Switch Mode

Chapter – 13

ကျောင်းသားသစ်များကြားက ပြိုင်ပွဲ

Chapter – 13 ကျောင်းသားသစ်များကြားက ပြိုင်ပွဲ

ဂျင်ချန်ရင်နည်းနည်းခုန်သွားသည်“အကိုကြီးအဲ့ဒီ အဆင့်၃အမြူတေကဈေးကြီးလား’ဂျင်ချန်က

အမြူတေအကြောင်းသိသော်လည်းဈေးနှုန်းနှင့်
ပတ်သတ်ပြီးတစ်ခါမှမစုံစမ်းမိချေ။
“ကြီးတာပေါ့အဆင့်၃အမြူတေကိုကြေးပြား၁၀၀နဲရောင်းကြတယ်။ငါအကယ်ဒမီကိုရောက်ပြီးတာ
၄နှစ်ကြာပြီဒါပေမယ့်တစ်ခါမှအဆင့်၃အမြူတေ
ကိုမသုံးဖူးဘူး။ငါအမြင့်ဆုံးသုံးဖူးတာကြေးပြား၅၀တန်
အဆင့်၂အမြူတေပဲရှိတယ်။”

ဂျင်ချန်သူ့ခေါင်းထဲတွင်အတတ်နိုင်ဆုံး
သိုင်းပြိုင်ပွဲကြရင်အဆင့်၃အမြူတေကိုရယူဖို့ ဆုံးဖြတ်လိုက်လေ
သည်။ကောင်းကင်ကတဖြေးဖြေးချင်းမှောင်လာရာဂျင်ချန်ကိုခေါ်၍ထမင်းစားခန်းသို့
ချင်းရန်တန်ထွက်ခဲ့လေသည်။ထိုမှပြန်လာသောအခါသူတိုလမ်းခွဲလိုက်ပြီးကိုယ့်အခန်းကိုယ်
ပြန်သွားကြလေသည်။
အခန်းသိုပြန်ရောက်ပြီးအိပ်ရာထက်တွင်ထိုင်လိုက်စဉ်အပြင်ကတံခါးခေါက်သံအား
ဂျင်ချန်ကြားလိုက်ရလေသည်။သူတံခါးဖွင့်
ပေးသောအခါအပြင်တွင်အသက်၃၀ခန်အစိမ်းရောင်

အိင်္ကျံဝတ်ထားသော
အမျိုးသမီးတစ်ယောက်အားတွေ့လိုက်ရလေသည်။

“ဘာကိစ္စများရှိသလဲခင်ဗျ”ဟုဂျင်ချန်က စိတ်ရှုပ်ထွေးစွာမေးလိုက်လေသည်။
“မင်းကခါဂဲအကယ်ဒမီရဲ့ကျောင်းသားသစ်ပဲ။
မနက်ဖြန်ကြရင်ကျောင်းသားသစ်များသိုင်းပြိုင်ပွဲ
ရှိတယ်။လာဖိုမမေ့ပါနဲ့။”သူမကထိုစကားအားပြောပြီး ထွက်သွားလေသည်။တံခါးအားပိတ်ပြီးနောက်ဂျင်ချန် သူခုတင်ပေါ်တွင်တိတ်ဆိတ်စွာ
ပဲလေ့ကျင့်နေလိုက်လေသည်။
နောက်တစ်နေ့မနက်ခင်းတွင်ဂျင်ချန် အခန်းထဲကထွက်လာပြီး
ထမင်းစားဆောင်သို့ထွက်ခဲ့လိုက်လေသည်။ သူကမနက်အစောကြီးထွက်ခဲ့သဖြင့်
လူသိပ်မရောက်သေးချေ။ ဂျင်ချန်ကလူမရှိသည့်စားပွဲတွင်တစ်ယောက်သူရဲ့မနက်စာကို
စားပြီးသည့်နောက်ဂျင်ချန်အကယ်ဒမီ၏
လေ့ကျင့်ရေးမြေကွက်လပ်သို့ထွက်ခဲ့လိုက်လေသည်။

သိုင်းပြိုင်ပွဲစင်ကထိုလေ့ကျင့်ရေးကွင်းအတွင်းတွင်
တည်ဆောက်ထားခြင်းဖြစ်သည်။
ဂျင်ချန်မြေကွက်လပ်သို့ရောက်သောအခါပြိုင်ပွဲစင် ဝိုင်းကြီး ၅ဝိုင်းဆောက်ထားလေသည်။ ထိုပတ်လည်တွင်လူတော်တော်များများပင်ရောက်နေ၏။

အချိန်ကလျင်မြန်စွာကုန်ဆုံးသွားပြီးပြိုင်ပွဲစ
ရန်အချိန်သို့ကျရောက်လာလေသည်။ထိုအချိန်တွင် ပြိုင်ပွဲနေရာသို့ကျောင်းသားများထောင်နဲချီ၍
စုရုံးရောက်ရှိလာသည်။ထိုအထဲတွင်ကျောင်းယူနီဖောင်း ဝတ်ထားသည့်နှစ်ကြီးကျောင်းသား
အနည်းငယ်သာပါဝင်ပြီ ကျန်သည့်ကျောင်းသားများသည်ပထမနှစ်များဖြစ်ကြသည်။

ပထမနှစ်ကျောင်းသားများကြားတွင်သူတော်စင်စွမ်းအား အဆင့်၉ရောက်ပြီးသည့်ကျောင်းသားတချို့အား
ဂျင်ချန်သတိပြုမိသည်။ထိုအထဲတွင်အများစုက သာမာန်ကျောင်းသားများသာဖြစ်ကြသည်။
အဘယ့်ကြောင့် ဆိုသော် သာမာန်ကျောင်းသားများကဘဝနာသောကြောင့်ပိုကြိုးစားကြခြင်းကြောင့်ဖြစ်သည်။

တခြားကျောင်းသားတော်တော်များများကတော့
အသက်၁၆၁၇များဖြစ်ကြသည်။ဂျင်ချန်က အသက်၁၅သာရှိသေးသော်ကြောင့်
ထိုကျောင်းသားများကြားတွင်အငယ်ဆုံးဖြစ်လေသည်။“အားလုံးတိတ်ကြပါ’
ရုတ်တရက်အသံအကျယ်ကြီးတစ်ခုအား
ကြားလိုက်ရလေသည်။ထိုအသံကအလွန်ကျယ်သောကြောင့်
ကွင်းပြင်တစ်ခုလုံးတိတ်ဆိတ်သွားလေသည်။အဖြူရောင်ဝတ်ထားသည့်လူလတ်ပိုင်းအရွယ်
ရှိလူတစ်ယောက်စင်မြင့်ထက်တွင်ရောက်လာလေသည်။ သူအသက်ကသိပ်မကြီးသေးသော်လည်း
သူမျက်လုံးများကတောက်ပနေပြီးသူကိုယ်အတွင်း
သူတော်စင်လက်နက်အားဝှက်ထားမှန်းသိသာပေသည်။သူမျက်လုံးများကတောက်ပလွန်းသဖြင့်ကျောင်းသား
တော်တော်မျာများသူနှင့်အကြည့်ချင်းဆုံရမှာ
ကြောက်လန်နေကြသည်။
သူကအားလုံးအားတစ်ချက်ကြည့်လိုက်ပြီး
“ကျောင်းသားများအားလုံးငါကခါဂဲအကယ်ဒမီရဲ့ ဒုတိယ

ကျောင်းအုပ်ကြီးဘီအန်ဖြစ်တယ်။ဒီနေ့သိုင်းပြိုင်ပွဲမှာ
ဒိုင်လုပ်ပေးမှာဖြစ်တယ်။ကျောင်းသားများအားလုံး
ကျောင်းပေါက်ဝမှာစည်းကမ်းတွေဖတ်ပြီးပြီလို့ ထင်ပါတယ်။ဒါကြောင့်ငါထပ်ပြောမှာမဟုတ်ဘူး။
ဆုတွေကတော့ပထမဆုကိုအဆင့်၃အမြူတေတစ်ခု၊ဒုတိယဆုကိုအဆင့်၂အမြူတေတစ်ခုနဲ့တတိယကို အဆင့်၃အမြူတေတစ်ခုစီဆုချီးမြင့်မယ်။ပြီးတော့
အဆင့်၅၀အတွင်းဝင်တဲ့ကျောင်းသားတိုင်းကို
ကြေးပြား
တစ်ခုစီဆုချီးမြင့်မှာဖြစ်တယ်”
ထိုစကားကိုကြားလိုက်ရသောအခါသာမာန်ဝတ်ဆုံ
ဝတ်ထားသောကျောင်းသားတိုင်းလက်ခုတ်လက်ဝါးတီးကြလေသည်။ငွေပြားလေးတစ်ခု
ကသာမာန်မိသားစုတစ်စုကိုတစ်လထိုင်စားနိုင်လေသည်။ကြေးပြားလေး
တစ်ခုသည် ငွေပြားလေး အခုတစ်ရာနှင့်ညီလေသည်။အမြူတေကတန်ဖိုးအရမ်းရှိသော်လည်းသူတို့အတွက် ရရန်မျှော်လင့်ချက်မရှိချေ။ထိုကြောင့်သူတို့က
ကြေးပြားလေးတစ်ခုကိုသာအမြင့်ဆုံးထား၍
မျှော်မှန်းကြခြင်း

ဖြစ်သည်။
ထိုအချိန်တွင်ဆင်းရဲသားမိသားစုရှိကျောင်းသားများ အရမ်းစိတ်လှုပ်ရှားနေကြသည်။ထိုဆင်းရဲသားများအားမြင့်မြတ်သောမိသားစုမှပေါက်ဖွားလာသော
သူများကကြည့်၍အထင်သေးနေကြသည်။ထိုငွေကြေး
သည်ဆင်းရဲသားများအတွက်
အလွန်များပြားသော်လည်းချမ်းသာသူတို့အဖိုဘာမှ မပြောပလောက်ချေ။
ဂျင်ချန်တွင်ပင်ကြေးပြားအခု၅၀ခန်ရှိလေသည်။
.
ပြိုင်ပွဲစင်ရန်ကျောင်းသားများသည်
သူတိုပြိုင်ဘက်အတွက်သူတိုကိုယ်တိုင်နံပါတ်များကိုမဲနိုက်ကြရသည်။စာရင်းကနှစ်ခုလုပ်ထားပြီး
တစ်ခုသည်အဆင့်၈ကျောင်းသားများအတွက်ဖြစ်ပြီး
နောက်တစ်ခုသည်
အဆင့်၉ကျောင်းသားများအတွက်ဖြစ်သည်။ထိုနည်းလမ်းကပြိုင်ပွဲစစခြင်းအဆင့်၈
ရှိကျောင်းသားများနှင့်အဆင့်၉ကျောင်းသားများမတွေ့ဆုံစေရန်ဖြစ်သည်။

မဲနိုက်သူအများအပြားပြီးနောက်တွင်ဂျင်ချန် အလှည့်ရောက်လာသည်။ သူက နံပါတ်အားကြည့်လိုက်သောအခါ၆၄ဖြစ်သည်။
သူပြိုင်ဘက်နံပါတ်က ၁၃၆ဖြစ်သည်။ ဂျင်ချန်ကသြူပိုင်ရမည့်ပြိုင်ပွဲစင်နံပါတ်၃
ရှိရာသို့လမ်းလျှောက်လာခဲ့လိုက်သည်။

ပြိုင်ပွဲ၏ပထမအဆင့်သည်နေ့တစ်ဝက်သာကြာမြင့် လိုက်ပြီး ဂျင်ချန်၏ပြိုင်ဘက်သည်
ဘယ်လိုတိုက်ခိုက်ရမလည်းပင် ကောင်းစွာမသိသဖြင့်လွယ်ကူစွာပင်သူနိုင်လိုက်သည်။နေလည်စာ
စားပြီးနောက်သိုင်းပြိုင်ပွဲကို
ဆက်လက်ကျင်းပလေသည်။သိုသော်လည်းပြိုင်ပွဲဝင် ထက်ဝက်ခန်သာကျန်တော့လေသည်။ဒုတိယ
အဆင့်တွင်လည်းပြိုင်ပွဲဝင်
၁၂၆ယောက်ထွက်ခွာသွားရပြီး၄နာရီခန်သာ ကြာလိုက်လေသည်။

တတိယပြိုင်ပွဲကိုမဲများနှိုက်စေရာလူများစွာတိုသည် သူတိုပြိုင်ဘက်များကိုသတိထားမိနေကြပြီ

ဖြစ်သည်။လူအယောက်၁၂၈ယောက်ကြားထဲတွင်
ဂျင်ချန်ကပျင်းရိစွာမတ်တပ်ရပ်နေလေသည်။
ညနေစောင်းနေပြီဖြစ်သဖြင့်ပြိုင်ပွဲအားနားလိုက်သည်။ ဂျင်ချန်ကသူဗိုက်ကိုပွတ်လိုက်ပြီးအနည်းငယ်
စိတ်ပျက်နေလေသည်။သူအရင်ကမ္ဘာတုန်းက
ရက်တော်တော်များးများကိုဘာမစားပဲနေသော်လည်း
ဗိုက်စာသလိုမခံစားရချေ။ယခုတွင်တစ်နေ့
သုံးကြိမ်ထမင်းစားရပြီးတစ်ကြိမ်လောက်မစားလျင် ဘယ်လောက်ဗိုက်စာလည်းဆိုတာသူပဲသိလေသည်။

သိပ်မကြာခင်ပဲဂျင်ချန်စားသောက်ဆောင်သို့ရောက်ပြီး ခုံအလွတ်တစ်ခုတွင်ဝင်ထိုင်ကာစစားလေတော့သည်။ အစားအသောက်များက
ချင်းရန်အိမ်တော်ကလောက်ကြီးမကောင်းပေမယ့်
ဂျင်ချန် ကျေနပ်စွာပင်စားနေ၏။ သိုင်းပြိုင်ပွဲက ပြီးရုံလေးရှိသေးသဖြင့်ထမင်းစားဆောင်တွင်
သာမာန်ထက်လူများနေလေသည်။ထိုင်ခုံများအားလုံးလူပြည့်နေပြီးအချို့လူများသည်ထိုင်ခုံမရသေးပဲ
ရပ်စောင့်နေကြလေသည်။

ဂျင်ချန်ကတစ်ယောက်တည်းစားပွဲတစ်ခုလုံးတွင် ထိုင်နေသော်လည်းတစ်ယောက်မှသူနဲ့လာမထိုင်ရဲ ကြပေ။ဂျင်ချန်၏အဝတ်အစားများအားကြည့်ရုံနှင့်
မြင့်မြတ်သောမျိုးရိုးကဖြစ်မှန်းသိကြသဖြင့်
မည်သူကမှသူ့အနားလာမထိုင်ရဲကြခြင်းဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်သူကဆွေကြီးမျိုးကြီးထဲက
မှန်းသိသာနေလေသည်။

“ဘန်းးးးးးးးးးးးးး”

Comment

Leave a Reply

Options

not work with dark mode
Reset