Switch Mode

Chapter – 11

ခါဂဲ အကယ်ဒမီ

Chapter – 11 ခါဂဲ အကယ်ဒမီ

ဘီရင်တန်ကဂျန်ချန်ခေါင်းလေးအား
ကြင်နာစွာပွတ်လိုက်ပြီး“တတိယအမဒီကိစ္စက
ကလေးတွေကြားမှာဖြစ်တဲ့ကိစ္စပဲစိတ်ထဲမမှတ်ယူပါနဲ့။
အခုကကီအာရဲ့ဒဏ်ရာကိုကုသပေး ဖိုသာအာရုံစိုက်သင့်တယ်။”
ဘီရင်တန်၏စကားအားကြားလိုက်ရသောအခါ ယုဖန်ဟန်ဒေါသထွက်နေသေးသော်လည်းငြိမ်၍သာနေလိုက်တော့သည်။
ဘီရင်တန်ကချင်းရန်ကီစီသိုလျှောက်သွားပြီး
သူမ၏မျက်လုံးအားမိတ်လိုက်ကာကီအာ၏ကိုယ်
ပေါ်သို့လက်နှစ်ဖက်အားတင်လိုက်လေသည်။ထိုအချိန်တွင်သူမ၏လက်နှစ်ဖက်မှ
အဖြူရောင်အလင်းတန်းလေးထွက်ပေါ်လာသည်ကို
တွေ့လိုက်ကြရသည်။
ဂျင်ချန်ကစိတ်ဝင်တစားအာရုံစိုက်ပြီးကြည်နေသည်။ သူကသူအမေလက်တွင်ထူးဆန်းသော

အဖြူရောင်စွမ်းအားလေးစုစည်းနေသည်ကို
တွေ့မြင်ရသည်။ပြီးတော့ဒီအဖြူရောင်စွမ်းအားလေး ကိုသူူလက်ကနေတစ်ကြိမ်ထုတ်ခဲ့ဖူးသည်။
ဂျင်ချန်ကသူအမေလှုပ်ရှားမှုများကို
ဂရုတစိုက်လေ့လာနေသည်။သူအမေအသုံးပြုနေသော
စွမ်းအားများကိုသူနားလည်မလည်
မသေချာပေ။ဒီကမ္ဘာကစွမ်းအင်နည်းလမ်းများကို အသုံးပြုနည်း
တွေကတအားရှုပ်ထွေးပြီးနားလည်ဖိုခက်ပေသည်။ဘီရင်တန်လက်ရှိအဖြူရောင်အလင်းတန်းသည်
တဖြေးဖြေးပိုပိုပြီးရောင်တောက်ပလာသည်။ သိုသော်လည်းလူအများ၏မျက်လုံးကိုတော့
မဆူးစေပေ။ သူမက ကီအာ ၏ဗိုက်အား ညင်သာစွာပွတ်ပေးနေပြီးသူမလက်ရှိ
အဖြူရောင်အလင်းတန်းလေးသည်ကီအာ၏ဗိုက်အတွင်းသိုဝင်ရောက်
သွားလေသည်။အရာအားလုံးပြီးသွားသောအခါ ဘီရင်တန်လေပူတစ်ချက်မှုတ်ထုတ်ကာ
အသက်ပြင်းပြင်းရှုလိုက်လေသည်။“တတိယအမအခုဆိုကီအာလုံးဝပြန်ကောင်းသွားပါပြီ

သူဒဏ်ရာကမရှိတော့ပါဘူး’
ယုဖန်ဟန်ကပျော်ရွင်စွာပြုံးလိုက်ပြီး
ကျေးဇူးတင်ကြောင်းဘီရင်တန်အားပြောကာကီအာ၏ အိပ်ယာဘေးသို့လျင်မြန်စွာရောက်သွားပြီး“ကီအာ အဆင်ပြေလား။ဒဏ်ရာကကော်နာသေး
လား”စိတ်ပူစွာမေးလိုက်သည်။
ချင်းရန်ကီကသူဗိုက်နားတစ်ဝိုက်အား
ပွတ်ကြည့်လိုက်ပြီး“အမေသားအဆင်ပြေပါတယ်။
နေရထိုင်ရ
တာသက်တောင့်သက်သာရှိသွားတယ်”ဟုပျော်ရွင်စွာပြောလိုက်လေသည်။
ထိုအရာကိုကြည့်ရင်းဂျင်ချန်နားလည်သွားသည်။ထိုထူးဆန်းသည့်အဖြူရောင်စွမ်းအင်တွေက
အလင်းသူတော်စင်တွေပိုင်ဆိုင်သည့်အရာဖြစ်သည်။ထိုရဲ့စွမ်းအင်ကဒဏ်ရာတွေကိုကုသရာမှာ
အလွန်လျင်မြန်စေလေသည်။အလင်းသူတော်စင်တစ်ယောက်၏ကုသမှုအောက်တွင်မည်သည့်
ဒဏ်ရာမဆိုခဏအတွင်းပျောက်ကင်းနိုင်လေသည်။အချို့ဒဏ္ဍာရီတွေကဆိုကြသည်အလွန်စွမ်းအားကြီး
သောအလင်းသူတော်စင်များသည်ပြတ်သွားသည့်

လက်များကိုပင်ပြန်ပေါက်အာင်လုပ်နိုင်ကြသည်ဟု
ဆိုသည်။ထိုထက်ပိုစွမ်းသွားပါက
သေသူကိုပင်အသက်သွင်း
နိုင်သည်ဟုဆိုလေသည်။
ဂျင်ချန်၏အတွေးထဲတွင်သူသာထိုအလင်းသူတော်စင်
စွမ်းအင်အမျိုးအစားကိုနားလည်ပြီးထိုစွမ်းအားကို
စုပ်ယူနိုင်ပါကသူလည်းသူ့အမေကဲ့
အလင်းသူတော်စင်စွမ်းအားကိုထိန်းချုပ်ပြီး
ဒဏ်ရာများကိုလျင်မြန်စွာကုသနိုင်ဖိုဖြစ်သည်။ဂျင်ချန်စိတ်ထဲတွင်ထိုစွမ်းအင်အား
စမ်းသပ်လေ့လာကြည့်ချင်သည်။
ဂျင်ချန်စိတ်မရှည်သလိုပင်ခံစားရသည်။သိုသော်သူသည်းခံပြီး ထိန်းချုပ်ထားလိုက်လေသည်။
ထိုစွမ်းအင်ကိုစမ်းသပ်ဖိုဆိုလျင်
အခြေအနေနှင့် အချိန်အခါကိုက်ညီမှုရှိဖို့လိုအပ်မှန်းသူနားလည်ထားသည်။
ထိုအချိန်တွင်အခန်းတံခါးပွင့်လာလေသည်။ဂျင်ချန်က ဘယ်သူများဝင်လာသလည်းလို့ကြည့်လိုက်
သည်။သူအဖေချင်းရန်ဘေနှင့်ချင်းရန်ကလန်၏အိမ်တော်ထိန်းကြီးချင်းဘီဖြစ်သည်။

“ကီအာဘယ်လိုနေသေးလည်းသူကောင်းသွာပြီလား’
ချင်းရန်ဘေကဆိုးရိမ်သည့်အသံဖြင့်မေးလိုက်လေသည်။
“သခင်ကြီးစိတ်ပူပေးတာကိုကျေးဇူးအရမ်းတင်ပါတယ်။ ဒါပေမယ့်ကီအာရဲ့ဒဏ်ရာကိုလေးယောက်
မြောက်အမကကုသပေးလိုက်လို့ပြန်ကောင်းသွားပါပြီ”
ယုဖန်ဟန်၏မျက်နှာတွင်အပြုံးရိပ်လေး
သန်းသွားပြီးပြန်ဖြေလိုက်လေသည်။ချင်းရန်ဘေ၏စိုးရိမ်ပေးမူကြောင့်သူမပျော်ရွင်သလိုခံစား
ရသည်။
“ဒါဆိုအားလုံးအဆင်ပြေသွားပြီပဲ”ချင်းရန်ဘီက
ခေါင်းငြိမ့်ရင်းပြောလိုက်လေသည်။ထိုနောက်
ဂျင်ချန်အားကြည့်ကာ“ရှင်းအာဒီရက်အတွင်းမှာ
နေရထိုင်ရတာအဆင်ပြေရဲ့လား”သူရဲ့စကားသံ တွင်စိုးရိမ်သည့်အသံလေးပါနေသည်။
“အဖေရဲ့စိုးရိမ်ပေးမှုကိုကျေးဇူးတင်ပါတယ်။
သားနေရတာ အဆင်ပြေပါတယ်” ဂျင်ချန်၏အသံကတော့တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။သူတော်စင်စွမ်းအင်စစ်ဆေးပြီးကတည်းက

ချင်းရန်ဘေနှင့်ဂျင်ချန်တို့ပထမဦးဆုံး
စကားပြောဖြစ်ခြင်းဖြစ်သည်။
ဂျင်ချန်၏ပြတ်တောင်းပြတ်တောင်းနှင့်
စကားသံကိုကြားလိုက်ရသောအခါချင်းရန်ဘီတိတ်တခိုး
သက်ပြင်းခိုးချလိုက်မိသည်။“ရှင်အာမင်းအဖေနဲအတူ
စာကြည့်ခန်းထဲခဏလိုက်ခဲ့ပါ”ထိုနောက်
ချင်းရန်ဘေအခန်းအတွင်းမှထွက်သွားလေသည်။ဂျင်ချန်လည်းချန်ရန်ဘေ၊ချင်းဘီတို့နှင့်အတူ
စာကြည့်ခန်းဘက်သို့လျှောက်လာခဲ့လိုက်သည်။ ချင်းရန်ဘေကထိုင်ခုံတစ်ခုအားဝင်ထိုင်လိုက်ပြီး
ဘာစကားမှမပြောခင်ဂျင်ချန်အားခဏကြည့်လိုက်
ပြီး“ရှင်းအာငါကြားတာဒီနေ့မနက်ခင်းမှာမီးဖိုထဲက အစေခံကွင်းအာကိုဒဏ်ရာရအောင်လုပ်
လိုက်တယ်ဆို”ဖြေးညင်းစွာပြောလိုက်သည်။‘ဟုတ်ကဲ့လုပ်မိပါတယ်”
ဂျင်ချန်အမှန်အတိုင်းပြောလိုက်သည်။အားလုံးသိပြီးသား ကိစ္စအားသူလိမ်ညာမနေတာ့ပေ။
ချင်းရန်ဘေကဂုဏ်သည့်ဟန်ဖြင့်ရယ်လိုက်ပြီး
ညင်သာစွာပြောလိုက်သည်“ရှင်းအာမင်းသူတော်စင်

စွမ်းအားလေ့ကျင့်လို့
ရတာကိုအဖေကိုဘာလို့မပြောတာလည်း”
ဂျင်ချန်ခေါင်းအားအသာငြိမ့်လိုက်ပြီး“ဟုတ်ကဲ့’ဟုသာရိုးရိုးလေးဖြေလိုက်လေသည်။
ချင်းရန်ဘေက
ဂျင်ချန်သူတော်စင်စွမ်းအားလေ့ကျင့်နိုင်မှန်း
ခန်မှန်းမိသော်လည်းဂျင်ချန်ကိုယ်တိုင်
ဖြေတာကြားလိုက်ရသောအခါအမျိုးအမည်မသိ
ခံစားချက်လေးရင်ဘတ်ထဲတွင်ပေါ်လာလေသည်။“ချင်းဘီငါမင်းကိုရှင်းအာရဲ့သူတော်စင်စွမ်းအား စစ်ဆေးဖို့အကူအညီတောင်းရဦးမယ်။”ချင်းရန်ဘီ အခုတွင်ပျော်ရွင်နေသော်လည်းချင်းဘီကိုတော့
ယဉ်ကျေးစွာပြောသည်။ ထိုအပြုအမူကအိမ်တော်ထိန်းတစ်ယောက်အားဆက်စံသင့်တာထက်ပိုလေသည်။
ဒါပေမယ့်ချင်းဘီရယ်ရုံသာရယ်လိုက်ပြီးသူ့
လက်စွပ်ကနေသူတော်စင်ကျောက်တုံးတစ်ခုအား
ထုတ်လိုက်လေသည်။“လေးယောက်မြောက်သခင်လေးလက်ကိုသူတော်စင်ကျောက်တုံးပေါ်တင်
လိုက်ပါ”သူအသံကနွေးထွေးမှုကိုဖော်ပြနေသည်။

ဂျင်ချန်ကသူလက်ကိုကျောက်တုံးလေးပေါ်
လက်တက်လိုက်သောအခါချင်းဘီကကျောက်တုံးလေးအားအသက်သွင်းလိုက်လေသည်။ဂျင်ချန်
နောက်တစ်ကြိမ်ကျောက်တုံးလေးကနေထွက်ပေါ်လာထူးဆန်းသည့် စွမ်းအားလေးအားခံစားလိုက်ရလေသည်။ထိုစွမ်အားလေးသည်ဂျင်ချန်၏ခန္ဓာကိုယ်အား
လှည့်ပတ်သွားပြီးသူလက်ကနေ
တစ်ဆင့်ကျောက်တုံးလေးကိုပြန်ဝင်သွားသည်။သူတော်စင်ကျောက်တုံးလေးတွင်
အားလုံးမြင်လိုက်ရသည်က
အနီရောင်ဖျော့ဖျော့လေးလင်းလာ
ခြင်းကိုဖြစ်သည်။
အနီရောင်ကိုမြင်လိုက်ရသောအခါ ချင်းရန်ဘေ၏မျက်နှာတွင်စိတ်လှုပ်ရှားမှုကိုမဖုံးထားတောချေ။ “ကလန်ခေါင်းဆောင်
လေးယောက်မြောက်သခင်လေးကသူတော်စင်စွမ်းအားအလွှာ၄ဆင့်ကို
ရောက်ပြီးပါပြီ”ဟုပြုံး၍ပြောလိုက်လေသည်။ဂျင်ချန်ကအသက်၇နှစ်အရွယ်နှင့်
သူတော်စင်စွမ်းအားအဆင့်၄ကိုရောက်ဖြင်းမှာ

တန်းရန်တစ်တိုက်လုံးရှိပါရမီရှင်များပင်မယှဉ်နိုင်ကြပေ။
သူ့ရဲ့၃ယောက်မြောက်အကိုကီအာပင်
ဂျင်ချန်ထက်အသက်၃နှစ်ခန်ပိုကြီးသော်လည်း အဆင်၃သာရောက်သေးသည်။
ချင်းဘီကသူတော်စင်ကျောက်တုံးအား
လက်စွပ်အတွင်းပြန်ထဲ့လိုက်ပြီး
“လေးယောက်မြောက်သခင်လေးက
ငါ့ကိုစိတ်မပျက်စေပါဘူး”ဟုပြုံး၍ပြောလိုက်လေသည်။ထိုနောက်ဂျင်ချန် စာကြည့်ခန်းအတွင်းမှ
ပြန်ထွက်သွားလေသည်။ဂျင်ချန်ထွက်သွားပြီးနောက်
ချင်းရန်ဘေကချင်းဘီအားကြည့်ကာ“ချင်းဘီအရင်ကငါတို့ရှင်းအာကိုသူတော်စင်စွမ်းအား
စစ်ဆေးပေးတုန်းကဘာတွေမှားခဲ့လည်းမသိဘူး။ငါ့မှာရှင်းအာလေ့ကျင့်လို့မရတော့ဘူးထင်ပြီး
အရမ်းကြောက်ခဲ့ရတာ။”
ချန်းဘီမျက်နှာလည်းတည်သွားပြီး
ဖြေးညင်းစွာပြောလိုက်သည်“ကျွန်တော်လည်း မသေချာဘူး။
အရင်တစ်ကြိမ်စစ်ဆေးတုန်းကဘာမှားခဲ့လည်းဆိုတာ။ဒါပေမယ့်အခုကအရေးမကြီးတော့ပါဘူး”

