Switch Mode

Chapter – 23.4

" ညိုးနွမ်း နယ်မြေကြားက ရွှေရောင်လမ်း "

Chapter – 23.4 ” ညိုးနွမ်း နယ်မြေကြားက ရွှေရောင်လမ်း ”
°°°
” တောင်းပန်တာ တစ်ခွန်းထဲနဲ့တင် ပြီးသွားမယ်လို့ ထင်နေတာလား နောက်ကျတဲ့ကိစ္စကို သေးငယ်တဲ့ကိစ္စလို့ မင်းတို့က ထင်နေလား ငါပြောလိုက်မယ်..နောက်ကျတယ်ဆိုတာက ပျင်းရိတာကို ကိုယ်စားပြုတယ်….မင်းတို့အရွယ်နဲ့ဒီလောက်တောင် ပျင်းရိနေတယ်ဆိုတာက အရမ်းကို ပြင်းထန်တဲ့ ပြစ်မှုကြီးပဲ အကယ်၍ ဒီအကြောင်းအရင်းတစ်ခုပဲ ရှိမယ်ဆိုရင် မင်းတို့ထွက်သွားလိုက်တော့ ငါ့ကိုပြော နည်းလမ်းကျတဲ့ ရှင်းပြချက်တစ်ခုလိုအပ်တယ် ”

ဒီတစ်ကြိမ်မှသာ ဟို့ယွိဟောင်က တလေးတစားနဲ့ပြန်ဖြေလိုက်ပါတယ်။

” ဆရာကျိုးကျေးဇူးပြုပြီ ဒေါသမထွက်ပါနဲ့ ဖြစ်သွားတာတွေက ဒီလိုပါ ကျွန်တော်တို့ ဟွမ်ချူထျန်းတို့အဖွဲ့ကို တွေ့ဆုံချိန်မှာ လန်စုစုနဲ့ လန်လော့လော့တို့အမွှာနှစ်ယောက်ကို ရင်ဆိုင်ခဲ့ရတာ ဆရာမှတ်မိတယ်မလား ”

” အဲ့ဒီတော့ ”

ကျိုးယိက ပြန်ဖြေပါတယ်။

” အဲ့ဒီပြိုင်ပွဲမှာ လန်ညီအစ်မနှစ်ယောက်ရဲ့ ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကြောင့် ကျွန်တော်တို့ရှုံးတော့မတတ် ဖြစ်သွားခဲ့ရတယ်…သူတို့နှစ်ယောက်ရဲ့ပေါင်းစည်းစွမ်းရည်ကို ကျွန်တော်တို့အများကြီး ကြိုးစားပြီမှသာ တားဆီးနိုင်လိုက်တာပါ နောက်ဆုံးမှာတော့ ပြီးပြည့်စုံအောင် အနိုင်ရလို့သွားခဲ့တယ် “‘

” ကျွန်တော်တို့ အတန်းကိုပြန်ပြီတဲ့နောက် သူတို့ရဲ့ ပေါင်းစည်းစွမ်းရည်အကြောင်းကို အတော်လေးစဥ်းစားခဲ့ရတယ်…ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့လဲ အသိပညာ၀ိဉာဥ်တွေကို ပေါင်းစည်းနိုင်မလားလို့ စမ်းသပ်ကြည့်ခဲ့တယ်…ကျောင်းတော်ထဲမှာ ပေါင်းစည်းစွမ်းရည်တွေကို အထူးပြုတဲ့ အတန်းမရှိခဲ့ဘူး…ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ကြိုးစားရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူးဆရာ ဒါပေမယ့် ကျွန်တော်တို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေကို ပထမဆုံးကြိုးစားကြည့်ချိန်မှာတင် ပေါင်းစည်းသွားမယ်လို့ ဘယ်သူကထင်ခဲ့မိမှာလဲ အဲ့ဒီပေါင်းစည်းတဲ့ ဖြစ်စဥ်ပြီတဲ့နောက် ကျွန်တော်က ၀မ်သုန့်ရဲ့ အိပ်ယာပေါ်မှာ အိပ်ပျော်လို့သွားခဲ့ပြီ ကျွန်တော်တို့နိုးလာချိန်မှာ အတန်းကစလာခဲ့ပါပြီဒါကြောင့် မနေ့က အတန်းနောက်ကျတာပါ ”

ဟို့ယွိဟောင် ဆက်တိုက်ရှင်းပြနေချိန်မှာ ၀မ်သုန့်ကတော့ သူ့ကို ဆက်တိုက်ဆိုသလို ခါးကနေလိမ်ဆွဲလို့နေခဲ့ပါတယ်။

ပြင်းထန်တဲ့နာကျင်မှုရှိနေခဲ့ပေမဲ့ သူက ဒါကို ထုတ်မပြ၀ံ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမျက်နှာကလဲ အတော်လေးကို မျက်နှာငယ်ဖြစ်နေလ်ို့ပါ။

” သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းမှုလား ”

ကျိုးယိလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဟို့ယွိဟောင် ဒီလိုအကြောင်းပြချက်မျိုး ပေးလာခဲ့မယ်လို့ သူမထင်ထားခဲ့မိပါဘူး။ ဒါကြောင့် ချက်ချင်းဆိုသလို သူမေးလိုက်တော့တယ်။

” မင်းတို့အောင်မြင်ခဲ့ကြလား ”

ဟို့ယွိဟောင်က ခေါင်းကုတ်ရင် ပြန်ဖြေလိုက်ပါတယ်။

” မနေ့တုန်းကတော့ မသေချာခဲ့ဘူး….ဒါကြောင့် ကျွန်တော်တို့တွေ မနေ့ညက ထပ်ပြီစမ်းသပ်ကြည့်ခဲ့တာပါ ညဘက်မှာကျောင်းတော်အပြင်ဘက်ကို ထွက်ပြီ ကျွန်တော်တို့ရဲ့ ပေါင်းစည်းစွမ်းရည်ကို စအသုံးပြုကြည့်ပါတယ်…တစ်ခေါက်ထဲကြိုးစားကြည့်ရုံနဲ့ အောင်မြင်သွားမယ်လို့ မတွေးမိခဲ့ပါဘူး…ဒါ့အပြင် သူ့ရဲ့စွမ်းအားက အတော်ကို သန်မာပါတယ်…ပထမဆုံးအကြိမ် ပေါင်းစည်းစွမ်းရည်ကို အသုံးပြုတာဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ၀ိဉာဥ်စွမ်းအားတွေက အရမ်းကို ကုန်ဆုံးလို့သွားခဲ့တယ်…၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကို တစ်ခေါက်အသုံးပြုပြီတဲ့နောက် ကျွန်တော်တို့တွေ သစ်တောထဲမှာ သတိလစ်သွားတော့တာပဲ နိုးလာတဲ့အချိန်မှာတော့ နေတောင်ထွက်နေခဲ့ပါပြီ ဆရာကျိုး ကျွန်တော်တို့တကယ်ပဲ လေ့ကျင့်တာကြောင့် နောက်ကျသွားခဲ့တာပါ…ဒီလိုမတော်တဆမျိုး နောက်ထပ် မဖြစ်စေရဘူးလို့ ကတိပေးပါတယ် ”

အဲ့ဒါကို ပြောပြီတဲ့အချိန်မှသာ ဟို့ယွိဟောင်က ခေါင်းမော့ရင်း ကျိုးယိက ပြန်ကြည့်မိပါတော့တယ်။ ဒါပေမယ့် ကျိုးယိရဲ့ တအံ့တဩဖြစ်နေတဲ့ပုံစံကိုသာ မြင်လိုက်ရတယ်။

” မင်းတို့တွေ သိုင်းပညာ၀ိဉာဥ်ကို ပေါင်းစည်းဖို့ အသုံးချတာ အောင်မြင်သွားတယ်လို့ ပြောနေတာလား “‘

ကျိုးယိရဲ့ အသံက အတော်ကို မြင့်မားလာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူမအထိတ်တလန့်နဲ့ ထရပ်မိပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ တစ်ပြိုင်နက်ထဲ ခေါင်းညိတ်လို့နေခဲ့ပါပြီ။

” မြန်မြန်လေး ဘယ်လိုပေါင်းစည်းစွမ်းရည်ဖြစ်မလဲဆိုတာ ပြလိုက်စမ်း ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ဆရာကျိုး ကျွန်တော်တို့ နေ့လည်ပြိုင်ပွဲတစ်ခုရှိပါသေးတယ်…ကျွန်တော်တို့ အဲ့ဒီစွမ်းရည်ကို တစ်ခေါက်အသုံးပြုပြီတာနဲ့ စွမ်းအားတွေ ကုန်ဆုံးသွားမှာပါ ”

