Chapter – 278
“လေလံခန်းမဖွင့်လှစ်ခြင်း”
ထိုအခါမှသာ လျူချန်းဂျန်လည်း ဝမ်ဇန်းဟိုအား ခေါင်းမော့ကြည့်လိုက်ကာ –
“အဲဒီတော့ ဘာဖြစ်လဲ . . .”
ဝမ်ဇန်းဟိုသည်ပါးစပ်အဟောင်းသားပင်ဖြစ်သွားသည်။ ဒေါသထွက်လွန်း၍ လဲကျသွားမတတ်ပင် ဖြစ်နေမိသည်။ ထို့ေကြာင့်လျူချန်းဂျန်အားဒေါသတကြီးဖြင့်လက်ညှိုးငေါက်ငေါက်ပင်ထိုးလိုက်ရင်း –
“မင်း . . . မင်း . . . မင်းက တကယ့်ကို အရူးပဲ။ လက်ရှိအခြေအနေကို မင်းနားလည်အောင် ငါဘယ်လိုပြောရမှန်းကို မသိတာ့ဘူး။ မင်းကတော့ တကယ်ကိုပဲကွာ၊ ဒါကိုမှ အရေးမကြီးဘူးဆိုရင် မင်းက ဘယ်ကိစ္စကိုမှ အရေးကြီးတယ် ထင်နေတာလဲ . . .”
“ဂိုဏ်းကြီး ၂ ခုကို ငါတို့ ရင်မဆိုင်နိုင်ဘူးကွ။ အဲ့ဒါတောင်မင်းက ဒီကိစ္စကို အရေးကြီးတယ်လို့ မထင်ဘူးပေါ့”
လျုချန်းဂျန်လည်းဒေါသအလွန်အကျွံ ထွက်နေသော ဝမ်ဇန်းဟိုအား ကြည့်ရင်း စိတ်မရှည်သည့်ဟန်ဖြင့်-
“အေးလေ၊ အရေးမကြီးဘူး၊ ဘာဖြစ်လို့လဲ . . . ခင်ဗျားက ဘာတွေ ကြောက်နေတာလဲ . . .”
လျုချန်းဂျန်၏ စကားကြောင့်ဝမ်ဇန်းဟိုသည်မျက်လုံးများပင်ပြူးကျယ်သွားကာ –
“ငါက ဘာတွေကြောက်နေတာလဲ ဟုတ်လား . . .”
“ငါတို့ ဂိုဏ်းကြီး ၂ ခုကို သွားပြီး အတိုက်အခံ လုပ်မိရင် နောက်ပိုင်း မင်းနဲ့ငါ ဘာဆက်ဖြစ်မလဲ မင်းသိရဲ့လား၊ သေဆုံးခြင်းရဲ့ အဓိပ္ပါယ်ကို အသက်နဲ့ရင်းပြီး နားလည်သွားကြရမှာကွ။ ငါတို့ရဲ့ခေါင်းတွေ အချိန်မရွေး အဖြတ်ခံရနိုင်တယ်။ နားလည်လား၊ အဲဒါကိုတောင် အရေးကြီးတယ်လို့ မင်းက မထင်ဘူးပေါ့ ဟုတ်လား . . .”
ကရားရေလွတ်ပင်ပြောနေသည့်ဝမ်ဇန်းဟိုအား ကြည့်ရင်း လျူချန်းဂျန်သည် သည်းမခံနိုင်တော့ဘဲ –
“ခင်ဗျားက စောက်ရေးမပါတာတွေ လာပြောနေတာပဲ။ စိုးရိမ်နေလို့ရော ဘာထူးသွားမှာ မို့လို့လဲ။ အဲဒါများ ရေကြီးခွင်ကျယ် လုပ်နေသေးတယ် . . .”
ဝမ်ဇန်းဟို၏ မျက်လုံးများသည်ပေါက်ကွဲထွက်မတတ်ပင်ပြူးကျယ်သွားသည်။ ရုတ်တရက်လျူချန်းဂျန်အား ငေးကြည့်ရင်း စကားပင် ဆက်မပြောနိုင်အောင် ဖြစ်သွားခဲ့သည်။ ထို့ေကြာင့်အသက်အား ပြင်းပြင်းရှူလိုက်ရင်း ဒေါသ အနည်းငယ် ထိန်းလိုက်ကာ –
“ရေကြီးခွင်ကျယ် လုပ်တယ် ဟုတ်လား . . . လုပ်ရမှာပေါ့ကွ။ မင်းသူတို့ကို နိုင်လို့လား၊ ငါတို့ မနိုင်ဘူးလေ။ အရေးကြီးတာထက်ကို ပိုသေးတယ်။ အဲဒီထက် ပိုတဲ့ စကားလုံးရှိရင် သုံးလိုက်ချင်သေး တယ် . . .”
လျုချန်းဂျန်လည်း ခပ်တည်တည်မျက်နှာထားဖြင့်ပင်-
“အေးလေ၊ ကျုပ်တို့ ဘယ်နိုင်ပါ့မလဲ . . .”
နောက်ဆုံးတွင်မူ ဝမ်ဇန်းဟိုသည်စိတ်သက်သာရာ ရသွားခဲ့သည်။
(ဒီကောင် နောက်ဆုံးတော့ နားလည်စ ပြုသွားပြီပဲ။ မင်းက ခေါင်းမာပေမယ့်စဉ်းစားဉာဏ်တော့ ရှိသားပဲ။ ဒီလိုဆိုရင် ကျန်တဲ့ အခြေအနေတွေကို နားလည်နိုင်မှာပါ။ ငါဒီလောက်ထိ ရှည်ရှည်လျားလျား ပြောလာခဲ့တာ နောက်ဆုံးတော့ မင်းနားဝင်သွားပြီပေါ့ . . .)
ထို့နောက်ဝမ်ဇန်းဟိုသည်ချွေးများအား သုတ်လိုက်ရင်း –
“မင်းကိုယ်မင်း သူတို့ကို မနိုင်ဘူးဆိုတာကို သိမှတော့ . . .”
ဝမ်ဇန်းဟို၏ စကားမဆုံးသေးခင်မှာပင် လျူချန်းဂျန် သည်ကြားဖြတ်၍ –
“အေးလေ မနိုင်တော့ရော ဘာဖြစ်လဲ . . .”
“ငါတို့ သေလိမ့်မယ်၊ လူတွေ သေရလိမ့်မယ်။ အများကြီးကို သေမှာကွ . . .”
ဝမ်ဇန်းဟိုသည်စိတ်လုံးဝ မရှည်နိုင်တော့ဟန်ဖြင့် လျူချန်းဂျန်၏ နှာခေါင်းတည့်တည့်သို့ လက်ညှိုးငေါက်ငေါက်ထိုးရင်းအော်ပြောလိုက်သည်။
လျူချန်းဂျန်သည် ဝမ်ဇန်းဟို၏ တုတ်ခိုင်သော လက်ညှိုးအား ကြည့်ရင်း သူ၏ အကြည့်များ ရုတ်တ ရက်အေးစက်သွားသည်။
စကားတစ်လုံးမျှ မပြောတော့ဘဲ လက်ညှိုးကိုသာ စိုက်ကြည့်နေလေသည်။
ဝမ်ဇန်းဟိုသည် ထိုအကြည့်များကြောင့်သူ၏ နောက်ကျောဘက်မှ အဆိပ်ပြင်းသော မြွေတစ်ကောင် ရစ်ပတ်လာသကဲ့သို့ ကြောက်လန့်တကြားပင်ခံစားလိုက်ရသည်။ လျုချန်းဂျန်၏ အကြည့်စူးစူးများအောက်တွင်ဝမ်ဇန်းဟိုကျောချမ်းနေချေပြီ။
ထို့ကြောင့်သူ၏ လက်ညိုးအား ချက်ချင်းပင် ပြန် ရုတ်သိမ်းရင်း –
“လူ့ အသက်တွေ အများကြီး သေရမှာကွ၊ မင်းနားလည်တယ် မဟုတ်လား . . .”
ဝမ်ဇန်းဟို၏ အသံသည် ယခင်ကထက်ပင်များစွာ ညင်သာသွားသည်။ ဒေါသထွက်နေသည့် အမူအယာမျိုး မရှိတော့ဘဲ ခပ်တိုးတိုးသာ ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော်လျူချန်းဂျန်သည် ဝမ်ဇန်းဟို၏ လက်ညှိုးကိုသာ ငေးကြည့်မြဲ ကြည့်နေရင်း –
“အဲဒီတော့ ဘာဖြစ်လဲလို့ . . .”
ဝမ်ဇန်းဟို အံ့သြသွားသည်။
သူ့အတွက်မူ ပြောစရာ စကားလုံး မရှိတော့ချေ။
(သေစမ်း . . . အရေးမကြီးပါဘူး၊ အဲဒီတော့ ဘာဖြစ်လဲ ဟုတ်လား။ ဒီကောင်ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာ ထင်တယ်။ ငါသူ့ကို ဘယ်လို ဆက်ပြောရတော့မလဲ မသိတော့ဘူး။ ငါ့ဘက်ကရော ဘာများ ပြောနိုင်တော့မှာလဲ . . .)
(လုပ်ကြံသတ်ဖြတ်ရေးသမားတွေ အားလုံးက မင်းလိုပဲလား။ မင်းနဲ့ စကားပြောရတာ ကျွဲပါးစောင်း တီးနေသလိုပဲ၊ ဘာမှကို နားမလည်ဘူး . . .)
“ခင်ဗျား သေရတာကို ကြောက်မနေနဲ့ . . .”
လျူချန်းဂျန်သည် ဝမ်ဇန်းဟိုအား အထင်သေးသည့်ဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။ ထို့နောက် မတ်တတ်ထရပ်လိုက်ရင်း –
“နောက်ပြီး ခင်ဗျားကို ပြောရမယ့်ကိစ္စ တစ်ခုရှိတယ် . . .”
“ဘာလဲ . . .”
ဝမ်ဇန်းဟိုလည်း သိချင်ဇောဖြင့်ချက်ချင်းပင်မေးလိုက်သည်။
“ကျုပ်ကို နောက်တစ်ခါ ခင်ဗျားရဲ့ ဝက်လက်ညှိုးကြီးနဲ့ လာလာမထိုးနဲ့။ ကျုပ်မျက်စိနောက်တယ်။ သဘောပေါက်လား . . .”
လျူချန်းဂျန် ပြောဆိုပြီးသည်နှင့် တံခါးပေါက်ထံသို့ ထွက်ခွာသွားသည်။ ထိုသို့ သွားနေရင်းဖြင့်-
“ခင်ဗျား နောက်တစ်ခါ အဲ့ဒီလိုလုပ်ရင် ချက်ချင်း အဲဒီလက်ကို ဖြတ်ပစ်မယ်။ နားလည်လား . . .”
ထို့နောက် တံခါးပေါက်မှ အပြင်ဘက်သို့ ထွက် သွားလေသည်။ အပြင်ဘက် ရောက်သည့်တိုင် လျူချန်းဂျန်သည် ထပ်မံ၍ –
“ဝက်စုတ်ဝမ် . . . မှတ်ထားနော် . . .”
ဝမ်ဇန်းဟိုလည်းကြောင်ငေးကာ ပါးစပ်အဟောင်းသားဖြင့်သာ ရှိနေခဲ့သည်။ ဒေါသ ထွက်လွန်းသဖြင့် အသားများ တဆတ်ဆတ်တုန်၍ စကားပင် မပြောနိုင်တော့ချေ။
ခဏအကြာမှသာ သတိပြန်ဝင်လာခဲ့သည်။
“ဝုန်း . . .”
သူဌေးဝမ်သည် လျူချန်းဂျန် ထိုင်ခဲ့သည့် ခုံအားဒေါသတကြီးဖြင့်ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည်။ ထို့နောက်ကျယ်လောင်စွာဖြင့် –
“သရဲမျက်ခွက်နဲ့ကောင်၊ အရူးလိုကောင် . . . အခုထိ ဘာလို့ မသေနိုင်သေးလဲ မသိဘူး . . .”
ဝမ်ဇန်းဟိုသည် လျုချန်းဂျန်အား တရစပ်ပင်ကျိန်ဆဲလျက်ရှိသည်။
“မင်းက သေမှာကို မကြောက်ဘူးပေါ့။ မင်းဟာမင်း မကြောက်တာ ကိစ္စမရှိဘူး၊ ဒါပေမယ့်တခြားလူတွေပါ မင်းနဲ့အတူ သေမှာကို ထည့်မတွက်ဘူးလား။ ဘယ်လိုကောင်မျိုးလဲကွာ . . . မင်းရဲ့ ခံယူချက်က ဘယ်လိုများလဲ။ မင်းစိတ်ထဲမှာ ဘယ်လိုအတွေးမျိုး ရှိနေလဲ မသိဘူး။ မျိုးမစစ် မျိုးမစစ် မျိုးမစစ်ကောင်။ငါ့ကိုများ ဝက်စုတ်ဝမ်တဲ့၊ မင်းအမေကြီး ဝက်စုတ်ပါလား။ ငါက မဝတော့ဘူးကွ။ အခုဆို ပေါင်တော်တော် ကျနေပြီ . . .”
ထိုအချိန်တွင်ပုံရိပ်တစ်ခုသည်ရုတ်တရက်ပေါ်လာလေသည်။
လျူချန်းဂျန် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ဝမ်ဇန်းဟိုအား အေးစက်သော အကြည့်များဖြင့်ကြည့်လိုက်ကာ –
“ခင်ဗျား သစ္စာဖောက်မဲ့ လုပ်ရပ်မျိုး လုပ်ဖို့တော့ မစဉ်းစားနဲ့၊ အဲဒီလိုသာလုပ်ရင် ခင်ဗျားကို သတ်ပစ်ဖို့ ဝန်မလေးဘူး။ နားလည်လား . . .”
ထို့နောက် လျူချန်းဂျန်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပြန်သည်။
“သစ္စာဖောက်တယ် . . . ဟုတ်လား . . .”
ဝမ်ဇန်းဟိုသည်ထိုင်ခုံတစ်လုံးအား ကောက်ယူရင်း ထပ်မံ လွှင့်ပစ်လိုက်ပြန်သည်။
သို့သော်မည်သည့်စကားမျှ ထပ်မပြောရဲတော့ဘဲသက်ပြင်းသာ ချလိုက်မိသည်။
လျူးချန်းဂျန်မှာမူ ယခုအခေါက်တွင် အပြင်သို့ အမှန်တကယ်ထွက်သွားခဲ့ပြီ ဖြစ်သည်။
ဝမ်ဇန်းဟိုသည် ဒေါသအလွန်အမင်း ထွက်နေသဖြင့်သူ၏ ခန္ဓာကိုယ်ရှိ အသားစိုင်များ တဆတ်ဆတ် တုန်ခါလျက် ရှိနေသည်။ ထို့ပြင်နှလုံးခုန်သံများသည်လည်း မြန်ဆန်နေပြီးခေါင်းထဲတွင်မူးနောက်နောက်ပင် ဖြစ်နေမိသည်။ ထို့နောက်သက်ပြင်းတစ်ချက်ချလိုက်ရင်း –
“ဟူး . . . မင်းကတော့ လုပ်ကြံသတ်ဖြတ်ရေးသမားဆိုတော့ သူတို့ကို မကြောက်ဘူးပေါ့။ ဒါဆို ငါ့လို သူဌေးတစ်ယောက်ကရော ကြောက်နေစရာ လိုမလား။ ငါက ချမ်းသာခြင်း နတ်ဘုရားလို့တောင် ပြောလို့ရတယ်။ ချမ်းသာခြင်းက နတ်ဘုရားတွေကို တောင် ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်တယ်။ ငါ့ကို လာရှုပ်တဲ့လူမှန်သမျှ ငွေနဲ့ ဖိသတ်ပစ်လို့ရတယ်။ ငါ နှစ်ထောင်နဲ့ချီပြီး ကြိုးစားလာခဲ့တာ အလကားမှ မဟုတ်တာ။ ဘယ်သူပဲဖြစ်ဖြစ်ငါ့ကို လာပြီး အာရုံနောက်မယ်ဆိုရင်ငါ့ဘက်က အားနည်းတဲ့ အရိပ်အယောင်မျိုး ပြနေမှာ မဟုတ်ဘူးကွ . . .”
ဝမ်ဇန်းဟိုသည်ပြောရင်းပြောရင်းဖြင့်ဒေါသထွက်လာသောကြောင့်အော်ဟစ်နေမိသည်။
“အချိန်ကျလာရင် တံခါးဖွင့်လိုက်မယ်။ ငါ့အပေါ် တကယ်ပဲ မိုးပြိုကျလာမလား ဆိုတာကို ကြည့်ရသေးတာပေါ့ကွာ။ တောက် . . .”
ဝမ်ဇန်းဟိုရှိသည့် အခန်းနှင့် ၅ ခန်းအကျော်တွင် လျူချန်းဂျန်ရှိနေပြီး တင်ပျဉ်ခွေအနေအထားဖြင့်ထိုင်နေလေသည်။ သူ၏ မျက်နှာတွင် နှစ်ပေါင်းများစွာ ဖော်ပြခဲ့ခြင်း မရှိခဲ့သော အပြုံးမျိုးလည်း ရှိနေခဲ့ သည်။
သို့သော်သူ၏ မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာသို့ ကြည့်မည်ဆိုလျှင် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကိုတွေ့မြင်နိုင်သည်။
လက်ရှိတွင် သွေးအေးလှသည့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်သည် သွေးမအေးနိုင်တော့ချေ။ သူ သည် လည်း လူသားတစ်ယောက်ပင် မဟုတ်ပါလော။
နေလုံးကြီးသည်မြင့်သထက် မြင့်လာချေပြီ။
ထိုအချိန်တွင်လင်းပါအိုခန်းမ၏ တံခါးသည်လည်း ပွင့်သွားခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းကြီး နှစ်ဂိုဏ်းမှ လူများသည် သေချာပေါက်ပင်အရှေ့ဆုံးမှ ဝင်ကြမည်သာ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် –
“ခဏနေဦး . . .”
အားလုံး အံ့သြသွားကြကာ နောက်လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ လူတစ်စုသည်အတန်း ၂ တန်းခွဲ၍ လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ကြသည်။
ဘယ်ဖက်အခြမ်းရှိ လူများသည် အဖြူရောင်ဝတ်ရုံ၊ အဖြူရောင်ဖိနပ်၊ အဖြူရောင်ဦးထုပ်၊ အဖြူရောင် ခါးပတ်နှင့် အဖြူရောင်ဓားများအား ကိုင်ဆောင်ထားသည်။ ထိုလူများအားလုံးသည် အဖြူရောင်ကိုသာ ဆင်မြန်းထားကြခြင်းပင်ဖြစ်ပါတော့သည်။