Switch Mode

Chapter – 23.3

" ညိုးနွမ်း နယ်မြေထဲက ရွှေရောင်လမ်း "

Chapter – 23.3 ” ညိုးနွမ်း နယ်မြေထဲက ရွှေရောင်လမ်း ”
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က ဆရာတွေနဲ့ ကျောင်းသားတွေစုဝေးနေတဲ့ နေရာဆီကို ပြေး၀င်လာခဲ့ရင်း ဆက်တိုက်လဲအော်လာခဲ့ပါတယ်။

” ၀င်ခွင့်ပြုပါ ”

ချက်ချင်းဆိုသလို စာရင်းသွင်းနေတဲ့ဆရာတွေက ရပ်တန့်လို့သွားပါတော့တယ်။ အတော်လေး အရပ်မြင့်တဲ့ အသက်ငါးဆယ်ကျော်အရွယ်ဆရာက သူတို့ကိုမေးလိုက်တယ်။

” မင်းတို့နှစ်ယောက် ဘယ်အတန်းကလဲ ဘာတွေဖြစ်လာခဲ့တာလဲ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကို သူမှတ်မိပါတယ်။ ဒီဆရာကတော့ အပြင်နယ်မြေရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ ဆရာသုဝေ့လွမ်ပါပဲ။ ဒါ့အပြင် သူက အပြင်နယ်မြေမှာ အမြင့်မားဆုံးအာဏာကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။

ဟို့ယွိဟောင်က အော်လိုက်ပါတယ်။

” ဆရာသုကို ကျွန်တော်တို့ ပြန်ဖြေပါတယ်…ကျွန်တော်တို့က အတန်းနံပါတ်တစ်ရဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ပါ ကျွန်တော်တို့ဆက်တိုက်လေ့ကျင့်နေခဲ့တာကြောင့် နောက်ကျသွားတာပါ ”

သုဝေ့လွမ်ရဲ့မျက်နှာက မည်းမှောင်လို့သွားပါတယ်။

” မင်းတို့က ရှုံးထွက်ပွဲစဥ်စာမေးပွဲကိုတောင် နောက်ကျတယ်လား အချိန်နဲ့ပတ်သတ်ပြီ မင်းတို့တွေ နားမလည်ကြဘူးလား ဒါ့အပြင် မင်းတို့ကို သေချာပေါက် အပြစ်ပေးရမှာပဲ အပြစ်အနေနဲ့ စာမေးပွဲကြီးပြီးတဲ့ နှစ်ရက်လုံးလုံး လူသစ်တန်းဆရာတွေသင်ကြားတဲ့ အဆောင်မှာ အဆောင်ရဲ့မျက်နှာစာတွေကို ဆက်တိုက်သန့်ရှင်းရေးလုပ်ရမယ်….မင်းတို့ရဲ့ အဖွဲ့စည်းကိုပြန်တော့ ”

” ကောင်းပါပြီ ဆရာ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ပြန်ဖြေလိုက်ပါတယ်။ စိတ်ထဲမှာတော့သက်ပြင်းချ​လိုက်မိပါတယ်။ အနည်းဆုံးတော့ သူတို့တွေ ယှဥ်ပြိုင်ခွင့်ကို မရှုံးသေးပါဘူး။ ဒါဆိုရင် အားလုံးက အဆင်ပြေပါတယ်။ နှစ်ယောက်စလုံးလဲ ရှောင်းရှောင်းဆီကို လျှောက်သွားခဲ့ပါပြီ။

သုဝေ့လွမ်ကတော့ အမြင့်မှာရှိတဲ့ ကျိုးယိကို တစ်ချက်လှမ်းကြည့်ရင်း ဆက်တိုက်ဆိုသလို နောက်ထပ် ကျောင်းသားတွေကို စာရင်းကောက်နေခဲ့ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်နဲ့ဆိုရင် အကယ်၍ တခြားကျောင်းသားတွေသာ နောက်ကျလို့ကတော့ သေချာပေါက် ဒီပြိုင်ပွဲထဲကနေ ထုတ်ပယ်ပြစ်မှာပါ။ ဘယ်လိုနည်းပဲဖြစ်စေ သူက လူသစ်တွေရဲ့စာမေးပွဲကို ဖြတ်ကျော်ပြီသားဖြစ်နေခဲ့တာပါပဲ။

ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ပြီးပြည့်စုံအောင် တိုက်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ ဆယ်ပွဲလုံးလုံးလဲ အရှုံးမရှိခဲ့ပါဘူး။ ဒါကြောင့်သာ သံမဏိမျက်နှာအုပ်ချုပ်ရေးမှုးက သူတို့ကို တစ်ချက်အလွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ရလဒ်က ကျောင်းတော်ထဲမှာ သိပ်ပြီအလေးထားရတဲ့အရာမဟုတ်ပေမဲ့ သန်မာတဲ့ကျောင်းသားတွေက အကောင်းဆုံးရလဒ်ကိုရရှိနိုင်တာ ကျောင်းတော်ရဲ့ လေ့ကျင့်ပေးမှုတွေကြောင့်ပါပဲ။ ဒါ့အပြင် သူတို့တွေကလဲ အခွင့်အရေးကောင်းကို ခံစားခွင့်ရှိပါတယ်။ ဒီလိုနည်းနဲ့မှသာ ကျောင်းတော်ရဲ့အဆင့်အတန်းခွဲမှုကလဲ ဖြစ်ပေါ်လာခဲ့တာပါ။

” နင်တို့နှစ်ယောက် ဘယ်သွားနေတာလဲ ဒီနေ့တော့ နင်တို့တွေ ဆရာကျိုးဆူတာကို ခံရတော့မယ်….သူမျက်လုံးတွေကို ကြည့်လိုက်ပါဦး နင်တို့ကိုအပိုင်းပိုင်ဖြတ်တော့မဲ့ပုံစံနဲ့ ကြည့်နေတာ သူအကြည့်နဲ့တင် နင်တို့တွေ အပိုင်းပိုင်းဖြတ်ခံရပြီ သေနေလောက်ပြီ ”

ရှောင်းရှောင်းက ပြောလာခဲ့ပါတယ်။

၀မ်သုန့်လဲ အရမ်းကို စိတ်ဖိစီးနေခဲ့တယ်။

” ငါတို့ကို အဲ့ဒီလောက်မဆူပါတော့နဲ့လား အဲ့ဒါက ဟို့ယွိဟောင်ရဲ့ အမှားပဲ အကယ်၍ သူသာ ငါ့ကို အတင်းဆွဲခေါ်ပြီ အချိန်ကုန်အောင်လုပ်မနေဘူးဆိုရင် ငါတို့ဘယ်လိုလုပ်နောက်ကျနိုင်မှာလဲ ”

ပြန်လာတဲ့လမ်းမှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် သူတို့ရဲ့ စိတ်၀ိဉာဥ်စွမ်းအားပေါင်းစည်းမှုကို လျှို့၀ှက်ထားဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ဒါကို စာမေးပွဲထဲမှာသုံးဖို့အတွက် လုံး၀ အစီအစဥ်မရှိခဲ့ပါဘူး။ ဒီသတင်းကောင်းကို ဆရာကျိုးဆီ ပြောပြဖို့အတွက်သာ အစီစဥ်လို့ထားခဲ့တယ်။ ဒါ့အပြင် ဒီလိုမျိုး သူမရဲ့ မိုးကြိုးဒေါသက သူတို့ရဲ့သတင်းကောင်းအကြောင်းကိုကြားရင် အနည်းငယ်တော့ သက်သာသွားနိုင်မှာပါ။ ဒါ့အပြင် အနာဂတ်ပြိုင်ပွဲတွေမှာ အသုံးပြုဖို့စိတ်ကူးလို့ထားခဲ့ပါတယ်။

အပြင်နယ်မြေရဲ့ အုပ်ချုပ်ရေးမှုး သုဝေ့လွမ်ကတော့ ချက်ချင်းဆိုသလို စာရင်းကောက်တာ ပြီသွားခဲ့ပါပြီ။ အဲ့ဒီနောက် သူစတင်ပြီ မဲနှိက်ပါတော့တယ်။ လူသစ်တွေရဲ့ ပြိုင်ပွဲဖြစ်တာကြောင့်သိပ်ပြီ ရှုပ်ထွေးတဲ့ကိစ္စတွေ ပါ၀င်မနေခဲ့ပါဘူး။ ဟို့ယွိဟောင်တို့အဖွဲ့ကလဲ မဲနှိက်ရပါတယ်။ အဖွဲ့ခြောက်ဆယ်လေးဖွဲ့မှာ ရှုံးထွက်ပွဲစဥ်တွေ ပါတာကြောင့် စုစုပေါင်း နယ်မြေသုံးဆယ့်နှစ်ခုမှာ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကြရပါလိမ့်မယ်။

မနေ့က တစ်ရက်လုံးနားခဲ့ရတဲ့ကျောင်းသားတွေက ချက်ချင်းဆိုသလို စွမ်းအားပြန်ဖြည့်နေခဲ့ကြပါပြီ။ သူတို့တွေက နယ်မြေဆယ့်ခြောက်ခုအဖြစ်ကို ပြန်လည်ခွဲခြားပြစ်လိုက်ရပါတယ်။ ဒါ့အပြင် နယ်မြေတစ်ခုချင်းဆီတိုင်းကလဲ အရင်ကထက်ပိုပြီး ကျယ်၀န်းနေခဲ့သလို နောက်ထပ် ထူးခြားတဲ့ နေရာတွေလဲ ပါ၀င်လို့လာခဲ့ပါတယ်။

ရှုံးထွက်ပွဲစဥ်တွေရဲ့ စည်းမျဥ်းတွေကတော့ အရမ်းကို ရိုးရှင်းပါတယ်။ မနက်မှာတစ်ပွဲတိုက်ခိုက်ရပြီ ညနေမှာတစ်ပွဲ တိုက်ခိုက်ရပါလိမ့်မယ်။ ရှုံးတဲ့အဖွဲ့တွေကတော့ အတန်းကို ပြန်ပြီစာသင်ရုံပါပဲ။ နိုင်တဲ့အဖွဲ့တွေကတော့ အဆုံးထိဆက်ပြီ ယှဥ်ပြိုင်ရပါလိမ့်မယ်။ သုံးရက်ကြာပြီတဲ့နောက်မှာတော့ အဖွဲ့သုံးဖွဲ့က ထိပ်ဆုံးကိုရောက်လာခဲ့မှာပါ။

မဲနှိက်ပြီတဲ့နောက် အဖွဲ့ခြောက်ဆယ်လေးဖွဲ့ရဲ့ ပြိုင်ပွဲက ဆက်တိုက်ဆိုသလို စတင်ပါတော့တယ်။ ဒီလိုနည်းနဲ့ သူတို့တွေက အချိန်ကို အကုန်နည်းအောင်ပြုလုပ်လို့ထားခဲ့တယ်။ ဒါ့အပြင် နေ့လည်ပြိုင်ပွဲမတိုင်ခင်လဲ နားချိန်ရအောင်ကူညီပေးပါတယ်။

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်တို့အဖွဲ့က နယ်မြေနံပါတ်ဆယ့်ငါးကို ရောက်ရှိသွားခဲ့ပါပြီ။ သူတို့ရဲ့ကြီးကြပ်သူကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာ ကြီးကြပ်ရေးမှုးကတော့ အသက်သုံးဆယ်ကျော်လောက်ရှိတဲ့ အမျိုးသမီးဆရာတစ်ယောက်ပါပဲ။ သူ့ပုံစံကြည့်ရတာ အတော်လေး သဘောကောင်းမဲ့ပုံပေါ်နေခဲ့တယ်။

အစောပိုင်းတုန်းက မဲနှိက်ခဲ့တဲ့အတွက် နံပါတ်တစ်ခုကိုလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ယှဥ်ပြိုင်ရမဲ့အဖွဲ့က ဘယ်သူတွေလဲဆိုတာ မသိခဲ့ပါဘူး။ ရောက်ရှိပြီတာနဲ့ ချက်ချင်းဆိုသလို ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်။ သူတို့ရဲ့ ပထမပြိုင်ပွဲက သူတို့ရဲ့ အတန်းဖော်တွေကြီးပါပဲ။ ဒါကြောင့် ဒီရှုံးထွက်ပြိုင်ပွဲက ပြည်တွင်းစစ်လိုပုံစံမျိုး ဖြစ်လာပါတော့တယ်။ ပြိုင်ပွဲသုံးယောက်က ဟို့ယွိဟောင်တို့အဖွဲ့ကို ချက်ချင်းဆိုသလို မှတ်မိခဲ့ပါတယ်။ ဒါ့အပြင် တစ်ယောက်ကတော့ ၀မ်သုန့်ကို စိန်ခေါ်ဖို့ကြံစည်ခဲ့တဲ့သူပါ။ ၀မ်သုန့်ကြောင့်သာ အဲ့ဒီလူက ချက်ချင်းအရိုက်နှက်ခံလိုက်ရပါတော့တယ်။

ကျိုးယိရဲ့ အကဲဖြတ်မှုက အရမ်းကို တိကျခဲ့တယ်။ ဟို့ယွိဟောင်တို့အဖွဲ့ကို အတန်းနံပါတ်တစ်ရဲ့အခြေစိုက်အဖွဲ့အဖြစ်သူက ရွေးချယ်ခဲ့တာကြောင့် သူတို့ရဲ့ စွမ်းအားက တခြားသူတွေ မယှဥ်ပြိုင်နိုင်တဲ့အထိသာ သာလွန်လို့နေခဲ့ပါတယ်။ ဒီပြိုင်ပွဲက သိပ်ပြီမကြာမြင့်ခဲ့ပါဘူး။ သူတို့ရဲ့ ပြိုင်ဘက်တွေက ခပ်မြန်မြန်ပဲ ဆယ်မိနစ်အတွင်းမှာ ရှုံးနှိမ့်လို့သွားပါတော့တယ်။ ဒါ့အပြင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့နှစ်ယောက်ပဲ အဓိက တိုက်ခိုက်ပြီ ဟို့ယွိဟောင်ကတော့ အထောက်အပံ့ပေးတာပါ။ သူတို့အဖွဲ့ကတော့ ထိပ်တန်းသုံးဆယ်နှစ်ဖွဲ့ထဲကို အောင်အောင်မြင်မြင်၀င်ရောက်သွားပါတော့တယ်။

စာမေးပွဲနယ်မြေအပြင်ကို ရောက်လာချိန်မှာတော့ သူတို့ရဲ့ ပျော်ရွှင်နေတဲ့မျက်နှာက ချက်ချင်းပျောက်ကွယ်လို့သွားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ဆရာကျိုးက သူတို့ကို စာမေးပွဲ၀င်ပေါက်ရဲ့ အပြင်မှာစောင့်နေတာကြောင့်ပါပဲ။

” ရှောင်းရှောင်း ပြန်ပြီအနားယူလိုက်တော့ မင်းတို့နှစ်ကောင် ငါနဲ့လိုက်ခဲ့ ”

သူပြောပြီတဲ့နောက် လှည့်ထွက်သွားပါတော့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်စလုံးလဲ ကျောရိုးတွေတောင် ကျဥ်တက်လို့သွားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ သူတို့တွေ စိတ်ကိုပြင်ဆင်ပြီးပါပြီ။ ဒါကြောင့် ဆရာကျိုးယိရဲ့နောက်ကို ခေါင်းငုံ့ရင်း လိုက်သွားပါတော့တယ်။ ရှောင်းရှောင်းကတော့ ကိုယ့်အသက်ကိုဖက်နဲ့ ထုတ်ထားကြဆိုတဲ့ အကြည့်နဲ့သာ သူတို့ကြည့်သွားခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဆရာကျိုးယိက သူတို့ကို ရုံးခန်းထဲဆီ တိုက်ရိုက်ခေါ်သွားခဲ့ပါတယ်။ အတန်းနံပါတ်တစ်ရဲ့ ဆရာအနေနဲ့ သူ့ရဲ့ရုံးခန်းက အနက်ရောင်နဲ့ ခရမ်းရောင်အဆောက်အအုံတွေရဲ့ အနောက်ဖက်နယ်မြေမှာ တည်ရှိခဲ့တာပါ။ ဒါ့အပြင် ကျောင်းဆောင်တွေရဲ့ မြောက်ဖက်နေရာမှာပါပဲ။

သူမရဲ့ရုံးခန်းက ပထမအလွှာမှာတင် တည်ရှိခဲ့ပြီ လက်ရှိအချိန် ဒီနေရာမှာရှိနေတဲ့သူက သူမတစ်ယောက်သာ ကျန်ရှိနေခဲ့တယ်။

ကျိုးယိရဲ့ ရုံးခန်းထဲကို ၀င်ပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ပိုပြီး လန့်သွားခဲ့ရပါတယ်။ မမျှော်လင့်ထားနိုင်လောက်အောင် အရမ်းကို အေးစက်ပြီ တင်းကြပ်တဲ့ပုံစံနဲ့ ဆရာကျိုးက သူ့ရဲ့ရုံးခန်းကိုတော့ ကျက်သရေရှိရှိ လှလှပပနဲ့ ပြင်ဆင်လို့ထားခဲ့ပါတယ်။ ရုံးခန်းနံရံတွေက ပန်းနုဖျော့ရောင်ဆေးခြယ်ထားခဲ့ပြီ သူ့ရဲ့စာပွဲခုံကတောင် အနီရောင်တောက်တောက်သစ်သားတစ်မျိုးနဲ့ ပြုလုပ်ထားခဲ့တာပါ။ ဒါ့အပြင် ဧည့်သည်တွေလာရောက်ထိုင်ဖို့အတွက် အနီရောင်အမွှေးပွထိုင်ခုံလဲ ရှိနေခဲ့ပါသေးတယ်။ ဒါ့အပြင် တံခါးအသေးလေးတစ်ခုကလဲ အပေါက်၀မှာ ရှိနေခဲ့ပြီ ကျောင်းတော်အနေနဲ့ ဆရာတွေကို ဘယ်လောက်အထိ ကောင်းကောင်းထားလဲဆိုတာ ကြည့်ရုံနဲ့ သိနိုင်နေခဲ့ပါတယ်။ဆရာတွေက သူတို့ရဲ့ ကိုယ်ပိုင်ရုံးခန်းတွေကနေ လူသစ်တွေရဲ့ အတန်းကို တိုက်ရိုက်၀င်ဖို့အတွက် ပြင်ဆင်ပေးခံထားရတယ်။

ဟို့ယွိဟောင်က အခန်းထဲကို နောက်ဆုံး၀င်တဲ့သူပါပဲ။ သူက တံခါးကို ဖြည်းဖြည်းချင်ပိတ်ပြီ ၀င်လာခဲ့ပါတယ်။ ကျိုးယိကတော့ ထိုင်ခုံပေါ်မှာ ထိုင်ရင်းလက်ပိုက်လျက်သား ရှိနေခဲ့တယ်။

” ပြောစမ်း နင်တို့နှစ်ကောင် တကယ်ပဲဘာတွေလုပ်နေတာလဲ အရမ်းကို တော်နေကြတယ်ပေါ့ နှစ်ရက်တိတိ နောက်ကျတယ်….လူသစ်တွေရဲ့စာမေးပွဲကို အောင်သွားတာနဲ့ အတောင်ပံတွေက အတော်လေးမာနေတယ်ပေါ့ ငါတောင်မှ နင်တို့ကို ထပ်ပြီမထိန်းချုပ်နိုင်တော့ဘူး…အဲ့ဒီလိုများတွေးနေတာလား နင်တို့ကို ငါပြောမယ်…ငါသာစိတ်ရှိတယ်ဆိုရင် နင်တို့နှစ်ယောက်ကို ကျောင်းတော်ကနေ စကားတစ်ခွန်းထဲနဲ့ ထုတ်ပြစ်လို့ရတယ်…ဒီလောကမှာပါရမီရှင်ဆိုတာ မရှားပါဘူး…ဒါ့အပြင် အများကြီးကိုလဲ ငါထုတ်ပယ်ပြီးပြီ ပါရမီရှင်တစ်ယောက်ကို ငါထုတ်ပယ်ရတာ အကြောင်းအရင်းတစ်ခုပဲရှိတယ်…သူတို့တွေက သူတို့ရဲ့ စိတ်ဓာတ်နဲ့ပညာရှင်တွေ ဖြစ်မလာနိုင်လို့ပဲ နင်တို့နှစ်ယောက်ကို မထုတ်ပယ်ရမဲ့ အကြောင်းအရင်း ပြောလိုက်စမ်း ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီတဲ့နောက် ၀မ်သုန့်က အရင်ဆုံးရှင်းပြပါတော့တယ်။

ဟို့ယွိဟောင်ကတော့ သူနောက်ကနေ သံယောင်လိုက်ရင်းနဲ့သာ ပြောလာခဲ့တယ်။

” ဆရာကျိုးကျွန်တော်တို့တကယ် မှားသွားခဲ့ပါတယ်….ကျွန်တော် တောင်းပန်ပါတယ် ”

ဒီသုံးလတာအချိန်မှာ ကျိုးယိရဲ့ဒေါသကို သူတို့တွေက အတော်လေး ရင်းနှီးနေခဲ့ကြပါပြီ။ သူနဲ့ ငြင်းခုန်တာက အကျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် ဆက်ပြီ ဒေါသမထွက်စေဖို့အတွက်သာ ကြိုးစားရမှာပါ။ အကယ်၍ မင်းမှာသာ အမူအကျင့်ကောင်းကောင်းရှိနေမယ်ဆိုရင် ပြစ်ဒဏ်ကလဲ နည်းနိုင်တယ်။

အပိုင်း ၂၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset