Chapter – 16 ဗိုလ်လုပွဲသို့ တက်ရောက်ခြင်း
ဂျင်ချန်၏စကားအားကြားလိုက်ရသောအခါကဒီကွင်မျက်လုံးများအရောင်တောက်သွားလေသည်
“ဒါနင်ပြောတာနော်။ပြီးမှကတိမဖျက်နဲ့”ကဒီကွင်က ဂျင်ချန်အားပြင်ဆင်ခွင့်ပေးရန်ဆန္ဒမရှိပေ။သူမက
စကားပင်ဆုံးအောင်မပြောပဲဂျင်ချန်စီ
ခုန်ဝင်ခဲ့လေသည်။နောက်ဆုံးကန်ချက်အနေဖြင့်
လေထဲသိုခုန်တက်
လိုက်ပြီး ဂျင်ချန်၏ မျက်နှာအား လေထဲမှာပင်ကန်လိုက်လေသည်။ထိုကန်ချက်
ကပထမကန်ချက်ထက်ပိုမို
ပြင်းထန်မြန်ဆန်လေသည်။
ဂျင်ချန်ကထိုကန်ချက်အားမြင်လိုက်ရသော အခါလူယုတ်မာပြုံးလေးပြုံးလိုက်သည်။သူက
ထိုကန်ချက်အား
ရှောင်ပင်မရှောင်ပဲသူ့မျက်နှာရှေ့ရောက်လာသော ကဒီကွင်၏ခြေထောက်အားဖမ်းဆွဲလိုက်လေသည်။ ဂျင်ချန်ကသူမခြေထောက်အားလက်နှစ်ဖက်ဖြင့်ကိုင်ထားပြီးတစ်ပတ်ပြည့်အောင်လေထဲတွင်ဝေ့ရမ်း
လိုက်သည်။ ကဒီကွင် ကဂျင်ချန် သူမခြေထောက်အားကိုင်ပြီးဝေ့ရမ်းခံရစဉ်ငယ်သံပါအောင်အော်လေတော့သည်။
ပွဲလာကြည့်သည့်
ကျောင်းသားများအားးလုံးကြောင်တောင်တောင်ဖြစ်ကုန်ြ ကသည်။ဂျင်ချန်ကဆစ်စီကျပြီးချောမောလှပသည့်
ကောင်မလေးအားသက်ညှာခြင်းမရှိသည့်အပြင်
လေထဲတွင်ရက်စက်စွာဝေ့ရမ်းနေသည်
ကိုတွေ့ရလေသည်။သူကသူနဲနောက်ဆုံးပြိုင်ခဲ့သည့် ပြိုင်ဘက်၆ယောက်လုံးအားလည်းထိုနည်းဖြင့်
အနိုင်ယူခဲ့ခြင်းဖြစ်သည်။
စင်အောက်တွင်ကဒီရန်ဒေါသများသည်
သူခေါင်းအားပေါက်ကွဲလုမတတ်ပင်ဖြစ်နေသည်။သူရဲ့ညီမအား
ထိုနည်းလမ်းဖြင့်အနိုင်ကျင့်နေခြင်းအားသူမခံစားနိုင်ချေ။ဂျင်ချန်အပေါ်
သတ်ချင်ဖြတ်ချင်စိတ်ကြီးနှင့် သူစိုက်ကြည့်နေလေသည်။ဒုတိယကျောင်းအုပ်ကြီးသာမရှိလျင်သူဂျင်ချန်အား
ပညာပေးရန်စင်ပေါ်ချက်ချင်းတက်လာမည်ဖြစ်သည်။ ဂျင်ချန်၏လက်နှစ်ဖက်ကပြုတ်တူကြီးများကဲ့သို့
သန်မာပြီးသူမအား
