Switch Mode

Chapter – 255

သနားစဖွယ်ဥ

Chapter – 255
“သနားစဖွယ်​ဥ”

ဝမ်ဇန်းဟိုသည်​ရဲရှောင်၏ စကားအား ကြားလိုက်ရေ​သာအခါ တုန်လှုပ်သွားသည့်​ဟန်ဖြင့် –
“ကောင်းကင်အခန်းကလူကို ကျုပ်​လည်း အခုထိ မတွေ့ရသေးဘူး။ အခန်းကို လာယူသွားတဲ့ လူကတိုကင်ပြားလေး တစ်ခု လာပေးသွားရုံပဲ ရှိတာ . . .”
ရဲရှောင်သည်​မဆိုင်းမတွပင်​-
“အခန်းလာဦးပြီ ဆိုကတည်းက သူလာမှာ မို့လို့ပေါ့ . . .”
ရဲရှောင်၏ အစီအစဉ်များအား နားမလည်နိုင်​အောင်​ဖြစ်ေ​နသည့်​အတွက်​ဝမ်​ဇန်းဟိုသည်​စိတ်​ရှုပ်​ထွေးမိသွားသည်​။
ထို့ပြင်​ကောင်းကင်​အခန်းအား ယူသွား​သော လျှို့ဝှက်ဆန်းကြယ်လှသည့်​လူသည်​နောက်တစ်နေ့တွင်​ကျင်းပမည့်​လေလံပွဲသို့ မပျက်​မကွက်​တက်​ရောက်​လိမ့်​မည်​ဟု ဖန်​ဧကရာဇ်​မှ အဘယ်အတွက်ေ​ကြာင့် ကျိန်း​သေ​ပေါက်​သိနေသည်​ဆိုသည်​ကိုလည်း နားမလည်နိုင် ဖြစ်လျက်​ရှိသည်။
လင်းပါအိုမှ ကျင်းပမည့်​လေလံပွဲသည်​အလွန်​ကြီးကျယ်​ခမ်းနားလှပြီး လေလံဆွဲမည့် ပစ္စည်းများမှာလည်း တန်​ဖိုးကြီးမား​သော ပစ္စည်းများ ဖြစ်​သည်​။ သို့သော်​လင်းပါအိုထက်​ပင်​ကောင်းကင်​အခန်းအား ယူမည့်​လူ၏ အရှိန်​အဝါသည်​လွန်​စွာ ကြီးမား၍ လူတိုင်း ဖိန့်ဖိန့်တုန်​အောင်​ပင်​ကြောက်နေရမည့် လူတစ်ဦး ဖြစ်ပေလိမ့်မည်။
ထိုလူ၏ အရှိန်အဝါအား အသုံးချ၍ ဂိုဏ်းကြီး ၂ ဂိုဏ်းနှင့် ရင်ဆိုင်မည်ဟု ဖန်​ဇီလင်​၏ နှုတ်​မှ​ပြော​နေခြင်းသည်​တိမ်​မ​ယောင်​နှင့်​နက်​၊ လွယ်​မ​ယောင်​နှင့်​ခက်​သည့်​အလုပ်​တစ်​ခုပင်​ဖြစ်​ပေလိမ့်​မည်​။ အကယ်၍ အောင်မြင်သွားခဲ့လျှင်လည်း နောက်ဆက်တွဲဖြစ်​လာမည့်​အကျိုးဆက်​များအား မည်သူမျှ မှန်းဆနိုင်လိမ့်မည် မဟုတ်ချေ။
ဝမ်ဇန်းဟိုသည် ထိုအ​တွေးများအား သူ၏ စိတ်​ထဲတွင်​သာ​တွေး​နေမိခြင်း ဖြစ်​ပြီး နှုတ်​မှမူ ထုတ်ဖော်၍ မပြောဝံ့ချေ။
“လေလံပွဲကို စီစဉ်ထားတဲ့ အတိုင်းပဲ ကျင်းပကြမယ်။ ဘယ်သူ့ကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ထူးပြီး ဧည့်ခံနေစရာ မလိုဘူး . . .”
ရဲရှောင် ခပ်​ပြတ်​ပြတ်​ပင်​ပြောလိုက်သည်။
“အဲဒီဂိုဏ်းကြီး ၂ ခုက တောင်းဆိုထားတာတွေကိုလည်း ဂရုစိုက်မနေနဲ့။ သူတို့မှာ ငွေစရှိရင် သူများ​တွေလိုပဲ လေလံဝင်​ဆွဲပါစေ။ မတတ်နိုင်ရင်​တော့ လှည့်ပြန်ကြပေါ့။ ဒင်းတို့ကများ ကျုပ်တို့ဆီက​နေ လွယ်လွယ်ရမယ် ထင်နေကြတယ် . . .”
ရဲရှောင် စိတ်​ဆိုးမာန်​ဆိုးဖြင့်​ပြောဆိုရေရွတ်လိုက်ပြီးနောက် ထွက်ခွာသွားလေသည်​။
“ငါတော့ ရူးတော့မှာပဲ . . .”
ဝမ်ဇန်းဟိုသည်​ထွက်​ခွာသွားသည့်​ရဲ​ရှောင်​၏​နောက်​ကျောအား ကြည့်​၍ စိတ်​ပျက်​လက်​ပျက်​ဖြင့်​ညည်းညူ​ပြောဆိုမိလိုက်​သည်​။
သို့​သော်​ရဲ​ရှောင်​မှာမူ ဝမ်​ဇန်းဟို၏ စကားအား ကြားနိုင်​တော့မည်​မဟုတ်​ချေ။ လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်​။
ရဲရှောင်သည် ဟင်းလင်းပြင်​ကြီးထဲတွင်​ပိုင်ရှင်းယွဲ့ထံမှ စုပ်ယူခဲ့သည့် ရေခဲချီဓာတ်များ နှင့်​မရဏကျောက်တုံးမှ ထွက်​ရှိ​နေသည့်​ချီဓာတ်များအား ပေါင်းစပ်နေမိသည်​။ ထိုအခါ မရဏကျောက်တုံးမှ ရေခဲချီဓာတ်များသည် ချက်ချင်းပင် ထွက်ပေါ်လာ​သော​ကြောင့်​ဟင်းလင်းပြင်များပင် တုန်ခါသွားခဲ့သည်​။ ရဲရှောင်အ​နေဖြင့်​ယခုကဲ့သို့​သော အခြေအနေမျိုးအား လျစ်လျူရှု၍ မနေရဲတော့​ချေ။
အမှန်​တကယ်​တမ်းတွင်​မူ ရဲ​ရှောင်​သည်​နောက်တစ်နေ့တွင်​ကျင်းပမည့်​လေလံပွဲအတွက် ဝမ်​ဇန်း ဟိုနှင့်​အ​ကျေအလည်​ပင်​ဆွေးနွေးချင်ခဲ့သော်လည်း မတတ်သာခဲ့ချေ။ သူ၏ အိမ်သို့သာ ခပ်သွက်သွက် ပြန်လာခဲ့ရသည်​။
အ​ကြောင်းမှာ ပိုင်ရှင်းယွဲ့ထံမှ စုပ်​ယူခဲ့သည့်​ရေခဲချီဓာတ်များသည်​ဟင်းလင်းပြင်​များအတွင်း​ဗြောင်းဆန်​နေ​သော​ကြောင့်​ဖြစ်​သည်​။ ထိုချီဓာတ်​များအား စုပ်​ယူခဲ့သည်​မှာ နာရီပိုင်းမျှသာ ကြာ​သေး​သော်​လည်း ထိန်းမနိုင်​အောင်​ပင်​ဖြစ်​လျက်​ရှိသည်​။
ရဲ​ရှောင်​အခန်းထဲသို့ ပြန်ရောက်သောအခါ ဟင်းလင်းပြင်များအား ချက်ချင်းပင် စစ်ဆေးလိုက်သည်။​သစ်သားဟင်းလင်းပြင်သည် ပျက်ဆီးလုနီးပါးပင် ဖြစ်နေခဲ့သည်​။
ရဲရှောင်သည် အဆိုပါ ရေခဲချီဓာတ်များအား ချက်ချင်း ချေဖျက်ရန် ကြိုးစားလိုက်သည်​။
ရဲ​ရှောင်​အ​နေဖြင့်​ဟင်းလင်းပြင်များအတွင်းရှိ စွမ်းအင်များ ချေဖျက်သည့် နေရာတွင် ကျွမ်းကျင်နေပြီ ဖြစ်သည်။ အချိန်​ခဏ​လေးအတွင်းမှာပင်​သစ်​သားဟင်းလင်းပြင်​အား တည်ငြိမ်အောင် ပြုလုပ်နိုင်လိုက်သည်​။ ထို့​နောက်​ကောင်းကင်ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်လိုက်​ပြီး ကောင်းကင်ဟင်းလင်းပြင်​အား ပိတ်ဆို့၍ ရေခဲချီဓာတ်များအား ချေဖျက်လိုက်​သည်​။
ဟင်းလင်းပြင်များ၏ အလယ်တွင်​ရှိ​သော ဥသည် ရေခဲချီဓာတ်အချို့အား စုပ်ယူနေလေသည်။ သို့သော် ပမာဏ အနည်းငယ်မျှသာ စုပ်ယူနေခြင်း ဖြစ်သည်​။
ဥထံတွင် အသိစိတ် ရှိနေသည်ကို ရဲ​ရှောင်​သိထား​လေသည်​။ ဥသည် ၎င်းအတွက် အသုံးဝင်​သည့် စွမ်းအင်မှန်သမျှအား အရူးအမူး စုပ်ယူလေ့ ရှိသည်​။
ရဲရှောင်သည် ထိုကဲ့သို့ အဖြစ်မခံနိုင်ေ​တာ့​ပေ။
(ငါ့နေရာ၊ ငါ့ကိုယ်ထဲမှာ ငါက ပိုင်ရှင်ပဲ။ ငါ့ပိုင်နက်ကို ဥတစ်လုံးက လုယူသွားတယ်ဆိုရင် ငါ့ကိုယ်ငါ ရှောင်ဧကရာဇ်လို့ ဘယ်ခေါ်ထိုက်ပါေ​တာ့ မလဲ။ ကိုယ့်ခေါင်းကိုယ် နံရံနဲ့​စောင့်​ပြီး​သေဖို့ပဲ​ကောင်းတော့တယ်။ ရှက်စရာပဲ . . .)
ဥအ​ပေါ်တွင်​မ​ကျေမနပ်​ဖြင့်​ရဲ​ရှောင်​တွေးမိလိုက်​သည်​။
ရဲရှောင်သည် ရေခဲချီဓာတ်များအား ချေဖျက်ရင်း သူ့အတွက် အကျိုးရှိစေမည့် စွမ်းအင်များအဖြစ် ပြောင်းလဲနေမိသည်​။ သူ၏ ကျင့်ကြံမှုသည် တဖြည်းဖြည်း တိုးတက်လာသည်ကိုလည်း ခံစား​နေမိသည်​။ ကျင့်​ကြံမှုအ​ပေါ် အာရုံစိုက်​နေမိသည့်​အတွက်​ပတ်​ဝန်​ကျင်​တစ်​ခုလုံးအား​မေ့​လျော့လျက်​ရှိသည်​။
ထိုအချိန်​တွင်​ဟင်းလင်းပြင်များ ရုတ်​တရက်​တုန်ခါသွားသည်ကို ခံစားလိုက်ရသည်​။
ဥသည် အံ့ဩဖွယ်​ကောင်း​လောက်​အောင်​ပင်​လေထဲသို့ မြောက်တက်သွား၍ ချာချာလည်နေလေသည်​။
ရဲရှောင်သည် ဟင်းလင်းပြင်ကြီးအတွင်းသို့ မည်သည့် အရာမျှ ထည့်မသွင်းခဲ့သည်မှာ ၁၀ ရက်ကျော်ခန့်ပင်​ရှိနေပြီ ဖြစ်​သည်​။ ဟင်းလင်းပြင်ထဲတွင်​ရှိ​သော ပစ္စည်းများကိုပင်​ပြန်ထုတ်ခဲ့ပါသေးသည်။
ထို့အတွက်ကြောင့် ဥသည် စုပ်ယူစရာ စွမ်းအင်မရှိ၍ ဝမ်းနည်းနေသည့်​ပုံပင်။
ရဲ​ရှောင်​သည်​ဟင်းလင်းပြင်​ကြီးအား ပစ္စည်းများ ဖြတ်​ထားရခြင်းသည်​နောက်​ဆုံးတစ်​ခေါက်​တွင်​ဥမှ သူ့အား ကန်ထုတ်ပစ်​ခဲ့​သော​ကြောင့်​ဖြစ်​သည်​။
ထိုကဲ့သို့ ကန်ထုတ်ခံရပြီးသည့်​အချိန်​မှစ၍ ရဲရှောင်သည် မည်သည့် ပစ္စည်းကိုမျှ မထည့်တော့ချေ။ ထို့ပြင်​ဟင်းလင်းပြင်အတွင်း ဝင်ရောက်သည့်​ချိန်တိုင်း​တွင်လည်း ဥအား ရှိသည်ဟုပင် မမှတ်ယူ​တော့ဘဲ လျစ်လျူရှု၍သာ နေခဲ့သည်​။ ဥဘက်​မှ သူနှင့် အဆင်ပြေရန် ပြန်​လည်​ကြိုးစားခဲ့​သော်လည်း ရဲရှောင်မှာမူ ရှောင်ဖယ်၍သာ နေခဲ့သည်​။
ဟင်းလင်းပြင်​ကြီးအတွင်းမှ သူ့အား ကန်​ထုတ်​ခဲ့သည့်​အတွက်​ရဲ​ရှောင်​သည်​ဥအား​ဒေါသအလွန်​အမင်း ထွက်​နေခြင်း ဖြစ်​သည်​။
ပထမ တစ်​ရက်​နှစ်​ရက်​တွင်​ဥသည် ထူးခြားမှု မရှိသေးပေ။ သုံးလေးရက် ကြာပြီးသည့်​တိုင်​ဥသည် အနည်းငယ် လည်နေသည်မှလွဲ၍ မထူးခြားသေးပေ။ သို့​သော်​၆ ရက်မျှ ကြာပြီးသည့်​နောက်တွင်​မူ ဥသည်​ထိုအတိုင်း မနေနိုင်တော့ချေ။ ထို့​ကြောင့်​ရဲရှောင်အား ပြန်ကပ်ရန် ကြိုးစားခဲ့သည်​။ သို့​သော်​အလုပ်မဖြစ်ခဲ့ပေ။ ၈ ရက်ကြာပြီးနောက်တိုင်​မထူးခြားလာသဖြင့် ဥသည် ဆောက်တည်ရာမရ ဖြစ်လာခဲ့သည်​။ အကယ်​၍ ဥသာ အသက်ရှိနေမည် ဆိုပါက ၎င်း၏ စိတ်ထဲတွင်​တွေး​နေမိမည်​မှာ –
(သူဟင်းလင်းပြင်ထဲကို ဘာစွမ်းအင်မှ မပေးတော့ပါလား။ ဒီလိုလုပ်တာ အခု​လော​လောဆယ်​တော့ မသိသာသေး​ပေမယ့်​ရေရှည်ဆို သူ့ရဲ့ကျင့်ကြံမှုလည်း နှောင့်နှေးရလိမ့်မယ်။ ဒါဆို ငါကရော . . .)
ဥသည် အ​ခြေအ​နေများအား စိုးရိမ်ပူပန်နေမိပြီ ဖြစ်​သည်​။ ရဲရှောင်အား တောင်းပန်ချင်နေသည့်တိုင် ရဲရှောင်​မှာမူ ဥအား ရှိသည်​ဟုပင်​မထင်​ဘဲ လှည့်​ပင်​မကြည့်​ချေ။
အံ့ဩဖွယ်​ကောင်းသည့်​အရာများ မည်မျှအထိ လုပ်ပြနိုင်​စေကာမူ ဥသည် ဥတစ်လုံးသာ ဖြစ်သည်​။ စကားမပြောနိုင်သည့်​ဥ တစ်​လုံးအ​နေဖြင့်​ရဲရှောင်အား ဆက်သွယ်၍မရနိုင်​သော​ကြောင့်​မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။
ဥအတွက် အခြေအနေများသည် ဆိုးသထက် ဆိုးလာခဲ့​လေသည်​။
နောက်ဆုံးတွင်မူ ဟင်းလင်းပြင်အတွင်းသို့ ရဲ​ရှောင်​ဝင်ရောက်လာသည်ကို သိလိုက်​ရသည့်​အတွက်​ဥသည်​အတိုင်းမသိ ပျော်ရွှင်သွားခဲ့သည်​။ ရဲရှောင်ဘက်မှ​လျစ်လျူရှု၍ နေသည့်တိုင် ၎င်းဘက်မှ တစ်ခုခုလုပ်မှ ဖြစ်မည်ဟု မှတ်ယူထားသည့်​ပုံပင်​။
ထိုကဲ့သို့သာ မလုပ်​ပါက ရဲရှောင်၏ လျစ်လျူရှုမှုများကြောင့် စုပ်​ယူစရာ စွမ်းအင်များ လုံးဝပြတ်လပ်​သွား​ပေလိမ့်​မည်​။
ထို့ကြောင့် ရဲ​ရှောင်​အား မြင်​လိုက်​သည်​နှင့်​ဥသည်​သူ့အား ဂရုပြုမိရန်​အတွက်​လေ​ပေါ်သို့ ပျံတက်၍ လည်ပတ်နေလိုက်ခြင်း ဖြစ်သည်​။ ရဲရှောင်ဘက်​မှ မည်​သည့်​တုန့်​ပြန်​မှုမျိုး ပြုလုပ်​လာမည်​ကို​စောင့်​နေ​လေသည်​။
ရဲ​ရှောင်​သည်​ကောင်းကင်ဟင်းလင်းပြင်အား ပိတ်ဆို့ထားသော်လည်း ဥအတွက်မူ အဝင်အထွက် ပြုလုပ်​ရန်​လွယ်ကူလှသည်။
ရဲရှောင်ဘက်​မှ ဥအား အနည်းငယ် ကြင်နာလိုက်​မည်ဆိုပါက ဥသည် ရဲရှောင်၏ ဆန္ဒဟူသမျှအား ဖြည့်ဆည်းပေးရန် အသင့်ရှိ​နေသည့်​အ​နေအထားမျိုးပင်​ဖြစ်​နေ​လေသည်​။ ရဲရှောင်၏ ဥ​ပေက္ခာပြုမှုများအား မခံနိုင်​တော့သည့်​ပုံပင်​။
ရဲရှောင်သည် ကောင်းကင်အဆင့် ၁ သို့ ရောက်ရှိပြီးသည့်​နောက်​တွင်​သူ၏ စွမ်းအင်သိုလှောင်ရာသည်​မူလကထက်​၁၀ ဆခန့်​ပိုမိုကျယ်ပြန့်လာသည်ကို သိလိုက်ရသည်​။ ထို့ပြင် သူ၏ သွေး​ကြောများသည်လည်း ယခင်​ကထက်​ပင်​ပို၍ သန့်စင် လာပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset