Switch Mode

Chapter – 259

ပိုင်အာ၏ကြိုးပန်းမှု

Chapter – 259
“ပိုင်အာ၏ကြိုးပမ်းမှု”

ဟင်းလင်းပြင်​ကြီးထဲသို့ အဖိုးထိုက်​တန်​သည့်​ပစ္စည်းများစွာ ထည့်သွင်းခဲ့ပြီးနောက် သူ၏ ချီဓာတ်များ တိုးပွား လာသည်​ကို ရဲ​ရှောင်​ခံစားလိုက်ရသည်။ ဟင်းလင်းပြင်သည် စွမ်းအင်ကင်းမဲ့နေသည်မှာ ကြာမြင့်​ခဲ့ပြီ ဖြစ်​သော်​လည်း ယခုအခါတွင်​မူ ချီဓာတ်များဖြင့် ပြည့်ဝ သွားပါတော့သည်။ ရဲရှောင်လည်း​ကျေနပ်​သွား​သော​ကြောင့်​ပြုံးလိုက်ရင်း ပိုင်အာရှိရာ အခန်းသို့ သွား​ရောက်​လိုက်​သည်​။
“အစ်ကိုကြီးရဲ . . . ပြန်လာပြီလား . . .”
ပိုင်အာသည် ရဲရှောင်အား ကြည့်ရင်း မေးလိုက်သည်​။
ရဲရှောင်သည် ပိုင်အာအား သူ၏ အခန်းထဲ ထားခဲ့မိခြင်းကိုပင် နောင်တရ​နေမိသည်​။ ပိုင်အာသည် ရက်ပေါင်းများစွာ သူ၏ အခန်းထဲမှာပင် နေထိုင်လာခဲ့သည်။ ထို့​ကြောင့်​ရဲ​ရှောင်​၏ အခန်းသည်​သူမ၏ အခန်းလိုပင်​ဖြစ်နေခဲ့ပြီး ကုတင်ကိုပင်​မောင်​ပိုင်​စီးထားလေသည်​။
ရဲရှောင်လည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း ပိုင်အာ​အား လှမ်းကြည့်လိုက်သည်။ ပိုင်အာ၏ ဆံပင်​များသည်​ရှုပ်​ပွလျက်​ရှိပြီး ချွေးများလည်း ရွှဲနစ်​လျက်​ရှိသည်​။
“မင်း ဘာလို့ ငါ့စကားကို နားမထောင်ရတာလဲ။ နားနားနေနေ နေမှပေါ့။ ဒီနေ့ နေရော​ကောင်းရဲ့လား . . .”
ရဲရှောင် ဂရုဏာ​ဒေါ​သော​အသံဖြင့်​မေးလိုက်သည်။
“ကောင်းပါတယ်။ ဘာမှမဖြစ်ဘူး . . .”
ပိုင်အာသည်​ရဲ​ရှောင်​၏ အ​မေးအား သွက်​သွက်​လက်​လက်​ပင်​ပြန်​ဖြေလိုက်​သည်​။ သူမ၏ မျက်နှာတွင် ကျေနပ်​နေသည့် အရိပ်အယောင်များလည်း ဖြစ်ပေါ်လျက်​ရှိသည်​။
“ကျွန်မ ဘာမှ လုပ်​နေတာ မဟုတ်​ပါဘူး။ ကျင့်ကြံမှု ပဲ လုပ်နေတာပါ။ ကျင့်ကြံမှုလုပ်တော့ ချီဓာတ်တွေ ကျွန်မကိုယ်ထဲ ဝင်လာပြီး လှုပ်နိုင်ရှားနိုင် ဖြစ်လာတာပဲ။ အစပိုင်းတော့ အတော်နာတယ်။ နာလွန်းလို့ ချွေးတွေ ပြန်နေတာပဲကြည့်တော့။ ဒါပေမယ့်​ကျွန်မ ကျွန်မကိုယ်ကျွန်မ သက်သာလာသလို ခံစားရတယ်။ အစက စိတ်ထင်​နေတယ်​ထင်​နေတာ။ တကယ်ကို သက်သာလာခဲ့တာပဲ . . .”
ရဲရှောင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ပိုင်​အာ၏ အနားသို့ သွားလိုက်​ရင်း စစ်ဆေးကြည့်​လိုက်သည်။
အမှန်​တကယ်ပင် သက်သာသွားခြင်း ဖြစ်သည်​။ ပိုင်​အာတစ်​ယောက်​အန္တရာယ်တွင်းထဲမှ လွတ်မြောက်နိုင်လာခဲ့ရုံသာမက လှုပ်ရှား၍ပင် ရနေချေပြီ။ ထို့​ကြောင့်​အချို့သော ကိစ္စများကိုပင်​သူမကိုယ်တိုင် ပြုလုပ်နေပြီဖြစ်သည်​။ ကျိုးနေသော ခြေထောက်မှလွဲ၍ ကျန်သောအစိတ်အပိုင်းများ အားလုံးနီးပါး သက်သာသွားခဲ့ပြီ ဖြစ်သည်။ အနည်းငယ်မျှ အနားယူလိုက်လျှင် လူကောင်းပကတိ ပြန်ဖြစ်တော့မည် ဖြစ်သည်​။
ပိုင်​အာ၏ အဆိုးရွားဆုံး ဖြစ်ခဲ့ရသည့် အစိတ်အပိုင်းမှာ ခါးရိုးပင် ဖြစ်သည်​။ ထိခိုက်မှု အများဆုံးလည်း ဖြစ်သည်။ ထိုဒဏ်​ရာအား ကြိုးစားပမ်းစား ကုသပေးခဲ့ရသည့်​အတွက်​ရဲ​ရှောင်​၏ ပစ္စည်းဥစ္စာများလည်း များ​စွာ ကုန်ကျခဲ့ရသည်။ သို့​သော်​ရဲ​ရှောင်​အ​နေဖြင့်​ထိုကဲ့သို့ ကုသပေးခဲ့ရခြင်း အတွက်​အရှုံးအမြတ်ဟူ၍လည်း မစဉ်းစားခဲ့ချေ။
​ငွေကုန်​ကြေးကျ များစွာခံ၍ ကုသ​ပေးခဲ့ရသည့်​တိုင်​ရဲ​ရှောင်​၏ ခန့်မှန်းချက်အရ ခါးရိုးပုံမှန် ပြန်ဖြစ်ရန် အချိန်အတော်ကြာဦးမည် ဖြစ်​သည်​။ သို့သော်​ပိုင်အာ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သူ့အား အလွန်အံ့သြသင့်ေ​စခဲ့သည်။​သူမ၏ ပင်ကိုယ်ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် တန်ဖိုးကြီးဆေးပင်များစွာ ပေါင်းစပ်မှုကြောင့် ထင်ထားသည်ထက်ပင် ပို၍ လျင်ြ​မန်စွာ သက်သာလာခဲ့သည်။
ကုသမှု ပြုလုပ်​ပေးခဲ့စဉ်က ရဲ​ရှောင်​၏ စိတ်​များ အလွန်​ရှုပ်​ထွေးခဲ့ရသည်​။ အ​ကြောင်းမှာ သူမည်​မျှပင်​ပြုစု​ပေး​စေကာမူ ပိုင်​အာသည်​သတိပြန်လည်လာခြင်း မရှိခဲ့​ပေ။ ဒဏ်ရာဒဏ်ချက်များသည်​လည်း ခန္ဓာကိုယ်​အနှံ့ပင်​ပြည့်​နှက်​နေခဲ့သည်​။
ရဲရှောင် မည်မျှထိ ကောင်းမွန်သော ကုသမှုပြု​ပေး​စေကာမူ၊ မည်မျှထိ ကောင်းမွန်သော ဆေးဝါးများ အသုံးပြု​ပေး​စေကာမူ ပိုင်​အာ၏ ခါးဒဏ်​ရာအား အကျိုးသက်​ရောက်​မှု အနည်းငယ်သာ ရရှိစေမည်​ဖြစ်သည်။ မည်သည့်ရောဂါမဆို ကုသမှု ပြုလုပ်ရာ၌ ဆေးအာနိသင် အပြည့်အဝ ရနိုင်သည်ဟူ၍ မရှိချေ။ ဆေးအာနိသင်၏ တစ်​ဝက်မျှ ရလျှင်ပင် အတော်ကောင်းနေပြီဟု ဆိုရ​ပေမည်​။ အဘယ်ကြောင့်ဆိုသော် အာနိသင် များသည် ဒဏ်ရာရသော နေရာသို့ အကုန်အစင်​သက်ရောက်ခြင်း မရှိ​ဘဲ ကျန်သည့် အစိတ်အပိုင်းများဆီသို့ ပြန့်နှံ့သွားသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်သာ အာနိသင်ရသည်​ဟု ဆိုရခြင်း ဖြစ်​သည်​။
သို့​သော်​အာနိသင်အပြည့်​မရဟုဆိုကာ ဆေးများ ထပ်တိုက်မိမည် ဆိုပါက မလိုအပ်သော နေရာများသို့ ပြန့်နှံ့သွားနိုင်ကာ အဆိပ်ဖြစ်စေနိုင်​ပေသည်​။ ထို့ကြောင့်ပင် တန်ဆေးလွန်ဘေးဟု ဆိုရခြင်း ဖြစ်သည်။
ပိုင်အာ သတိပြန်ရလာသည့်​အချိန်​မှစ၍ ရဲ​ရှောင်​၏ ကုသမှုများသည်​သူမအ​ပေါ်တွင်​ပို၍ ထိရောက်မှု ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိထား​သော နေရာသို့ ဆေးအာနိသင် အပြည့်အဝနီးပါး ရောက်ရှိသည်ကိုလည်း ရဲရှောင် အံ့သြဖွယ် တွေ့ရှိခဲ့ရသည်​။ ထို့ကြောင့် ပြန်လည် သက်သာလာသည့်​နှုန်း မှာ ထင်ထားသည်ထက်ပင်​ပို၍ မြန်ဆန်​နေခြင်း ဖြစ်​သည်။
ထိုသို့ မြန်​ဆန်​နေခြင်းသည်​ပိုင်အာဘက်မှ တကူးတက လုပ်ယူ​နေခြင်း မဟုတ်ချေ။ သူမ၏ ခန္ဓာကိုယ်မှ အလိုလို တုံ့ပြန်နိုင်စွမ်း ရှိ​နေ​သော​ကြောင့်​ပင်​ဖြစ်​သည်​။ သတိမေ့မြော​နေသည့်​အချိန်​တွင်​အကြောများ ပျက်ဆီးနေ၍သာ အလုပ်မဖြစ်ခဲ့ခြင်း ဖြစ်ပြီး သတိပြန်​ရလာချိန်​တွင်​မူ သက်​သာလာမှုနှုန်း သည်​မြန်​ဆန်​ခဲ့သည်​။ အကယ်၍ ပိုင်အာသည်​မူလတာအို ပညာရှင်အဆင့်ရှိသူ တစ်​ဦး
ဆိုပါက ယခုကဲ့သို့ မြန်​မြန်​ဆန်​ဆန်​ဖြင့်​ကောင်းမွန်​လာခြင်းသည်​အံ့သြစရာ​တော့ မရှိ​ချေ။ သို့သော် ရဲရှောင်၏ အမြင်တွင်မူ ပိုင်အာသည် သာမန် မိန်းကေ​လး တစ်​ဦးသာ မဟုတ်ပါ​လော။
ထို့ကြောင့် ရဲရှောင်အ​နေဖြင့်​မယုံကြည်နိုင်​အောင်​ပင်​ဖြစ်နေမိခြင်း ဖြစ်​သည်​။
(လူတစ်ယောက်နဲ့ တစ်ယောက်က တကယ်ကို မတူတာပဲ . . .)
ရဲရှောင်​တွေးမိလိုက်​သည်​။
​လောကကြီးတွင်​ပါရမီထူးကဲလွန်းသူ အများအပြား ရှိနေသည်ကို ရဲရှောင် သိထား​လေသည်​။
ယခုအခါတွင်​အံ့ဩဖွယ်​ကောင်း​လောက်​ပင်​မြန်​မြန်​ဆန်​ဆန်​ဖြင့်​ကောင်းမွန်​လာသည့်​ပိုင်အာ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအား မျက်​ဝါးထင်​ထင်​တွေ့မြင်​လိုက်​ရရုံသာမက သူမ၏ စိတ်ရှည်ဇွဲကောင်းမှုများကိုပါ​တွေ့ရှိလိုက်​ရသည်​။
ရဲအိမ်​တော်​သို့​ရောက်​ရှိခါစတွင်​ပိုင်​အာသည်​ဝေဒနာများ​ကြောင့်​နာကျင်​နေရသည့်​အတွက်​အနည်းငယ် လှုပ်ရှားမိလျှင်ပင် အသည်းခိုက်​မတတ်​နာကျင်​ခဲ့ရသည်​။ သို့သော်​ဇွဲမလျှော့ဘဲ နေ့စဉ်​အနည်းငယ်တိုး၍ လှုပ်ရှားမှု ပြုလုပ်​ခဲ့ကာ အမြန်ဆုံးပြန်လည် သက်သာလာစေရန် ကြိုးပမ်းခဲ့သည်​။
ထို့ပြင်​သူ၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားနိုင်မည် ဆိုပါက ဆေးအာနိသင်များ ပိုမို စုပ်ယူနိုင်​မည်​ဖြစ်​ပြီး လျင်​လျင်​မြန်​မြန်​ဖြင့်​ပင်​ပြန်​ကောင်းလာနိုင်​ကြောင်း ရဲ​ရှောင်​မှ ပြောပြခဲ့ဖူး​လေသည်​။
ပိုင်​အာသည်​ထိုအချက်အား သတိတရ ရှိနေခြင်းပင် ဖြစ်သည်။
သူမအဖို့ လှုပ်ရှားမှု အနည်းငယ် ပြုလုပ်လိုက်သည့်အခါ​တိုင်း မျက်ရည်တောက်တောက် ကျရ​လောက်ေ​အာင်ပင်​နာကျင်ခဲ့​သော်လည်း ရဲရှောင်ပြောခဲ့ဖူးသည့်​စကားကြောင့် အမြန်ဆုံး ကောင်းမွန်လာစေရန် စိတ်ရှည်ရှည်ဖြင့် ကြိုးစားခဲ့သည်​။
“ကျွန်မ မကြာခင် သက်သာလာ​တော့မှာပါ။ အဲဒီအခါကျမှ အစ်ကိုကြီးကို ကျွန်မ ပြန်ပြုစုပါ့မယ် . . .”
ပိုင်အာသည်​ရဲ​ရှောင်​အား ကြည့်​ရင်း ပြောလိုက်သည်။ ထိုသို့ ပြောလိုက်ရင်း အနည်းငယ် လှုပ်ရှားလိုက်သည့်​အတွက်​သူမ၏ မျက်​ဝန်းထဲတွင်​မျက်ရည်များ ဝေ့တက်သွားလေသည်။ သို့သော်​အံတင်းတင်းကြိတ်၍ ရဲရှောင်အား နွေး​ထွေး​သော အကြည့်​များဖြင့်​ကြည့်လိုက်​သည်​။
ရဲရှောင်လည်း သက်​ပြင်းချလိုက်​ရင်း –
“ပိုင်အာ . . . မင်းကိုယ်မင်း သက်သာအောင်သာနေပါ။ တခြားဘာမှ စိုးရိမ်မနေပါနဲ့ . . .”
ပိုင်အာ ခေါင်းညိတ်ပြလိုက်ရင်း ရဲ​ရှောင်​ထံသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်​သည်။ ထို့နောက် ရဲရှောင်၏ လက်အား သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်​ကိုင်​လိုက်​ရင်း ခေါင်းမော့ကြည့်လိုက်သည်​။ ရဲ​ရှောင်​၏ မျက်​နှာအား​စေ့​စေ့စပ်​စပ်​ကြည့်​လိုက်​ရင်း နူးညံ့​သော အသံဖြင့်​-
“အစ်ကိုကြီး ပြန်မလာမချင်း ကျွန်မအိပ်လို့ ရမှာ မဟုတ်​ဘူး . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ဟုတ်ပါပြီ။ လာခဲ့ ငါမင်းကို သန့်ရှင်းရေး လုပ်ပေးဦးမယ်။ ပြီးရင် နားလိုက်တော့ . . .”
ပိုင်အာမှ အနည်းငယ် ရှက်ရွံ့သွားသည့်​ဟန်ဖြင့် –
“ဟင့်အင်း . . . ကျွန် . . . ကျွန်မ ကိုယ့်ဟာကိုယ်ပဲ လုပ်မလားလို့ပါ . . .”
ပိုင်​အာ၏ စကား​ကြောင့်​ရဲရှောင်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။ ရဲ​ရှောင်​အဖို့ ပိုင်​အာ၏ ခန္ဓာကိုယ်​တစ်​ခုလုံးအား​နေ့စဉ်နှင့်အမျှ သန့်ရှင်းရေး ပြုလုပ်ပေး​နေရသည်မှာ အရှင်​လတ်​လတ်​ငရဲကျ​နေရသည့်​အတိုင်းပင်​ဖြစ်​သည်​။ သူ၏ ရုပ်​ပိုင်းဆိုင်​ရာသာမက စိတ်ပိုင်းဆိုင်ရာပင်​နှိပ်စက်ခံနေရသည့်​အလား ခံစားခဲ့ရသည်​။ ထိုခံစားမှုသည်​ရိုက်နှက်သည်ထက်ပင်​ပို၍ ဆိုးရွားသော ခံစားမှုတစ်​ခုပင်​ဖြစ်​သည်​။
အရွယ်ရောက်ပြီးဖြစ်ကာ ရှိုက်​ကြီးဖိုငင်​အသွယ်​သွယ်ဖြင့်​ခန္ဓာကိုယ်​အချိုးအဆစ် ကျနလှပသည့် မိန်းကလေးတစ်ဦး ကိုယ်လုံးတီးဖြင့် ရှိနေသည်ကို မြင်ရသည့်အခါတိုင်း ရဲ​ရှောင်​ဘက်​မှ ဘာဆိုဘာမျှ မလုပ်နိုင်ခဲ့ချေ။ မိန်းမလှ​လေး၏ အဝတ်​အစား ကင်းမဲ့​နေ​သော အလှအား ကြည့်​ရင်း တစ်ခါတစ်ခါ စိတ်ရိုင်းများ ဝင်လာမိသည်​။ ထိုအခါတွင်​ရဲ​ရှောင်​သည်​မိမိကိုယ်​ကို မကောင်းဆိုးရွားတစ်ကောင်​အလား သတ်မှတ်၍ စိတ်ရိုင်းများအား သိက္ခာဖြင့်​ချွန်းအုပ်​လိုက်​ရသည်​။ အထူးသဖြင့် ထိုသို့ စိတ်ရိုင်းဝင်လာသည့်အ​ချိန်တွင်​ပိုင်​အာ၏ ဖြူစင်သော မျက်ဝန်းများဖြင့် ဆုံမိပါက ပို၍ပင် လိပ်ပြာမသန့် ဖြစ်ခဲ့ရသည်​။
ဖြူစင်​သော မိန်းက​လေးတစ်​ဦးအ​ပေါ်တွင်​မ​ကောင်း​သောစိတ်​များ​တွေးမိလိုက်​သည့်​အခါတိုင်း မိမိကိုယ်​ကို ရွံရှာသွားမိသည်​။ ဆန္ဒအား သိက္ခာဖြင့်​မထိန်းနိုင်​သော​ယောက်ျားတစ်​ယောက်​သည်​တိရိစ္ဆာတစ်ကောင်နှင့်​ပင်​တူ​နေသည်​မဟုတ်​ပါ​လော။
ပိုင်​အာအား ပထမဦးဆုံးအကြိမ် ရေချိုးသန့်စင်ပေးခဲ့ရသည့်အချိန်​က ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံးရှိ​သွေးများပွက်​ပွက်​ဆူ၍​ပေါက်​ကွဲထွက်​မတတ်​ပင်​ခံစားခဲ့ရသည်​။
ထို့ပြင် ညရောက်သည့်အခါတွင်လည်း ထိုမိန်းမလှလေးအား ဖက်၍ အိပ်ပေးရပြန်သည်။ အိပ်ရုံမှလွဲ၍ ကျန်သည့်​ကိစ္စများ မစဉ်းစားနိုင်ခဲ့​ပေ။
ထိုအခြင်းအရာသည်​ယောက်ျားတစ်​ယောက်​အတွက်​မူ အလွန်ဆိုးရွားလွန်းသော နှိပ်စက်မှုတစ်ခု​ပင် ဖြစ်သည်​။
စိတ်​ရိုင်းများ ဝင်​လာမိသည့်​အခါတိုင်း ရဲ​ရှောင်​သည်​မိမိကိုယ်​ကို တိရိစ္ဆာန်တစ်ကောင်ထက်ပင် နိမ့်ကျသည့် အတွေးရှိသူတစ်​ဦးဟု ပြန်တွေးမိသောအခါ​သေချင်​စိတ်​ပေါက်​သွား​လောက်​အောင်​ပင်​စိတ်​ညစ်​ရပြန်​သည်​။
ယခုအခါတွင်မူ​ပိုင်အာမှ သူမကိုယ်တိုင် သန့်ရှင်းရေး ပြုလုပ်တော့မည်ဟု ပြောသဖြင့် ရဲရှောင်အ​နေဖြင့်​အလွန် စိတ်သက်သာရာ ရသွားမိေ​လသည်​။ ရဲ​ရှောင်​အတွက်​မူ ထိုစကားသည်​သတင်းကောင်း တစ်ခုကို ကြားလိုက်ရသည်နှင့်​ပင်​တူ​နေပါ​သေးသည်​။
ရဲရှောင်လည်း ကုတင်ဘေးတွင် ထိုင်နေရင်းဖြင့်​ရေချိုးခန်းထဲမှ အသံအား နားစွင့်နေမိသည်​။ အခန်းထဲမှ ရေကျသံများ ကြားလိုက်ရပြီး​နောက်​တွင်​သူ၏ မျက်စိထဲ၌ ကိုယ်လုံးတီးဖြင့်​စွဲမက်​ဖွယ်​ကောင်း​လောက်​အောင်​ပင်​လှပသည့်​ပိုင်အာ၏ပုံရိပ်​အား မြင်ယောင်သွားမိသည်။ ထိုအခါ ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံး ပူထူသွားသကဲ့သို့ ခံစားလိုက်ရပြီး နှာခေါင်းများလည်း မွှန်​ထူ​သွားပါ​တော့သည်​။

Comment

Leave a Reply

Options

not work with dark mode
Reset