နောက်ဆုံးနှစ်ပတ်လောက်လည်ပတ်လိုက်သည်။ ထိုနောက်သူ့လက်အားလွှတ်ပေးလိုက်လေသည်။ပွဲကြည့်သူများအားလုံးမြင်လိုက်ရသည်မှာ
ကဒီကွင်၏ကိုယ်လုံးလေးဖယိုဖရဲဖြင့်
ကိုင်လွင့်ခံလိုက်ရပြီးလူအုပ်ထဲသို့ဝရုန်းသုန်းကား ထိုးကျသွားသည်ကို
ပင်ဖြစ်သည်။
အမှန်တော့ဂျင်ချန်ကထိုနည်းလမ်းအားထိုင်းတ
ပွဲတွေကိုကြည့်ပြီးတတ်ခဲ့ခြင်းဖြစ်သည်။ထိုင်းတက
ထိုနည်းလမ်းဖြင်သူပြိုင်ဘက်များအားစင်ပေါ်မှကိုင်လွင့်ခြင်းဖြင့်အလွယ်တကူနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုဗျူဟာသည်အလွယ်ကူဆုံးကိုင်ပေါက်နည်းဖြစ်ပြီး အနိုင်ရရန်လည်းလွယ်ကူပေသည်။
လူများကကဒီကွင်အားမြေပြင်ပေါ်တွင်
ပြန်ရပ်နိုင်အောင်ကူညီပေးလိုက်ကြသည်။
ဂျင်ချန်ကတော့သူနိုင်ပွဲအားဒိုင်လူကြီးအားတင်ပြကာ စင်ပေါ်မှဆင်းသွားလေသည်။
ဂျင်ချန်စင်ပေါ်ကဆင်းသွားတာကိုကြည့်ရင်းကဒီကွင် မျက်နှာပျက်နေသည်။သူမကမွေးကတည်းကရွှေခွက် ကိုလက်ဆေးပြီးနေခဲ့ရသဖြင့်သူမကိုထိုကဲ့သို့
မည်သူမျမဆက်ဆံဘူးချေ။ သူမကဒဏ်ရာမရလိုက်သော
လည်းလေထဲတွင်ဝေ့ခံလိုက်ရခြင်းကသူမကို
အရှက်ကွဲစေသည်။ထိုအကြောင်းကိုပြန်တွေးမိတော့ သူမမျက်ရည်များဝဲတက်လာလေသည်။
.
ဂျင်ချန်စင်ပေါ်ကပြန်ဆင်းလာသောအခါကဒီကွင်
၏အကိုကဒီရန်ကသူလမ်းအားပိတ်ရပ်နေပြီး
“သောက်ကလေးမင်းငါ့ညီမကိုဒီလိုလုပ်ရဲတယ်ပေါ့”သူကကြောက်မက်ဖွယ်ရာကောင်းလောက်အောင်
ကြည့်ရင်းပြောလေသည်။
ဂျင်ချန်က ကဒီရန် အားပျင်းရိစွာ တစ်ချက်ကြည့်ပြီးနာတစ်ချက်မှုတ်လိုက်သည်။ထိုနောက်
ဘာစကားမှမပြောပဲကဒီရန်နှင့်
ဝေးရာကိုထွက်သွားသည်။ထိုကဲ့သို့သော်လူမျိုးကို ဂျင်ချန်အချိန်ကုန်ခံပြီး
စကားယှဉ်ပြောမည်မဟုတ်ချေ။ဂျင်ချန်ကကဒီရန် သူတို့ကလန်နာမည်အားသုံးပြီးအနိုင်ကျင့်မှုများအားကြားထားလေသည်။
ဂျင်ချန် ထွက်သွားတာကို ကြည့်ရင်း ကဒီရန်၏မျက်နှာတွင်ဒေါသအလွန်ထွက်နေမှန်း
ပေါ်လွင်လေသည်။
ဂျင်ချန်၏ပြိုင်ပွဲပြီးတော့
နောက်ဆုံးနာမည်၄ယောက်အားကြေညာသည်။ထိုသူများမှာချင်းရန်ရှင်းတန်၊
ထိုင်းတ၊ကဒီလျံနှင့်တန်မုရှောင်တိုဖြစ်ကြသည်။ ဂျင်ချန်ကနောက်ဆုံး၄ယောက်တွင်ထိုင်းတ
ပါလာခြင်းအားမအံသြသော်လည်းကဒီလျံ
ပါလာဖြင်းအား
မမျှော်လင့်ထားချေ။
ထိုလေးယောက်တွင်တန်မုရှောင်ကကဒီကွင်နှင့်
အသက်သိပ်မကွာပေ။သူကခန္ဓာကိုယ်အနေတော်ခန်ရှိပြီးငယ်ရွယ်ကာရုပ်ရည်အသွင်အပြင်မှာ
ခန်ချောကြီးဖြစ်လေသည်။
စင်မြင့်ပေါ်တွင်ဒုတိယကျောင်းအုပ်ကြီးဘီအန်က သူတို့လေးယောက်အားကြည့်ကာပြုံးလိုက်လေသည် “ငါတို့နှစ်သစ်ကျော်ငးသားတွေကတစ်နှစ်ထက်
တစ်နှစ်ပိုအစွမ်းထက်လာကြတယ်။ငါ့မျှော်လင့်ချက်က
တော့ ခါဂဲ အကယ်ဒီမီ ပိုမိုအားကောင်းလာဖိုပါပဲ”စသဖြင့်မိန်ခွင်းပြောပြီးသွားသောအခါသူတို့အား နားချိန်တစ်နာရီပေးလိုက်လေသည်။ဂျင်ချန်၏
ပြိုင်ဘက်ကကဒီလျံဖြစ်ပြီးထိုင်းတ၏
ပြိုင်ဘက်ကတော့တန်မုရှောင်ဖြစ်သည်။
စင်အောက်တွင်ကဒီကွင်ကငိုပြီး“ဒုတိယအကို
သူကိုသေချာပေါက်ကလဲ့စားချေပေးပါ:”ကဒီကွင်က
ဒေါသတကြီးပြောနေသည်။.
သူညီမငိုနေတာကိုကြည့်ပြီးကဒီလျံ
အလွန်ဒေါသထွက်နေပြီး“ညီမကွင်အာမဆိုးရိမ်ပါနဲ့ ငါဒီကောင်ကိုအပြစ်ကောင်းကောင်းပေးမှာပါ၊
ဘယ်လိုမိုက်ရိုင်းလိုက်တဲ့အကောင်လည်း”
သိပ်မကြာလိုက်ပါဂျင်ချန်နှင့်ကဒီလျံနှစ်ယောက်လုံးစင်ပေါ်သို့ရောက်လာပြီးပြိုင်ပွဲစကြောင်းအချက်ပေး သံအားစောင့်နေကြသည်။တောင်းးဆိုသောအသံနှင့် အတူ ကဒီလျံက ဂျင်ချန်စီ တိုးဝင်လာပြီး သူဗိုက်အားလက်သီးဖြင့်ထိုးချလိုက်သည်။
ဂျင်ချန်ကထိုလက်သီးချက်အား
ဘေးတိုက်ရှောင်လိုက်ပြီးအရှိန်လွန်ကကျွံဝင်လာသော ကဒီလျံ၏ကျောကုန်းအားလက်သီးဖြင့်ကဒီလျံထက်
မြန်သောနှုန်းဖြင့်ထိုးချလိုက်လေသည်။“ဖန်းးးး!”
ကဒီလျံတုံပြန်ချိန်ပင်မရလိုက်ပေ။ဂျင်ချန်၏လက်သီးက သူကျောကုန်းနှင့် မိတ်ဆက်သွားပြီးကဒီလျံအား
ရှေ့သိုထိုးသွားစေပြီးထူးထောက်ကျသွားလေသည်။ ထိုလက်သီးချက်ပြီးသွားသောအခါဂျင်ချန်က
အချိန်ဆွဲမနေပဲဒူးထောက်ကျနေသောကဒီလျံဆီသို့
ပြေးသွားကာခြေစုံပစ်ကန်လိုက်သည်။ထိုကန်ချက်ကြောင့်ထူးထောက်ကာ ဟန်ချက်ပျက်နေသော
ကဒီလျံလေထဲသို့နှစ်မီတာ
ခန်လွင်စင်သွားလေသည်။ထိုနောက်ဒရွက်တိုက်
စင်စပ်နားစီသို့လျောထိုးသွားပြီးကဒီလျံစင်ထက်ကနေ
ပြုတ်ကျလုမတတ်ဖြစ်နေသည်။သူ့ခန္ဓာကိုယ် တစ်ဝက်ခန်ကစင်ကို
လွန်ကာမြေပေါ်သို့ကျလုမတတ်ပင်။
ထိုအခြင်းအရာအားကြည့်ရင်းဂျင်ချန်၏လက်ရဲဇက်ရဲ
နိုင်မူအားကြည့်ရင်းကျောင်းသားများအားလုံးဟာခနဲ ဟင်ခနဲဖြစ်သွားကြလေသည်။ဒီတစ်ကြိမ်လောက်
တိုက်တာကိုကြည့်ပြီးတာနှင့်ပင်အနိုင်အရှုံးအား
ဆုံးဖြတ်၍ရသွားသည်။သူတော်စင်စွမ်းအားအဆင့်၉ရှိသောကဒီလျံအားသူတော်စင်စွမ်းအားအဆင့်၈သာရှိသေးသည့် ဂျင်ချန်ကအလွယ်တကူအနိုင်ရသဖြင့်အားလုံးကအထူးတဆန်းတွေဖြစ်နေကြသည်။
ကဒီလျံအားကြည့်ရင်းကဒီကွင်နှင့်ကဒီရန်တို့
နှစ်ယောက်လုံးရင်တထိပ်ထိပ်ဖြစ်သွားကြသည်။
“ဘယ်လိုဖြစ်ပြီးဒုတိယအကိုက
သတိလက်လွှတ်ဖြစ်ရတာလည်း။သူဒီမိမဆုံးမဖမဆုံးမလေးကိုမရှုံးသင့်ဘူး”ကဒီကွင်က
ဒေါသတကြီးပြောလေသည်။သိုသော်လည်းသူမမျက်နှာကိုသေချာကြည့်လျင်
သူအကိုကိုဆိုးရိမ်နေမူအားအတိုင်းသားတွေ့နိုင်သည်။ ကဒီရန်ကသက်ပြင်းတစ်ချက်ချလိုက်ပြီး“ဒုတိယ
ညီလေးအရမ်းသတိကင်းမဲ့လွင်းတယ်။
ဒီလိုသူတော်စင်စွမ်းအားအဆင့်၈ပဲရှိသေးတဲ့
ကောင်ကိုမှရှုံးရတယ်လို့”
စင်မြင့်အထက်တွင်ဒုတိယကျောင်းအုပ်ကြီးဘီအန်ကပြုံးပြီးစိတ်လှုပ်ရှားစွာပြောနေသည်“ဒီနှစ်ငါတို့
ရွေးထားတဲ့ကျောင်းသားသစ်တွေက
တကယ့်ရတနာတွေကြီးပဲ။ဗိုလ်လုပွဲကို
နှစ်ယောက်တက်လာတယ်
တစ်ယောက်ကကောင်းကင်ကပေးလိုက်တဲဆုလဒ်ဖြစ်ပြီးနောက်တစ်ယောက်က
ငါတိုအရောင်တင်ပေးရင်
သေချာပေါက်တောက်ပမယ့်သူပဲဖြစ်တယ်။
ဒီကျောင်းသားနှစ်ယောက်က
သေချာပျိုးထောင်ပေးမယ်ဆိုရင်
ငါတို့တန်းရန်တိုက်ကြီးမှာတကယ်တော်တဲ့ ပညာရှင်နှစ်ယောက်ထွက်ပေါ်လာ
မယ်လိုငါယုံကြည်တယ်။ဒီကိစ္စကို
ကျောင်းအုပ်ဆရာကြီးနဲ့နောက်မှ
သေချာဆွေးနွေးရမယ်။”
စင်ထက်ပေါ်တွင်ကဒီလျံကထလာပြီးသူခေါင်းပေါ်က
ချွေးများအားလက်ဖြင့်သုတ်လိုက်လေသည်။ပြီးတော့သူဗိုက်တွင်နာကျင်မှုအား
ခံစားလိုက်ရသောကြောင့်ငုံကြည့်လိုက်သောအခါ
ခြေရာကြီး
တစ်စုံသူကိုယ်ပေါ်တွင်
တံဆိပ်ခတ်နှိပ်ထားသကဲ့သိုပေါ်နေသည်။
ကဒီရန်ကကဒီလျံစီလျောက်လာရင်းပြောလိုက်သည်
“ဒုတိယညီလေးမင်းငါ့ကိုစိတ်ပျက်စေတယ်။မင်းကဒီကလန်ကိုမျက်နှာပျက်စေတယ်”
ထိုစကားအားပြောပြီးကဒီရန်ထိုနေရာမှချက်ချင်းထွက်သွားလေသည်။
ကဒီရန်၏စကားအားကြားလိုက်ရသောအခါကဒီလျံ
မျက်နှာအကြီးအကျယ်ပျက်သွားသည်။
“ဒုတိယအကိုအရမ်းသတိကင်းမဲ့လွန်းတယ်။
အကိုကသာပညာပေးမယ်ပြောတာတကယ်ကျတော့ အကိုပဲပညာပြန်ပေးခံလိုက်ရတယ်”ကဒီကွင်က
စိတ်ပျက်စွာပြောလိုက်သည်။
ထိုစကားအားကြားလိုက်ရသောအခါကဒီလျံက“ဒါကသူကံကောင်းသွားလို့ပါ။ဒီရဲ့စင်ကြောင့်
သာသူနိုင်သွား
တာ။တကယ်လို့နေရာပြောင်းတိုက်မယ်ဆို
သူကငါ့ပြိုင်ဘက်မဟုတ်ပါဘူး၊ညီမလေးမဆိုးရိမ်နဲ့ သူကိုငါသေချာပေါက်ပညာပေးမှာပါ”
ကဒီကွင်နည်းနည်းစဉ်းစားလိုက်ပြီးသူ့အကိုရဲ့
အကြောင်းပြချက်ကဖြစ်နိုင်တယ်ဟုသူမထင်မိသည်။
ထိုကြောင့်သူမခေါင်းအားဖြည်းဖြည်းလေးညိမ့်လိုက်ပြီး
“ဒုတိယအကိုနောက်တစ်ကြိမ်ကြရင်သူကို
သေချာပေါက်သင်ခန်းစာပေးပေးပါ”
ကဒီလျံကသူရင်ဘက်အားပုတ်လိုက်ပြီး။ညီမလေးစိတ်မပူပါနဲ့ဒီကိစ္စကိုအကိုတာဝန်ယူတယ်”
ဂျင်ချန်သူူပြိုင်ဘက်အားအနိုင်ယူပြီးသိပ်မကြာခင်မှာ
ထိုင်းတနှင့်တန်မူရှောင်တို့၏ပွဲကလည်း
အဆုံးသတ်နားသို့ရောက်လာလေသည်။ထိုင်းတက သူပြိုင်ဘက်ထက်သူတော်စင်စွမ်းအားတစ်ဆင့်
နိမ့်သော်လည်းသူရဲ့ကောင်းကင်ကပေးလိုက်သော သန်မာမှုနှင့်ဆက်လက်တိုက်ခိုက်နေသည်။နောက်ဆုံးမှာတော့ထိုင်းတသူရဲ့အမဲလိုက်ဖူးတဲ့
အတွေ့အကြုံများကိုအသုံးချကာတန်မူရှောင်အား အနိုင်ယူလိုက်လေသည်။ထိုင်းတနှင့်
ဂျင်ချန်တို့နှစ်ယောက်နောက်ပွဲတွင်တိုက်ရမည်ဖြစ်ပြီး
ကျောင်းသားသစ်များ
ဘုရင်ဆုကိုအနိုင်ရရှိသူကရမည်ဖြစ်သည်။