ချင်းရန်ဘီကခေါင်းငြိမ့်လိုက်ပြီး“အခုရှင်းအာက
အသက်၇နှစ်ပဲရှိသေးတယ်ဒါပေမယ့်
သူတော်စင်စွမ်းအားအလွှာအဆင်၄ကိုရောက်နေပြီဒီလိုသာဆိုရှင်းအာအသက်၁၈နှစ်မှာ
သူတော်စင်စွမ်းအာအလွှာအဆင့်၁၀ကိုရောက်ပြီး
သူတော်စင်လက်နက်ကိုဖန်တီးနိုင်လိမ့်မယ်။
ပြီးတော့ရှင်းအာကထူးချွန်တဲ့ပါရမီရှင်ပဲငါသူ
ငယ်တုန်းမှာပဲခါဂဲအကယ်ဒမီ(ကျောင်း)ကိုပ့ိုချင်တယ်။ ချင်းဘီကော်ဘယ်လိုတွေးလည်း”
ထိုစကားအားကြားလိုက်ရသောအခါ ချင်းဘီက“ခါဂဲအကယ်ဒမီကငါတို့ဂန်ဆန်းနိုင်ငံတော်မှာ
တော့နာမည်အကြီးဆုံးပဲ။အရေးကြီးတာ
ကအကယ်ဒမီကိုတက်ရောက်ဖို့ကအရည်အချင်းပြည့်မှီ ဖိုလိုတယ်။အချိန်ကာလတိုအတွင်းမှာ
လေးယောက်မြောက်သခင်လေး သူတော်စင်စွမ်းအားအဆင့်၈ကိုရောက်ဖို့လိုတယ်။
ပြီးတော့သူတော်စင်စွမ်းအားကအဆင့်မြင့်လာလေကျင့်ရ
ကြာလေမှတ်လား။”ဟုပြောလိုက်လေသည်။

“ရှင်းအာသူတော်စင်စွမ်းအားအလွှာအဆင့်၈ကို
ရှင်းအာလာမယ့်နှစ်အနည်းငယ်အတွင်းလေ့ကျင့်
နိုင်ဖို့မျှော်လင့်ရတော့မှာပဲ’”
ချင်းရန်ဘေကညင်သာစွာပြောလိုက်လေသည်။
…….
သူစာကြည့်ခန်းအတွင်းကထွက်လာသောအခါ
ဂျင်ချန်သူ့အခန်းသို့လျင်မြန်စွာပြန်သွားလေသည်။
ထိုနောက်အခန်းတံခါးအားတင်းကြပ်စွာပိတ်လိုက်ပြီးချင်းရန်ကီနှင့်ပြန်လည်တိုက်ခိုက်နေသော
ပုံရိပ်များအားပြန်လည်စဉ်းစားလိုက်သည်။
သူကဒူဂူးကွင်းဘီနှင့်အရင်ကမ္ဘာတုန်းကတိုက်ခိုက်စင်
နောက်ဆုံးအချိန်၍ဓားနတ်ဘုရား
အဆင့်ကိုတက်လှမ်းနိုင်ခဲ့သည်။သိုသော်
သူမထင်ထားသည်ကသူပြန်လည်ဝင်စားလာသောအခါတွင်လည်း ထိုစွမ်းအားက သူနှင့်ပါလာမည်ဟုမတွေးမိခဲ့ပေ။ဂျင်ချန်းစိတ်ထဲတွင်ပျော်ရွင်မိ
သလိုခံစားရလေသည်။
ဂျင်ချန်သစ်ကိုင်းလေးကနေထွက်လာသော
ဓားချီများအကြောင်းစဉ်းစားမိကာနည်းနည်းတော့

သံသယဝင်လာလေသည်။သူကအရင်ဘဝတုန်းကလို
စွမ်းအားမျိုးမရှိတော့ပေ။ဒါပေမယ့်
ဘာလိုသာမန်သစ်ကိုင်းခြောက်လေးကိုဓားချီ
နှင့်ထိန်းချုပ်လိုရတာလည်း။?
ဂျင်ချန်ထိုအရာကိုနောက်တစ်ကြိမ်စမ်းကြည့်ဖို့
ဆုံးဖြတ်လိုက်သည်။
သူအခန်းထဲအာဝေ့ကြည့်လိုက်သော
အခါသစ်သားချောင်းလေးတစ်ခုကိုသွားတွေ့သည်။ ထိုအရာကဂျင်ချန်အဝတ်လှမ်းဖို့အသုံးပြုသည့်
အရာဖြစ်သည်။ဂျင်ချန်ထို
သစ်သားချောင်းလေးအားကိုင်ပြီး
စိတ်ကိုတည်ငြိမ်အောင်ထားလိုက်လေသည်။ပြီးတော့သူတဖြေးဖြေးချင်း သူစိတ်ထဲတွင် ထိုသစ်သားစလေးကိုဓားတစ်ချောင်းအဖြစ်မြင်အောင်ကြည့်လိုက်လေသည်။ဓားသည်သာမာန်ဓားမဟုတ်နတ်ဘုရားတို့
ကိုင်သည့်ဓား။ သူကတစ်ဖြေးဖြေးချင်းလက်ထဲကသစ်သားစလေးနှင့်
လိုက်လျောညီထွေဖြစ်အောင်လုပ်ယူသည်။
ဂျင်ချန်၏ စိတ်ထဲတွင်ထိုကဲ့သိုဖြစ်အောင်ခံစားယူသည်။သူနှင့်သစ်သားချောင်းကြားကိုသူရဲ့စိတ်ဝိညာဉ်ဖြင့်

ဆက်နွယ်လိုက်လေသည်။ထိုအခါသစ်သားစလေးသည်
ဂျင်ချန်၏လက်ထဲမှ
တဖြေးဖြေးလေပေါ်သို့မြှောက်တက်လာလေသည်။ဒါပေမယ့်ထိုအရာကဂျင်ချန်၏
ထိန်းချုပ်မူအောက်တွင်သာဖြစ်လေသည်။
သစ်သားချောင်းလေးသည်အဖြူရောင်အလင်းလေးများ
ဖြာထွက်လာသည်။သူနှင့်ရင်းနှီးနေသည့်ဆူးရှသောဓားချီများကလည်းပတ်ဝန်းကျင်တစ်ခုလုံး
ပျံ့နှံလာလေသည်။
ထိုအချန်တွင်သစ်သားချောင်းနှင့်သူ၏စိတ်ဝိညာဉ်လိုက်လျောညီထွေဖြစ်သွားကြောင်း
ဂျင်းချန်သိလိုက်လေသည်။ထိုသစ်သားချောင်းကိုသူရဲ့ကိုယ်ပိုင်လက်ကဲ့သို့လွယ်ကူစွာ
ထိန်းချုပ်၍ရသွားသည်။ထိုသစ်သားချောင်းထဲကဓားချီသည်သူရဲ့စိတ်ဝိညာဉ်နှင့်တစ်နည်း
နည်းပတ်သတ်နေကြောင်းဂျင်ချန်နားလိုက်လေသည်။ထိုသို့နားလည်လိုက်ချိန်တွင်သစ်သားချောင်းမှ
တောက်ပသောအရောင်များကိုသာဂျင်ချန်မြင်ရ
တော့သည်။ထိုသစ်သားချောင်းကဂျင်ချန်၏
ခန္ဓာကိုယ်အားအလွန်လျင်မြန်သောနှုန်းဖြင့်ပတ်နေ

လေသည်။
ဂျင်ချန်အရမ်းပျော်နေမှန်းသူမျက်နာကိုကြည့်ရုံနှင့်
မြင်နိုင်လေသည်။သူမထင်ထားသည်က
သူူအရင်ဘဝနောက်ဆုံးအချိန်တွင်သူဓားရဲ့ဝိညာဉ်ကို နားလည်သွားမည်ကိုဖြစ်သည်။
ဒီနေ့ကစ၍ထိုဓားဝိညာဉ်သည်ဂျင်ချန်၏
အားအပြင်းဆုံးသောတိုက်ခိုက်ကွက်ဖြစ်သကဲ့သိုအသက်ကိုကယ်တင်နိုင်သော
ဝှက်ဖဲလည်းဖြစ်ပေမည်။
ဘာမသိလိုက်ခင်မှာပင်နှစ်အချို့ကုန်ဆုံးသွားလေသည်။ ဂျင်ချန်၏အသက်ကလည်း၁၅နှစ်ထဲသို့
ဝင်ခဲ့လေပြီ။ဂျင်ချန်ကတော့သူပုံစံအတိုင်း
အပြင်ထွက်တာရှားပြီးအခန်းအတွင်းတွင်နေ့တိုင်း
အဇူရာဓားကျင့်စဉ်ကိုလေ့ကျင့်လျက်ရှိပေသည်။ဂျင်ချန်သူစွမ်းအားကိုထုတ်ပြပြီးကတည်းက
ကလန်တစ်ခုလုံးသူကိုပြန်လေးစားလာကြသည်။ချင်းရန်ဘီကလည်းအတတ်နိုင်ဆုံးဂျင်ချန်အား
ဂရုစိုက်လေသည်။ထိုအထဲတွင်အပျော်ဆုံးကတော့ဘီရင်တန်ပဲဖြစ်သည်။သိုသော်လည်း

သူရဲ့အဒေါ်နှစ်ယောက်ဖြစ်သည့်လင်းလောင်နှင့်
ယုဖန်ဟန်ကတော့သူအားမလိုသည့်အကြည့်
ဖြင့်သာကြည့်ကြသည်။ဂျင်ချန်၏
မှတ်ဉာဏ်ထဲတွင်တော့ ထိုအကြည့်မျိုးသည်သူအတွက်မထူးဆန်းတော့ချေ။
ယခုနှစ်အတွင်းဂျင်ချန်ကသူတော်စင်စွမ်းအား
အဆင့်၈သို့ရောက်လာပြီဖြစ်သည်။ဒါကဂျင်ချန်
တမင်အမြန်နှုန်းအားလျော့ထားသောကြောင့်ဖြစ်သည်။သူကထိုကာလကြားထဲတွင်သူအရင်ဘဝက
ဓားဥပဒေနှင့်ရင်းနှီးအောင်ပြန်လုပ်နေရသည်။
ထိုကြောင့်သာ မဟုတ်လျင် ဂျင်ချန် နှစ်အနည်းငယ်အကြာကပင်သူတော်စင်စွမ်းအား
အဆင့်၈ကိုရောက်နိုင်လေသည်။ယခုတွင်လည်းဂျင်ချန်သူတော်စင်စွမ်းအားအဆင့်၉သို့
ရောက်ခါနီးနေပြီဖြစ်သည်။
မနက်ခင်းစောစောတွင်ကြီးမားသောဂိတ်တံခါးကြီး၏အပြင်တွင်လူတစ်စုစုဝေးရောက်ရှိနေ
ကြသည်။ထိုလူတွေထဲတွင်ဂျင်ချန်၏မိဘနှစ်ပါးနှင့် သူအဒေါ်သုံးယောက်အပါအဝင်သူရဲ့တတိယအကို

ချင်းရန်ကီနှင့်ဒုတိယအမ
ချင်းရန်မင်းယုတိုလည်းပါသည်။သူတိုအပြင်အခြားလူအနည်းငယ်လည်းရောက်နေသည်။ပြီးတော့
ငှက်မျိုးနွယ်မှော်သားရဲကြီးတစ်ကောင်ကလည်းလူအုပ်ကြီးနှင့်မလှမ်းမကမ်းတွင်ရှိလေသည်။
ဒီနေ့ကဂျင်ချန်ခါဂဲအကယ်ဒမီတွင်
ပညာသင်ကြားဖ့ိုသွားမည့်နေဖြစ်ပေသည်။ ခါဂဲအကယ်ဒမီတွင်တက်ရောက်ရန်
ကျောင်းသားတစ်ယောက်သည်အနည်းဆုံး
သူတော်စင်စွမ်းအားအဆင့်၈ရှိရပေမည်။ပြီးတော့အသက်ကလည်း
၁၈နှစ်မကျော်ဖိုကန်သတ်ထားသေးသည်ဂျင်ချန်က ထိုအခြေ
အနေနှစ်ရပ်လုံးနှင့်ကိုက်ညီသည်။ခါဂဲအကယ်ဒမီသည်တစ်နှစ်ကိုကျောင်းသားတစ်ကြိမ်သာလက်ခံ
သည်။
ဘီရင်တန်ကမျက်ရည်စလေးများလေးများဖြင့်
ဂျင်ချန်အားကြည့်နေသည်။ သူမက ကြင်နာစွာ တစ်ချက်ဂျင်ချန်အားကြည့်လိုက်ပြီး“ရှင်အာကျောင်းမှာ
စာကြိုးစားနော်…အဲ့လေမှားရေးမိတာ”