ကျိုးယိက မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။

” ပထမဆုံးအသုံးပြုတဲ့အချိန်မှာ စွမ်းအားအများကြီးကုန်တာတော့ ဖြစ်တတ်တဲ့ကိစ္စပဲ အနာဂတ်မှာ အသုံးပြုရင် အဲ့ဒီနောက် အားမကုန်တော့ဘူး…အကယ်၍ ၀ိဉာဥ်ပညာရှင်တွေသာ ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်တစ်ခုကို အသုံးပြုတိုင်းသတိလစ်နေမယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ အတူတူပဲဖြစ်နေမှာမဟုတ်လား..မြန်မြန် မင်းတို့ရဲ့ ၀ိဉာဥ်စွမ်းအားတွေ ပြန်လည်ကောင်းမွန်လာနိုင်အောင် ကူညီနိုင်ဖို့ ငါတာ၀န်ယူတယ်…ဒါ့အပြင် နေ့လည်ပြိုင်ပွဲကိုလဲ ပြဿနာမဖြစ်စေရဘူး..ငါ့အပေါ်အသုံးချလိုက်စမ်း ”

ကျိုးယိပြောပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ မငြင်းနိုင်အောင်ဖြစ်လာခဲ့ပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်ဆိုင်လိုက်ပါပြီ။ ဟို့ယွိဟောင်က လက်နှစ်ဖက်ဆန့်တန်းရင်း ၀မ်သုန့်ကို သဘာ၀ကျကျ ပွေ့ဖက်လိုက်ပါတယ်။ ၀မ်သုန့်ရဲ့ လှုပ်ရှားမှုတွေက မသက်မသာ ဖြစ်နေခဲ့ပေမဲ့ သူဟို့ယွိဟောင်ကို မတွန်းလွှတ်ခဲ့ပါဘူး။ သူမျက်လုံးကိုပိတ်ထားရင်း ဟို့ယွိဟောင်ကို ပြန်ဖက်ပါတော့တယ်။ သူတို့ခန္ဓာကိုယ်တွေ ထိတွေ့လို့သွားပြီချိန်မှာပဲ သိုင်းပညာ၀ိဉာဥ်တွေကို ထုတ်လွှတ်လိုက်ပါပြီ။ ၀ိဉာဥ်စွမ်းအားက ဆက်တိုက်ဆိုသလို ပေါင်းစည်းသွားခဲ့ရင်း ဟောင်သုန့်စွမ်းအားက သူတို့ခန္ဓာကိုယ်တွေထဲမှာ စတင် လှည့်ပတ်ပါတော့တယ်။ နှစ်ယောက်စလုံးလဲ တစ်သားထဲဖြစ်သွားတာကို ခံစားမိခဲ့တယ်။ တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့် ကြာပြီအချိန်ထိ အခန်းက တိတ်ဆိတ်နေဆဲပါ။ အပ်ချသံကြားရတဲ့အထိကို ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမယ့် တခြားလှုပ်ရှားမှုတော့ မဖြစ်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ရဲ့စွမ်းအားပေါင်းစည်းမှုအသံပဲ ရှိနေခဲ့ပါတယ်။

ကျိုးယိကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ သူတို့ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် ကျိုးယိက ပြင်ဆင်ခဲ့ပြီသားပါ။ ဒါပေမယ့် နှစ်ယောက်စလုံးကတောာ့ ဘာမှမလုပ်ပဲ တစ်ယောက်ကိုတစ်ယောက်သာ ဖက်ထားခဲ့ပါတယ်။ ဒါကြောင့် သူမနှုတ်ခမ်းတွေ တွန့်သွားခဲ့ရပါပြီ။

တစ်ခုခုမှားယွင်းနေတာကို သူတို့နှစ်ယောက်လဲသိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့၀ိဉာဥ်စွမ်းအားတွေက အချိန်တိုလေးအတွင်းမှာ ကုန်ဆုံးသွားနိုင်တာမျိုး စိတ်ထဲကနေ ကြိုတင်သိမြင်ထားလို့ပါ။ အဲ့ဒီနောက် သူတို့အသုံးပြုတဲ့ ၀ိဉာဥ်စွမ်းရည်ကလဲ တစ်နေရာထဲကို ဦးတည်ပြီထုတ်လွှတ်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။

“‘မင်းတို့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ ”

ကျိုးယိရဲ့အသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာပါတော့တယ်။ နှစ်ယောက်စလုံးလဲ တုန်ရီလို့သွားခဲ့ပါပြီ။ သူတို့တွေ နောက်ထပ် မဖက်တော့ပဲ တအံ့တဩသာဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန် ကျိုးယိက သူတို့နှစ်ယောက်ကို သတ်ချင်တော့မလိုပုံစံဖြစ်နေခဲ့တာကြောင့် သူတို့တွေ တကယ်ကို တုန်နေခဲ့ပါတယ်။

ဟို့ယွိဟောင်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။

” ဆရာကျိုးမနေ့တုန်းက ကျွန်တော်တို့၀ိဉာဥ်ပေါင်းစည်းကို စွမ်းရည်ကို ဒီလိုမျိုးထုတ်လွှတ်တာပါ အခုဘာတွေဖြစ်နေလဲ မသိပါဘူး ”

” မင်းတို့နှစ်ကောင်က ယောင်္ကျားအချင်းချင်း ကြိုက်တာကို ငါ့အခန်းထဲမှာ လာဖက်ရင်း ပြသနေတာလား မင်းတို့နှစ်ကောင်ကို ငါလုံး၀ ဂရုမစိုက်နိုင်ဘူး…ဒီနေ့ နင်တို့ကို ငါအပြတ်ရှင်းမယ် ”

ကျိုးယိ စကားမပြီခင်အချိန်မှာ ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို လှုပ်ရှားမိပါတော့တယ်။ ၀မ်သုန့်ရဲ့ လက်ကိုကိုင်ပြီ သူ့ရဲ့စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုကို ကျိုးယိဆီ မျှဝေလိုက်ပါတယ်။

ကျိူးယိလဲ သူတို့ကို ဒေါသထွက်တော့မဲ့အချိန်မှာ ရှိရှိသမျှ အရာအားလုံးက ပိုမို ကြည်လင်ပြတ်သားလာခဲ့တာကို သတိထားမိလိုက်ပါပြီ။ ဒါ့အပြင် မျက်တောင်တစ်ခတ်အတွင်းမှာပဲ ပတ်ပတ်လည် မီတာတစ်ရာအတွင်းမှာရှိရှိသမျှ ပုံရိပ်တွေအားလုံးက သုံးဖက်မြင်ရတဲ့ပုံစံနဲ့ ပေါ်ထွက်လို့လာပါတော့တယ်။

သူ့တို့ရဲ့ထောက်လှမ်းနိုင်စွမ်းက အဲ့ဒီလောက်ကြီး တိုးလာတာလား ကျိုးယိလဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိဉာဥ်စွမ်းအား ထောက်လှမ်းမှုက မီတာသုံးဆယ်သာ ရှိခဲ့မှန်းနားလည်ပါတယ်။ လက်ရှိအချိန်မှာတော့ မီတာတစ်ရာအထိ တိုးသွားခဲ့ပါပြီ။ ဒီလိုတိုးတက်မှုက အရမ်းကို ကြီးမားနေခဲ့ပါတယ်။

ကျိုးယိစိတ်ရှုပ်ထွေးနေတာကို ကြည့်ရင်း ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ဆရာကျိုး ကျွန်တော်နောက်ဆုံးပြောခဲ့တဲ့ ကိစ္စကိုမှတ်မိလား ကျွန်တော်ရဲ့စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုက ကျင့်ကြံမှုနဲ့အတူ တိုးတက်နိုင်တယ်…ဒါ့အပြင် ဒီသုံးလအတွင်း ဆရာရဲ့လေ့ကျင့်ပေးမှုတွေကြောင့် မီတာငါးဆယ်အထိကို တိုးတက်လာခဲ့ပါပြီ ဒါ့အပြင် တစ်နေရာထဲကို အားစိုက်ထုတ်မယ်ဆိုရင် သူ့ရဲ့ထောက်လှမ်းတဲ့ အကွာအဝေးက ပိုပြီး ကြီးမားနိုင်ပါတယ်..တခြားတစ်ဖက်မှာတော့ လက်ရှိအချိန်မှာ ဆရာမြင်နေရတဲ့ မီတာတစ်ရာထောက်လှမ်းမှုက ကျွန်တော်တစ်ယောက်ထဲနဲ့ လုပ်နိုင်တာမဟုတ်ဘူး…ကျွန်တော်နဲ့ ၀မ်သုန့်နှစ်ယောက်သာ သိုင်းပညာ၀ိဉာဥ်တွေကို ပေါင်းစည်းပြီချိန်မှာ ၀ိဉာဥ်စွမ်းအားတွေကလဲ ပေါင်းစည်းလို့သွားခဲ့တယ်..ကျွန်တော်ရဲ့စိတ်၀ိဉာဥ်စွမ်းအားထောက်လှမ်းမှုက ဒီလောက်အထိ အကွာအဝေးတိုးတက်လာရပြီ နှစ်ဆဖြစ်သွားခဲ့တာ ၀မ်သုန့်ရဲ့ အကူအညီကြောင့်ပါပဲ ကျွန်တော်တို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေ ပေါင်းစည်းနိုင်တယ်ဆိုတဲ့ကိစ္စနဲ့ သက်သေပြလို့ရနိုင်တယ်မဟုတ်လား ဒါ့အပြင် မနေ့ညတုန်းက တကယ်ပဲ ပေါင်းစည်းစွမ်းအားတစ်ခုကို ထုတ်လွှတ်နိုင်ခဲ့ပါတယ်…မယုံဘူးဆိုရင် ကျွန်တော်တို့စမ်းသပ်ခဲ့တဲ့ နယ်မြေကို ခေါ်သွားလို့ရတယ်…အဲ့ဒီမှာ အငွေ့အသက်တစ်ချို့ ကျန်နေဦးမှာပါ ”

ဟို့ယွိဟောင်ရဲ့စကားကို ကြားပြီချိန်မှာ ကျိုးယိလဲ တည်ငြိမ်လို့သွားပါတော့တယ်။ သူအတော်လေး စိတ်လောမိသွားတာကို သိနေခဲ့ပါတယ်။

လွန်ခဲ့တဲ့သုံးလမှာ ဟို့ယွိဟောင်ရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်ခဲ့ပြီသားပါ။ တစ်ချက် ပြန်တွေးလိုက်မယ်ဆိုရင်တောင် သူ့ထက်ပိုပြီး ကြိုးစားတဲ့သူက ထပ်ပြီးမရှိနိုင်တော့ပါဘူး။ ဒါ့အပြင် သူက သက်တူရွယ်တူတွေထက်လဲ အများကြီး ပိုပြီး တည်ငြိမ်ပါတယ်။ ရင့်ကျက်မှုကလဲ ရှိတဲ့ ရှားရှားပါးပါးသူ ဖြစ်နေခဲ့တယ်။ အကယ်၍ သူသာ သူမကို လိမ်ချင်တယ်ဆိုရင် အလွယ်လေး လူသိနိုင်တဲ့ အလိမ်အညာမျိုးကို လုပ်မှာမဟုတ်ပါဘူး။

လူတိုင်းက ကိုယ်ပိုင်ကျွမ်းကျင်မှုရှိတယ်ဆိုတဲ့အတိုင်း ကျိုးယိကလဲ သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းမှုနဲ့ သိပ်ပြီ မရင်းနှီးခဲ့ပါဘူး။ ဒီစွမ်းရည်တွေက အတော်ကို ရှားပါးလွန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ရှင်းပြချင်ကို ကြားပြီချိန်မှာတော့ သူအတော်ကို ယုံသွားခဲ့ပါပြီ။ ဒါကြောင့် ဒေါသလဲခပ်မြန်မြန် ပျောက်သွားပါတော့တယ်။

လက်ကိုဝှေ့ရမ်းရင်း ကျိုးယိက ပြောလိုက်တယ်။

” ကောင်းပြီ ဒီစွမ်းရည်သုံးနေတာကို ရပ်လိုက်တော့ မင်းတို့နှစ်ယောက်ကို ငါယုံတယ်…သေချာပေါက် ဒီစွမ်းရည်ကို အသုံးချတဲ့အချိန်မှာ တစ်ခုခုလဲ မှားယွင်းသွားနိုင်တယ် ….ငါ့ရုံးခန်းထဲမှာ ခဏစောင့်ဦး ဒီလိုပေါင်းစည်းစွမ်းရည်တွေကို နားလည်တဲ့ဆရာတစ်ယောက်ကို ငါခေါ်လာခဲ့မယ်…မင်းတို့ရဲ့ သံသယတွေကို ငါဖယ်ရှားပေးမယ် ”

ပြောပြီတဲ့နောက် သူမက စိတ်မြန်လက်မြန် လှုပ်ရှားပါတော့တယ်။ သူမပြောပြီချိန်မှာပဲ အပြင်ကို ရောက်သွားခဲ့ပါပြီ။

သူထွက်သွားတာနဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်လဲ သက်ပြင်းချလိုက်မိပါတော့တယ်။ ထိုင်ခုံပေါ်ကို ခြေပြစ်လက်ပြစ်ထိုင်ချလိုက်မိတယ်။ ဟို့ယွိဟောင်လဲ သူ့ရဲ့ ဘယ်လက်ကို အသုံးချပြီ နဖူးကချွေးတွေကို သုတ်နေခဲ့ရပါပြီ။ ၀မ်သုန့်လဲ သူ့ဘယ်ဘက်လက်ကိုသုံးပြီ ချွေးသုတ်ချင်ပေမဲ့ ဟို့ယွိဟောင်က သူ့လက်ကို ကိုင်ထားဆဲဆိုတာ သတိထားမိသွားပါတယ်။

” လက်လွှတ်လိုက်တော့ ”

၀မ်သုန့်က မကျေမနပ်နဲ့ ပြောလာခဲ့တယ်။

” ဒီအတွက်မင်းကို အပြစ်တင်ရမှာပဲ ဒီပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးဖို့အတွက် အတင်းတောင်းဆိုနေတာကြောင့်သာ မဟုတ်ရင် ငါတို့အဘွားကြီးကျိုးယိ ပြဿနာရှာတာကို ဘာလို့ခံရမှာလဲ အခုငါတို့မှာတကယ် ဘာလျှို့၀ှက်ချက်မှ မရှိတော့ဘူးမဟုတ်လား ”

” အပြစ်တင်ချင်လဲတင်လိုက်လေ ဒါပေမယ့် ဆိုးတဲ့ကိစ္စတော့မဟုတ်ပါဘူး ..အကယ်၍ ငါတို့မှာသာ ညွှန်ကြားပေးမဲ့ဆရာရှိနေမယ်ဆိုရင် နောက်ထပ် အမှားအယွင်းဖြစ်တာကို ရှောင်ရှားနိုင်လိမ့်မယ်…ဒါ့အပြင် မင်းရဲ့ဒီလိုပုံစံအကျင့်မျိုးကို နည်းနည်းပါးပါး ပြင်လို့မရဘူးလား အမြဲတမ်းငါကြီးအလျှော့ပေးနေရတာပဲ “‘

” ငါဒီလိုလုပ်တာ ဘာဖြစ်လဲ အကယ်၍ တခြားသူတွေဆိုရင် ရှင်းပြဖို့ကိုတောင် ငါပျင်းနေရဦးမယ်..ဒါပေမယ့် တန်ပါတယ်..အဘွားကြီးကျိုးယိ မျက်လုံးပြူးသွားတာကို မင်းမှတ်မိတယ်မလား ဒါနဲ့ ငါမင်းကိုတစ်ခုမေးဦးမယ်..ငါတို့ဒီရှုံးထွက်ပွဲစဥ်ပြီရင်တောင် ဆရာကျိုးနဲ့ဆက်ပြီ သင်ရဦးမယ်ထင်လား “‘

” ပြောဖို့တော့ခက်တယ် ဆရာကျိုးရဲ့ သင်ကြားတဲ့နည်းစနစ်တွေက အတော်လေး နားလည်ဖို့လွယ်ပေမဲ့ သူက တခြားမတူညီတဲ့ကိစ္စတွေကို အဓိက အာရုံစိုက်တဲ့ပုံပဲ ငါတို့က ငယ်လွန်သေးတယ်မဟုတ်လား ..ကျင့်ကြံဆင့်ကလဲ နှိမ့်နေတယ်လေ ဒီနေ့တော့ သူ့ရဲ့အထူးပြုတဲ့ သင်ကြားမှုကို မမြင်ရသေးဘူး…ရှုံးထွက်ပွဲစဥ်တွေ ပြီတဲ့အချိန် ငါတို့အတန်းပြန်ခွဲရလိမ့်မယ်….ဆရာကျိုးနဲ့ ဆက်ပြီသင်ကြားနိုင်ပါစေလို့ ငါတော့မျှော်လင့်တာပဲ သူက တင်းကြပ်ပေမဲ့ ငါတို့အတွက်တော့ ဆိုးတဲ့ကိစ္စတော့မဟုတ်ဘူးလေ အနည်းဆုံးတော့ ဘယ်လိုအားကောင်းအောင် ကျင့်ကြံရမလဲဆိုတာ ဆက်တိုက်ဖိအားပေးနိုင်တယ် ”

အပိုင်း ၂၃•၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset