Switch Mode

Chapter – 267

သက်ရောက်မှုမရှိခြင်း

Chapter – 267
“သက်ရောက်မှုမရှိခြင်း”

ရဲရှောင်သည်​သူ၏လက်အား မြောက်လိုက်သည်။ ထိုအခါ ရွှေရောင်အလင်းတန်းများသည်​ပို၍ လင်းလက်သွားခဲ့သည်​။ ထို့ပြင်​ဘယ်ဘက်​လက်မှ ရေခဲချီဓာတ်များသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကာ နန်ရှန်ဆင်း၏ ဒဏ်ရာ ရထားသော လက်အား ဖုံးလွှမ်းသွားသည်​။
“ဟမ် . . . မင်းက အဆိပ်မိသလို ခံစားလိုက်ရလို့လား . . .”
ရဲေ ရှာင်​သည်​ဘာမှ မသိသည့်​အ​နေအထားဖြင့်​မေးလိုက်​သည်​။
“သောက်ရေးမပါတာ . . . မင်းကန်နေလား၊ မင်းသုံးလိုက်​တဲ့အပ်မှာ အဆိပ်တွေလေ . . .”
နန်ရှန်ဆင်းလည်း ဒေါသတကြီးဖြင့်​အော်ဟစ်၍ ပြန်​လည်​ပြောဆိုလိုက်သည်။
“ဒီအပ်​ရဲ့ အဆိပ်က တိရိစ္ဆာန်တွေ၊ မျိုးမစစ်တွေကိုပဲ သက်ရောက်မှုရှိတာ၊ လူဆိုရင် သက်ရောက်မှု မရှိဘူးကွ . . .”
ရဲရှောင်သည်​ရယ်မော၍ ပြောဆိုလိုက်ရင်း နန်ရှန်ဆင်း၏ အနားသို့ လျှပ်တပြက်​ရောက်ရှိသွားသည်။ ထို့​နောက်​သူ၏ ကိုယ်ခွဲများစွာ ထုတ်​လွှတ်​လိုက်ပြီး ထိုကိုယ်​ခွဲများသည်​နန်ရှန်ဆင်းအား ဝိုင်း၍ တိုက်​ခိုက်​လိုက်​ကြသည်​။
ရွှေလက်နှင့် ရေခဲချီဓာတ်များ ထွက်​ပေါ်​နေ​သော လက်တို့၏ ပေါင်းစပ် တိုက်ခိုက်မှုမှာ သက်ရောက်မှု ကြီးမားလှသည်​။
အချိန်​ခဏအကြာတွင်​ပုံရိပ်ယောင်များ အားလုံး ပျောက်ကွယ်သွားကာ ရဲရှောင် တစ်ေ​ယာက်​သာ ကျန် ရှိ​တော့သည်​။
နန်ရှန်ဆင်းလည်း စကားပြန်​ပြောနိုင်​ချိန်​မ ရှိ​တော့ဘဲ နာကျင်​မှု​ဝေဒနာ သက်​သာ​စေရန်​အတွက်​သူ၏ လက်​တစ်​ဖက်​ဖြင့်​စွမ်းအင်များအား စုစည်းနေ၍ ကျန်လက်တစ်ဖက်ဖြင့် ရဲရှောင်၏ တိုက်ခိုက်မှုများကို ကာကွယ်နေလျက်​ရှိသည်​။ ရဲေ ရှာင်​အား သူ၏ ရင်ထဲအသည်းကပင်​မုန်းတီးနေသည့်​အတွက်​အစွမ်းကုန် ပြန်၍ ကြိုးစားတိုက်ခိုက်နေခဲ့သည်​။
နန်ရှန်ဆင်းသည် စကားအရာတွင် ပရိယာယ်​ကြွယ်​ဝလှသည့်​ဖန်ဧကရာဇ်အား ယှဉ်၍မရမှန်း မိမိကိုယ်​ကို သိ​နေ​လေသည်​။
ရဲရှောင်အား စကားပြောမိလေလေ သူ ပို၍ပင်​စော်ကားခံရလေလေသာ ဖြစ်ပေလိမ့်မည်။
ရဲရှောင်သည် ဘယ်ဖက်လက်မှ ရေခဲချီဓာတ်များ ထုတ်လွှတ်လျက် ညာဖက်လက်မှ ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်ကာ အဆက်မပြတ် တိုက်ခိုက်လျက်​ရှိသည်​။ သူ၏ မျက်လုံးများသည်​စူးရှလှပြီး တိုက်ခိုက်မှုများသည်လည်း တိကျလှသည်။
အပြင်ပိုင်းတွင် အေးဆေးတည်ငြိမ်​နေသည့်ပုံ ပေါက်နေသော်လည်း စိတ်ထဲတွင်မူ ရဲေ ရှာင်​အနည်းငယ် အံ့သြနေမိသည်​။
အပ်ဖြင့် တိုက်ခိုက်လိုက်သည့် တိုက်ကွက်သည် သာမန်တိုက်ကွက်မျိုး မဟုတ်ချေ။ ချင်းယန်နယ်ပယ်တွင် နာမည်ကြီးတိုက်ကွက်တစ်ခုဖြစ်သည့် အရိပ်မဲ့အပ် တိုက်ကွက်ပင် ဖြစ်သည်​။ မော်တယ်ကမ္ဘာတွင် ကောင်းကင်အဆင့်ကိုးရှိသည့် မည်သည့်ပညာရှင်မဆို ထိုတိုက်ကွက်အား မခုခံနိုင်​လောက်​ဟု ရဲရှောင် ယုံကြည်ထားမိသည်​။
ထိုတိုက်ကွက်ဖြင့် တိုက်ခိုက်ခံရပါက လုပ်စရာနည်းလမ်း နှစ်​နည်းသာ ရှိလေသည်။ တစ်နည်းမှာ အထိခံရန်ဖြစ်ပြီး ကျန်တစ်နည်းမှာမူ တားဆီးရန်ပင် ဖြစ်သည်။
အပ်သည် မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်လွန်းလှသည့်​အတွက်​ထိုအပ်ရောက်ရှိလာကြောင်း သတိမပြုမိသည့် အချိန်တွင် ခုခံကာကွယ်ရန် နောက်ကျသွားနိုင်ပေသည်။ ထို့ပြင်​ရဲရှောင်​၏ ပြုမူလှုပ်​ရှားမှုများကိုလည်း သေချာဂ ရုပြု၍ ကြည့်မထားနိုင်​ပါက အပ်​အား ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်။
ခုခံကာကွယ်မည် ဆိုလျှင်လည်း အနီးစပ်ဆုံး ကာကွယ်နိုင်မည်မှာ လက်ဖြင့် တားဆီးနိုင်မှသာ ဖြစ်​ပေလိမ့်​မည်​။
နန်ရှန်ဆင်းသည်လည်း သူ၏ လက်ဖြင့်သာ တားဆီးကာကွယ်ခဲ့သည်။
ရဲရှောင်​မျှော်လင့်ထားသည့်အတိုင်းပင်​ဖြစ်​ခဲ့ေ​သာ်​လည်း နန်​ရှန်​ဆင်းဘက်​မှ သူ မထင်ထားသည့် အပြုအမူတစ်​ခုအား ပြုလုပ်​လိုက်​သည်​။ နန်ရှန်ဆင်းသည် အတွေ့အကြုံ အလွန်​ရင့်ကျက်သူတစ်ဦးပီပီ လက်​ကို အပ်​စိုက်​ဝင်​သွားသည်​နှင့်​လှုပ်​ရှားမှု တစ်​ခုအား လျင်မြန်စွာ ပြုလုပ်​လိုက်​သည်​။ ထိုလှုပ်​ရှားမှုမှာ သူ၏ စွမ်းအင်များအား လည်ပတ်စီးဆင်းစေလျက်​လက်အား သံမဏိကဲ့သို့ပင်​မာကျောသွားစေရန်​ပြုလုပ်လိုက်ခြင်းပင် ဖြစ်​သည်။ ထိုအခါ အပ်သည် ဆက်လက်၍ စိုက်မဝင်နိုင်တော့ဘဲ အရေပြား အပေါ်ယံလွှာတွင်​သာ စိုက်​ဝင်​သွားခဲ့သည်​။
ထိုအခြင်းအရာအား ကြည့်​၍ နန်ရှန်ဆင်းသည် ထင်ထားသည်ထက်ပင် အစွမ်းအစ ရှိသည့်လူတစ်ဦး​မှန်း ရဲရှောင် သဘောပေါက်လိုက်မိသည်။
သူ၏ အဆင့်​သည်​အနည်းဆုံး ကောင်းကင်အဆင့် ၈ အထက်သာ ဖြစ်ပေလိမ့်မည်။
သို့မဟုတ်​ကောင်းကင်အဆင့်၏ အမြင့်ဆုံးအဆင့်ဖြစ်သော အဆင့် ၉ သို့ တက်လှမ်း တော့မည့်ဆဲဆဲ အ​ခြေအ​နေလည်း ဖြစ်နိုင်ပေသည်​။ မည်​သို့ပင်​ဆို​စေကာမူ နန်ရှန်ဆင်းသည် အဆင့်တူများထက် များစွာ သာလွန်နေမည်မှာ အ​သေအချာပင်​ဖြစ်​သည်​။
အပ်ဖြင့် တစ်ချက် တိုက်ခိုက်လိုက်ပြီးနောက် ရဲရှောင်သည် ရန်သူ၏ စွမ်းအား အတိမ်အနက်အား ကောင်းစွာ ရိပ်စားမိလိုက်သည်​။ တိုက်​ခိုက်​ရင်းဖြင့်​ရန်သူအား မခံမရပ်နိုင် ဖြစ်စေမည့် စကားလုံးများဖြင့် ထိုးနှက်​ခဲ့ပြန်​သည်​။ လက်​ရှိအ​ခြေအ​နေအရ ရဲေ ရှာင်​ဘက်​မှ အသာစီးရ​နေသော်လည်း အပြည့်​အဝ စိတ်​မချရ​သေး​ပေ။
နန်​ရှန်​ဆင်းကဲ့သို့ အရည်အချင်းရှိသည့် ပြိုင်ဘက် တစ်​ယောက်​အား အနိုင်ယူရန်မှာ မလွယ်​ကူလှ​ချေ။
ရဲေ ရှာင်​ဘက်​မှ ပြင်းပြင်းထန်ထန် တရစပ် တိုက်ခိုက်နေရင်းဖြင့်​အသာစီးရနေသည်မှာ မှန်​သော်​လည်း အမှန်တကယ်တွင်​မူ နန်ရှန်ဆင်းသည်​ရဲရှောင်၏ စွမ်းအင် အတိမ်အနက်​အား အသေအချာမသိသေးသောကြောင့်ပင်​ဖြစ်သည်​။ အပ်ဖြင့် တိုက်ခိုက်ခံရပြီးနောက် နန်ရှန်ဆင်းသည် သတိလက်လွတ် မတိုက်ခိုက်ရဲတော့ချေ။​ဝေဒနာ ပြန်​လည်​သက်​သာလာ​စေရန်​ပြုလုပ်​နေရင်းဖြင့်​ရဲရှောင်၏ တိုက်ခိုက်မှုများအား ခုခံကာ အခြေအနေများအား အကဲခတ်နေခြင်းပင်​ဖြစ်​သည်​။
ရဲရှောင်သည် လက်ရှိအခြေအနေအား ပြောင်းလဲပစ်နိုင်မည့် အကြံဉာဏ်မျိုး စဉ်းစား၍ မရနိုင်​အောင်​ပင်​ဖြစ်နေမိသည်။ သူပြုလုပ်ခဲ့သည့် အပ်တိုက်ကွက်သည် သူ့ဘက်​မှ အစွမ်းကုန် ကြိုးစား၍ တိုက်ခိုက်လိုက်သော တိုက်ကွက်ပင် ဖြစ်သည်​။ သို့သော် ရန်သူ၏ အပေါ်ယံ အရေပြားကိုသာ ထိမှန်သွားခဲ့ပြီး သွေးပင် မထွက်ခဲ့ချေ။ ထို့ကဲ့သို့ အစွမ်းကုန် တိုက်ခိုက်လိုက်သည့်တိုင် သွေးမထွက်သွားသဖြင့် နန်ရှန်ဆင်းအား အနိုင်တိုက်နိုင်ရန်မှာ လွယ်​ကူသည့်​ကိစ္စတစ်​ခု​တော့ မဟုတ်​တော့​ပေ။
ရဲရှောင်သည် တိုက်​ခိုက်​နေရင်းဖြင့် အကြံထုတ်လျက် ရှိသည်​။ သူ၏ ညာဖက်လက်ရှိ ရွှေရောင် အလင်းများသည်​တဖြည်းဖြည်း အားလျော့လာ​ချေပြီ။
သို့သော် ရေခဲချီဓာတ်များမှာမူ ပို၍ အားကောင်းလာခဲ့သည်​။
ပတ်ဝန်းကျင်တစ်ခုလုံး ရေခဲဂူတစ်ခုအတွင်း ရောက်ရှိနေသည့်​အလား​အေးစက်​နေခြင်းပင်​ဖြစ်​သည်​။
နန်ရှန်ဆင်းသည် ရဲရှောင်ထက် ကျင့်ကြံမှုပိုင်းတွင် များစွာ သာလွန်နေ​သော်​လည်း ရဲရှောင်၏ တရစပ်​တိုက်ခိုက်မှုများကြောင့် စိတ်ရှုပ်ထွေး​နေမိသည်​။ သူ့အ​နေဖြင့်​ရဲေ ရှာင်​၏ လှုပ်​ရှားမှုများအား ကြိုတင်​မခန့်​မှန်းနိုင်​သေးသည့်​အတွက်​လက်​ရှိအချိန်​တွင်​ခုခံရုံသာ တတ်​နိုင်​ခဲ့သည်​။
သူ၏ လက်တစ်ဖက်သည် အဆိပ်မိ၍ ဒဏ်ရာရထား​သော​ကြောင့်​ထိုအဆိပ်သည်​ပျောက်မ​ပျောက်​ကျန်​မကျန်​ဆိုသည်​ကိုလည်း အ​သေအချာ မသိသေး​ပေ။ ထို့ကြောင့် ရဲရဲတင်းတင်း မလှုပ်ရှားရဲသေးခြင်းပင်​ဖြစ်သည်။ နန်​ရှန်​ဆင်းသည်​လက်တစ်ဖက်တည်ြး​ဖင့်သာ ခုခံတိုက်ခိုက် နေရသည့်​အတွက်​စိတ်အလိုမကျပင်​ဖြစ်​နေမိပြီး ခုခံရာမှာလည်း ပို၍ အခက်တွေ့လာခဲ့သည်​။
ခဏအကြာတွင် သူ၏လက်ဝါးမှ ဒဏ်ရာသည် ပို၍ ပို၍ နာကျင်လာသည်ကို ခံစားလိုက်ရသည်​။ ထိုနာကျင်မှုကြောင့် တိုက်ခိုက်မှုများကိုလည်း အာရုံမစိုက်နိုင်တော့​ပေ။ နန်​ရှန်​ဆင်းသည်​ထိုကဲ့သို့ နာကျင်မှု ခံစားသွားသည်ကိုပင်​ကျေနပ်မိသွားသည်​။ အဘယ်ကြောင့်ဆိုသော် အဆိပ်သာ မပြေသေးပါက ယခုကဲ့သို့ နာကျင်မှုမျိုး ခံစားရမည် မဟုတ်ချေ။ အဆိပ်များ မရှိသည်​ကို သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားလေသည်​။
ကောင်းကင်အဆင့် ပညာရှင်တစ်ဦးအတွက်မူ အပြင်းပန်း ဒဏ်​ရာ​လောက်​သည်​စာဖွဲ့လောက်စရာ အ​နေအထား မဟုတ်​ချေ။ နန်​ရှန်​ဆင်းသည်​စိတ်သက်သာရာ ရသွားပြီ ဖြစ်သဖြင့် ပြန်လည် တိုက်ခိုက်ရန် ဟန်​ပြင်လိုက်သည်​။ ထိုအချိန် အသံတစ်သံ ကြားလိုက်ရပြီး ရဲရှောင်သည်​သူ၏ မြင်​ကွင်းမှ ပျောက်ကွယ်သွားသည်။
“ဖုန်း ဖုန်း ဖုန်း . . .”
သူ၏ လည်ပင်း၊ နောက်ကျော၊ ရင်ဘတ်၊ စွမ်းအင်သိုလှောင်ရာနှင့် ခေါင်းတို့အား လက်ဝါး ရိုက်ချက်များသည်​တရစပ်​ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
နန်​ရှန်​ဆင်းသည်​စုစုပေါင်း လက်ဝါး ရိုက်ချက် ၁၈ ချက်အား တပြိုင်နက်တည်း ခံစားလိုက်ရခြင်းပင်​ဖြစ်​သည်​။
ထို့​နောက်​အလွန်ပြင်းထန်၍ အေးစက်လှသော ချီဓာတ်များသည် နန်ရှန်ဆင်း၏ ခန္ဓာကိုယ်တွင်းနှင့် ခေါင်းထဲသို့ တိုးဝင်သွားကြသည်။
အ ရိုက်ခံလိုက်ရသည့် နေရာများမှာလည်း အရေးကြီးသော ခန္ဓာကိုယ်​အစိတ်အပိုင်းများသာ ဖြစ်လေသည်။
ရဲရှောင်သည် တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းပင် နောက်သို့ ပေ ၃၀ ခန့် ဆုတ်ခွာလိုက်ရင်း နန်ရှန်ဆင်းအား စိုက်ကြည့်လိုက်သည်​။
နန်ရှန်ဆင်းသည်လည်း ရဲရှောင်အား မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ပြန်​ကြည့်လျက်​ရှိသည်​။ ထို့​နောက်​သူ၏ ပါးစပ်အား ဟလိုက်​ပြီး သိပ်သည်းလှသည့် အဖြူရောင် ချီဓာတ်များ အန်ထုတ်လိုက်သည်​။ ထို့ပြင်​သူ၏ ခေါင်းနှင့် လည်ပင်းများမှလည်း အခိုးအငွေ့များ ထွက်လာပြန်သည်။
ရဲေ ရှာင်​၏ ရိုက်​ချက်​များ​ကြောင့်​သူ၏​နောက်ကျော၊ ရင်ဘတ်နှင့် စွမ်းအင်သိုလှောင်ရာတို့မှာ​အေးခဲသွားမတတ်ပင်​ခံစားလိုက်ရသည်။​သူ၏ အဝတ်အစားအချို့​နေရာများတွင်လည်း​ရေခဲများဖြင့် ဖုံးလျက်​ရှိသည်​။
“ဖျောက် ဖျောက် ဖျောက် . . .”
အင်္ကျီစမှ ရေခဲများ မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ကျသွားသည်​။
နန်ရှန်ဆင်းသည်​စွမ်းအင်​များအား လည်​ပတ်​စီးဆင်း​စေလိုက်​သည့်​ပုံပင်​။ သူ၏ ခန္ဓာကိုယ်​တစ်​ခုလုံးမှ အပြာရောင် အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်​။
“တော်တော်ကောင်းတဲ့ ရိုက်ချက်ပဲ။ ငါကမ္ဘာတစ်ခုလုံး ပတ်နေတာ ကြာပြီ။ ဒီလို အံ့သြစရာ​ကောင်းတဲ့ တိုက်ခိုက်မှုမျိုး ပထမဆုံးအကြိမ် မြင်တွေ့ရတာပဲ။ ဒီ ရိုက်ချက်တွေက အကုန်လုံး ထိရောက်မှု ရှိတယ်။ မင်းထက် အဆင့် ၇ ဆင့်လောက် သာနေတဲ့ ငါ့လို လူတောင်မှ မထိန်းနိုင်အောင် ဖြစ်​သွားတယ်​။ တော်တော်ကို အံ့သြစရာ ကောင်းတာပါလား။ မင်းသာ ငါ့ထက် အဆင့်မနိမ့်ရင် ဒီတိုက်ပွဲမှာ ငါမနိုင်လောက်ဘူး . . .”
နန်ရှန်ဆင်းသည်​ခနဲ့​သော အပြုံးဖြင့်​ပြုံးလိုက်​ပြန်​ရင်း –
“ဒါပေမယ့်​မင်းက အားနည်းနေတာတော့ မတတ်နိုင်ဘူး။ မင်းနဲ့ငါကြားက ကွာခြားချက်က နည်းနည်းလေး မဟုတ်ဘူးကွ။ မင်းရဲ့ လက်ဝါး ရိုက်ချက်က အရမ်းကို အစွမ်းထက်ပေမယ့်​ငါ့ကို အများကြီး ထိခိုက် နာကျင်အောင် မလုပ်နိုင်ပါဘူးကွာ . . .”
နန်​ရှန်​ဆင်းထံမှာ​ကြွေကျလာသည့်​ရေခဲများအား​ငေးကြည့်​ရင်း ရဲရှောင် ခပ်ဆိတ်ဆိတ်ပင် နေလိုက်သည်။ ရေခဲများအားလုံး ကြွေကျသွားသောအခါ နန်ရှန်ဆင်း၏ အသားအရည်​သည်​လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်​။
ရေခဲချီဓာတ်များသည် နန်ရှန်ဆင်းအား သက်ရောက်မှု မရှိချေ။
ထုိ့အပြင် ရွှေလက်သည်လည်း ထူးမခြားနားပင်။
ရဲရှောင်၏ စိတ်ထဲတွင်​သက်ပြင်း ရှည်​ကြီး တစ်​ချက်​ချလိုက်မိသည်။ တိုက်ကွက်များ အားလုံး နန်ရှန်ဆင်းအား ထိမှန်သည့်တိုင် ဒဏ်​ရာ အကြီးအကျယ်​ရ​အောင်​မလုပ်လိုက်နိုင်​ခဲ့​ချေ။ ထို့အပြင် သူတို့ နှစ်​ဦး ၏ အဆင့်သည် ၇ ဆင့်မျှ ကွာခြားသည့်အတွက် စွမ်းအင်ပိုင်းတွင်လည်း မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ရဲရှောင် သူ၏ ဗျူဟာအား ပြောင်းရန် ပြင်လိုက်သည်။​ရှေ့တွင်​ရှိ​နေ​သော ရန်​သူအား အနိုင်ယူရန်အတွက် သူ၏ ဝှက်ဖဲအား အသုံးချရပေတော့မည်။
လုပ်သလို မဖြစ်သည့်​အတွက်​ဖြစ်သလိုပင် လုပ်ရတော့မည်ဟုလည်း တွေးလိုက်မိပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset