိုဆို
ပထမနှစ်ကျောင်းသားသိုင်းပြိုင်ပွဲမှာအနိုင်ရသွားတဲ့
သူကချင်းရန်ရှင်းတန်ပေါ့။”ကျောင်းအုပ်ဆရာကြီး၏
လေသံကအံအားသင်ဟန်အနည်းငယ်ပါဝင်နေသည်။

ဘီအန်ကခေါင်းငြိမ်လိုက်ပြီး
“ဟုတ်ပါတယ်ကျောင်းအုပ်ကြီးကျွန်တော်တွေ့တာ ချင်းရန်ရှင်းတန်ကအတော်
သတိပြုဖိုလွယ်ပါတယ်။သူကသူတော်စင်စွမ်းအားအဆင့်၈ပဲရှိသေးပေမယ့်အဆင့်၉ရောက်ပြီးသား
ကျောင်းသားတွေကိုအနိုင်ယူနိုင်ပါတယ်။သူရဲ့ တိုက်ကွက်တွေကအရမ်းကြီးအဆင့်မမြင့်ပေမယ် လျင်မြန်ပြီး
သွက်လက်ချက်ချာတယ်။ကြည့်ရတာသူရဲ့ တိုက်ပွဲအတွေ့အကြုံကသူရဲ့သန်မာမှုနှင့် မကိုက်သလိုပဲ။ထိုင်းတလိုကောင်းကင်က
လက်ဆောင်ပေးလိုက်တဲ့သန်မာမှုစွမ်းအားတွေနဲတောင်

ချင်းရန်ရှင်းတန်ကိုတန်ပြန်တိုက်ခိုက်မှုမျိုးတောင်
မလုပ်နိုင်ပဲရှုံးသွားတယ်။”

ထိုအရာအားကြားလိုက်ရသောအခါကျောင်းအုပ်ကြီးက မျက်နှာတည်သွားပြီး“ဘီအန်မင်းပြောတာအမှန်
ဆိုရင်တော့ချင်းရန်ရှင်းတန်ကတကယ်ကို
အံသြစရာကောင်းတာပဲ”

“ကျောင်းအုပ်ဆရာကြီးကျွန်တော်ပြောတာတွေက အမှန်တွေပါ”ဘီအန်ကအတည်ပြုသောလေသံဖြင့်
ပြောလိုက်သည်။.

ကျောင်းအုပ်ကြီးကသူထိုင်ခုံကနေဖြည်းညင်းစွာ ထလိုက်ပြီး“ကြည့်ရတာချင်းရန်ရှင်းတန်ကချင်းဘီ
ပြောတာထက်ကိုပြီးထူးချွန်နေသေးတယ်။သူကအမြူတေတွေလည်းမသုံးဘူး၊
တခြားကောင်းကင်ရတနာ
တစ်မျိုးမျိုးကိုလည်းမသုံးပဲနဲ့အသက်၁၅နှစ်မှာ
သူတော်စင်စွမ်းအားအဆင့်၈ကိုရောက်တယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပဲ။ပြီးတော့သူကတိုက်ပွဲ

အတွေ့အကြုံလည်းကြွယ်ဝတယ်ဆိုတော့
တော်ယုံပါရမီ
ရှင်တော့မဖြစ်နိုင်ဘူး”ကျောင်းအုပ်ကြီးရဲ့လေသံက အံသြနေသောအရိပ်အရောင်လေးပေါ်နေသည်။

“ကျောင်းအုပ်ဆရာကြီးကြည့်ရတာချင်းရန်ရှင်းတန်ရဲ့ အနာဂတ်အောင်မြင်မှုက အကန် အသတ်မရှိလောက်ဘူး”ဘီအန်ကသက်ပြင်းချရင်းပြောလိုက်သည်။

ကျောင်းအုပ်ဆရာကြီးကခေါင်းငြိမ်လိုက်ရင်း“သူဒီနေပြတဲ့အရည်အချင်းအတိုင်းသာဆိုရင်သူအနာဂတ်မှာ
အတော်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်တယ်။အကယ်၍သူသာမသေခဲ့ဘူးဆိုရင်ငါတို့ခါဂဲအကယ်ဒမီ ကစွမ်းအားကြီးတဲ့သိုင်းပညာရှင်တစ်ယောက်ကို
မွေးထုတ်ပေးနိုင်လောက်မယ်”

“တန်းရန်တိုက်ကြီးမှာသူသာ
တစ်ဦးချင်းအဆင့်မြင့်သိုင်းပညာရှင်ဖြစ်လာရင်ငါတို့ ခါဂဲအကယ်ဒမီလည်းနာမည်ကြီးလာရုံမကပဲ

ဂန်ဆန်းနိုင်ငံတော်ကြီးရဲ့ဂုဏ်သိက္ခာလည်း
မြင့်လာမယ်။အခုဆိုငါတို့ဂန်ဆန်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက တဖြည်းဖြည်းချင်းအင်အားတောင့်တင်းလာနေကြတယ်။
၁၀နှစ်အတွင်းမှာသာငါတို့ဂန်ဆန်းနိုင်ငံတော်က
အဆင့်မြင့်သိုင်းပညာရှင်
တစ်ဦးမမွေးထုတ်ပေးနိုင်ဘူးဆိုရင်တစ်ခြားတိုင်းပြည်
တွေကငါတို့ကိုတိုက်ခိုက်လိပ်မယ်။”ကျောင်းအုပ်ကြီးက သက်ပြင်းချရင်းပြောလိုက်သည်။

ထိုအရာကိုကြားလိုက်ရသော အခါ ဘီအန်၏ မျက်နှာကတင်းမာသွားသည်။ဂန်ဆန်းနိုင်ငံတော်သည်
ကြီးသည်လည်းမဟုတ်ငယ်သည်လည်းမဟုတ်ချေ။ သိုသော်လည်းသူတို့နိုင်ငံကစိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းသောကြောင့်ပတ်ဝန်းကျင်နိုင်ငံများက
မနာလိုဖြစ်နေကြသည်။အဆင့်မြင့်သိုင်းပညာရှင်၆ဦးသာမရှိခဲ့လျင်ပတ်ဝန်းကျင်နိုင်ငံများ၏တိုက်ခိုက်မှုအား
ခံနေရမည်မှာသေချာလေသည်။

“ကျောင်းအုပ်ကြီးထိုင်းတကိုဘယ်လိုလုပ်ဖို့
စိတ်ကူးထားလည်း”ဘီအန်ကမေးလိုက်သည်။

“မနက်ကြရင်ထိုင်းတကိုငါ့စီခေါ်ခဲ့လိုက်။ တကယ်လိုသူသာဆန္ဒရှိရင်ငါသူကို
တပည့်အဖြစ်လက်ခံပေးမယ်။”ကျောင်းအုပ်ဆရာကြီးက
ခဏလောက်စဉ်းစားပြီးပြန်ဖြေလိုက်သည်။.
“ဟုတ်ကဲ့ပါကျောင်းအုပ်ဆရာကြီး!” ချင်းရန်ဟူထွက်သွားပြီးသောအခါ
ဂျင်ချန်သူ့အိပ်ရာတွင်တက်ထိုင်လိုက်သည်။ထိုနောက်
သူခြေထောက်
အားခွေထိုင်လိုက်ပြီး
အဆင့်၃အမြူတေအားလက်ထဲတွင်ထား၍မွန်းစတားအမြူတေ၏ စွမ်းအင်အား စတင်ပြီးစုတ်ယူနေလိုက်သည်။

မွန်းစတားအမြူတေ၏အလည်တွင်မှော်သားရဲ၏
ဝိညာဉ်တည်ရှိသည်။ထိုစွမ်းအားသည်အရမ်းသန်ရှင်းစင်
ကြယ်ရုံသာမကစွမ်းအင်သည်အတော်လေးလည်း
သန်မာလေသည်။ချင်းရန်ဟူ၏ပြောစကားအရဂျင်ချန်
မွန်းစတားအမြူတေအားစတင်စုတ်ယူပါကသူ
သန်ရှင်းစင်ကြယ်ပြီးကြီးမားသောစွမ်းအားများ
အမြူတေကထွက်လာတာကိုခံစားရမည်ဟုပြောသည်။ထိုစွမ်းအားကသူလက်ကနေတဆင့်စီးဆင်းလာပြီၤး
သူခန္ဓာကိုယ်အတွင်းသို့စီးဝင်သွားမည်ဟုပြောသည်။

ဂျင်ချန်ကအမြူတေကထွက်လာသော
မွန်းစတားအမြူတေ၏စွမ်းအားများကစနစ်တကျလမ်းကြောင်းပေးပြီးသူခန္ဓာကိုယ်အတွင်းသို့
စုတ်ယူလိုက်သည်။ပြီးတော့သူက
သူကိုယ်အတွင်းသိုရောက်လာသောစွမ်းအင်များအားသူတော်စင်စွမ်းအားများအဖြစ်သို့ပြောင်းလည်းလိုက်ပြီး သူရဲ့ဒန်တန်းထဲကိုစုတ်ယူလိုက်သည်။

မွန်းစတားအမြူတေကိုသုံးပြီးလေ့ကျင့်တာက
အမှန်ပင်လေ့ကျင့်မှုနှုန်းအားလျင်မြန်စွာတိုးတက်စေသည်။
ကမ္ဘာအဆီမနှစ်မှစုတ်ယူသောစွမ်းအားသည်
မှော်သားရဲအမြူတေ၏သန်စင်သောချီ
အားမယှဉ်နိုင်ချေ။
အမြူတေနှင့်လေ့ကျင့်ခြင်းသည်
လေ့ကျင့်မှုအမြန်နှုန်းအား ၁၀ မျှမြင့်တက်စေသည်။ဒါကြောင့်လည်းအဆင့်၁အမြူတေတစ်ခုပင်လျှင်အလွန်ဈေးကြီးနေခြင်းဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင်
အလင်းတန်းလေးများသည်တဖြည်းဖြည်းချင်း
ဖြာကျလာကြသည်။အနီရောင်တောက်နေသော
နေမင်းကြီးကကောင်းကင်ထက်သို့တွယ်တက်ရန်ကြိုးစားနေသည့်ဟန်ပင်။
နေရောင်၏ထောင်ပေါင်းများစွာသော
ရောင်ခြည်တန်းများကမြေပြင်အနှံတွင်
ဖြာကျလာသောကြောင့်မြေပြင်တစ်ခုလုံး
ရွေရောင်များတောက်နေသကဲ့သိုရှိလေသည်။

ထိုအချိန်မှာပင်ဂျင်ချန်၏မျက်လုံးများ
ဖွင့်လာလေသည်။သူမျက်လုံးများတွင်ပေါ်နေသော
ပျော်ရွင်မှုအရိပ်ယောင်အားဖုံးမထားနိုင်ချေ။ သူနာခမ်းထောင့်လေးတွင်ပြုံးယောင်လေး တစ်ချက်သန်းသွားသည်။
တစ်ညတာလေ့ကျင့်ရုံနှင့်
သူရက်အချို့လေ့ကျင့်တာလောက်
ခရီးရောက်သွားသည်။ထိုအဆင့်၃မွန်းစတားအမြူတေကိုစုတ်ယူခြင်းကသူရဲ့လေ့ကျင့်မှု
အမြန်နှုန်းအား၁၀မျှမြင့်တက်သွားစေသည်။သူရဲ့ ခန်မှန်းချက်အရသူသိပ်မကြာခင်သူတော်စင်စွမ်းအား
အဆင့်၉သို့ရောက်နိုင်လေသည်။သူခန္ဓာကိုယ်အတွင်းက သူတော်စင်စွမ်းအားများအားသူရှင်းလင်းစွာ
ခံစားမိသည်။ဒီနှုန်းအတိုင်းသာဆက်သွားပါက
သူတစ်ပတ်အတွင်းအဆင့်၉သိုရောက်နိုင်လေသည်။

အမှန်က ဂျင်ချန်၏ မှော်သားရဲ အမြူတေမှ စွမ်းအင်စုတ်ယူနိုင်မူ ပမာဏသည် သာမာန်သိုင်းသမားများစုတ်ယူနိုင်တဲ့ပမာဏထက်၁၀ဆပိုများသည်။

ထိုအကြောင်းအားတခြားသူများသိပါကသေမတတ်
အံသြသွားနိုင်သည်။မွန်းစတားအမြူတေက
လေ့ကျင့်မူအမြန်နှုန်းအားတိုးတက်စေနိုင်သော်လည်း သာမာန်အခြေ
အနေထက်၁၀အမြန်နှုန်းဖြင့်စုတ်ယူရန်မှာ
ဖြစ်နိုင်ချေမရှိချေ။သာမာန်သိုင်းသမားများအမြူတေက
စွမ်းအား
ကိုစုတ်ယူလျင်သူတို့၏အမြန်နှုန်းသည်၂ဆမှ၃ဆ
အတွင်းတွင်သာရှိနိုင်သည်။စွမ်းအားကြီးသောလူများပင်လျင်သူတို့၏အမြန်နှုန်းသည်၆ဆမှ၇ဆအထိသာ
မြင့်တက်လာနိုင်သည်။သေချာစဉ်းစားကြည့်မယ်ဆိုလျင်သူတော်စင်ပင်မဖြစ်သေးသောဂျင်ချန်၏အမြန်နှုန်း
၁၀ဆသည်သေလောက်အောင်
ကြောက်ဖိုကောင်းသောနှုန်းဖြစ်သည်။(အပိုတွေD)

သူလက်ထဲက အမြူတေအားကြည့်လိုက်သော အခါအရောင်မပြောင်းသေးသော်လည်းတစ်ညလုံးဆုပ်ကိုင်
ထားသောကြောင့်ဂျင်ချန်၏လက်ရာလေးထင်နေသည်။

ထိုနောက်ဂျင်ချန်အခန်းအတွင်းမှထွက်၍
ထမင်းစားခန်းသို့တန်းဒိုးတော့သည်။မှော်သားရဲ
နိုအပြင်မှော်သားရဲအသားများအား
ခင်းကျင်းကြွေးမွေးထားသည်။ မှော်သားရဲ အသားအားချင်းရန်အိမ်တော်မှာပင်ဂျင်ချန်အများအပြားစားဖူးပြီး
ဖြစ်ကာထိုအရသာအားသူအတော်နှစ်သက်လေသည်။
ဂျင်ချန်အရင်ဘဝတုန်
ကထို အသားများအားတစ်ခါမှမစားဖူးချေ။

 

Comment

Leave a Reply

Options

not work with dark mode
Reset