Chapter – 260
“နှိပ်စက်ခံနေရသကဲ့သို့”
လက်တွေ့ အဖြစ်အပျက်များသည် စိတ်ကူးယဉ်သည်ထက်ပင် ပို၍ ဆန်းကြယ်တတ်ကြသည်။
ရဲရှောင်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူထူနေခြင်းမှ ကာကွယ်ရန်ကြိုးစားသည့်အနေဖြင့်ရေခဲနှလုံးသား ကျင့်စဉ်ဟု အမည်ရသည့် ကျင့်စဉ်အား နှလုံးသွင်း၍ ကျင့်နေမိသည်။
ထိုအချိန်မှာပင် ရေကျသံများကြားမှ ပိုင်အာ၏ အသံအား ကြားလိုက်ရသည်။
“အစ်ကိုကြီးရှောင် . . .”
ချွဲချွဲနွဲ့နွဲ့ဖြင့်ပင်ခေါ်လိုက်သည့်ပိုင်အာ၏ အသံကြောင့်ရဲရှောင်တစ်ယောက်သမာဓိပျက်ချင်သလိုပင် ဖြစ်သွားခဲ့သည်။ သို့သော်သူ၏ စိတ်အား တည်ငြိမ်အောင်ထိန်းလိုက်ရင်း ချောင်းတစ်ချက်နှစ်ချက်ခန့်ဟန့်လိုက်ကာ –
“ဘာလဲ . . .ပြောလေ . . .”
“ကျွန်မ သိချင်တာ တစ်ခုရှိလို့ပါ . . .”
“ကျွန်မရင်ဘတ်က ယောင်ေနတဲ့ အလုံး နှစ်လုံးက ဘာတွေလဲဟင်။ အရင်က ကျွန်မမှာ ရှိတယ်လို့တောင်သတိမထားမိခဲ့ဘူး။ ကျွန်မထင်တာတော့ တစ်ခုခုနဲ့ ရိုက်မိလို့ ယောင်ကိုင်းသွားတာ ဖြစ်မယ်။ ဒါပေမယ့်ရက်လည်း အတော်ကြာနေပြီ နည်းနည်းလေးတောင် အယောင် မကျသွားပါလား။ နာလည်းမနာဘူး၊ ဒါပေမယ့်. . .”
ပိုင်အာသည်စိတ်ရှုပ်ထွေးနေသည့် အသံမျိုးဖြင့် ရဲရှောင်အားပြောလိုက်သည်။
ရဲရှောင်သည် ထိုစကားများအား ကြားလိုက်ရသောအခါ ပိုင်အာ၏ ဖြူဖွေးဝင်းမွှတ်နေသည့်ရင်သားနှစ်မွှာအား မျက်စိထဲတွင်ကွက်ကွက်ကွင်းကွင်းပင်မြင်ယောင်သွားခဲ့သည်။ နဂိုတည်းကပင်မွှန်ထူနေသော သူ၏ နှာခေါင်းသည်လည်း ယခုအခါတွင်ထိန်းနိုင်ခြင်းမရှိတော့ဘဲ သွေးများ စီးကျလာလေသည်။သွေးများသည်ရေပန်းတစ်ခုကဲ့သို့ပင်ပန်းထွက်လာခြင်း ဖြစ်သည်။
ရဲရှောင်လည်း ကမန်းကတမ်းပင်သွေးများအား သုတ်လိုက်သည်။ သူ၏ အဖြစ်အားတွေးလိုက်မိ၍ ငိုချင်သွားမိသော်လည်း မျက်ရည်မှာမူ မထွက်ချေ။
“အဟွတ် . . . အဲဒါက ဒဏ်ရာ မဟုတ်ဘူး။ မင်းအရွယ်ရောက်လာပြီဆိုတဲ့ လက္ခဏာ ပြတာပါ”
ပိုင်အာသည်နားမလည်နိုင်သည့်ဟန်ဖြင့်-
“တကယ်လား . . . ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလာတယ်လို့ ခံစားမိတယ်။ အရင်က အခုလောက် အရပ်မရှည်သလိုပဲ . . .”
“နောက်ပြီး ကျွန်မရဲ့ မျက်နှာကလည်း အရင်နဲ့ မတူတော့ဘူး။ တစ်ခါတစ်ခါ ကျွန်မမျက်နှာ မဟုတ်တော့သလိုတောင် ခံစားရတယ် . . .”
ရဲရှောင်လည်း မဆိုင်းမတွပင်-
“မင်းက ပိုပိုပြီး လှလာတာပါ . . .”
ပိုင်အာမှ ကျေနပ်သွားသည့်အသံဖြင့်-
“ဟင်. . . တကယ်ပြောတာလားဟင် . . .”
“ဒါပေါ့။ တကယ်ပြောတာ . . .”
ရဲရှောင် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ဒါပေမယ့်ဒီယောင်နေတဲ့ အလုံး နှစ်လုံးက တော်တော် စိတ်ရှုပ်စရာပဲ။ ဖိချလို့လည်း မရဘူး။ ဒီအတိုင်းက ဒီအတိုင်းပဲ . . .”
“ကျွန်မ ဒါတွေကို တစ်နည်းနည်းနဲ့ ဖယ်ပစ်လို့ မရဘူးလား။ အလုံးတွေကလည်း အကြီးကြီးတွေ။ လမ်းတောင်လျှောက်ရတာ အဆင်မပြေဘူး။ တုန်တုန် တုန်တုန်နဲ့ ကျွန်မတော့ သိပ်ပြီး စိတ်ညစ်တာပဲ”
ပိုင်အာသည်သူမ၏ ရင်သားများအား ကြည့်ရင်း အလိုမကျသည့်ဟန်ဖြင့် ပြောလိုက်သည်။
တရစပ်ပင်ပြောလိုက်သည့်ပိုင်အာ၏ စကားများကြောင့်ရဲရှောင်တစ်ယောက်နှာခေါင်းသွေးများ ထပ်မံ၍ မလျှံစေရန် ကြိုးစားနေမိသည့်တိုင် သွေးများသည်ဒလဟော စီးကျလာပြန်သည်။ ထို့ပြင်ပိုင်အာ၏ အတွေးများကိုလည်း အံ့ဩနေမိသည်။
(ဘုရားရေ . . . ဒီလို ဖွံ့ထွားတဲ့ ရင်သားမျိုးကို မိန်းမတိုင်း လိုချင်ကြတာချည်းပဲ။ အခုကြ မင်းက ဖယ်ပစ်ချင်တယ်တဲ့လား . . .)
ရဲရှောင်လည်းတွေးရင်းဖြင့်သူ၏ နှာခေါင်းမှ စီးကျလာသည့်သွေးများအား သုတ်လိုက်သည်။
“ဒီအလုံးကြီးတွေနဲ့ ကျွန်မ သိပ်ပြီး အသားမကျသေးလို့ နေမှာပါ။ နောက်ပြီး ကျွန်မဗိုက်သားအောက်က အမွှေးအမှင်လေးတွေက . . .”
“သေစမ်း . . .”
ရဲရှောင် နားပိတ်ထားလိုက်မိသည်။ ပိုင်အာ၏ နှုတ်မှ ထပ်ပြောလာမည့်စကားများအား ဆက်၍ ကြားနိုင်စွမ်း မရှိတော့ချေ။ ထို့ကြောင့်သူ၏ ခေါင်းအား စောင်ဖြင့် အုပ်ထားလိုက်ရင်း စိတ်ထဲတွင်လည်း –
(သေပါရစေတော့၊ ငါထပ်ပြီး အသက်မရှင်ချင်တော့ဘူး၊ ငါ့ကို သတ်နေသလိုပဲ . . .)
နောက်ဆုံးတွင်မူ ရေချိုးခန်းထဲမှ ရေကျသံများ ရပ်တန့်သွားခဲ့သည်။ ထို့နောက်သူ၏ အနားသို့လျှောက်လာသည့်ပိုင်အာ၏ ခြေသံများအား ကြားလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့်သင်းပျံ့သော ရနံ့များမှာလည်း အသက်ရှူ မှားလောက်စရာပင်။
“အစ်ကိုကြီးရှောင် . . . ဘာဖြစ်တာလဲ . . .”
ကုတင်ပေါ်ရှိ မျက်နှာသုတ်ပဝါတွင် သွေးများ စွန်းထင်းနေပြီး ကြမ်းပြင်ထက်တွင်လည်း သွေးများ ကျနေသည်ကို ပိုင်အာ မြင်တွေ့လိုက်ရသည်။ ထို့ကြောင့်ရဲရှောင်အား အလန့်တကြားပင်မေးလိုက်ခြင်း ဖြစ်သည်။
“အစ်ကိုကြီးရှောင် . . . ဘာဖြစ်တာလဲ၊ ဘာလို့ သွေးတွေ အများကြီး ထွက်နေရတာလဲ။ နာနေလားဟင် . . .”
ရဲရှောင်၏ နှာခေါင်းမှ သွေးများ ထွက်နေသည်ကို ကြည့်ရင်း ပိုင်အာသည်အလွန်ထိတ်လန့်သွားမိခဲ့သည်။ ထို့ကြောင့်ရဲရှောင်အား တင်းကြပ်စွာ ဖက်ထားရင်း မေးလိုက်လေသည်။
“အစ်ကိုကြီးရှောင် . . . သေတော့ မသေလိုက်ပါနဲ့နော်၊ အစ်ကိုကြီး . . .”
ရဲရှောင်၏ စိတ်ထဲတွင်အကျေနပ်ကြီးကျေနပ်မိသွားသည်။ သူ့အား အလွန်စိုးရိမ်သည့် လူတစ်ဦး ရှိနေခဲ့ပြီ မဟုတ်ပါလော။ ထိုအချိန်တွင်ပိုင်အာထံမှ မွှေးပျံ့သော ရနံ့များ ရှူရှိုက်လိုက်မိပြန်သဖြင့် သူ၏ နှာခေါင်းမှ သွေးများ ထပ်မံ၍ ထွက်လာရပြန်လေသည်။
“အစ်ကိုကြီးလို ဘယ်သူမှ ကျွန်မအပေါ် ကောင်းကောင်း မဆက်ဆံဖူးဘူး။ အစ်ကိုကြီးရှောင်သာ သေရင် ကျွန်မလည်း အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး . . .”
ပိုင်အာ၏ မျက်ဝန်းထဲမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ပင်ကျလာလေသည်။
ပိုင်အာသည် ရဲရှောင်အား ပွေ့ဖက်ထားသဖြင့် ရဲရှောင်၏ခေါင်းသည် သူမ၏ ရင်ဘတ်နားသို့ ရောက်နေခဲ့သည်။ ရဲရှောင်သည် ထိုရင်ခွင်ထဲမှ ရုန်းမထွက်ချင်မိသော်လည်း ရုန်းထွက်လိုက်ရင်း –
“အရူးမလေး . . . ငိုမနေနဲ့၊ မင်းအစ်ကိုကြီးက ဘာမှ မဖြစ်ပါဘူး။ နည်းနည်းလေး ဖျားနေလို့ပါ။ ငါ့နှာခေါင်းကနေ ဒီလို သွေးထွက်တာ ကိုယ်ပူကျစေတယ်လေ။ အဲဒါကြောင့် မစိုးရိမ်နဲ့၊ ဒီမှာကြည့်လေ အကောင်းကြီးပဲ . . .”
ပိုင်အာသည် ရဲရှောင်၏ မျက်နှာအား သေသေချာချာပင်ကြည့်လိုက်သည်။ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မတွေ့၍ စိတ်သက်သာရာ ရသွားသော်လည်း မယုံကြည်နိုင်သေးသည့်အမူအယာဖြင့်-
“တကယ်ရော အဆင်ပြေရဲ့လား၊ သွေးတွေက အများကြီး ထွက်နေတာနော် . . .”
“ဘာမှ မဖြစ်ဘူး၊ ဒီလိုပဲ ထွက်နေကြ . . .”
ရဲရှောင် ခေါင်းညိတ်၍သာ နှစ်သိမ့်လိုက်ရသော်လည်း စိတ်ထဲတွင်မူ အရွယ်ရောက်ပြီးဖြစ်ကာ ၆ နှစ်သမီးအရွယ် မှတ်ဉာဏ်သာ ရှိသည့် မိန်းကလေးနှင့် ပက်သက်၍ ရူးချင်လာသလိုလိုပင် ခံစားနေရသည်။
ထို့ပြင်သူ၏ နှာခေါင်းမှ သုံးခါတိတိပင်သွေးများ ထွက်ခဲ့ရသဖြင့် အားအင်ချိနဲ့နေသကဲ့သို့ ခံစားနေရသည်။
နောက်ဆုံးတွင်မူ ပိုင်အာသည် ရဲရှောင်၏ စကားအား ယုံကြည်သွားပါတော့သည်။ ထို့နောက် သူမ၏ ရင်ဘတ်အား လက်ဖြင့် ဖိလိုက်ရင်း -
“ဟူး . . .တော်ပါသေးရဲ့ . . . ဒါဆိုလည်း ကျွန်မ မစိုးရိမ်တော့ပါဘူး . . .”
ထိုအခါ ပိုင်အာ၏ ရင်သားများသည် လှိုင်းများသဖွယ်တုန်ခါသွားပါတော့သည်။
ရဲရှောင်လည်း ထိုမြင်ကွင်းအားကြည့်ရင်း သူ၏ နှာခေါင်းမှ ထပ်မံ၍သွေးထွက်သွားချင်မိသည်။ ထို့ကြောင့်ချက်ချင်းပင် ကျင့်စဉ်ဖြင့်ထိန်းလိုက်ရသည်။
ခဏအကြာတွင် ပိုင်အာသည်ရဲရှောင်နှင့် စောင်အတူခြုံရန် စောင်အား မလိုက်သည်။ သူမသည်ပါးလွှာသော အဝတ်အစားများအား ဝတ်ဆင်ထားသည်။ ရဲရှောင်၏ အနားသို့ရောက်ရှိရန်အတွက်ဒဏ်ရာရရှိထားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ထိခိုက်မှု မရှိစေရန် ဖြည်းဖြည်းချင်း လှုပ်ရှားနေလေသည်။ နောက်ဆုံးတွင်မူ ပိုင်အာသည် ရဲရှောင်၏ ဘေးနားသို့ရောက်ရှိသွားသည်။ ထိုအခါမှသာ ကျေနပ်သွားဟန်ဖြင့် သက်ပြင်းချလိုက်ရင်း –
“ဒဏ်ရာတွေ ရထားတာတောင် ဒီလိုနေနေရတာ အိပ်မက်တစ်ခုလိုပါပဲလား . . .”
ထို့နောက် ပိုင်အာသည်သူ၏ နူးညံ့သော လက်များဖြင့်ရဲရှောင်၏ ခန္ဓာကိုယ်အား တင်းကြပ်စွာ ဖက်လိုက်သည်။
“အစ်ကိုကြီးရှောင်ကိုသာ ဒီလိုတစ်သက်လုံး ဖက်ထားရမယ်ဆိုရင် ကျွန်မ ဘာကိုမှ မကြောက် တော့ဘူး။ တခြားဘာမှလည်း မလိုချင်တော့ဘူး။ အစ်ကိုကြီးရှောင်ကို ကျွန်မ အရမ်းသဘောကျတာပဲ”
ရဲရှောင်သည် ပိုင်အာအား စာနာသနားမိသွားသည်။ ထို့ကြောင့်သူမ၏ ခေါင်းအား ညင်သာစွာ ပွတ်ပေးလိုက်ရင်း –
“ပိုင်အာရဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်စေရမယ်လို့ ကတိပေးပါတယ်ကွာ . . .”
ရဲရှောင်၏ စကားကြောင့်ပိုင်အာတစ်ယောက်အလွန်အမင်းပျော်ရွှင်သွားသည့်အတွက်ကမန်းကတမ်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်ရဲရှောင်၏ ပါးအား နှစ်ကြိမ်တိုင်တိုင်ပင်နမ်းလိုက်သည်။
“အစ်ကိုကြီးက ကျွန်မအပေါ် အကောင်းဆုံးဆိုတာ ကျွန်မ သိပြီးသားပါ . . .”
နောက်ဆုံးတွင်မူ ပိုင်အာသည်ရဲရှောင်၏ဘေးတွင် စိတ်ချလက်ချဖြင့်လှဲအိပ်လိုက်သည်။ ခဏအကြာတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မော ကျသွားပါတော့သည်။ သူမ၏ စိတ်ထဲတွင်ကျေနပ်ပီတိ ဖြစ်နေမည်မှာသေချာပေါက်ပင်ဖြစ်သည်။
ရဲရှောင်၏ စိတ်ထဲတွင်မူ –
(ဒီလိုသာဆို ငါတော့ ဒုက္ခပါပဲ။ ဘုရားရေ သေသာ သေလိုက်ချင်တော့တယ် . . .)
နူးညံ့၍ လှပကျော့ရှင်းသည့် ခန္ဓာကိုယ်လေးအား ပွေ့ဖက်ထားရင်း မချိတင်ကဲပင်ဖြစ်နေရသည်။ အိပ်၍လည်း မပျော်တော့ချေ။ နောက်ဆုံးတွင်ကြံရမရသည့်အဆုံး ရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်ကိုသာ ကျင့်ကြံနေလိုက်သည်။
ထို့ပြင် သူ၏ ကျင့်စဉ်နှင့်အတူ ယင်နှင့်ယန် ကျင့်စဉ်ကိုလည်း အိပ်မောကျနေသည့် ပိုင်အာ အတွက် ကျင့်ကြံနေမိသည်။ ပိုင်အာ၏ သွေးကြောများ ပိုမို ကောင်းမွန်လာစေရန်ကုသပေးရဦးမည် ဖြစ်ပြီး အရိုးများ ဖွံ့ဖြိုးလာစေရန်အတွက်လည်း လုပ်ပေးရဦးမည်ဖြစ်သည်။
ရဲရှောင်သည်ပိုင်အာ၏ ဒဏ်ရာဝေဒနာများ သက်သာလာစေရန်အတွက်သူ၏ရေစက်အနည်း ငယ်အား အသုံးပြုခဲ့ရသည်။ ကံကောင်းသည့်အချက်မှာနောက်ပိုင်းတွင်သူမကိုယ်တိုင် မျိုချနိုင်နေခြင်းပင် ဖြစ်သည်။ နှုတ်ခမ်းချင်း ထိ၍ တိုက်စရာ မလိုတော့ချေ။ အကယ်၍ ထိုကဲ့သို့သာ တိုက်ရမည် ဆိုပါက ရဲရှောင်အနေဖြင့်လေးကြိမ်မြောက် နှာခေါင်းသွေးလျှံသွားနိုင်ပါတော့သည်။