Switch Mode

Chapter – 17

ကျောင်းသားသစ်များကြားက ဘုရင်

Chapter – 17 ကျောင်းသားသစ်များကြားက ဘုရင်

၂နာရီခန်နားပြီးသွားသောအခါဂျင်ချန်နှင့်ထိုင်းတ
တိုပြိုင်ပွဲစင်မြင့်ထက်ကိုတက်လာကြလေသည်။
ကျောင်းသားပေါင်း၁၀၀၀ကျော်ကကြည့်နေပြီး အချို့ကျောင်းသားများကလည်းမမြင်ရမှာစိုးပြီး အရှေ့သို့တိုးခွေနေကြသည်။
ဂျင်ချန်ကထိုင်းတအားပြုံးရင်းကြည့်ကာ
ချီးကျူးလိုက်သည်“ငါမထင်ထားဘူးမင်းကနောက်ဆုံးဗိုလ်လုပွဲကို
ထူးချွန်စွာရောက်နိုင်ခဲ့တာပဲ”
ဂျန်ချန်၏စကားအားကြားလိုက်ရသောအခါထိုင်းတ
၏မျက်နှာကရှက်သွားသည့်ဟန်ပေါက်သည်။ပြီးတော့သူကရိုးသားစွာရယ်လိုက်ပြီးအသံကိုနှိမ့်ကာ
ပြောလိုက်သည်“ချင်းရန်ရှင်းတန်မင်းလည်းအရမ်းးတော်လွန်းပါတယ်”
ဂျင်ချန်ကသူခြေထောက်နှင့်လက်အားခါလိုကပြီး ရယ်လျက်“ထိုင်းတဒါကနောက်ဆုံးပွဲပဲ။ငါတိုထဲက

တစ်ယောက်ပဲ ကျောင်းသားသစ်များကြားက ဘုရင်ဆုကိုရနိုင်မှာ ဒါကြောင့် မင်းအကောင်းဆုံး ကြိုးစားတာပဲကောင်းမယ်နော်။မင်းနိုင်ရင်အဆင့်၃ရှိတဲ့
အမြူတေကိုရမယ်။အဲ့ဒါကကြေးပြားရာဂဏာန်း အနည်းငယ်တန်တယ်။ဒါကမင်းတစ်မိသားစုလုံးကိုတစ်ဘဝလုံးကြွေးထားလို့ရတဲ့ပမာဏပဲ”
ထိုင်းတ ကဂျင်ချန်၏စကားအားကြားလိုက်ရသောအခါ“ချင်းရန်ရှင်းတန်ငါကသေချာပေါက်အားကုန်သုံးပြီး
ချမှာမင်းကိုယ့်ဘာသာကိုယ်အကောင်းဆုံးပြင်ထား”ဂျင်ချန်ကရယ်ရုံသာရယ်ရင်းခေါင်းညှိတ်လိုက်ကာ“ငါကိုနိုင်ဖို့ထင်သလောက်မလွယ်ဘူးနော်”
“ဘုန်း!”
ဆိုသည့်အချက်ပေးသံကြားလိုက်ရသောအခါ
ပြိုင်ပွဲစတင်လေသည်။ထိုင်းတထိုအသံကြားပြီးနောက်ချက်ချင်းရှေ့သိုတိုးဝင်လာကာဂျင်ချန်အား
သူလက်နှစ်ဖက်ဖြင့်ဆွဲပြီးသူကသန်မာလှသော အင်အားဖြင့်
ဂျင်ချန်အားစင်အောက်သို့လွင့်ပစ်ရန်ကြံလေသည်။ ထိုအကြံအားရိပ်မိသည့်ဂျင်ချန်ကရယ်လိုက်သည်။သူကထိုင်းတ၏တိုက်ခိုက်သည့်ပုံစံစားရင်းနှီးနေပြီး

ဖြစ်သည်။ပွဲတိုင်းအားထိုင်းတကထိုအကွက်အားသုံးပြီး
ရိုးရှင်းစွာအနိုင်ယူခဲ့သည်ကြီးသာဖြစ်သည်။အကယ်၍ ဂျင်ချန်သာထိုင်းတ၏အကွက်ထဲဝင်သွားပါက
ထိုင်းတ၏ချုပ်ကွက်ကနေရုန်းထွက်ဖို့အလွန်ခက်သွား မည်ဖြစ်သည်။
ဂျင်ချန်ကနောက်သို့ခြေလှမ်းအနည်းငယ်
ဆုတ်လိုက်ပြီးထိုင်းတလက်အတွင်းမှလွတ်အောင်ရှောင်လိုက်
သည်။ထိုနောက်သူရဲ့အင်အား၈၀ရာခိုင်နှုန်းခန်သုံးပြီးထိုင်းတ၏ရင်ဘတ်အားထိုးချလိုက်လေသည်။
ဂျင်ချန်၏လက်သီးကချိန်သားလည်းကိုက်သကဲ့သို့
မြန်လည်းမြန်လေ၏။ထိုင်းတတုံပြန်ချိန်မရလိုက်ပဲ။ “ဖန်း!”
ဂျင်ချန်၏လက်သီးကနေထိုင်းတ၏ရင်ဘတ်နှင့်
ထိတွေ့သောကြောင့်အသံထွက်လာသည်။ဂျင်ချန်၏ မျက်နှာတွင်ကျေနပ်နေသည့်အသွင်အပြင်သည်
တဖြည်းဖြည်းချင်းပြောင်းသွားပြီးထိုင်းတအား တအံတသြ
ကြည့်လိုက်သည်။သူရဲ့လက်သီးကလူတစ်ယောက်ကို ထိုးမိသည့်ခံစားချက်မျိုးမဟုတ်ပဲနံရံတစ်ခုအား

ထိုးလိုက်မိသကဲ့သိုရှိလေသည်။ထိုင်းတ
အင်းအားကြီးရုံသာမကပဲသူရဲ့
ခန္ဓာကိုယ်ကြံခိုင်မှုကလည်းမယုံချင်
စရာကောင်းလှအောင်တောင်တင်းလျက်ရှိသည်။ဂျင်ချန်၏လက်သီးကထိုင်းတအားနောက်သို့ ဆုတ်သွားစေသော်လည်းထိုင်းတ
ကကျယ်လောင်စွာမာန်သွင်း
လိုက်ပြီးဂျင်ချန်စီသို့လက်သီးဖြင့်ထိုးရင်း
ပြန်ဝင်လာပြန်သည်။ဂျင်ချန်၏၈၀ရာခိုင်နှုန်းသောအင်အား
ဖြင့်ထိုးလိုက်သောလက်သီးချက်သည်ထိုင်းတ၏ အသားအရည်အားအရာလေးပင်ပေါ်မလာစေပေ။
ထိုင်းတ၏လက်သီးသူနှင့်နီးကပ်လာသောအခါဂျင်ချန် စတင်ပြီး စိတ်လှုပ်ရှားသလိုခံစားလိုက်ရသည်။သူကထိုလက်သီးအားရှောင်ရန်ပင်စိတ်မကူးတော့ပဲသူရဲ့ အင်အား ၁၀၀ရာခိုင်နှုန်းအားသုံးပြီး လက်သီးချင်း
ယှဉ်ထိုးချလိုက်လေသည်။
လက်သီးနှစ်ခုသည်လေထဲတွင်ဒဲတိုက်တွေ့ဆုံသွားပြီး ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။
ထိုအသံကအလွန်ကျယ်လောင်ပြီးပရိတ်သတ်ကြီးသည်

နေ့ခင်းကြောင်တောင်မိုးချိန်းသံကြားလိုက်ရသ
ကဲ့သိုရှိလေသည်။
နှစ်သီးနှစ်ခုတွေ့ဆုံမှုတွင်ဂျင်ချန်နောက်သို့၁၀မိတာခန်ဆုတ်ပေးလိုက်ရသည်။သူ့လက်မောင်းတစ်ခုလုံး
လည်းထုံကျင်သွားသည်။ဂျင်ချန်နှင့်ထိုင်းတတွင်
ဂျင်ချန်ကပိုမိုအထိအခိုက်များသွားသည်
ဟုဆိုရပေမည်။
ဂျင်ချန်ကသူတော်စင်စွမ်းအားစုစည်းမှုတွင်အနည်းငယ်သာသော်လည်းယခုကဲ့သို့
ထိခိုက်မှုများကိုတော့
မနာကျင်အောင်မစွမ်းဆောင်နိုင်ချေ။.
တစ်ဖက်တွင်လည်းထိုင်းတကနှစ်မိတာခန်သာ
နောက်ဆုတ်ပေးရပြီးသူမျက်နှာတွင်မည်သည် ခံစားမှုကို
မှမပြပေ။သူပုံစံကနည်းနည်းလေးမှထိခိုက်နာကျင်မှုကို မခံစားလိုက်ရသည့်ဟန်မျိုးဖြစ်သည်။
ဂျင်ချန်ကသူလက်အားပွတ်လိုက်သည်။ထိုင်းတ
နှင့်ဒဲတိုက်ယှဉ်တိုက်ခြင်းဟာ
ဘယ်လောက်ရူးသွက်မှုဆန်သလဲဆိုတာသူအခုတော့

နားလည်သွားသည်။ထိုင်းတ၏သန်မာမှုက
သာမာန်မဟုတ်သကဲ့သို့သူရဲ့ကြံခိုင်မှု
ကလည်းမျှော်လင့်ထားတာထက်ပိုမိုမာကျောနေသည်။ထိုင်းတထက်သူတော်စင်စွမ်းအားမြင့်သူ
တစ်ယောက်ယောက်ပင်လျှင်ထိုင်းတနှင့်သန်မာ
မှုခြင်းယှဉ်နိုင်မည်မဟုတ်ချေ။ဂျင်ချန်ကထိုင်းတကို
အနိုင်ယူရန်တစ်ခုတည်းသောနည်းလမ်းသည်လျင်မြန်မှုပင်ဖြစ်ချေတော့မည်။
“ထိုင်းတမင်းကငါထင်ထားတာထက်အရမ်းသန်မာ လွန်းတယ်။ဒါပေမယ့်သတိတော့ထားငါကအခုမှ
စွမ်းအားအပြည့်သုံးပြီးတိုက်တော့မှာ”ဂျင်ချန် ထိုစကားအားပြောလိုက်ပြီးအရှေ့သို့
နည်းနည်းတိုးလိုက်သည်။
ထိုင်းတကရယ်လိုက်ပြီး“ကောင်းပြီလေလာစမ်းပါ
ချင်းရန်ရှင်းတန်ရာမင်းငါ့ကိုထိခိုက်အောင်လုပ်လို့မရပါ ဘူး”သူလေသံတွင်ယုံကြည့်မှုအပြည့်ပါလေသည်။
ဂျင်ချန်ကစကားပြောတာကိုရပ်လိုက်သည်။သူနှင့်
ထိုင်းတကြားတွင်၅မိတာခန်အကွာရောက်သောအခါဂျင်ချန်၏ခြေလှမ်းကွက်များသည်
ရုတ်တရက်ပြောင်းလဲသွားသည်။သူခြေထောက်က

ထူးဆန်းစွာပုံရိမ်ယောင်ပုံရိပ်ထပ်များ
(ဆန်းကျယ်ခြေလှမ်းသိုင်းအားမြင်ယောင်ကြည့်ပါ)
ပေါ်လာပြီးရုတ်တရက်ထိုင်းတ၏
အနောက်သိုရောက်သွားလေသည်။ထိုင်းတတစ်ခုခုမတုံပြန်ခင်မှာဂျင်ချန်၏ပြင်းထန်ရက်စက်
သည့်လက်သီးတစ်စုံကထိုင်းတ၏
နောက်ကျောပေါ်သိုကျလာသည်။“ဖတ်!”“ဖတ်!”“ဖတ်!”
ဆက်တိုက်ထိုးနေသောလက်သီးသံများက
ပတ်ဝန်းကျင်တစ်ခုလုံးအားပျံနှံ့သွားသည်။ထိုကဲ့သို့ ကြမ်းတမ်းစွာ
တိုက်ခိုက်မှု၏အောက်တွင်ထိုင်းတ၏ခန္ဓာကိုယ်သည် အရှေ့သို့ထိုးထွက်သွားသည်။
“ဟ!”
ထိုင်းတဒေါသထွက်စွာအော်လိုက်ပြီး
သူကိုယ်သူတည်ငြိမ်အောင်ကြိုးစားလိုက်သည်။
ထိုနောက်သူကရုတ်တရက်အနောက်သို့လှည့်ကာ ဂျင်ချန်အားလက်သီးဖြင့်ထိုးဖိုကြိုးစားလေသည်။
ထိုင်းတနောက်သို့လှည့်ပြီးထိုးရန်ကြိုးစားလိုက်စဉ် ဂျင်ချန်ကလေထဲသို့၂မီတာလောက်ခုန်တက်ကာ

ထိုလက်သီးချက်အားရှောင်ရင်းထိုင်းတ၏
ကျောကုန်းအားခြေစုံသုံး၍လေထဲမှာပင်ဆက်တိုက်ကန်လေ
သည်။ဂျင်ချန်၏ခြေထောက်နှစ်ဖက်လုံးက
ပြင်းထန်သည့်ပါဝါများပါကာထိုင်းတ၏
နောက်ကျောအား
အဆက်မပြတ်ကန်နေသည်။“ဖုန်း!”“ဖုန်း!”“ဖုန်း!”…
ဂျင်ချန်ကမြေပေါ်သို့ပြန်မဆင်းခင်ထိုင်းတ
၏နောက်စေ့အားနောက်ဆုံးတစ်ချက်ကန်ခဲ့သည်။ဂျင်ချန်၏ကန်ချက်များတွင်ထိုင်းတ
ခေါင်းနာပန်းကြီးသွားသည်။
မြေပေါ်သို့ပြန်ကျကျခြင်းဂျင်ချန်ခဏမျှပင်မဆိုင်းပဲ ကြမ်းပြင်ပေါ်တွင်၁၈၀ဒီကရီစကော်ဝိုင်းကာသူရဲ့ ညာဘက်ခြေထောက်ဖြင့်ထိုင်းတ၏
ခြေထောက်နှစ်ဖက်အားတိုက်ခိုက်လိုက်သည်။ “ဖန်းးးးး!”
ထိုင်းတကကန်ခံလိုက်ရသောသူခြေထောက်အား
နောက်သို့အလျင်အမြန်ပြန်ရုတ်လိုက်သည်။

ထိုနောက်ချက်ချင်းဆိုသလိုဂျင်ချန်အားခုန်ဝင်ကာ
တိုက်ခိုက်လေသည်။
ဂျင်ချန်နှင့်ထိုင်းတတို့နောက်ထပ်
အနီးကပ်တိုက်ပွဲတစ်ခုဖြစ်ပွားကာအကွက်အနည်းငယ်မျှ အပြန်အလှန်တိုက်ခိုက်ကြသည်။ထိုင်းတ၏ဘုရားက လက်ဆောင်ပေးလိုက်သောအင်အားနှင့်
သန်မာမှုကြောင့်ဂျင်ချန်
နိုင်ဖို့အခွင့်အရေးအားရှာမရဖြစ်နေသည်။ဂျင်ချန်ကသူရဲ့နှစ်ဘဝတာ
တိုက်ပွဲအတွေ့အကြုံကိုသုံးကနောက်ဆုံးတွင် တန်ပြန်ဖိအားပေးတိုက်စစ်အားအသုံးချရန်ဆုံးဖြတ်လိုက်သည်။ဒါကအကောင်းဆုံးသောအကြံအဉာဏ်မဟုတ်ပေမယ့်ဂျင်ချန်မှာ
တခြားနည်းလမ်းမရှိတော့ချေ။ထိုင်းတကအရမ်းသန်မာသော်လည်း
သူခန္ဓာကိုယ်ရှိနေရာတစ်ခုတည်းအား
အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ဖြင်းဖြင့်ထိုင်းတ အားနာကျင်မှုကို

ပိုမိုခံစားရစေမည်ဖြစ်သည်။ဂျင်ချန်က
ထိုရက်စက်ကြမ်းကြုတ်သည့်နည်းလမ်းအား မသုံးခြင်သော်လည်း
အခြေအနေကသူအားသုံးရန်ဖိအားပေးနေပြီဖြစ်သည်။ ယခုအခြေအနေတွင်တိုက်ပွဲက
တစ်ဖက်သတ်ဆန်လွန်းနေသည်။ဂျင်ချန်က
သူအတွေ့အကြုံကိုအသုံးချကာ ထိုင်းတအားဆက်တိုက်ဆိုသလို
ထိုးကြိတ်ကန်ကြောက်နေသည်။ထိုင်းတကတော့ပတ်ပြေးခြင်းသူလက်ကို
ခေါင်းအားကာကွယ်ခြင်းတို့ကိုသာ
အတတ်နိုင်ဆုံးလုပ်နေရသည်။ထိုင်းတတစ်ခါတစ်ရံ တိုက်ခိုက်ဖို့အတွက်အခွင့်အရေးရပေမယ့်ဂျင်ချန်၏ အဝတ်စကိုပင်မထိနိုင်ချေ။
ထိုတိုက်ပွဲအားကျောင်းသားပရိတ်သတ်များသည်ထိပ်လန်တုန်လှုပ်စွာသာကြည့်နေနိုင်ကြသည်။ ဂျင်ချန်၏
တိုက်ခိုက်မှုများနှင့်လှုပ်ရှားမှုများသည် အရမ်းမြန်ဆန်လွန်းသဖြင့်သူတို့တစ်ခါမှ မမြင်ခဲ့ဘူးသောတိုက်ပွဲအား

