Chapter – 23.2 ” ညိုးနွမ်း နယ်မြေကြားက ရွှေရောင်လမ်း ”
°°°
မြေပြင်ကို ထိတွေ့တာက အန္တရာယ်များတဲ့ပုံစံ မပေါ်ခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ချက်ချင်းဆိုသလို လက်ကိုပြန်ရုတ်လိုက်ပါတော့တယ်။ ဒါ့အပြင် ပိုပြီးကြောက်လန့်တဲ့ အမူအရာက သူ့မျက်နှာပေါ်မှာ အထင်သားပေါ်လာခဲ့ပါပြီ။ ရွှေရောင်မြေကို ထိတွေ့လိုက်ချိန်မှာပဲ သူ့ရဲ့စိတ်တစ်ခုလုံးဖရိုဖရဲဖြစ်သွားတာကို ခံစားလိုက်မိပါတော့တယ်။ စိတ်၀ိဉာဥ်ပင်လယ်တစ်ခုလုံးကလဲ ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့ပြီ သူ့ရဲ့စိတ်၀ိဉာဥ်စွမ်းအား တိုက်ခိုက်ခံလိုက်ရသလိုမျိုး ပြင်းထန်တဲ့ သက်ရောက်မှုကို နားလည်သဘောပေါက်လို့သွားခဲ့ရပါတယ်။
” ဒါက ငါတို့စွမ်းရည်ရဲ့ နောက်ပိုင်းကျန်တဲ့ သက်ရောက်မှုလေးပဲမလား မင်းစမ်းကြည့်ကြည့် ”
ဟို့ယွိဟောင်က ၀မ်သုန့်ကို လှမ်းပြီပြောလိုက်ပါတယ်။ ၀မ်သုန့်လဲ အရမ်းကို သိချင်နေခဲ့တယ်။ ဒါကြောင့် ချက်ချင်းဆိုသလို လက်ကိုဆန့်ထုတ်ရင်းနဲ့ စမ်းသပ်ကြည့်လိုက်ပါပြီ။ သူ့ရဲ့တုန့်ပြန်မှုကတော့ ဟို့ယွိဟောင်ထက်ပိုပြီး ကြီးမားပါတယ်။ တစ်ကိုယ်လုံးတွန့်လိမ်လို့သွားခဲ့ပြီ အချိန်အတော်ကြာမှသာ သူသတိပြန်၀င်လာခဲ့တယ်။ သူတို့နှစ်ယောက်လဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ထိတ်လန့်မှုတွေကို မျက်လုံးထဲမှာ အထင်သားမြင်နေခဲ့ရပါပြီ။
” ဒါအရမ်းကိုမိုက်လွန်တာ မဟုတ်ဘူးလား ငါတို့နှစ်ယောက်ရဲ့ ပေါင်းစည်းစွမ်းရည်က မင်းရဲ့စိတ်၀ိဉာဥ်ထိတ်လန့်မှုကို အဆုံးစွန်အထိ သုံးလိုက်သလိုမျိုးပဲ အကယ်၍ ငါတို့သာ ဒါကိုစွမ်အားအပြည့် သုံးလိုက်မယ်ဆိုရင် ဘယ်လောက်ဖြစ်သွားနိုင်လဲ တွေးကြည့်ကြည့်လိုက်စမ်းပါဦး ”
၀မ်သုန့်ရဲ့အသံက တုန်ရီနေခဲ့သလို စိတ်လှုပ်ရှားမှုကြောင့်လဲ တက်ကြွလို့နေခဲ့ပါသေးတယ်။ ဒီလောက်သန်မာတဲ့ ၀ိဉာဥ်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ၀ိဉာဥ်ပညာရှင်ဆိုတာ တွေ့ရဖို့မလွယ်ကူပါဘူး။
” ဒီ၀ိဉာဥ်စွမ်းရည် သက်ရောက်နိုင်တဲ့ အကွာအဝေးပမာဏက မျဥ်းဖြောင့်အတိုင်းသွားမယ်ဆိုရင် မီးတာငါးဆယ်ထက်ကို ကျော်လိမ့်မယ်..ဒါပေမယ့် ဒီလိုအရာမျိုးက လူတစ်ယောက်ထဲကို သက်ရောက်နိုင်မလားဆိုတာတော့ ငါလဲမသိဘူး ..အရမ်းကိုသန်မာတာတော့ သေချာတယ်….ဒါ့အပြင် စိတ်ရောလူကိုပါ ပျက်စီးစေနိုင်တဲ့စွမ်းအားလဲ ရှိနေပြီ တိုက်ခိုက်နိုင်စွမ်းကလဲ အစွမ်းသတ္တိနှစ်မျိုးပါနေလိမ့်မယ်….ငါတို့တွေ တိုက်ခိုက်နိုင်စွမ်းကို ဘယ်လောက်အထိ မြင့်တင်နိုင်မလဲဆိုတာတော့ မသေချာသေးဘူး…အကယ်၍ ဒီစွမ်းအားနဲ့သာ အဆုံးစွန်အထိ ရိုက်ခံရမယ်ဆိုရင် သူ့ရဲ့အစွမ်းအစက ”
ဟို့ယွိဟောင်က ဖြည်းဖြည်းချင် ပြောနေခဲ့ပါတယ်။
၀မ်သုန့်လဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ခေါင်းညိတ်ရင်းနဲ့ စကားကို ဖြတ်ပြောလိုက်တယ်။
” ဒါ့အပြင် ဒီပေါင်းစည်းစွမ်းရည်ရဲ့စွမ်းအားက ငါ့တို့ရဲ့ ကျင့်ကြံဆင့်နဲ့အတူ တိုးတက်လာမှာပဲ ဒီစွမ်းရည်က ငါတို့နှစ်ယောက်အတွက် တကယ်ကို အားကောင်းလွန်တယ်…အကယ်၍ ငါတို့သာ နောက်တစ်ခေါက် လန်ညီအစ်မရဲ့ ကောင်းကင်ကွန်ယက်နဲ့ နောက်တစ်ကြိမ်ထပ်ပြီ တိုက်ခိုက်ရမယ်ဆိုရင်တောင် ချက်ချင်းဖျက်ဆီးပြစ်နိုင်မှာပဲ ”
ဟို့ယွိဟောင်လဲ အတော်လေးကို စိတ်လှုပ်ရှားလို့နေခဲ့တယ်။ ဒါပေမယ့် ၀မ်သုန့်ထက်တော့ ပိုပြီး တည်ငြိမ်ပါသေးတယ်။
” ၀မ်သုန့် ငါတို့တွေ ဒီပေါင်းစည်းစွမ်းရည်ကို စာမေးပွဲမှာ သုံးလို့ရနိုင်မယ်လို့ ထင်လား ဒါ့အပြင် ၀ိဉာဥ်အကြီးအကဲတွေတောင် သူ့စွမ်းအားကို တောင့်ခံနိုင်မှာမဟုတ်ဘူးလို့ ငါသံသယ၀င်မိတယ် “‘
၀မ်သုန့်လဲ မျက်နှာကြောတွေ တင်းသွားပါတော့တယ်။
” ဒါမေးသင့်တဲ့ မေးခွန်းပဲ ဒီလိုအားကောင်းတဲ့စွမ်းရည်က အတော်လေး ပြဿနာရှိနိုင်တယ်..ဒါ့အပြင် ငါတို့က တစ်ခေါက်ပဲ အသုံးပြုနိုင်တာလေ သုံးပြီရင်းတခြားသူတွေနဲ့ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်လို့မရတော့ပါဘူး…တစ်ခါထဲလဲ သတိလစ်သွားဦးမယ် ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” ငါတို့ပထမဆုံးအကြိမ် သုံးတာကြောင့် အတွေ့အကြုံမရှိ ဖြစ်လွန်ခဲ့တာလေ ဒါ့အပြင် နောက်တစ်ခေါက်အသုံးပြုတဲ့အချိန်မှာ စွမ်းအင်ကုန်ဆုံးမှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားသင့်တယ်…လက်ရှိအချိန်မှာ ဒီလိုသန်မာတဲ့ စွမ်းရည်တစ်ခုရှိထားက ကောင်းတဲ့ကိစ္စပဲ နောက်ထပ်ပိုပြီး အသုံးချမယ်ဆိုရင် ငါတို့လဲ ပိုတော်လာမှာပါ ”
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
” အကယ်၍ မာရှောင်ထောင့်သာ ငါတို့ကို နောက်တစ်ကြိမ် ထပ်ပြီ အနိုင်ကျင့်ချင်တယ်ဆိုရင် ဒီအစွမ်းကို အသုံးချပြီ သူ့လဲ အရသာသိသွားစေရတာပေါ့ သူ့ရဲ့ ကျင့်ကြံဆင့်နဲ့ဆို မသေလောက်ပေမဲ့ ငါတို့တွေ ဘယ်လောက်တော်လဲဆိုတာတော့ ပြလို့ရသွားမယ် ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” ဒီလိုမျိုး သန်မာတဲ့ ပေါင်းစည်း၀ိဉာဥ်စွမ်းရည်မှာ နာမည်ရှိသင့်တယ်မဟုတ်လား အစောပိုင်းတုန်းက ငါ့အမှားလုပ်ခဲ့မိမှတော့ မင်းကို နာမည်ပေးဖို့အတွက် အခွင့်အရေးပေးလိုက်ပါ့မယ် ”
” ကောင်းပြီလေ ဘယ်လိုနာမည်ပေးရင်း ကောင်းမလဲ သေခြင်းတရားရဲ့အကြည့် အဲ့ဒီလိုဆိုရင်ကော ဘယ်လိုလဲ ”
ဟို့ယွိဟောင်ရဲ့အမြင်ကိုတောင် မစောင့်နိုင်တော့ပဲ သူ့ဘာသာသူ ချက်ချင်းဆိုသလို ပြန်ငြင်းပယ်လိုက်ပါတယ်။
” မဟုတ်ဘူး နားထောင်လို့မကောင်းဘူး ဒီပေါင်းစည်းစွမ်းရည်က ငါတို့နှစ်ယောက်ရဲ့ ပေါင်းစည်းမှုကနေ ဖြစ်လာတယ်ဆိုတော့ ငါတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေကို ထည့်မခေါ်ပဲနဲ့ ဘယ်လိုလုပ်ရနိုင်မှာလဲ ရောင်စဥ်ဖြာနတ်မိမယ်ရဲ့အကြည့်လို့ခေါ်ကြရအောင် နားထောင်ကောင်းတယ်မလား ”
ဟို့ယွိဟောင်ကတော့ ပါးစပ်အဟောင်းသားနဲ့သာ စိုက်ကြည့်နေခဲ့ပါတယ်။
” မင်းရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ဘယ်လိုလုပ်ဒီလိုဖြစ်လာနိုင်မှာလဲ မင်းရဲ့သိုင်းပညာ၀ိဉာဥ်နာမည်က အထင်သားပေါ်နေခဲ့တာလေ ဒါ့အပြင် လိပ်ပြာဆိုတာက လှပတဲ့သတ္တ၀ါတစ်မျိုးပဲ မရှိတဲ့အရာနဲ့ မဆိုင်တဲ့အရာကို မပြောကြရအောင် ”
” နားထောင်လို့ကောင်းတာကို မင်းသဘောမကျဘူးလား ဒါဆိုရင် လိပ်ပြာအကြည့်လို့ ခေါ်ရင်ရော ဒါက ပိုပြီး နား၀င်ဆိုးလိုက်တာ ”
” ငါသိပြီ ငါတို့တွေရဲ့ သိုင်းပညာ၀ိဉာဥ်နာမည်တွေကို ပေါင်းထည့်လိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ သိပ်ပြီတော့ မထူးခြားပေမဲ့ သူ့ရဲ့ရွှေရောင်အလင်းတန်းနဲ့ ထုတ်လွှတ်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ပျက်စီးမှုတွေကို ကြည့်မယ်ဆိုရင် ညိုးနွမ်းနယ်မြေထဲက ရွှေရောင်လမ်းလို့ ခေါ်လိုက်မယ်..အဲ့ဒီလိုဆိုရင် ဘယ်လိုလဲ ”
” ဒီနာမည်ကြားရတာတော့ မိုက်တော့မိုက်သား ဒါပေမယ့် နာမည်မရှည်လွန်ဘူးလား “‘
၀မ်သုန့်ကတော့ သူ့ဘာသာသူ ကျေကျေနပ်နပ်ကြီး ပြောလာခဲ့ပါတယ်။
” ရှည်လျားတဲ့နာမည်တွေဆိုတာ သူတို့ရဲ့ခန့်ညားတဲ့အစွမ်းသတ္တိကို ထုတ်ဖော်ပြသနေတာပဲလေ ဒါမှမဟုတ်ရင် ရွှေရောင်လမ်းလို့ အတိုချုပ်လိုက်ရင်ရော ဒါဆိုရင်ဘာကြီးလဲဆိုတာ ဘယ်သူမှသိနိုင်တော့မဟုတ်ဘူး..ငါတို့ပြန်ရောက်ရင်း ဒီအစွမ်းသတ္တိရဲ့ စွမ်းရည်တွေကိုဆရာကျိုးဆီသွားပြီ တွက်ချက်ခိုင်းရအောင် ဘာတွေဖြစ်နေလဲဆိုတာ ငါတို့လဲ သိနိုင်တာပေါ့ ”
ဆရာကျိုးဆိုတဲ့ စကားကိုကြားချိန်မှာ ဟို့ယွိဟောင်လဲ ကျောတစ်ခုလုံးအေးသွားပါတော့တယ်။ အဲ့ဒီနောက် နေမင်းကြီးကို သူလှမ်းကြည့်လိုက်မိတယ်။
၀မ်သုန့်လဲ ချက်ချင်းဆိုသလို သူ့ရဲ့လှုပ်ရှားမှုကြောင့် သတိရသွားခဲ့ပါပြီ။ သူတို့နှစ်ယောက် ငိုတောင်ငိုချင်လာပါတော့တယ်။ ချက်ချင်းဆိုသလို သူတို့တွေ ထပြေးတော့တယ်။
” ငါတို့တွေ နောက်တစ်ခေါက် အတန်းနောက်ကျပြန်ပါပြီ ရှုံးထွက်ပွဲစဥ်တွေက စတော့မယ်..ငါတို့နောက်တစ်ခေါက် နောက်ကျတော့မယ် ”
ကျောင်းတော်ထဲကို အမြန်ဆုံးနှုန်းနဲ့ ပြန်ရောက်နိုင်ဖို့အတွက် နှစ်ယောက်စလုံးလဲ တစ်ယောက်လက်တစ်ယောက် ဆွဲရင်း အရှိန်အပြည့်နဲ့ ပြေးခဲ့ကြပါတယ်။ ဒါ့အပြင် ပေါင်းစည်းမှုရဲ့ စွမ်းအားတွေကိုလဲ အသုံးချနေခဲ့တယ်။ ဒီလိုအချိန်မှာ စွမ်းအင်ကုန်ဆုံးမှုက အတော်လေး နည်းပါးလို့သွားခဲ့ပြီ သူတို့တွေကိုလဲ အမြန်ဆုံးနှုန်းနဲ့ ပြေးစေနိုင်ဖို့ ကူညီနေခဲ့တယ်။
ကံကောင်းစွာနဲ့ပဲ သူတို့က ကျောင်းတော်နဲ့သိပ်အဝေးကြီးမှာရောက်မနေသေးပါဘူး။ ပြန်ဖို့အတွက် အချိန်သိပ်မလိုလိုက်ပေမဲ့ နောက်ကျနေပြီသား ဖြစ်နေခဲ့တယ်။ ဆရာကျိုးယိ အပါအ၀င် တခြားဆရာသုံးဆယ်နီးပါးက စာမေးပွဲနယ်မြေရဲ့ အပြင်ဘက်မှာ သူတို့ကို ရပ်စောင့်နေခဲ့ကြပါတယ်။ ကျိုးယိက အတော်ကို စိတ်မပျော်တဲ့ပုံစံပါပဲ။ သူ့အောက်မှာရှိနေတဲ့ ကျောင်းသားနှစ်ရာကျော်ကို ဆက်တိုက်ဆိုသလို ကြည့်နေခဲ့ပေမဲ့ သူရှာနေတဲ့သူတွေကို မတွေ့ပဲဖြစ်နေခဲ့တယ်။
ရှောင်းရှောင်းက ရောက်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ ကြောက်လန့်တကြားပုံစံနဲ့ သူစောင့်ဆိုင်းလို့နေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ စာရင်းသွင်းဖို့က စတင်နေပြီဖြစ်တာကြောင့်ပါပဲ။ ဒါ့အပြင် အတန်းနံပါတ်တစ်ကနေ စတင်မှာပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ မရောက်ကြသေးပါဘူး။ အကယ်၍ သူတို့သာ စာရင်းသွင်းတဲ့အချိန် ပြီးဆုံးတာတောင် မရောက်သေးဘူးဆိုရင် သေချာပေါက် ထုတ်ပယ်ခံရမှာပါ။ အခွင့်အရေးကို လက်လွှတ်သွားခဲ့ရင် ဘယ်လောက်နှမြောစရာကောင်းမလဲဆိုတာ ထုတ်ဖော်ပြောဖို့တောင်မလိုတဲ့ ကိစ္စပါပဲ။ ဆရာကျိုးယိရဲ့ဒေါသက သူတို့တွေ တောင့်ခံဖို့မဖြစ်နိုင်တဲ့ အရာလဲဖြစ်နေခဲ့သေးတယ်။ ဒါ့အပြင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က သူတို့နဲ့ တစ်ဖွဲ့ထဲသားတွေ ဖြစ်နေခဲ့တဲ့အတွက် ဒီကံတရားက သူတို့သုံးယောက်ကို ကံဆိုးစေမှာပါ။
” ဒီနှစ်ကောင်ဘာလုပ်နေတာလဲ မနေ့ကလဲ နောက်ကျတယ်…ဒီနေ့လဲ နောက်ကျပြန်ပြီ ”
အတန်းနံပါတ်တစ်က ပါ၀င်ယှဥ်ပြိုင်မဲ့ကျောင်းသားတွေအများဆုံးအတန်းပါပဲ။ ဒါကြောင့် စာရင်းသွင်းဖို့အကြာဆုံးလဲ ဖြစ်နေခဲ့တယ်။
ရှောင်းရှောင်းတို့အဖွဲ့ စာရင်းသွင်းရမဲ့အချိန် ရောက်ရှိလာချိန်မှာ ရှောင်းရှောင်းတစ်ယောက်သာ ပြန်ဖြေဖော်ရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဘယ်သူကမှ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆိုတဲ့ နာမည်တွေကို ပြန်မဖြေကြပါဘူး။ ကျောင်းသားတွေအားလုံးလဲ မျက်လုံးပြူးသွားရုံတင်မက ဆရာတွေတောင် ထိတ်လန့်ကုန်ကြပါတယ်။
ဒီလိုအခြေအနေ ဖြစ်ဖူးတာက ကျောင်းထဲမှာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ အတော်ကို ရှားပါးနေခဲ့ပါတယ်။
လူသစ်တွေရဲ့ စာမေးပွဲကိုတောင် ဖြတ်ကျော်ခဲ့တဲ့သူတို့က ရှုံးထွက်ပွဲစဥ်တွေကို ဘာကြောင့်ရောက်မလာကြတာလဲ။ ဒါက ဆရာတွေကို အတော်လေး အထင်အမြင်ဆိုးစေတဲ့ကိစ္စဖြစ်နေခဲ့တယ်။
စာရင်းသွင်းဖို့အတွက် လုပ်နေတဲ့ဆရာတွေကတော့ တခြားအတန်းက ကျောင်းသားတွေကို ဆက်ပြီ စာရင်းကောက်နေခဲ့ကြပါတယ်။ အတန်းနံပါတ်ခြောက်အထိ ပြီးသွားချိန်မှသာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ရောက်ရှိလာတော့တယ်။
နှစ်ယောက်စလုံးက သစ်တောထဲမှာ တစ်ညလုံးအိပ်ပျော်နေခဲ့တာကြောင့် ကျောင်းထဲကို၀င်ရောက်လာချိန်မှာ နှစ်ယောက်စလုံး သန့်ရှင်းရေးလုပ်ချိန်တောင်မရပဲ စုတ်ပြတ်သတ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက အရမ်းကို ညစ်ပတ်နေခဲ့ပြီ ဖုံးမှုန့်တွေ မြူနှင်းတွေကြောင့် စိုရွှဲလို့နေခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ကိစ္စကတော့ ဖြစ်ပြီးသွားခဲ့ပါပြီ။ သူတို့တွေ လက်ရှိအချိန်မှာ မျက်နှာပြောင်တိုက်ရင်းနဲ့သာ ဆက်ပြီ၀င်ရောက်တော့မှာပါ။ ဒါ့အပြင် သူတို့ရဲ့နေရာတွေကို လုံး၀ လက်လွှတ်ခံမှာမဟုတ်ပါဘူး။
အပိုင်း ၂၃•၂ ပြီး၏။