Chapter – 15 ကဒီကွင်
ထိုင်းတ၏စကားအားကြားရသောအခါ“ထိုင်းတမင်းရဲ့ ဒီကြီးမားတဲ့အင်အားတွေရှိတယ်ပြောတယ်နော်။
အဲ့တော့ မင်းဘယ်လောက်လေးလံတဲ့ပစ္စည်းတွေကိုမနိုင်လည်း?”
“ကျွန်တော်အိမ်မှာတုန်းကတော့၂၀၀ ကီလိုဂရမ်လောက်ကို မဖူးတယ်။” သူကဂုဏ်ယူစွာပြောလိုက်လေ
သည်။
ထိုင်းတဖြေတာကိုကြားလိုက်တော့ဂျင်ချန်
မျက်နှာသေကြီးဖြစ်သွားလေသည်။ သူက မွန်းစတားပဲသာမာန်အရွယ်ရောက်ပြီးသားလူငယ်တစ်ယောက်ကထိုမျှလောက်အလေးကိုမမနိုင်ပေ။ထိုင်းတန်လို
လူကသာထိုအလေးချိန်ကိုမနိုင်လေသည်။ဂျင်ချန်
စိတ်ထဲတွင်ချီးကျုးရုံသာတတ်နိုင်တော့သည်။
“ထိုင်းတမင်းအသက်ဘယ်လောက်လည်း”ဂျင်ချန်က ထိုင်းတအားကြည့်ရင်းမေးလိုက်လေသည်။
“အသက်က၁၆နှစ်ပါ”ထိုင်းတပြန်ဖြေလိုက်လေသည်။
ဂျင်ချန်ခေါင်းသာပိုကြီးလာသည်။
ထိုနောက်သူကဆက်မေးလိုက်သည်“ထိုင်းတမင်းငယ်ငယ်ကတည်းက
ဒီလိုသန်မာတာလား’
“ဟုတ်တယ်ကျွန်တော်ပိုလိုပဲသန်မာလာတယ်။ ကျွန်တော်ထင်တာတော့အိမ်ကအစားအစာတွေ အကုန်လုံး
တစ်ယောက်တည်း စားပြစ်လိုထင်တယ်။တစ်ခါတစ်လေမဝရင်တောထဲမှာအမဲလိုက်ပြီးတောင်စားရတယ်”
ထိုင်းတကပြန်ဖြေလိုက်သည်။
ဂျင်ချန် သက်ပြင်းအား ချလိုက်ပြီး အတည်ပြုလိုက်သည်။ထိုင်းတရဲ့အင်အားကဘုရားကပေးလိုက်တဲ့
လက်ဆောင်ပဲဖြစ်ရမယ်။
ထိုင်းတကမတ်တပ်ရပ်လိုက်ပြီးဗိုက်အားပွတ်ကာရယ်ရင်းပြောလိုက်သည်“ချင်းရန်ရှင်းတန်ကျွန်တော်
ဗိုက်ပြည့်သွားပြီ။အခန်းပြန်အိပ်တော့မယ်။
မနက်ဖြန်ကြရင်လည်းပြိုင်ပွဲရှိသေးတယ်ဆိုတော့’ ဂျင်ချန်ခေါင်းညိမ့်လိုက်ပြီး“ငါမနက်ဖြန်မင်းကို
အဆင်း၃အတွင်းဝင်ဖို့မျှော်လင့်ပါတယ်”
ထိုင်းတခေါင်းအားညိမ့်လိုက်ပြီးယုံကြည်မှုရှိသော မျက်လုံးများဖြင့်“ငါအလုပ်အရမ်းကြိုးစားနေတာ အဆင့်၃အတွင်းဝင်ဖို့ပဲ။အဆင့်၁အမြူတေက
အနည်းဆုံးတော့ကြေးပြား၁၀ပြားလောက်ရောင်းလို့ ရလောက်တယ်’
ထိုင်းတထွက်သွားပြီးဂျင်ချန်လည်း
သူအခန်းသိုပြန်ခဲ့လိုက်သည်။သူတံခါးပိတ်ရုံပဲ ရှိသေးသည်အပြင်က
အသံအားကြားလိုက်ရသည်။
“လေးယောက်မြောက်ညီလေးမင်းရှိလား’ချင်းရန်ဟူ
၏အသံကိုကြားလိုက်ရသည်။ဂျင်ချန်တံခါးအား
လျင်မြန်စွာဖွင့်လိုက်ပြီးအထဲအားဖိတ်ခေါ်လိုက်သည်။“ညီလေးရေတောင်းပန်ပါတယ်မင်းပြိုင်ပွဲ
ဝင်နေကတည်းကငါလာမကြည့်နိုင်ဘူးး။အခုအခြေအနေ
ဘယ်လိုရှိလည်း”ဂျင်ချန်ဘာမှမပြောနိင်ခင်
သူကဦးအောင်ပြောလိုက်လေသည်။
ဂျင်ချန်ကခေါင်ညှိတ်လိုက်ပြီး“ကျွန်တော်နောက်ဆုံး
၈ယောက်ထဲဝင်တယ်။မနက်ဖြန်ကပြိုင်ပွဲနောက်ဆုံး
နေ့ပဲ”
ဂျင်ချန်၏စကားအားကြားလိုက်ရသောအခါချင်းရန်ဟူ
ကပြောရွင်စွာပြောလိုက်လေသည်။“လေးယောက်
မြောက်ညီလေးမင်းတစ်ကယ်တော်ပါပေတယ်။’သူကထိုစကားအားပြောပြီးအိပ်ကပ်ထဲမှ
ကျောက်တုံးအငယ်လေးလောက်ရှိသော အလုံးလေးအားထုတ်ပြီးဂျင်ချန်လက်အတွင်းသို့ထဲ့ပေးလိုက်လေသည် “ညီလေးဒါကအဆင့်၁အမြူတေပဲ။လွင်ခဲ့တဲ့
၂ရက်တုန်းကငါနဲ့သူငယ်ချင်းအနည်းငယ်တို့
အကယ်ဒမီနောက်ကတောထဲမှာအမဲသွားလိုက်တာဒါကိုရခဲတာပဲ။ဒီအမြူတေကညီလေးအတွက်
တိုက်ခိုက်ယူခဲ့တာ။မနက်ဖြန်လည်းပြိုင်ပွဲရှိသေးတော့ မင်းကိုမနှောက်ယှက်တော့ဘူး။အဆင့်၁
ရအောင်ကြိုးစားခဲ့”ဟုပြောကာချင်းရန်ဟူတံခါးအား ပိတ်ကာ
ပြန်ထွက်သွားလေသည်။
ချင်းရန်ဟူူပြန်အထွက်သွားခင်သူလက်မောင်းတွင်
၃စင်တီမီတာလောက်နက်သည့်
လက်သည်းရာကြီးအားဂျင်ချန်သတိပြုမိလိုက်သည်။အဆင့်၁အမြူတေအားကြည့်ရင်းဂျင်ချန်ရင်ထဲတွင်
နွေးထွေးသွားသလိုခံစားလိုက်ရသည်။ဒါကအဆင့်၁
အမြူတေဖြစ်ပေမယ့်ချင်းရန်ဟူ၏
စေတနာအားခံစားမိသည်။ချင်းရန်ဟူ၏လက်က
ဒဏ်ရာသည် မွန်းစတားတွေနဲတိုက်ခိုက်တုန်းက ရခဲ့မှန်းဂျင်ချန်သိလေသည်။
ထိုအကြောင်းအားစဉ်းစားမိသောအခါဂျင်ချန်
အရင်ဘဝကမခံစားခဲ့ရဘူးသည့်ခံစားချက်မျိုးအား ခံစားမိလေသည်။
ဂျင်ချန်နောက်ဆုံးမှာတော့စိတ်အားတည်ငြိမ်စွာ ထားလိုက်ပြီးအိပ်ယာအထက်သိုတက်ကာ
လေ့ကျင့်ခြင်းကိုစတင်လိုက်သည်။ သူတွင်အမြူတေရှိနေသော်လည်းသူမသုံးသေးပဲ
သိုလှောင်ခါးပတ်အတွင်းသိမ်းထားလိုက်လေသည်။ မနက်ဖြန်မနက်တွင်ဂျင်ချန်မနက်စာအားလျင်မြန်စွာစားကာပြိုင်ပွဲရှိရာသို့ထွက်ခဲ့လေသည်။ဒီနေ့က
ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်သဖြင့်လူပေါင်းများစွာ
လာကြလေသည်။အသစ်လာသောကျောင်းသားများက
ကျောင်းသားဟောင်းများဖြစ်ကြသည်။
ပြိုင်ပွဲစင်အားမနေ့ညကပြုပြင်လိုက်သည်။အရင်
၅နေရာအား၄နေရာအဖြစ်သိုပြောင်းလိုက်လေသည်။
ထိုလေးနေရာကအရင်ငါးနေရာထက်ပိုကျယ်လေသည်။ထိုအချန်တွင်ဂျင်ချန်တစ်ခုခုအားခံစားရသဖြင့်
နောက်လှည့်ကြည့်လိုက်ရာသူ့အကိုချင်းရန်ဟူအား
တွေ့လိုက်ရသည်။သူကဂျင်ချန်အနားရောက်ရန် လူအုပ်ကြီးအားတိုးခွေ့နေသည်။
ဂျင်းချန်ကရယ်ရင်းလှမ်းပြောလိုက်သည်
“အကိုကြီးအဆိုးရိမ်ပါနဲ့ကျွန်တော်သေချာပေါက် အကိုကြီးကိုမကျဆုံးစေရပါဘူး”
အချိန်ကလျင်မြန်စွာကုန်ဆုံးသွားပြီး
နောက်ဆုံး၈ယောက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် စလေပြီ။မဲများခွဲပြီးသောအခါဂျင်ချန်ပြိုင်ပွဲစင်မြင့်ထက်သို့ တက်လိုက်သည်။သိပ်မကြာခင်မှာပဲဂျင်ချန်၏
ပြိုင်ဘက်ကဖြေးညင်းစွာတက်လာလေသည်။ဂျင်ချန်
အံသြသွားသည်။သူပြိုင်ဘက်ကမိန်းကလေးဖြစ်ပြီး
အတိအကျပြောရလျင်ကဒီကွင်ဖြစ်သည်။
ကဒီကွင်ကအနီနှင့်အနက်စပ်ထားသည်
အိင်္ကျံအားဝတ်ထားသည်။သူမကအသက်၁၆၁၇
ခန်သာရှိသေး
သော်လည်းခန္ဓာကိုယ်ကတော့အတော်လေးဖွင့်ဖြိုးလေသည်။ကောက်သင့်သည့်နေရာက
ကောက်ပြီး
သွယ်သင့်သည့်နေရာကသွယ်သည်။သဘာဝကျကျ လှပနေသောမျက်နှာဖြင့်အသားအရည်ကလည်း
ဝင်းဝါစိုပြည်နေပါသည်။သူမကလူအုပ်ထဲက
ယောက်ကျားလေးတော်တော်များများအား
ဆွဲဆောင်နိုင်သည်။သူမအနားတဝိုက်လေထုဝန်းကျင် အနေအထားကတော့မာနကြီးသည့်
အနံများသင်းလျက်ရှိသည်။
ဂျင်ချန်ကတော့လက်နက်မဲ့အနေအထားနှင့်
ရပ်လျက်ရှိသည်။အဘယ်ကြောင့်ဆိုသောအကယ်ဒမီစည်းကမ်းကြောင့်ဖြစ်လေသည်။သူတို့က
လူတစ်ယောက်ရဲ့သန်မာမှုကိုစစ်ဆေးရန်
အကောင်းဆုံးသော
နည်းလမ်းသည်လက်နက်မဲ့တိုက်ခိုက်ခြင်းဖြစ်သည်ဟုလက်ခံထားကြသည်။ကဒီကွင်ကဂျင်ချန်အား
ကြည့်ကာ“နင်ငါတိုကိုစိတ်မပျက်စေဘူးပဲ။ ထမင်းစားခန်းထဲမှာနင့်ရဲ့မာနထောင်လွှား မှုတွေအတွက်ဒီနေ့နင့်ကိုငါ
သေချာပေါက်သင်ခန်းစာပေးရမယ်” ကဒီကွင်၏အသံကရှတတနှင့်ကြည်လင်ပြတ်သားစွာပြောလိုက်လေသည်။
ထိုစကားအားကြားလိုက်ရသောအခါဂျင်ချန်၏
မျက်နှာတွင် အထင်သေးသည့်အမူအရာပေါ်သွားသည်။အင်အားကြီးကလန်တွင်မွေးဖွားသည့်လူများသည်
ကောင်းကင်နှင့်မြေကြီးက
ဘယ်လောက်ကျယ်ပြောမှန်းသူတို့မသိကြပေ။
ဘွင်း”!
ဆိုသည့်ကျယ်လောင်သည့်
အသံကြီးအားကြားလိုက်ရပြီးပြိုင်ပွဲစတင်လေပြီ။ ထိုအသံကပြိုင်ပွဲစင်လေးခုရှိလူများအား
စတင်တိုက်ခိုက်ရန်အချက်ပေးလိုက်ခြင်းဖြစ်သည်။
ဖိုက်တာ၈ယောက်တို့ကလည်း
တိုက်ခိုက်ရန်စတင်လေတော့သည်။
ကဒီကွင်ကဂျင်ချန်စီပြေးဝင်လာသည်။သူမက
ဂျင်ချန်နှင့်၃မီတာခန်အကွာသိုရောက်သော်အခါ
ရုတ်တရက်လေပေါ်သို့ခုန်တက်လိုက်ပြီးဂျင်ချန်၏ မျက်နှာစီသို့ကန်ချက်တစ်ချက်
ပစ်သွင်းလိုက်လေသည်။ကဒီကွင်က
အသက်ငယ်သေးသော်လည်းသူတော်စင်စွမ်းအားအဆင့်၉သို့ရောက်ပြီးဖြစ်သဖြင့်သူမက
တော်တော်သန်မာသည်ဟုပြောနိုင်၏။
ဂျင်ချန်ကသူရပ်နေသည့်နေရာတွင်
ခြေတစ်လှမ်းမျှမရေ့ပဲရပ်နေသည်။ကဒီကွင်
၏ခြေထောက်သူမျက်နှာနှင့်နီးလာသော်အခါ
လည်ပင်းအားစောင်းပြီးသူ့ခေါင်းနှင့်ကန်ချက်အား ဆံပင်မွေးတစ်လုံးစာမျှ
လွဲရုံလေးကပ်ရှောင်လိုက်သည်။
ကဒီကွင်၏လှုပ်ရှားမှုကအတော်လေးမြန်သည်။
သူမရဲ့ကန်ချက်မထိမှန်းသိလိုက်သောအခါဂျင်ချန်၏
နှာခေါင်းစီသို့သူတော်စင်စွမ်းအားများပါဝင်သော လက်သီးဖြင့်ထိုးချလိုက်သည်။သူမ၏လက်သီးကအလွန်လျင်မြန်သောနှုန်းဖြင့်လာရုံမက
ထုထည်ကြီးမားသောစွမ်းအင်များကလည်းသူမရဲ့
လက်သီးတွင်
ကပ်ပါလာလေသည်။သာမာန်လူတစ်ယောက်ထိုလက်သီးချက်အမိခံလိုက်ရပါကဒဏ်ရာအပြင်းအထန်ရ
သွားနိုင်လေသည်။သူမကဂျင်ချန်အား
အားကုန်ထုတ်တိုက်နေဖြင်းဖြစ်သည်။ဂျင်ချန်အားနိုင်ပြီး
နောက်ပွဲတွေဆက်မတိုက်နိုင်အောင်အားခမ်းသွားလျင်တောင်မှဂျင်ချန်အားမှတ်လောက်သားလောက်
ဖြစ်အောင်ဆုံးမသွားချင်နေသည်။
ဂျင်ချန်ကကဒီကွင်၏တိုက်ခိုက်မှုအားအသာအယာ
ရှောင်နေ၏။သူရဲ့ပြိုင်ဘက်ကသူထက် အဆင့်တစ်ဆင့်မြင့်သော်လည်းဂျင်ချန်ကသာမာန်ကလေးမဟုတ်ပေ။သူရဲ့တိုက်ပွဲ
အတွေ့အကြုံကအရမ်းများပြားသောကြောင့်
သူကပြန်မတိုက်ပဲရှောင်ပဲရှောင်နေလျင်ကဒီကွင်သူအဝတ်စကိုပင်မထိနိုင်ပဲ
ငါးချီဆက်တိုက်တိုက်ခိုက်နေရလေသည်။
ကဒီကွင်ကအကြိမ်ပေါင်းများစွာတိုက်ခိုက်သော်လည်း
ဂျင်ချန်၏အဝတ်စကိုပင်မထိနိုင်သောကြောင့်သူမအတော်လေးဒေါသထွက်လာသည်။
သူမအရမ်းစိတ်ပျက်လာပြီးတိုက်ခိုက်မူအားရပ်ကာဂျင်ချန်အား
ကြည့်လိုက်ပြီး“ဟေးနင်တိုက်ခိုက်ဦးမှာလားဒီနေ့က။ နင်မတိုက်တော့ဘူးဆိုလည်းစင်ပေါ်ကနေသာ
ဆင်းသွားတော့။ငကြောက်’
ဂျင်ချန်ကသူမအားကြည့်ပြီးတစ်ချက်ခွီလိုက်သည်
“စင်ပေါ်ကနေထွက်သွားရမှာကနင်လေငါမဟုတ်ဘူး။ မင်းငါ့အသားကိုတောင်တစ်ချက်မှမထိနိုင်ပဲ
ငါ့ကိုဘယ်လိုများရိုက်ချင်သေးတာလည်း’
“နင်..နင်ကဒီကွင်၏လှပသောမျက်နှာလေးသည်
ဒေါသကြောင့်နီရဲလာလေသည်။သူမကဂျင်ချန်အား
လက်ညိုးနှင့်ထိုးရင်းစကားပင်မပြောနိုင်တော့ချေ။ သူမကစိတ်တည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး“ငါက နင့်ကိုမထိနိုင်ရအောင်နင်ကငါနဲ့ထိပ်တိုက်ရင်ဆိုင် တိုက်နေလိုလား။ငါ့တိုက်ကွက်တွေကို ရှောင်ရုံပဲ
တတ်နိုင်တဲ့ငကြောက်ကများ”
“အာကောင်းပြီလေ”ဂျင်ချန်ကတော့ထူးဆန်းသော မျက်နှာပေးနှင့်တစ်ချက်ပြုံးလိုက်သည်။
ကဒီကွင်ကစကားကိုပြီးအောင်ဆက်ပြောလိုက်သည်“သေချာတာပေါ့နင်ငကြောက်မဟုတ်ဘူးဆိုငါ့ကို
တိုက်ဖို့ကြိုးစားကြည့်”
ဂျင်ချန်ကကျန်သည့်ပြိုင်ပွဲစင်သုံး
ခုအားကြည့်လိုက်သောအခါအားလုံးကပွဲသိမ်းခါနီးနေပြီဖြစ်သည်။
သူက ကဒီကွင် အားပြန်ကြည့်လိုက်ပြီး ရယ်လျက် “မင်းအဲ့လောက်ထိပ်တိုက်တွေ့ချင်နေမှတော့လည်းငါမင်း ဆန္ဒကိုဖြည့်စည်းပေးရသေးတာပေါ့”