တုန်လှုပ်စွာပင်ကြည့်နေသည်။
စင်မြင့်အထက်တွင်လည်းဘီအန်က
ဂျင်ချန်အားကြည့်ရင်းလေးစားလာသည်“ဒီကလေးကတစ်ကယ်တော်
တာပဲ။သူရဲ့တိုက်ပွဲအတွေ့အကြုံကလည်း
များပြားသလိုမြန်လည်းမြန်တယ်။သူနာမည်က
ချင်းရန်ရှင်းတန်
ဆိုတော့လျိုးမြို့ချင်းရန်ကလန်ကပဲဖြစ်မှာ။ကြည့်ရတာ ငါကျောင်းအုပ်ကြီးကိုအမှန်အကန်သတင်းပိုသင့်
နေပြီ”
တိုက်ပွဲကဆက်လက်ဖြစ်ပွားနေပြီးနောက်ဆုံးမှာတော့ထိုင်းတသူခံနိုင်ရည့်အဆုံးအားရောက်လာသည်။
သူကရပ်လိုက်ရပ်လိုက်ငါအရှုံးပေးပြီ
ဆက်မတိုက်နိုင်တော့ဘူး”ဟုထအော်လေသည်။ ဂျင်ချန်ချက်ချင်းရပ်လိုက်ပြီးပြုံးကာ“ထိုင်းတ
မင်းဘာကြောင့်ဆက်မတိုက်ချင်တော့တာလည်း”ဂျင်ချန်အဆက်မပြတ်ရိုက်နေသည့်
သူရဲ့ရောင်ကိုင်းနေသောနေရာများအားပွတ်ကာ ထိုင်းတကဝမ်းနည်းစွာပြောလိုက်သည်
“မင်းအရမ်းမြန်လွန်းတယ်ငါမင်းကိုသေချာတောင်

မမြင်ရတော့ဘူး။တိုက်ဖ့ိုဆိုဝေးရော်ပဲ။တစ်ချိန်လုံးမင်းပဲ
ငါ့ကြီးရိုက်နေတာ”
ဂျင်ချန်ကရယ်ရင်းမေးလိုက်သည်“ဒါဆိုမင်းကပထမနေရာကိုလက်လျော့လိုက်တော့မှာလား”
ထိုင်းတခေါင်ညှိတ်လိုက်ပြီး“ငါမင်းကိုထိအောင်တောင်မတိုက်နိုင်ဘူး ဒါကြောင့် ပထမနေရာက ငါနဲမဆိုင်ဘူး။အဆင့်၂အမြူတေနဲဆိုရင်တောင်
ပိုက်ဆံလုံလုံလောက်လောက်ရနေပါပြီ”
သူတိုတိုက်ပွဲပြီးသွားသောအခါတတိယနေရာအတွက ကဒီလျံနှင့်တန်မူရှောင်တို့ဆက်လက်တိုက်ခိုက်ရာ
တန်မူရှောင်ကတတိယနေရာကိုသိမ်းပိုက်လိုက်နိုင်သည်။
ထိုနောက် ဂျင်ချန်အား ဒုတိယကျောင်းအုပ်ကြီးဘီအန်ကဂျင်ချန်အားစင်မြင့်အထက်ကိုခေါ်ကာ
ကျောင်းသား
ပရိတ်သတ်ကြီးဘက်ကိုလှည့်ကာကြေညာလေသည်။ “ကျောင်းသားတွေကျောင်းသားသစ်သိုင်းပြိုင်ပွဲက
တော့နောက်ဆုံးမှာပြီးဆုံးသွားပါပြီ။ဒါကြောင့်ငါကြေညာမယ်။ဒီချင်းရန်ရှင်းတန်က
သူတော်စင်စွမ်းအား

