Chapter – 261
“ကြောက်မက်ဖွယ်ရာ ချီဓာတ်များ”
ရဲရှောင်သည်ကျင့်ကြံမှုများကိုသာ အာရုံစိုက်၍ ကျင့်ေနမိသည်။
ယခုအခါ သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော အခြား စွမ်းအင်တစ်မျိုး ရှိနေပြီဖြစ်ပြီး ထိုစွမ်းအင်များသည်တိုး၍သာ လာနေခဲ့သည်။
(ပိုင်ရှင်းယွဲ့က တကယ်ကို အံ့သြစရာကောင်းပါလား။ ငါ့အစွမ်းကုန် ကြိုးစားတာတောင် သူ့ရဲ့ ရေခဲချီဓာတ် ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ စုပ်ယူနိုင်ခဲ့တယ်။ ဒါတောင် အကြာကြီး လုပ်ခဲ့ရတာ။နောက်ပြီး
သူ့ဆီက ရခဲ့တဲ့ စွမ်းအင်တွေကိုလည်း ငါ မနည်းချေဖျက်နေရတယ်။ အခု အဲဒီ စွမ်းအင် ၁၀ ရာခိုင်နှုန်းနဲ့တင် ငါ တော်တော်ကို အစွမ်းထက်နေပြီ။ အခုတောင် သူ့ဟာသူ တိုးလာနေပါလား . . .)
(သူက တကယ်ပဲ တိမ်မြူခိုးနန်းတော်ရဲ့ အမွေဆက်ခံသူတစ်ဦး ဖြစ်နိုင်တာပေါ့။ လျန်လျန်က သူ့ကို သဘောကျနေတာလည်း မထူးဆန်းပါဘူးလေ။ ပိုင်ရှင်းယွဲ့က တကယ့် ပါရမီရှင်တစ်ယောက်လို့ကို ပြောလို့ရတယ်။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကိုလည်း တော်တော် တိုးတက်အောင် လုပ်နိုင်ခဲ့တာပဲ . . .)
ရဲရှောင်သည် ကျင့်ကြံမှု ပြုလုပ်ရင်း စဉ်းစားနေမိသည်။
စဉ်းစားခန်းဖွင့်နေရင်းဖြင့်ရဲရှောင်သည်သူ ရရှိခဲ့သည့် စွမ်းအင်များအား ချေဖျက်သန့်စင်နေခဲ့သည်။တစ်ချိန်တည်းမှာပင် ရှေးဦးခရမ်းရောင် ချီဓာတ်များတိုးတက်လာစေရန်အတွက်လည်း ကျင့်ကြံနေမိသည်။ယခုကဲ့သို့သော အချိန်မျိုးတွင်ရဲရှောင်အတွက်
အခြား မည်သည့်အရာမျှ အရေးမကြီးတော့ချေ။ ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစိုက်နေသည့်အတွက်
စကြဝဠာကြီး တစ်ခုလုံးတွင် သူတစ်ဦးတည်း ရှိနေသလိုပင် ခံစားနေရသည်။
ထိုအချိန်တွင်သူ၏ လက်သည်ပိုင်အာ၏ ကိုယ်ပေါ်သို့ ရောက်ရှိနေသည်ကိုပင်သတိမထားမိချေ။ ရဲရှောင်သည်ပိုင်အာအား ကုသပေးနေရင်းဖြင့်စွမ်းအင် ကျင့်ကြံနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ကျင့်ကြံသည့်အချိန်တွင်သူ၏ စွမ်းအင်များသည် ပိုင်အာ၏ ကိုယ်တွင်းသို့ စီးဝင်သွားကြသည်။ နောက်ဆုံးတွင်မူ ရေခဲချီဓာတ်များသည် သန့်စင်သော စွမ်းအင်များအဖြစ် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာအတွင်းသို့ ဝင်ရောက်လာသည်။
အရုဏ်တက်ချိန်သည် ရှေးဦးခရမ်းရောင်ချီဓာတ်များ အသိပ်သည်းဆုံး အချိန်ပင် ဖြစ်သည်။ ရဲရှောင်သည်ထိုအချိန်ထိကျင့်ကြံမှု ပြုလုပ်နေဆဲပင် ဖြစ်သည်။
အိပ်ယာနိုးလာပြီ ဖြစ်သည့်ပိုင်အာသည်ရဲရှောင်အား သူမ၏ လှပသော မျက်ဝန်းနက်များဖြင့်ငေး၍ ကြည့်နေမိသည်။
ပိုင်အာသည်ရဲရှောင်ကျင့်ကြံမှု ပြုလုပ်နေသည်ကို သိသဖြင့်အသံမပြုဝံ့ပေ။ ထို့ကြောင့်တိတ်တဆိတ်နေရင်းဖြင့်ရဲရှောင်၏ မျက်နှာအား တစိမ့်စိမ့်ကြည့်နေမိသည်။
(သူက တော်တော်ကို ကြည့်ကောင်းတာပဲ။ ဘာလို့ ဒီလောက်ထိ ခန့်ညားပြီး ချောမောနေရတာလဲ . . .)
ပိုင်အာသည်ရဲရှောင်အား ငေးကြည့်ရင်း တွေးနေမိသည်။ ထိုအချိန်တွင်တစ်စုံတစ်ခုအား သတိရသွားသွားသည့်ဟန်ဖြင့် –
(မိန်းကလေးတိုင်း အရွယ်ရောက်လာရင် အိမ်ထောင်ပြုကြရတယ်လို့ ငါကြားဖူးတယ်။ ယောကျာ်းတွေလည်း ဒီတိုင်းပဲ။ ဒါဆို ငါကြီးလာရင် အစ်ကိုကြီးရှောင်ကို လက်ထပ်လို့ ရမလားမသိဘူး)
ထိုအချက်အား စဉ်းစားမိသွားသောအခါ ပိုင်အာသည်အလွန်ရှက်ရွံ့မိသွားသည့်အတွက်မျက်နှာတစ်ခုလုံးပင်နီရဲသွားသည်။ ထို့ပြင်ရင်ခုန်သံများသည်လည်း အတိုင်းအဆမသိ မြန်ဆန်သွားခဲ့သည်။
ထိုအချိန်တွင်ကမ္ဘာအနှံ့မှ ပြန့်နှံ့နေသည့်ရှေးဦးခရမ်းရောင် ချီဓာတ်များသည် ရဲရှောင်ထံသို့ စုဝင်လာကြသဖြင့် သက်တန့်တစ်ခုလိုပင် ဖြစ်နေလေသည်။
ချီဓာတ်များ သိပ်သည်းလာလေလေ သက်တန့်မှာ ပို၍ ကြီးလာလေလေပင် ဖြစ်သည်။
အဆိုပါ သက်တန့်သည်ကောင်းကင်ထက်တွင် လည်ပတ်နေရာမှ တဖြည်းဖြည်းဖြင့် ကောင်းကင်နှင့် မြေကြီးအား ဆက်သွယ်ထားသော တံတားတစ်စင်းကဲ့သို့ပင်ဖြစ်လာခဲ့သည်။
ရဲရှောင်သည် လုံးဝ ရပ်နားခြင်း မပြုဘဲ ဆက်၍သာ ကျင့်ကြံနေမိသည်။
ခရမ်းရောင်ချီဓာတ်များသည် စကြဝဠာကြီးတစ်ခုလုံးမှရောက်ရှိလာသည့်အလား တဖြည်းဖြည်းဖြင့်ပို၍ များပြားလာခဲ့သည်။ ရဲအိမ်ေတာ်တဝိုက်တွင်စွမ်းအင်များဖြင့် ပြည့်နှက်လျက်ရှိသည်။
ကောင်းကင်ထက်မှ သက်တန့်သဖွယ်ပင်ဖြစ်တည်နေသည့်ခရမ်းရောင်ချီဓာတ်များသည်ဒီရေလှိုင်းများအလား အရှိန်အဟုန်အပြည့်ဖြင့်ရဲရှောင်၏ သွေးကြောများအတွင်း စီးဆင်းသွားကြသည်။ ဝင်ရောက်စီးဆင်းနေမှုနှုန်းသည်အလွန်မြန်ဆန်လွန်းလှသည့်အတွက်ရဲရှောင်ဘက်မှ ချေဖျက်သန့်စင်၍ပင် မနိုင်အောင် ဖြစ်နေမိသည်။ ထို့ကြောင့်သူ၏ စွမ်းအင်သိုလှောင်ရာ တစ်ခုလုံးတွင်အဆိုပါ ချီဓာတ်များဖြင့် ပြည့်နှက်နေပြီး အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည့်အလား ဖြစ်နေပါသည်။
ကံကောင်းသည့်အချက်မှာ ထိုခရမ်းရောင် ချီဓာတ်များသည် သူ၏ စွမ်းအင်သိုလှောင်ရာအား ဖြတ်သန်းပြီးမှသာ ဟင်းလင်းပြင်အတွင်း ရောက်ရှိခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် စွမ်းအင်သိုလှောင်ရာသည် စွမ်းအင်ကူးပြောင်းပေးရသည့် နေရာဆိုလည်း မမှားချေ။
ထို့ကြောင့်ပင် ကံကောင်းသည်ဟု ဆိုနိုင်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ပါက များပြားလှသော ချီဓာတ်များ တိုးဝင်မှုကြောင့် ပေါက်ကွဲထွက်သွား ပေလိမ့်မည်။ ရဲရှောင်သည်အဆင့်တက်ပြီး ဖြစ်သော်လည်း ဝင်ရောက်နေသည့်ချီဓာတ်ပမာဏ များပြားလွန်းသောကြောင့် သူ၏ စွမ်းအင်သိုလှောင်နှင့်ပင်မဆန့်တော့ပေ။
ချီဓာတ်စီးဆင်းမှုသည် အလွန်များပြားလာသောကြောင့်စွမ်းအင်လှိုင်းများသည် မြစ်တစ်ခုကဲ့သို့ပင်စီးဆင်း ဝင်ရောက်နေကြသည်။
ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာနှင့် ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကြီးနှင့် အပြင်ဘက်ကမ္ဘာအား ဆက်သွယ်ပေးထားသော ပေါင်းကူးတံတား တစ်ခုပင်ဖြစ်သည်။ စွမ်းအင်သိုလှောင်ရာအတွင်း ချေဖျက် သန့်စင်ပြီးသော စွမ်းအင်များသည် ဟင်းလင်းပြင်ကြီးထဲသို့ ဒီရေအလား စီးဆင်းသွားကြသည်။
ဟင်းလင်းပြင်ကြီးသည် အလွန်ကျယ်ဝန်းလှသည့်တိုင် ခရမ်းရောင်ချီဓာတ်များ အပြည့်ဖြစ်သွားသည်မှာ အချိန်၇ မိနစ်ခန့်သာ ကြာပေသည်။ ယခုအခါတွင်ရဲရှောင်၏ ဟင်းလင်ပြင်ကြီးသည် ပေါက်ကွဲထွက်မတတ်ပင်ဖြစ်နေပြီ ဖြစ်သည်။
ထိုဟင်းလင်ပြင်ကြီး အတွင်း၌ ဟင်းလင်းပြင် ၉ ခု ရှိနေပါသေးသည်။
အဆိုပါ ဟင်းလင်းပြင် ၉ ခုသည်လည်း ရုတ်တရက် တစ်ပြိုင်တည်း လှုပ်ရှားသွားကြသည်။စွမ်း အင်သိုလှောင်ရာမှတစ်ဆင့်ဝင်ရောက်လာကြသည့်ချေဖျက်သန့်စင်ထားသည့်ခရမ်းရောင် ချီဓာတ်များအား အရှိန်အဟုန်အပြည့်ဖြင့်အငမ်းမရပင်စုပ်ယူလိုက်ကြသည်။
ထိုကဲ့သုိ့ ဟင်းလင်းပြင် ၉ ခုမှ တစ်ပြိုင်တည်း အရှိန်အဟုန်ပြင်းပြင်းဖြင့်စုပ်ယူလိုက်ခြင်းကြောင့်သာ မျှခြေတစ်ခု ဖြစ်သွားခြင်း ဖြစ်သည်။ အကယ်၍ထိုကဲ့သို့သာ မစုပ်ယူနိုက်ခဲ့ပါက ဟင်းလင်းပြင်ကြီးသည်အဆမတန်များပြားလှသည့်ချီဓာတ်များကြောင့်ပေါက်ကွဲထွက်သွားနိုင်ပေသည်။ ထိုမျှခြေလေးမှာ အလွန်အရေးကြီးလှပေသည်။
ယခုကဲ့သို့ အလွန်များပြားလှသော ခရမ်းရောင် ချီဓာတ်များသည် ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာနှင့် ဟင်းလင်းပြင်ကြီး အတွင်းသို့ မည်ကဲ့သို့ တိုးဝင်လာပါသနည်း။
ထိုမေးခွန်းအတွက် ရိုးရှင်းသော အဖြေတစ်ခု ရှိနေလေသည်။
မကြာသေးမီက ကမ္ဘာတစ်ခုလုံးရှိ ခရမ်းရောင်ချီဓာတ်များသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအချိန်တွင်ကျင့်ကြံမှု ပြုလုပ်သူများသည် မည်မျှပင် ကြိုးစားစေကာမူ ကမ္ဘာကြီးတွင် ချီဓာတ်များ မရှိတော့သည့်အလား ခံစားခဲ့ကြရသည်။
ကျင့်ကြံသူများအားလုံးသည်တုန်လှုပ်အံ့သြ၍ အဘယ့်ကြောင့်ချီဓာတ်များပျောက်ဆုံးကုန်သည်ကို နားမလည်နိုင်အောင်ပင်ဖြစ်ခဲ့ကြသည်။
သို့သော် သိပ်မကြာခင် အချိန်မှာပင် အရာအားလုံးသည်ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ထိုအခါကြမှသာ ကျင့်ကြံသူများသည်စိတ်သက်သာရာ ရသွားခဲ့ကြသည်။ သို့သော်အကြောင်းအရင်းအမှန်အား နားမလည်နိုင်တုန်းပင်ဖြစ်နေကြသည်။ သူတို့ အားလုံး၏ စိတ်ထဲတွင် ထင်ယောင်ထင်မှား ဖြစ်မိနေသည်ဟူ၍ပင်တွေးမိခဲ့ကြသည်။
မော်တယ်ကမ္ဘာရှိ ကျင့်ကြံသူများသည်ထိုကဲ့သို့ ဖြစ်ခဲ့ရခြင်း အကြောင်းအား သိရှိကြမည် မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်အောင် ပြုလုပ်ခဲ့သူမှာ ရဲရှောင်ပင်ဖြစ်လေသည်။
ချီဓာတ်များပျောက်ဆုံးသွားခြင်းသည်အချိန်အားဖြင့်လည်း သိပ်မကြာလိုက်ချေ။ ကမ္ဘာတစ်ခုလုံးရှိ ခရမ်းရောင် ချီဓာတ်များအား ဝိညာဉ်တော် ချီဓာတ်များမှ သယ်ဆောင်ကာ ရဲရှောင်ထံသို့ စီးဆင်းစေခြင်းပင် ဖြစ်သည်။ အချိန်တခဏမျှဟု ဆိုသော်လည်း ရဲရှောင်၏ ဟင်းလင်းပြင်ကြီးတွင်ကြောက်ခမန်းလိလိပင်များပြားလှသည့်ပမာဏများ ရရှိခဲ့သည်။
ရှေးဦးခရမ်းရောင် ချီဓာတ်များသည် အလွန်ထူးဆန်း၍ အံ့သြဖွယ်ကောင်းလှသည်။ ရဲရှောင်မှာမူ အဆင့်မြင့် ပညာရှင်ကြီးတစ်ဦး မဟုတ်သေးသဖြင့် အများအပြား မစုပ်ယူနိုင်သေးချေ။ သို့သော်သူ၏ အဆင့်သည်ကောင်းကင်အဆင့်၁ သာ ရှိသေးသော်လည်း ယခုကဲ့သို့ကြောက်မက်ဖွယ်ကောင်းလှသည့်ပမာဏအား စုပ်ယူနိုင်ခြင်းသည်အလွန်အံ့သြဖွယ်ရာပင်ကောင်းနေသည်ဟု ဆိုရပေမည်။
ကောင်းကင်ထက်မှ ချီဓာတ်များအား မြင်တွေ့နိုင်စွမ်း ရှိသူများအဖို့ အံ့သြနေကြမည်မှာ အမှန်ဧကန်ပင် ဖြစ်ပါတော့သည်။