Chapter – 14 ထိုင်းတ
“ဘန်း …။ ”
ဂျင်ချန်သူ၏အစားအစာအားစားနေစဉ်သူ့ပခုံးအား
ရုတ်တရက်ရိုက်ခံလိုက်ရသောကြောင့်
စားပွဲတစ်ခုလုံးပင်တုန်ခါသွားလေသည်။ဂျင်ချန်သူခေါင်းအားတဖြေးဖြေးချင်းမော့လိုက်ပြီး
ကြည့်လိုက်သည်။ထိုလက်ပိုင်ရှင်ကအသက်၂၀ခန်ရှိမည့်ယောက်ကျားလေးမြင့်မြတ်သောမျိုးရိုးက တစ်ယောက်ဖြစ်လေသည်။ ထိုလူငယ်၏ ဘေးတွင်အလွန်မာနကြီးမည့်ဟန်ရှိသည့်
လူငယ်နှစ်ယောက်ပါလာသည်။တစ်ယောက်ကမိန်းကလေးဖြစ်ပြီးတစ်ယောက်က
ယောက်ကျားလေးဖြစ်သည်။သူတို့အဝတ်အစားတွေကို ကြည့်လိုက်ရုံဖြင့်ချမ်းသာသောမိသားစုကမှန်း
ထင်ရှားလေသည်။ ထိုဝတ်ကောင်းစားလှ ဝတ်ထားသောသုံးယောက်အား ကြည့်ပြီး ဂျင်ချန် အမြင်ကပ်သွားသည့်ဟန်ဖြင့်
“ဘာကိစ္စရှိလို့လည်း’”
အသက်၂၀ခန်ရှိသည့်လူငယ်ကဂျင်ချန်အား
စားမတတ်ဝါးမတတ်ကြည့်လိုက်ပြီး‘ဟေ့မိမစစ်လေး။ဒီစားပွဲကငါတို့ထိုင်မလို့မင်းတခြားနေရာတစ်ခုခုကို
သွားထိုင်တာကောင်းမယ်’ထိုလူငယ်ကဂျင်ချန်အား
သာမာန်မိသားစုကမဟုတ်မှန်းသိသော်လည်း
ယင်း၏မျက်နှာတွင်ဂရုမစိုက်ကြောင်းဖော်ပြနေသည်။ထိုလူငယ်၏စကားအားကြားလိုက်ရသော
အခါဂျင်ချန်ကမျက်နှာထားတင်းတင်းနှင့်
‘မင်းစားချင်ရင်ဝင်စားလိုက်။ဒီစားပွဲကကျောင်းပိုင် မင်းနာမည်လည်းမရေးထားဘူး။ဘယ်တုန်းက
မင်းပိုင်စားပွဲဖြစ်သွားတာလည်း”
ထိုစကားအားကြားလိုက်ရသောအခါထိုလူငယ်
ကြည့်ရတာအတော်လေးဒေါသထွက်သွားဟန်ရှိသည်။သူကစိတ်မရှည်သည့်ဟန်ဖြင့်
“မင်းသွားမှာလားမသွားဘူးလား”
ထိုအချိန်တွင်ထမင်းစားဆောင်တစ်ခုလုံးကဂျင်ချန်တို့ စားပွဲအားစိတ်ဝင်တစားစောင့်ကြည့်နေကြလေ
သည်။သိုသော်မည်သူကမှရှေ့ထွက်ပြီးဝင်မပါကြချေ။ ဂျင်ချန်မျက်နှာ
တွင်မထီပြုံးလေးတစ်ချက်ပေါ်လာလေသည်။
ထိုကဲ့သို့သော်အခြေအနေမျိုးကိုသူအရင်ဘဝကလည်း များစွာကြုံဖူးပြီးသားဖြစ်သည်။လာစသည့်
လူမှန်သမျှကိုလည်းပြင်းပြင်းထန်ထန်
ဆုံးမလိုက်သည်ကြီးသာဖြစ်သည်။
“အကိုကြည့်ရတာမင်းရဲ့ပါဝါကဒီကျောင်းမျာ ဘာမှမရှိဘူးထင်တယ်။စားပွဲလေးတစ်ခုတောင်ရအောင်မ
တောင်းနိုင်ဘူး။ငါတို့ကိုအပြင်မှာ
စားလို့ရအောင်လုပ်ပေးတာပိုအဆင်ပြေမယ်ထင်တယ်။”
ထိုလူငယ်နောက်က အထက်တန်းလွှာကောင်မလေးကရယ်ရင်းပြောလိုက်လေသည်။ထိုစကားအား
ကြားလိုက်ရသောအခါအသက်၂၀ခန်ရှိသော လူငယ်အနည်းငယ်ရှက်သွာလေသည်။
ထိုနောက်ဂျင်ချန်အားကြည့်ရင်းအော်ပြောလိုက်သည်
“ကောင်စုတ်မင်းနာမည်ဘာလည်းဘယ်မိသားစုကလည်း။မင်းသတ္တိရှိရင်ပြောစမ်း”
ဂျင်ချန်မျက်ခုံးတွန်လိုက်ပြီး
သူဘာမှမပြောသေးခင်မှာပင်အသံတစ်သံထွက်လာလေသည်။
“ကဒီရန်မင်းကခါဂဲအကယ်ဒမီရဲ့နှစ်ကြီး
ကျောင်းသားဖြစ်ပေမယ့်
ပထမနှစ်ကျောင်းသားလေးတွေကိုအနိုင်ကျင့်လို့မရဘူး”
ကဒီရန်ကိုစကားပြောလိုက်သောတစ်ယောက်သည်
အသက်၂၀ခန်ပင်ရှိလောက်သေးပြီး
ကျောင်းယူနီဖောင်းအားဝတ်ဆင်ထားလေသည်။
ထိုရောက်လာသောလူအားကြည့်ပြီးကဒီရန်မျက်နှာ
ပြောင်းသွားလေသည်။သူမျက်လုံးတို့
ကအကြောက်တရားအားမသိမသာဖော်ပြသွားသည်။သူကပြောလိုက်သည်“ဘီမိုရမ်မင်းဝင်ပါသင့်တဲ့
ကိစ္စမဟုတ်ဘူး”
ထိုအချန်မှာပဲဂျင်ချန်
သူတို့နာမည်တွေအားသိလိုက်သည်။ဘီမိုရမ် လိုခေါ်သောလူငယ်ကပြောလိုက်သည်
“မှန်တယ်ငါကမင်းကိစ္စကိုဝင်မပါသင့်ဘူးဆိုပေမယ့်
နှစ်ကြီးကျောင်းသားတစ်ယောက်အနေနဲ့မင်း
ကျောင်းသားအသစ်တွေကိုအနိုင်ကျင့်နေတာကိုရပ်မကြည့်နိုင်ဘူးကွ”
ကဒီရန်၏အနည်းငယ်တွန်ဆုတ်သွားမူကိုကြည့်ကာအနောက်ကကောင်မလေးက
‘အကိုကြီးဟိုမှာထိုင်ခုန်လွှတ်နေပြီ
သွားထိုင်ကြရအောင်”ဟုပြောလိုက်လေသည်။
ကဒီရန်ကပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်ပြီး“
ဒုတိယညီလေးနဲ့တတိယညီမလေး
ငါတိုသွားကြရအောင်”ဟုပြောကာ ထွက်သွားလေသည်။ဒီပြသာနာဆက်ဖြစ်ပါကသူတိုဘက်က
အရေးနိုမ့်နိုင်မှန်းသိသည်။သန်မာမှုခြင်းယှဉ်လျင် ဘီမိုရမ်ကကဒီရန်ထက်ပိုမိုသန်မာလေသည်။
ပြီးတော့အရေးကြီးဆုံးပြသာနာက
နှစ်ကြီးကျောင်းသားတစ်ယောက်အနေနဲ့
ကျောင်းသားအသစ်များ
အားအနိုင်ကျင့်သည်ဆိုသောသတင်း
ကျောင်းအုပ်ချုပ်သူတွေစီကိုရောက်သွားပါကသူအပြစ်ပေးခံရ
နိုင်လေသည်။
ထိုအချန်တွင်ကဒီရန်၏ညီမကဂျင်ချန်အားကြည့်ရင်း
“ငါသူကိုမှတ်မိပြီသူကကျောင်းသားသစ်များ
သိုင်းပြိုင်ပွဲမှာနောက်ဆုံးကျန်တဲ့ လူ ၁၂၈ယောက်ထဲမှာပါတယ်။ငါသူ့ကိုကြိုးဝိုင်းထဲမှာမြင်လိုက်တယ်”
ထိုစကားအားကြားလိုက်ရသောအခါဒုတိယအကိုက‘’
ငါမနက်ဖြန်သူနဲ့ကျရင်ကောင်းမှာပဲသိုင်းပြိုင်ပွဲ
ကြရင်’သူကယုတ်မာသည်ရယ်သံမျိုးဖြင့် ရယ်ရင်းပြောလိုက်လေသည်။
ဘီမိုရမ်ကဂျင်ချန်၏ပခုံးအားပုတ်လိုက်ပြီး
ရယ်ရင်းပြောလေသည်“မင်းကတော့တကယ့်ကောင်ပဲကဒီရန်လိုလူမျိုးကိုတောင်မျက်နှာသာမပေးဘူး။
သူအနာဂတ်မှာမင်းကိုအနိုင်ကျင့်ဖို့ကြိုးစားရင် ငါ့ကိုသာလာပြော”
ဂျင်ချန်ကပြုံးရင်းမတ်တပ်ရပ်ကာ‘ကျွန်တော်က ချင်းရန်ရှင်းတန်ပါ။အခုလိုကူညီပေးတဲ့အတွက်
ကျေးဇူးပါပဲ’
“ဟုတ်ပါပြီ၊မင်းမနက်ဖြန်ပြိုင်ပွဲကျရင်ဂရုစိုက်ပါ
ကဒီရန်နောက်ကသူ့ညီနဲ့ညီမကသူတော်စင်စွမ်းအားအဆင့်၉က်ိုရောက်သွားပြီ”
ဂျင်ချန်ကရယ်လိုက်ပြီး“စီနီယာအကိုဘီမိုရမ်
စိတ်မပူပါနဲ့ကျွန်တော်သူတိုနဲတွေ့ရင်သေချာပေါက် ဂရုစိုက်ပါ့
မယ်။
ဘီမိုရမ်ကခေါင်းညိမ့်လိုက်ပြီး“နောက်ကျနေပြီ
ကိုယ့်အခန်းကိုယ်ပြန်ကြရအောင်
မနက်ဖြန်ကြမှတွေ့ကြတာပေါ့”
ဂျင်ချန်သူ့အခန်းအားပြန်ရောက်ရောက်ချင်း
လေ့ကျင့်ခန်းစလုပ်နေလိုက်တော့သည်။
ပြိုင်ပွဲ၏ဒုတိယနေ့သည်လည်းလျင်မြန်စွာ
ပြိုင်ပွဲကျင်းပနေပြီး လူယောက်၅၀သာကျန်တော့သည်။ထိုအချိန်ရောက်သောအခါဒိုင်လူကြီးကအဆင့်၈နှင့် အဆင့်၉လူများမတွေ့ရန်စီစဉ်ထားသော
စည်းမျဉ်းအားဖျင်သိမ်းလိုက်လေသည်။ဂျင်ချန်ပဲဖြစ်ဖြစ်တခြားသူပဲဖြစ်ဖြစ်အဆင့်၈အတွင်းဝင်ချင်လျင်
အဆင့်၉ရောက်နေသော ကျောင်းသားများနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
သူတော်စင်စွမ်းအားအဆင့်၉ရောက်နေသူများသည်
၆ယောက်ရှိပြီးမနေ့ကဂျင်ချန်နှင့်ပြသာနာတက်ခဲ့သော
ကဒီကွင်းနှင့်ကဒီလျံတိုလည်းပါဝင်သည်။ဂျင်ချန်က
သူတို့နှစ်ယောက်နှင့်မတိုက်ရသေးသော်လည်း သူတို့နှင့်တွေ့ပါကရန်လိုသောအကြည့်များအား ရင်ဆိုင်နေရလေသည်။
နောက်ဆုံးပြိုင်ပွဲကမနက်ဖြန်ကျင်းပမည်ဖြစ်ပြီး
ပြိုင်ပွဲပြီးပါကကျောင်းသားသစ်များကြားဗိုလ်ဆွဲသူအား
ကြေညာသွားမည်ဖြစ်သည်။
သိုင်းပြိုင်ပွဲကနေထမင်းစားဆောင်ထွက်ခဲ့လေသည်။သူထမင်းစားပြီးသော်အခါ ပြိုင်ပွဲအတွင်း အားလုံးကိုအံ့သြသွားစေသောကျောင်းသားတစ်ယောက်ကို
သူတွေ့လိုက်လေသည်။ထိုကျောင်းသားကထောင့်တစ်
ထော့င်တွင်တစ်ယောက်တည်းစားနေ၏။
သူကသာမာန်အဝတ်အစားများအားဝတ်ထားပြီးအသက်၁၆နှစ်
ခန်သာရှိသေးသော်လည်းသူရဲ့မျက်နှာက
ရင့်ကျက်သည့်ဟန်ပေါ်လေသည်။သူ့ခန္ဓာကိုယ်
အချိုးအဆစ်ကတောင့်တင်းခိုင်မာလွန်းပြီးအရွယ်နှင့်ပင်မမျှချေ။သူကအရပ်၁.၈မီတာခန်ရှည်ပြီးဂျင်ချန်၏
အကိုချင်းရန်ဟူနှင့်ပင်မတိမ်းမယိမ်းရှိလေသည်။.
ဂျင်ချန်ခဏလောက်စဉ်းစားလိုက်ပြီးထိုကျောင်းသား ထမင်းစားနေရာသို့သွားကာဝင်ထိုင်လိုက်လေသည်။ သူကခေါင်းအားလှည့်ကာဂျင်ချန်အား
နှုတ်ဆက်လိုက်သည်။ဂျင်ချန်ကပြုံးရင်း“ငါက
ချင်းရန်ရှင်းတန်ပါ။မင်းကိုဘယ်လိုခေါ်ရမလည်း”
သူကခေါင်းအားမော့၍ဂျင်ချန်၏အဝတ်အစားများအား
တစ်ချက်ကြည့်လိုက်ပြီး“ကျွန်တော်ကထိုင်းတပါ’ ဂျင်ချန်ကရယ်ရင်းပြောလိုက်သည်“ငါမင်းကို
ပြိုင်ပွဲတုန်းကသာတွေ့လိုက်တာပါ။သူတော်စင်စွမ်းအား အဆင့်၈ကအဆင့်၉ကိုနိုင်အောင်တိုက်နိုင်တာ
တကယ်မိုက်ပါပေတယ်။”
ဂျင်ချန်၏ချီးကျူးစကားအားကြားလိုက်ရသောအခါထိုင်းတမနေနိုင်ပဲတစ်ချက်ရယ်လိုက်ပြီး“ကျွန်တော်
နိုင်တာဘာလိုလည်းဆိုတော့သူတို့
ထက်ပိုသန်မာလို့ပါ။ပြိုင်ဘက်တွေကတစ်ကယ့်ကို ခက်ခဲပါတယ်ဗျာ။
ကျွန်တော်နိုင်တာတောင်မှနာကျင်မူတွေကတော့ ရခဲ့တာပါပဲ”