အဆင့်၈ပေမယ့်ကျောင်းသားသစ်များကြားကဘုရင်
ဆုကိုဆွတ်ခူးရရှိသွားပါတယ်ခင်များ”
ဒုတိယကျောင်းအုပ်ကြီးအသံဆုံးသွားသည်နှင့်လက်ခုတ်သံများထွက်ပေါ်လာလေသည်။
နှစ်ကြီးကျောင်းသားများကတော့ သူတော်စင်စွမ်းအားအဆင့်၈ကကျောင်းသားသစ်များကြားကဘုရင်ဆုကို ရသွားခြင်းအားလက်မခံနိုင်ဖြစ်နေကြသည်။
“ဒီနှစ်ကျောင်းသားသစ်တွေ
လုံးဝစောက်သုံးမကျကြဘူး။လူတွေအများကြီးအဆင့်
၉ကိုရောက်နေကြ
တာတောင်မှသူတို့ကျောင်းသားသစ်များကြားက
ဘုရင်ဆုကိုသူတော်စင်စွမ်းအားအဆင့်၈ပဲရောက်သေး တဲ့သူကရရတယ်လို့ပ။ကျော်မကောင်း
ကြားမကောင်းပါလား’
“ဒါအမှန်ပဲဒီနှစ်ကျောင်းသားသစ်တွေတအား
ညံ့လွန်းတယ်။သူတို့ကျောင်းသားသစ်များကြားက ဘုရင်ကအဆင့်၈ပဲရောက်သေးသလို့အဆင့်နှစ်က
ကောင်ကလည်းသူတော်စင်စွမ်းအားအဆင့်၈လို့ပြောကြတယ်။

ဘာကြောင့်အချို့ကျောင်းသားသစ်တွေ
သူတော်စင်စွမ်းအားအဆင့်၉ရောက်အောင်ကျင့်ခဲ့လည်းဆိုတာ
ငါ့ဖြင့်နားကိုမလည်နိုင်တော့ဘုူး”
ထိုစကားပြောနေသောကျောင်းသားနှစ်ယောက်က
စီနီယာကျောင်းသားယူနီဖောင်းများအားဝတ်ထားကြ
သည်။
သူတို့နှစ်ယောက်အပြင်
တခြားစီနီယာကျောင်းသားတွေကလည်း
သူတို့အခြင်းခြင်းကြားတွင်တိုက်ပွဲအကြောင်း
ပြန်ပြောင်းဆွေးနွေးနေကြ၏။သူတို့က
ကျောင်းရောက်နေတာနှစ်အတော်ကြာပြီ
ဖြစ်ပေမယ့်ဒီနှစ်လိုအခြေအနေမျိုးအားမကြုံဖူးကြပေ။မည်သူကမှအဆင့်၁နှင့် ၂သည့်သူတော်စင်စွမ်းအားအဆင့်၈ပဲရှိမယ်ဟုမထင်ထားကြချေ။
ထိုနောက်ဂျင်ချန်ကအဆင့်၃
အမြူတေအားလက်ခံရရှိလေသည်။ထိုအရာကအနီရောင်တောက်နေပြီး

သူအကိုပေးတာထက်ပိုကြီးသည်။အမြူတေကို ကိုင်ထားရင်းထိုအရာမှကြီးမားသောစွမ်းအင်အားဂျင်ချန်
ရှင်းရှင်းလင်းလင်းကြီးခံစားမိလေသည်။
ထိုအမြူတေအပြင်ရွှေရောင်ဖြင့်လုပ်ထားသော
ဆုတံဆိပ်အားဂျင်ချန်လက်ခံရရှိသည်။
ဂျင်ချန်က ထိုတံဆိပ်နဲပတ်သတ်ပြီး ဘာမျှမသိချေ။သူမျက်နှာအားကြည့်ပြီးဘီအန်ကရှင်းပြသည်
“ဒီတံဆိပ်
ကပထမဆုရတဲ့ သူတွေကိုပဲ ချီးမြင့်တာ။ မင်းမှာဒါရှိတဲ့အတွက်လတိုင်းအဆင့်၁အမြူတေတစ်ခု
ကျောင်းကပေးနေမှာဖြစ်တယ်။ပြီးတော့ဒီတံဆိပ်ကစာကြည့်တိုက်ရဲ့ပထမအဆင့်၇လွှာကို
ဝင်ခွင့်ရမှာဖြစ်တယ်။

Comment

Leave a Reply

Options

not work with dark mode
Reset