Chapter – 12 အစ်ကိုကြီး ချင်းရန်ဟူ
အမြင့်ပေ၁၀၀၀ခန်အမြင့်တွင်အလွန်လျင်မြန်သော
နှုန်းဖြင့်ပျံသန်းနေသော်လည်းဂျင်ချန်၏မျက်နှာတွင် စိတ်လှုပ်ရှားနေသည့်ဟန်တစ်စက်မှမရှိချေ။
ထိုကဲ့သို့အမြန်နှုန်းဖြင့်ပျံသန်းနေသောကြောင့်
ဂျင်ချန်၏နားထဲ
တွင် လေတိုးသံများအဆက်မပြတ်ကြားနေရလေသည်။ဂျင်ချန်၏မျက်နာအားကြည့်ပြီးချင်းဘီခေါင်းငြိမ်ပြီး
သဘောကျနေမိသည်။ကလေးတော်တော်များများကသူတို့ပျံသန်းနေတဲ့မှော်သားရဲတွေစီးနေကြတဲ့
အလွင်ကြောက်တတ်ကြသည်။သိုသော်လည်းဂျင်ချန်ကမူ
နည်းနည်းမှမတုန်လှုပ်ချေ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကချင်းရန်ဟူအားဂါခဲအကယ်ဒမီအားလိုက်ပို့စဉ်ချင်းရန်ဟူ
ပျံသန်းနေသော
မှော်သားရဲပေါ်တွင်ကြောက်စိတ်ကြောင့်
တစ်ကိုယ်လုံးတုန်ခါနေပြီးမှော်သားရဲ၏လည်ပင်းရှိ အမွေးတွေအား
ဆွဲထားလေသည်။
ဂျင်ချန်ကမှော်သားရဲအားကြည့်ပြီးမေးလေသည် “ချင်းဘီဒါဘာမှော်သားရဲအမျိုးအစားလည်း။ဘာလိုဒီလောက်မြန်မြန်ပျံနိုင်နေရတာလည်း”
ဒါကပုံမှန်ပါပဲသူအမြန်နှုန်းက”ချင်းဘီထူးဆန်းသည့်
လေသံဖြင့်ပြန်ဖြေလိုက်သည်။“လေးယောက်မြောက်သခင်လေးမှော်သားရဲတွေကိုအထင်မသေးနဲ့။ဒီရဲ့ ပျံသန်းနေတဲ့မှော်သားရဲကစွန်အမျိုးအနွယ်ထဲကပဲ။ ပြီးတော့သူကအဆင့်၄ရှိတဲ့မှော်သားရဲ။
မြင့်မြတ်သူတော်စင်မာစတာတစ်ယောက်နဲညီတယ်သူရဲ့
စွမ်းအားက။အချို့မြေသူတော်စင်မာတာတွေတောင်
လေထဲမှာအဆင့်၄ရှိတဲ့မှော်သားရဲတွေကိုယှဉ်မချနိုင်ဘူး။’”
“ဒါဆိုပြောချင်တာကဒီစွန်ရဲမှော်သားရဲက
အရမ်းဈေးကြီးတယ်ပေါ့’ဂျင်ချန်မေးလိုက်လေသည်။ချင်းဘီကခေါင်းငြိမ်လိုက်ပြီး“ဒါကပုံမှန်ပါပဲ။
ပျံသန်းနိုင်တဲ့မှော်သားရဲတွေကအရမ်းဈေးကြီးကြတယ်။
သူတိုကိုဖမ်းဖို့အရမ်းလည်းခက်သလို
လေ့ကျင့်သင်ကြားပေးဖိုလည်းအတော်ခက်တယ်။
ပျံသန်းနိုင်တဲ့မှော်သားရဲတွေကသယ်ယူပ့ိုဆောင်ရေးမှာ
အမြန်ဆုံးလည်းဖြစ်သလို
အန္တရယ်အကြီးဆုံးလည်းဖြစ်တယ်။အဲ့ဒီမှော်သားရဲသာထိန်းချုပ်မူကနေလွတ်သွားရင်စီးနှင်းတဲ့သူက
မီတာထောင်ပေါင်းများစွာကနေပြုတ်ကျလာမှာ။
ဒီလိုအမြင့်မျိုးကနေခုန်ချဖို့ကိုမြေသူတော်စင်မာစတာ
တစ်ယောက်တောင်ကြိုက်မှာမဟုတ်ဘူး။အဆင့်၁
ဒါမှမဟုတ်အဆင့်၂ပျံသန်းနိုင်တဲ့မှော်သားရဲမျိုးတောင်
ဈေးကခေါင်ခိုက်နေတာပဲ။မှော်သားရဲတွေရဲ့
သဘောသဘာဝကလူတွေစီမှာအညံခံလေ့မရှိဘူး။
ဒါကြောင့်မို့သူတိုကိုလေ့ကျင့်ပေးဖို့ဆိုတာအတော်ခက် တဲ့ကိစ္စပဲ’”
ဂျင်ချန်ခေါင်းငြိမ့်လိုက်ပြီးပြန်ုငြိမ်သွားသည်။ ချင်းဘီကဂျင်ချန်အားကြည့်ရင်း
“လေးယောက်မြောက်သခင်လေးရဲ့အကိုအကြီးဆုံး ချင်းရန်ဟူကလည်း
ဂါခဲအကယ်ဒမီမှာပဲ။သူကသူတော်စင်
တစ်ယောက်ဖြစ်ဖို့သိပ်မလိုတော့ဘူး။ကျောင်းမှာ ဘာပြသာနာပဲ
ရှိရှိမင်းအကိုကိုအကူအညီတောင်းဖို့ကြောက်မနေနဲ့”
“ဟုတ်ကဲ့ကျွန်တော်သိပါတယ်”
ဂျင်ချန်ပြန်ဖြေလိုက်လေသည်။
စွန်ရဲ၏အမြန်နှုန်းဖြင့်နေ့တစ်ဝက်သာပျံသန်းလိုက်ရပြီး
ကျောင်းရောက်လာလေသည်။ချင်းဘီ၏ထိန်းချုပ်မှုဖြင့်
မြေပြင်အထက်မီတာ၁၀၀ခန်ကို
ဆင်းသက်လာကြသည်။
ခါဂဲအကယ်ဒမီကမြေပြန်ကြီးတွင်
တည်ဆောက်ထားပြီး၁၀မီတာခန်မြင့်မားသောတံတိုင်းကြီးများဖြင့်
ခတ်ထားလေသည်။ဂျင်ချန်ကမီတာ၁၀၀
လောက်တွင်ပျံသန်းနေသောလည်း
ကျောင်းကြီးတစ်ခုလုံးကိုသူမမြင်ရချေ”
ခါဂဲအကယ်ဒမီကဂူဆန်းနိုင်ငံတွင်
အကောင်းဆုံးကျောင်းဖြစ်သည်။ဒီနေ့က
ကျောင်းသားကလက်ခံသည့်နေဖြစ်သည်။ဂိတ်၏ မလှမ်းမကမ်းတွင်လူကုံထန်များသာစီးနိုင်သော
လူတင်ယဉ်အကောင်းစားကြီးများကရပ်လျက်ရှိသည်။ ထိုလူတင်ယဉ်ကြီးများကိုဆွဲသောမှော်သားရဲ
အမျိုးအစားများကိုဂျင်ချန်မသိပေ။ထိုအနားတွင်
အစောင်များသာတွေ့ရှိရလေသည်။
ကောင်းကင်ထက်တွင်အချို့သော်ပျံသန်းနိုင်သည့်
မှော်သားရဲများဆင်းသက်လာကြသည်။ထိုအထက်တွင် ကလေးငယ်လေးများကိုယ်စီပါလာကြလေသည်။
ချင်းဘီကလည်းအကယ်ဒမီနှင့်မလှမ်းမကမ်းတွင်
စွန်ရဲအားဆင်းသက်စေလိုက်သည်။ထိုနောက်ဂျင်ချန်
နှင့်ချင်းဘီတို့ကျောင်းအုပ်ဆရာကြီးနှင့်တွေ့ရန်
ကျောင်းအတွင်းသို့ဝင်သွားကြလေသည်။
ကျောင်းအုပ်ဆရာကြီးနှင့် ချင်းဘီသည် အသက်ခြင်းသိပ်မကွာကြချေ။သူတို့နှစ်ယောက်ကြားတွင်ရင်းနှီးမှုရှိ
တာကိုဂျင်ချန်ခံစားမိသည်။
ထိုရင်းနှီးမှုကြောင့်ဂျင်ချန်၏အကယ်ဒမီဝင်ခွင့်သည်
မည်သည့်ပြသာနာမှမရှိပေ။ဂျင်ချန်၏အကိုချင်းရန်ဟူ အားလည်းကျောင်းအုပ်ကြီးက
ဂျင်ချန်နှင့်တွေ့ရန်ခေါ်ထားလေသည်။ဂျင်ချန်က သူရဲ့ထူးဆန်းသည့်အကိုဖြစ်သူအားတစ်ခါမှ
မတွေ့ဘူးချေ။ချင်းရန်ဟူကလည်းအသက်၁၈နှစ်ဖြစ်ပြီး ဒုတိယအမချင်းရန်မင်းယုထက်၃လ
ခန်သာကြီးလေသည်။
ချင်းရန်ဟူကသန်မာသောလူငယ်လေးဖြစ်ပြီး
ဂျင်ချန်ထက်လည်းအရပ်ရှည်သည်။သူက
အကယ်ဒမီကိုရောက်နေတာ၂နှစ်ကျော်ပြီဖြစ်ပြီးသူရဲ့ သူတော်စင်စွမ်းအားကအဆင့်၁၀အထွက်အထိပ်သို့
ရောက်နေ
ပြီဖြစ်သည်။သိုသော်လည်းသူက
သူတော်စင်လက်နက်ကိုဖန်တီးပြီးသူတော်စင်တစ်ယောက်တော့မဟုတ်
သေးပေ။
သူတော်စင်စွမ်းအား၁၀အဆင့်အမြင့်ဆုံးနှင့်သူတော်စင်တစ်ယောက်နှင့်
ကြားတွင်သန်မာမှုသိပ်မခြားနား
သော်လည်းသူတော်စင်လက်နက်ဖန်တီးမှုကတော့အလွန်ကြီးမားတဲ့စမ်းသပ်ချက်ကြီးပင်ဖြစ်သည်။
တန်းရန်တိုက်ကြီးတွင်လူများစွာတိုသည်သူတော်စင်လက်နက်ကို
ဘဝသက်တမ်းတစ်လျှောက်လုံး
မဖန်တီးနိုင်ကြချေ။ကျောင်းအုပ်ဆရာကြီး၏
ပြောပြချက်အရချင်းရန်ဟူ
ပင်သူတော်စင်လက်နက်အား
ဖန်တီးဖိုသုံးကြိမ်ကြိုးစားဖူးသည်။
သုံးကြိမ်လုံးမအောင်မြင်ပေ။
သိုသော်လည်းအသက်၁၈နှစ်နှင့်သူတော်စင်
လက်နက်ဖန်တီးနိုင်ခြင်းသည်တန်းရန်တိုက်ကြီးတွင်အတော်ရှားလေသည်။သူတော်စင်လက်နက်
ဖန်တီးဖြင်းကိုပါရမီရှင်များပင်
အသက်၂၀နှစ်အရွယ်မှသာ
တော်တော်များကလုပ်နိုင်ကြသည်။
အဘယ်ကြောင့်ဆိုသော်တန်းရန်တိုက်ကြီးတွင်ချီ
စွမ်းအားများကအလွင်ကြွယ်ဝသဖြင့်သာမာန်လူများပင် အသက်၂၀၀အထိနေနိုင်ကြသည်။ထိုကြောင့်
အသက်၂၀အရွယ်ဖြင့်သူတော်စင်လက်နက်ဖန်တီးနိုင်ခြင်း
သည်ထူးချွန်သည်ဟုပြောနိုင်လေသည်။
ချင်းဘီကချင်းရန်ဟူအားလက်ညိုးထိုးပြပြီးဂျင်ချန်အားပြောလိုက်သည်“သူကမင်း
အကိုချင်းရန်ဟူလေ”
“အကြီးသခင်လေးသူကမင်းညီလေးချင်းရန်ရှင်းတန်
လေ”ဟုမိတ်ဆက်ပေးလေသည်။
“အကိုကြီး”ဂျင်ချန်ကနှုတ်ဆက်လိုက်လေသည်။
ဂျင်ချန်၏အသံအားကြားလိုက်သောအခါ
ချင်းရန်ဟူကရယ်လိုက်ပြီး“လေးယောက်မြောက်ညီလေးငါ့ကိုမင်းလိုအပ်တဲ့အချိန်တိုင်းခေါ်ပါ။
တစ်ယောက်ယောက်ကမင်းကိုအနိုင်ကျင့်ရင်ငါ့ကိုချက်ချင်းလာခေါ်
လိုက်ငါလိုက်ရှင်းပေးမယ်”
သူအကို၏စကားအားကြားလိုက်ရသောအခါ
ဂျင်ချန်ပြန်ပြောလိုက်သည်“ဒါဆိုရင်တော့ကျွန်တော် အကိုကြီးကိုပဲအားကိုးရတော့မယ်။”ပထမတုန်းက
ဂျင်ချန်သည်ချင်းရန်ဟူအားချင်းရန်ကီကဲ့သို့
ဖြစ်မှာကိုနည်းနည်းဆိုးရိမ်မိသည်။အခုတော့လည်းသူအကို၏ဆက်စံပုံအားတွေ့လိုက်ရသောအခါနည်း နည်းစိတ်အေးသွားသည်။
ချင်းရန်ဟူကသူခေါင်းအားခါလိုက်ပြီး‘”ဒါက
ပြသာနာမဟုတ်ပါဘူးငါကမင်းအကိုကြီးပဲ။ဘာပဲဖြစ်ဖြစ်ကိုယ့်ညီလေးကိုကာကွယ်ရမှပေါ့”
“အကြီးဆုံးသခင်လေးရှင်းအာကိုဂရုစိုက်ပေးပါ။ငါက
ကျောင်းအုပ်ဆရာကြီးနဲ့ပြောစရာစကားနည်း
နည်းရှိလို့အရင်သွားလိုက်ဦးမယ်”ဟုချင်းဘီက
ပြောလိုက်လေသည်။
ချင်းရန်ဟူကခေါင်းညိမ်လိုက်ပြီးရင်ဘတ်ကို
လက်သီးဖြင့်ထုကာ“ချင်းဘီစိတ်မပူပါနဲ့။ကျွန်တော်က
လေးယောက်မြောက်ညီလေးကိုဘယ်သူမှအနိုင်မကျင့်စေရပါဘူး”
ထိုနောက်ဂျင်ချန်ကျောင်းသားကဒ်ကိုယူကာ
သူအကိုနှင့်အတူထွက်သွားလေသည်။
ထိုကျောင်းသာကဒ်က
သူကျောင်းသားဆိုတာကိုဖော်ပြပေးသကဲ့သို့ သူအခန်းနံပတ်ကိုလည်းရေးထားလေသည်။
ဂျင်ချန်ကအကယ်ဒမီ၏လမ်းများကိုမကျွမ်းသောလည်း ချင်းရန်ဟူသူ့ကိုဦးဆောင်ခေါ်သွားလေသည်။
အကယ်ဒမီက
ကျောက်တုံးများဖြင့်အဆောင်များအားဆောက်ထားလေသည်။အကယ်ဒမီအတွင်းတွင်
သာမာန်လူများနေသည့်နေရာနှင့်ဂျင်ချန်လို
လူကုံထန်များနေသည့်နေရာဆိုပြီးကွဲပြားလေသည်။ ထိုလူတန်းစားနှစ်ရပ်၏ကွာခြားချက်သည်
ကောင်းကင်နှင့်မြေကြီးကဲ့သိုပင်ဖြစ်သည်။
သာမာန်လူတန်းစားများ အလွယ်တကူကျောင်းဝင်ခွင့်ရရန်ကျောင်းလခကိုလျော့ထားလေသည်။
အကြောင်းပြချက်ကတော့ကျောင်းသားအများစုသည်
သာမာန်ကျောင်းသားသာဖြစ်သော်လည်း
ပါရမီရှင်များပါတတ်သောကြောင့်ဖြစ်လေသည်။
ခါဂဲဒကယ်ဒမီ၏နောက်ထပ်သံမဏိစည်းမျဉ်းကတော့ သာမာန်ကျောင်းသားများအားအနိုင်ကျင့်ခွင့်
မရှိခြင်းဖြစ်သည်။ထိုစည်းမျဉ်းအားမလိုက်နာလျင်
အရမ်းအင်အားကြီးတဲ့မိသားစုနောက်ခံပင်ရှိပါစေ
ပြင်းထန်သောပြစ်ဒဏ်ပေးမူနှင့်
ကြုံတွေ့ရမည်ဖြစ်သည်။အခြေအနေက အရမ်းကြီးဆိုးဝါးသွားလျင်
ကျောင်းပင်ထုတ်ခံရနိုင်လေသည်။
ခါဂဲအကယ်ဒမီ၏နောက်တွင်ဂန်ဆန်းနိုင်ငံတော်ရှိ၏။ပြီးတော့
ကျောင်းအုပ်ဆရာကြီးကလည်းဂန်ဆန်းနိုင်ငံတော်တွင်စွမ်းအားအကြီးဆုံးသိုင်းပညာရှင်
ခြောက်ယောက်အနက်တစ်ယောက်အပါအဝင်ဖြစ် သည်။ဂျင်ချန်၏အခန်းသည်၁၀မီတာပတ်လည်ကျယ်ဝန်းပြီးရိုးရိုးရှင်းရှင်းပင်ဖြစ်သည်။အိပ်ယာနှင့်
ထိုင်ခုံတွေမှလွဲ၍တစ်ခန်းလုံးတွင်
မည်သည့်ပစ္စည်းမှမရှိချေ။
“လေးယောက်မြောက်ညီလေးဒါကမင်းအခန်းပဲလေ။တည်နေရာကိုသေချာမှတ်ထား။လမ်းမမှားစေနဲ့”
ချင်းရန်ဟူကရယ်လျက်ပြောလိုက်လေသည်။
ဂျင်ချန်သူ့၏ပစ္စည်းပစ်စရများအားချပြီးသောအခါ သူအကိုနဲ့အတူကျောင်းကို
လှည့်ပတ်ကြည့်ရန်ထွက်ခဲ့လေသည်။ချင်းရန်ဟူ၏လိုက်ပိုမူအောက်တွင်ဂျင်ချန်ပတ်ဝန်းကျင်နှင့်
အနည်းငယ်ရင်းနှီးသွားလေသည်။
ချင်းရန်ဟူကရုတ်တရက်ပြောလိုက်သည်
“လေးယောက်မြောက်ညီလေးမနက်ဖြန်က
ပထမနှင့်ကျောင်းသားများတွေ့ဆုံသိုင်းဖလှယ်ပွဲရှိတယ်။ ဆုတွေလည်းပေးမှာ။ပထမရတဲ့သူက
ပထမနှစ်ကျောင်းသားများကြားမှာကင်း
အဖြစ်သတ်မှတ်ခံရပြီးအဆင့်၃အမြူတေတစ်ခု၊ဒုတိယရတဲ့သူကအဆင့်၂အမြူတေတစ်ခု။
တတိယရတဲ့သူကအဆင့်၁အမြူတေတစ်ခုရမှာ။
မင်းမနက်ဖြန်အကောင်းဆုံးကြိုးစားခဲ့။’’