“ရှင်းအာအကယ်ဒမီမှာကောင်းကောင်းနေခဲ့နော်
ပြသာနာတွေမရှာနဲ့မင်းအမေပြောတာနားလည်လား”ဘီရင်တန်အလွန်စိုးရိမ်နေသည့်ဟန်ပေါက်နေသည်ဂျင်ချန်ကနာခံစွာပဲပြန်ပြောလိုက်သည်
“အမေမဆိုးရိမ်ပါနဲ့ကျွန်တော်ဘာလုပ်ရမလည်းသိပါတယ်”ချင်းရန်ဘေကဂျင်ချန်စီ
လမ်းလျှောက်လာရင်းပြောလိုက်သည်“ရှင်းအာဒီသိုလှောင်ခါးပတ်လေးက
အဖေမင်းအတွက်ပြင်ပေးထားတာ။ဒါကအရမ်းကြီးတန်ဖိုးမရှိပေမယ့်မင်းပစ္စည်းလေးတွေတော့
ထဲ့လိုရတယ်။သိုလှောင်လို့ရတဲ့ပမာဏကသိပ်တော့ မကြီးပါဘူး။မင်းအသက်၁၈နှစ်ပြည့်လို့
သူတော်စင်စွမ်းအားအဆင့်၁၀ရောက်ပြီး
သူတော်စင်လက်နက်ဖန်တီးနိုင်တဲ့အခါကျရင်အဖေမင်း
အတွက်ဝိညာဉ်လက်စွပ်နဲ့မွန်းစတားအမြူတေ တစ်ခုပေးမယ်’လိုပြောပြီးနောက်သူလက်ထဲတွင်
သိုလှောင်ခါးပတ်လေးပေါ်လာလေသည်။ထိုခါးပတ်ကဂျင်ချန်အတွက်ရည်ရွယ်ပြီးဝယ်ခဲ့ခြင်းဖြစ်

သည်။
ချင်းရန်ဘေ၏အပြုအမူကိုမြင်လိုက်သောအခါအနားကလင်းလောင်နှင့်ဖန်ရန်တိုနှစ်ယောက်လုံး
မနာလိုသည့်ဟန်လေးမျက်နှာတွင်ခဏပေါ်သွားသည်။လူတိုင်းရဲ့အကြည့်ကဂျင်ချန်အပေါ်မှာသာ
ကျရောက်နေသောကြောင့်သာ
သတိမထားမိကြချင်းဖြစ်သည်။
ဂျင်ချန်ကခါးပတ်လေးအားလက်ခံပြီး
ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်“အဖေကျွန်တော်သူတော်စင်တစ်ယောက်အမြန်ဆုံးဖြစ်စေရပါမယ်”
ချင်းရန်ဘေကျေနပ်သွားသည့်ဟန်ဖြင့်ပြုံးရင်း
ဂျင်ချန်အား မျှော်လင့်ချက်ကြီးစွာ ကြည့်နေလေသည်။“လေးယောက်မြောက်သခင်လေး
နည်းနည်းနောက်ကျနေပြီငါတိုသွားကြစို့’ထိုအချိန်တွင် အိမ်တော်ထိန်းကြီး ချင်းဘီ၏အသံထွက်လာလေသည်။ဂျင်ချန်ကသူအမေအားနောက်ဆုံးကြည့်လိုက်ပြီး
ချင်းဘီနှင့်အတူလှည့်ထွက်သွားလေသည်။ချင်းဘီကဂျင်ချန်အားမှော်သားရဲ၏အပေါ်သို့
မတင်လိုက်လေသည်။ထိုနောက်သူကိုယ်တိုင်လည်းခုန်တက်လိုက်ပြီးဂျင်ချန်၏ဘေးတွင်

ဝင်ထိုင်လိုက်လေသည်။ထို့နောက်ဂျင်ချန်အား
ပြုံးရင်းပြောလိုက်သည်
“လေးယောက်မြောက်သခင်လေးသေချာထိုင်နော်’ထိုအချိန်အတွင်းမှာပဲမှော်သားရဲကချင်းဘီစီကအမိန်အတိုင်းစတင်ပျံသန်းရန်ယင်း၏၁၀မီတာခန်ရှည်သောအတောင်အားဖြန်လိုက်လေသည်။ထိုနောက်အပေါ်သိုထိုးတက်သွားပြီးအဝေးသို့
စတင်ပျံသန်းသွားလေသည်။

 

Comment

Leave a Reply

Options

not work with dark mode
Reset