Chapter – 268
“ဓားတစ်လက်ဖြစ်ပေါ်လာခြင်း”
ရဲရှောင်ဘက်မှ ဒုတိယအကြိမ် ထိုးစစ်ဆင်ရန် ပြင်နေစဉ်မှာပင် နန်ရှန်ဆင်းသည် ရုတ်တရက် ခုန်ပျံလိုက်ရင်း ခနဲ့သော အသံဖြင့်-
“ဖန်ဧကရာဇ် . . . မင်းက ငါ့ထက် အများကြီး အားနည်းပါတယ်ကွာ။ ငါ့ကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ။ အဲ့ဒါကြောင့်ငါနဲ့ ပူးပေါင်းတာ မင်းအတွက် ပိုကောင်းလိမ့်မယ်။ သေရမှာထက်စာရင် ငါ့ကျွန်ဖြစ်ရတာမှ ပိုကောင်းဦးမယ် မဟုတ်လား . . .”
ရဲရှောင်သည်နန်ရှန်ဆင်းအား အဖတ်လုပ်၍ပင်ပြန်မပြောတော့ချေ။
လေထဲတွင်နန်ရှန်ဆင်း၏ ဝတ်ရုံသည်တလူလူ လွင့်ပျံလျက်ရှိပြီး ခန္ဓာကိုယ်မှလည်း အပြာရောင် အလင်းအချို့ ထွက်ပေါ်နေလျက်ရှိသည်။
သူ၏ လက်တွင်လည်း စွမ်းအင်များအား စုစည်းထား ရှိသည်။ ထိုစွမ်းအင်များ စုစည်းထားသည့်လက်ဝါးဖြင့်သာ အ ရိုက်ခံရပါက တစ်ချက်တည်းနှင့်ပင် အထိနာသွားစေမည်မှာ မလွဲဧကန်ပင်။
ရဲရှောင်မှာမူ ရွေးချယ်စရာ မရှိတော့သဖြင့် အဆိုပါ တိုက်ကွက်အား ခုခံကာကွယ် ရတော့ပေမည်။
ရဲရှောင်၏ အကြီးမားဆုံး အားသာချက်မှာ လျင်မြန်မှုပင် ဖြစ်ကြောင်း နန်ရှန်ဆင်းသည်ကောင်းစွာ သိနေလေသည်။ အကယ်၍ သူ့ဘက်မှ ပရမ်းပတာ တိုက်ခိုက်နေလျှင် အချိန်ကုန်လူပင်ပန်းသာ ဖြစ်နေလိမ့်မည်ဖြစ်ပြီး ရဲရှောင်အား ဖမ်းမိနိုင်ရန်မှာလည်း မသေချာလှပေ။
နေမင်းကြီးသည်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည်ဆူညံနေသဖြင့်အခြားသော လူများ သတိပြုမိသွားနိုင်ပေသည်။
ထို့ပြင် ယခုအခါတွင်လေလံပွဲသို့ တက်ရောက်ကြမည့်ပညာရှင်များစွာလည်း စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ထို့ကြောင့်ထူးခြားသည့် အခြေအနေတစ်ခုခု ဆိုသည်နှင့် ချက်ချင်း ရောက်လာကြမည်မှာ အသေအချာပင်ဖြစ်သည်။
နန်ရှန်ဆင်းအဖို့ ဖန်ဇီလင်သည် အဖိုးမဖြတ်နိုင်သော ရတနာပင် ဖြစ်သည်။ ထို့ကြောင့်ရဲရှောင်အား အရှင်ဖမ်းမိနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုအား တစ်စုံတစ်ေယာက်ယောက်မှ သိသွားမည် ဆိုပါက မလိုလားအပ်သော ပြသာနာများ ဖြစ်ပေါ်လာနိုင်ပေသည်။ ထို့ပြင် လေလံပွဲကြီးသည်လည်း မကြာမီ ကျင်းပတော့မည် မဟုတ်ပါလော။
ထိုလေလံပွဲသို့ နန်ရှန်ဆင်း ကိုယ်တိုင်သည်လည်း တက်ရဦးမည် ဖြစ်သည်။
လေလံပွဲသည် အချိန်အတိအကျ သတ်မှတ်ထားသည့်အတွက်လင်းပါအို၏ ဧကရာဇ် ဖြစ်သော ဖန်ဇီလင် တဖြစ်လဲ ရဲရှောင် သေဆုံးသွားလျှင်ပင် ဆက်၍ ကျင်းပကြမည်သာ ဖြစ်သည်။
ထို့ကြောင့် နန်ရှန်ဆင်းသည်ယခုတိုက်ပွဲအား တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ချင်နေမိပြီ ဖြစ်သည်။ ဖန်ဇီလင်အား အနိုင်ယူ၍ သူ၏ ဘက်တော်သား ဖြစ်စေရန်စည်း ရုံးရပေလိမ့်မည်။ ထို့နောက် ဖန်ဇီလင်အား ဘာမှ မဖြစ်ခဲ့သည့်အနေအထားဖြင့်လေလံပွဲသို့ တက်ခိုင်း၍ နောက်ကွယ်မှနေ၍ အကျိုးအမြတ်များ ရယူမည်ဟု နန်ရှန်ဆင်း၏ စိတ်ထဲတွင်ကြံရွယ်ထားလေသည်။
ဖန်ဇီလင်ကိုသာ ကောင်းစွာ ကိုင်တွယ်နိုင်မည် ဆိုပါက အရာအားလုံးသည် သူ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေပေလိမ့်မည်။
နန်ရှန်ဆင်းသည် ဖန်ဇီလင်ထံမှ အကျိုးအမြတ်များစွာ ရရှိနိုင်မည့် အခွင့်အရေးအား တွေးရင်း စိတ်လှုပ်ရှားနေမိသည်။
ထို့ကြောင့် ရဲရှောင်အား အမြန်ဆုံး အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။
(မင်းက ငါ့ထက် အများကြီး အဆင့်နိမ့်ပါတယ်။ မျက်နှာချင်းဆိုင် တိုက်ခိုက်ကြစတမ်းဆိုရင်မင်းငါ့ကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး။ ကြာလာတာနဲ့အမျှ မင်းပုန်းစရာ နေရာမရှိတော့ဘဲ ငါ့လက်ထဲ ရောက်ရမှာပဲ။ မင်းဟာမင်း ဘယ်လောက်ပဲ အရှောင်အတိမ်း ကျွမ်းကျွမ်း၊ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အ ရိုက်ခံရမှာက အ ရိုက်ခံရမှာပဲ။ ဉာဏ်ဘယ်လောက်ပဲကောင်းကောင်း ခွန်အားမရှိရင် သေမှာပဲ . . .)
နန်ရှန်ဆင်း၏ အတွေးသည်မှန်ကန်နေပေသည်။ ရဲရှောင်နှင့် ယှဉ်ပြိုင်ရသည့်အချိန် ကြာလာသည်နှင့်အမျှ သူ့ဘက်မှ အရေးသာသွားမည် ဖြစ်သည်။
နန်ရှန်ဆင်းသည် ရဲေ ရှာင်ထံသို့အရှိန်အဟုန်အပြည့်ဖြင့်ခုန်ဝင်သွားသည်။
အန္တရာယ်နှင့် အလွန်နီးကပ်နေသည့်အချိန်သို့ရောက်ရှိနေပြီ ဖြစ်သဖြင့် ရဲေ ရှာင်ဘက်မှ တစ်စုံတစ်ခု လုပ်မှ ဖြစ်ပေတော့မည်။ နန်ရှန်ဆင်း၏ တိုက်ခိုက်မှုအား တိုက် ရိုက်ခုခံရန်မှာ အလွန်အလျော်အစား ကြီးမားသည့်ကိစ္စတစ်ခုပင်ဖြစ်ကြောင်း ရဲေ ရှာင်သဘောပေါက်မိသည်။ သို့သော် ရွေးချယ်စရာ မရှိတော့သည့်အတွက်သူ၏ လက်အားမြောက်ကာ ခုခံလိုက်သည်။
“ဘုန်း . . .”
ရဲရှောင် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုမတတ်ပင်လန်ထွက်သွားသည်။ ထိုအခြင်းအရာအား ကြည့်ခြင်းအားဖြင့် ရဲေ ရှာင်အနေဖြင့်နန်ရှန်ဆင်း၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့်စွမ်းအင်သက်ရောက်မှု ပမာဏကို ခံနိုင်ရည်မရှိကြောင်း သိသာလှပေသည်။
ယခုကဲ့သို့ တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက် ဆုံတွေ့သည့်အခါ အင်အားကြီးသော သူသည် အရေးသာမည် ဖြစ်ပြီး အင်အားနည်းသောသူမှာ အရေးနိမ့်မည်ဖြစ်သည်။ တိုက်ပွဲ၏ အနိုင်နှင့် အရှုံးအား ကြိုတင်၍ သိမြင်နိုင်သည့်အနေအထားပင်။
တိုက်ခိုက်မှုနှစ်ခု ဆုံတွေ့ခါနီးအချိန်တွင်နန်ရှန်ဆင်းဘက်မှ အ ရှိန်အနည်းငယ် ထိန်းလိုက်သည်။ အကြောင်းမှာ ရဲရှောင်အား သတ်မိသွားမည် စိုးသောကြောင့်အ ရှိန်လျှော့လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအင်ပြန်လျှော့လိုက်သည့်တိုင် ရဲရှောင်မှာမူ ကိုယ်တွင်းကလီစာများပင်လှုပ်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ပြင်သူ၏ လက်များသည်လည်း ကျိုးသွားလုနီးပါး ဖြစ်သွားခဲ့သည်။
နန်ရှန်ဆင်းသည်မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားသောဟန်ဖြင့်လက်နောက်ပစ်ကာ လျှောက်လာရင်း –
“ဖန်ဧကရာဇ် . . . အခုတိုက်ကွက်ကို ငါ့စွမ်းအားရဲ့ ၃၀ ရာခိုင်နှုန်းပဲ သုံးထားတာကွ . . .”
ရဲရှောင် ရယ်မောလိုက်ရင်း –
“ဪ . . . ဟုတ်လား . . . ငါ့အသက်က တန်ဖိုးရှိတယ်ပေါ့ . . .”
နန်ရှန်ဆင်း၏ မျက်လုံးများသည်အရောင်တစ်ချက် ဝင်းလက်သွားပြီး –
“ဖန်ဧကရာဇ်ရဲ့ အသက်က တကယ်ပဲ တန်ဖိုးရှိတာပေါ့။ တန်ဖိုးဖြတ်လို့တောင် မရလောက်ဘူး။ မင်းသာ ငါ့ကျွန်ဖြစ်လာရင် မင်းအသက်က မင်းထင်တာထက်ကို ပိုပြီး တန်ဖိုးရှိနေတယ် ဆိုတာကို တွေ့ရမှာပါကွာ . . .”
ထို့နောက် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြန်ရင်း –
“မင်းကို နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ပြောပြရဦးမယ်။ ငါက ခေါင်းမာတတ်တဲ့ လူမျိုးတွေဆို သိပ်သဘောကျတာ။ အဲဒီလို ခေါင်းမာတဲ့ကောင်တွေ၊ အကြောတင်းတဲ့ ကောင်တွေကို ငါ့အရှေ့မှာ ဒူးထောက်ခိုင်းပြီး သေလောက်အောင် နှိပ်စက်ရတဲ့ အရသာကိုလည်း ကြိုက်တယ်။ ပြီးရင်တော့ ငါပြောသမျှ နာခံရမဲ့ အစေခံမျိုး ဖြစ်လာတဲ့အထိ ပုံစံသွင်းတယ်။ ကိုယ့်စိတ်တိုင်းကျ လုပ်ခွင့်ရှိတဲ့ ခံစားချက်က တော်တော်ကိုကောင်းတယ်။ ပြောရရင်တော့ တကယ့် အပျိုစင်လေး တစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ် နှစ်ပါးသွား လိုက်ရသလို ခံစားချက်မျိုးပေါ့။ ဒါပေမယ့်မင်းကတော့ ငါခံစားရသလို ခံစားနိုင်မှာ မဟုတ်တော့ ဘယ်သိနိုင်မှာလဲ . . .”
“အဲ့ဒီလို ခံစားချက်မျိုး ဖြစ်ဖို့အတွက် မင်းကတော့ ပေးဆပ်ရလိမ့်မယ်။ ငါ့ကို ပြောဆိုခဲ့တာတွေ၊ ငါ့အဖေကို စော်ကားခဲ့တာတွေအတွက် ပြန်ပေးဆပ်မယ်. . .”
ရဲရှောင်လည်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း –
“မင်းကိုယ်မင်း အဲဒီလို ဖြစ်လာမယ်လို့များ ထင်နေတာလား။ ဟားဟား . . . ဒီလောက်ထိ တိုက်ခိုက်ခဲ့ကြပြီးတာတောင် လေသံကို တိုးတိုးပြောနေသေးတယ်။ မင်းက ဒီနားတဝိုက်ကို ငါတို့ တိုက်ခိုက်ကြတဲ့ အသံတွေ မကြားစေချင်တဲ့ပုံပဲ။ အခုကိစ္စကို တခြားလူတွေကို မသိစေချင်ဘူး ထင်တယ်၊ ဟုတ်တယ်မလား၊ မင်းတစ်ယောက်တည်းပဲ သိနေချင်တာလေ။ ခုနကတိုက်ကွက်က မင်း စွမ်းအင်ရဲ့ ၃၀ ရာခိုင်နှုန်းပဲသုံးထားတယ်ဆိုတာ ဒီထက်သာပိုပြီး တိုက်ခိုက်လိုက်ရင် အသံကျယ်သွားမှာ စိုးလို့လေ”
“အဲဒါကြောင့် မင်းက လျှော့ပြီး တိုက်လိုက်တာပဲ။အခု မြို့ထဲမှာ အဆင့်မြင့် ပညာရှင်တွေ အများကြီး ရောက်နေကြပြီ။ ဒီနေရာမှာ ငါတို့ရှိတယ်ဆိုတာကို ငါက အော်လိုက်တာပဲဖြစ်ဖြစ် တစ်ခုခု လုပ်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်မယ်ဆိုရင် မင်းရဲ့ အကြံအစည်တွေ အားလုံး ရေစုန်မျောပြီပေါ့ကွာ။ မင်းကတော့လေ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာကိုး တကယ့်အ ရူးပဲ . . .”
နန်ရှန်ဆင်းသည်သူ၏ အကြံအစည်များအား ရဲရှောင်မှ အတိအကျ သိနေသဖြင့် မျက်နှာ ပျက်ယွင်းသွားကာ –
“မင်းကြိုးစားကြည့်ပေါ့၊ မင်းရဲ့အသံကို ဘယ်သူမှ မကြားစေရဘူးလို့ ငါအာမခံတယ်။ ဒီနေရာကို ငါ့စွမ်းအင်တွေနဲ့ ပိတ်ဆို့ထားတာ မင်းအစွမ်းလောက်နဲ့များ ချိုးဖျက်နိုင်မယ် ထင်နေလို့လား။ အခုကစပြီး ငါ့ကို တစ်ကြိမ် ထပ်စော်ကားတာနဲ့ မင်းလည်း ပိုပြီး နှိပ်စက်ခံရမယ် မှတ်ပေတော့ . . .”
ရဲေ ရှာင်လည်း ခနဲ့သော အပြုံးမျိုးဖြင့်ပြုံးလိုက်ရင်း –
“ဟုတ်လား . . . ဒါဆိုလည်း ကြိုးစားကြည့်ရသေးတာပေါ့ . . .”
ရဲရှောင်၏ မျက်လုံးများသည်အရောင်တဖျတ်ဖျတ်တောက်လျက် ရှိသည်။
ထို့နောက်သူ၏ လက်များ ဆန့်ထုတ်လိုက်၍ လက်ချောင်းများအား လှုပ်ရှားလိုက်သည်။ ထိုအခါ လှုပ်ရှားမှုကြောင့်ထွက်ပေါ်လာသည့်အသံသည်နဂါးတစ်ကောင်၏ လက်သည်းများ ပွတ်တိုက်လိုက်သည့်အသံနှင့်ပင်တူနေပါသေးသည်။
ရဲေ ရှာင်၏ ဆံပင်များသည်လေနှင့်အတူမျောလွင့်လျက်ရှိသည်။ ထိုအချိန်တွင်သူ၏ ဝိညာဉ်တော်ချီဓာတ်များကိုလည်း လည်ပတ်စီးဆင်းစေလျက်ရှိသည်။
ရေခဲချီဓာတ်များကြောင့် ဖြစ်ပေါ်လာသော ရေငွေ့များသည်လည်း ပို၍ အေးစက်လာခဲ့သည်။
ရဲရှောင်သည်စိတ်အာ ရုံအား တည်ငြိမ်အောင်ထိန်း၍ စွမ်းအင်များကို သူ၏ လက်များထံသို့ စီးဆင်းစေလိုက်သည်။ လက်နှစ်ဖက်လုံးတွင်စွမ်းအင်များ စုဆုံနေပြီ ဖြစ်သည်။
ခဏအကြာတွင်ရဲေ ရှာင်၏ လက်ထဲ၌ အေးစက်သော ချီဓာတ်များနှင့် ပြည့်နေသည့် ဓားတစ်လက် ပေါ်လာလေသည်။
ရေငွေ့များမှ ရေခဲဖြစ်သွားကာ ထိုရေခဲများမှ တဆင့် ဓားအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။
ရေခဲချီဓာတ်များသည် သိပ်သည်းသထက် သိပ်သည်းစွာ စုဆုံလာသဖြင့် ဓားသည်လည်း လင်းသထက် လင်းလာခဲ့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် နှစ်တစ်ထောင် သက်တမ်းရှိ ရေခဲများဖြင့် ပြုလုပ်ထားသည့်အလား သိပ်သည်းမာကြောသည့်ချီဓာတ်ဓားတစ်လက် ဖြစ်ပေါ်သွားပါတော့သည်။
ရဲရှောင်သည် ရေခဲချီဓာတ်များ အဆက်မပြတ် ထုတ်လွှတ်၍ ဓားအား မာကျောသထက် မာကျောအောင် ပြုလုပ်လျက်ရှိသည်။ ထိုဓားသည်ရေခဲချီဓာတ်များ အားလုံးကို လည်ပတ်စီးဆင်းစေ၍ ဖန်တီးထားသော ဓားပင်ဖြစ်သည်။
နန်ရှန်ဆင်းသည် ရဲရှောင်၏ ဓားအား ကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားမိသည်။ သာမန်လူတစ်ဦးအဖို့ အချိန်တိုအတွင်း လုပ်နိုင်ရန်မှာ မလွယ်ကူလှချေ။
ထိုဓားသည်ရေခဲဝိညာဉ်ဓားပင် ဖြစ်လေသည်။ ရေခဲဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည့်တိုင် ရေခဲနှင့်မတူချေ။
ယခုကဲ့သို့ ဓားတစ်ချောင်း ပြုလုပ်လိုက်ခြင်းသည် နန်ရှန်ဆင်းအား သတ်ရန် ရဲရှောင်၏ ပထမဆုံးအစီအစဉ်ပင် ဖြစ်သည်။
ထိုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက်ရဲေ ရှာင်ဘက်မှ စွမ်းအင်များစွာ အသုံးပြုထား ရလေသည်။ ဝိညာဉ်တော်စွမ်းအားများသာမက၊ ချီဓာတ်များစွာကိုပါ သုံးထားရခြင်း ဖြစ်သည်။
ယခုအခါ ရဲေ ရှာင်သည်သူ၏ အကြံအစည်အား စတင်အကောင်အထည် ဖော်တော့မည်ပဲ ဖြစ်ပါတော့သည်။