Switch Mode

Chapter – 15

ဘုရားစေတီသိုင်း နဲ့ ဝိညာဉ်သွေးကြောသိုင်း

Chapter – 15 ” ဘုရားစေတီသိုင်း နဲ့ ဝိညာဉ်သွေးကြောသိုင်း ”

ပြိုင်ပွဲစင်ရဲ့ ပတ်ပတ်လည်မှာတော့ မြောက်မြားစွာသော မျက်လုံးတွေက စင်မြင့်ပေါ်က ကောင်လေး နှစ်ယောက်စီမှာရောက်နေကြတယ်။ သူတို့ရဲ့ မျက်လုံးမှာတော့ မျှော်လင့်စောင့်စားမှု အပြည့်နဲ့ ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုယှဉ်ပြိုင်မယ့် နှစ်ယောက်က ရစ်ပတ်နွယ်ကျောင်းတေယ်ရဲ့ မြေပြန့်အဖွဲ့မှာ လှန်းလှန်းတောက် နာမည်ကျော်ကြားတဲ့ သူတွေဖြစ်တယ်။

အခုမှာတော့ မူချန်တစ်ယောက် ပါဝင်ဖို့ ဆန္ဒရှိသွားပြီး ဖြစ်တယ်။ သူက လွီယန်ကို ယှဉ်ပြိုင်နိုင်မလားဆိုတာ ငါတကယ် သိချင်တယ်။

အနောက်ဘရန့် ခုံတန်းရှည်ရဲ့ ထောင့်မှာတော့ အနောက်ကောင်းကင် အဖွဲ့ရဲ့ကောင်လေးတစ်ချို့က ပြိုင်ပွဲစင်မြင့်ပေါ်က နှစ်ယောက်ကို စိုက်ကြည့်နေကြတယ်။ တကယ်တော့ သူတို့က မူချန်ကို တော်တော် စိတ်ဝင်စားနေကြတယ်။ နောက်ဆုံးတော့လည်း မူချန်က ရစ်ပတ်နွယ်နိုင်ငံတော်ရဲ့ ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါရမီ ရှိသူတစ်ယောက်ဖြစ်သွားတယ်။

ပြိုင်ပွဲစဉ်ရဲ့ လမ်းတစ်ဝက်မှာ သူနှင်ထုတ်မခံရဘူးဆိုရင် သူတို့မရောက်ဖူးတဲ့ အဆင့်ကို မူချန်ရောက်သွားနိုင်တယ်။ သေချာတာ တစ်ခုကတော့ သူ့ရဲ့သိုင်းပညာ အဆင့်က လွီမူဘိုင် ထက်တော့ မလျော့ လောက်ဘူး။

သူတို့ပြောပြီးချိန်မှာတော့ သူတို့ရဲ့ ရှေ့မှာ ရှိနေတဲ့ လွီမူဘိုင် ဆီ အကြည့်ရောက်သွားတယ်။ လွီမူဘိုင် ရှိနေတဲ့ အတွက်ကြောင့်ဘဲ အဲ့ဒီစကားကို ကျယ်ကျယ် မပြောရဲတာဖြစ်တယ်။အဲ့ဒီစကားကို ကြားလိုက်တဲ့ ခန့်ညား ချောမောတဲ့ ကောင်လေး က တစ်ချက်ပြုံးလိုက်တယ်။ သူရဲ့ မျက်လုံးမှာတော့ ခပ်ပိန်းပိန် ကောင်လေးကို စိုက်ကြည့်နေတယ်။

ဒီဝိညာဉ်လမ်းစဉ် ပြိုင်ပွဲဟာ ကံကောင်းမှု ပေါ်မူတည်နေတယ်။ ဒါကြောင့် အမှားအယွင်းများစွာ ပေါ်ပေါက်လာနိုင်တယ်။ အဆင့် ၅ ရာထူးက တကယ်တော့ လွီယန် ပိုင်ဆိုင်ရမယ့်အရာဖြစ်တယ်။ ဒါပေမယ့် တစ်ချို့သော အခြေအနေတွေ ပြောင်းလဲ သွားတာကြောင့် မူချန်အတွက် အခွင့်အရေး ရရှိသွားတယ်။

” ဒါပေမယ့် ”
” မူချန်တစ်ယောက်ဘာလို့ နှင်းထုတ်ခံရမှာလဲ။ ”

အဲ့ဒီစကား ကို ကြားသွားတဲ့ အနောက်ဘရန့် မြေပြန့်အဖွဲ့က လူတွေက ခေါင်းတစ်ညိတ်ညိတ်နဲ့ စဉ်းစားတွေးတောနေကြတယ်။ သူတို့ ရဲ့ စိတ်ထဲမှာ သဘောမတွေ့ပေမယ့် သူတို့ ခင်ဗျားမှာ ဘာမှ မလုပ်နိုင်ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းတော်မှာ သိုင်းပညာအမြင့်ဆုံးဖြစ်တဲ့ လွီမူဘိုင်ကို ကြောက်နေကြလို့ ဖြစ်တယ်။

” ဟောင်လင်း ”
” ဘယ်သူနိုင်မယ်လို့ ထင်လဲ။ ”
လွီမူဘိုင်က သူ့ဘေးနားက အနီရောင် ဝတ်ဆုံ ပိုင်ရှင် မိန်းမပျိုလေးကို လှမ်းမေးလိုက်တယ်။

ဟောင်လင်းက စင်မြင့်ပေါ်ကို စိုက်ကြည့်နေတယ်။ သူမရဲ့ အကြည့်ကလည်း မူချန်ဆီမှာဘဲ ရောက်နေတယ်။ သူမရဲ့ စိတ်ထဲမှာတော့ ဒီကောင်လေး မူချန် တကယ်ကိုဘဲ ပြောင်းလဲသွားပြီးကိုး။

ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင် နှစ်ယောက်စလုံးက သိုင်းပညာ အလယ်အဆင့်ကို ပိုင်ဆိုင်ထားပြီးကြသူများ ဖြစ်တယ်။ လွီယန်က လွီမိသားစု ပိုင်ဆိုင်တဲ့ နေမီးတောက်ဝိညာဉ်သိုင်းကို လေ့ကျင့်အောင်မြင် ပြီးသူဖြစ်တယ်။ မူချန်မှာလည်း သူ့အဖေဆီက ရရှိထားတဲ့ ဝိညာဉ်ဝိဇ္ဇာသိုင်းကလည်း ရိုးရိုး သာမာန် သိုင်းတစ်ခု မဟုတ်ဘူး ဖြစ်တယ်။ ခုတော့ နှစ်ယောက်သားက ညီမျှနေတယ်။

ဟောင်လင် ရဲ့ မျက်လုံးက ပွဲစင်အနှံ့ရွေ့လျားနေတယ်။ သူမရဲ့ ပျင်းရိတဲ့ ပုံစံကလည်း ဆွဲဆောင်မှုအား ကောင်းလွန်းတယ်။ ပြီးနောက်မှာတော့ သူမ တိုးတိုးနဲ့ ပြောလိုက်တယ်။

” လွီယန်က လူ့ဝိညာဉ်သွေးကြောသိုင်းကို ပိုင်ဆိုင်ထားပြီးသား။ ”
” အကယ်၍သာ သူ့ အဲ့ဒီ သိုင်းပညာကို ထုတ်သုံးရင် မူချန့်အတွက်ကတော့ ဆိုးကျိုးတွေဘဲ ရင်ဆိုင်ရလိမ့်မယ်။ ”

အဲ့ဒီစကားကို ကြားလိုက်တဲ့ လွီမူဘိုင်က ပြုံးလိုက်တယ်။ သူက မူချန်ကို ကြည့်ပြီး ပြောလိုက်တယ်။
” မူချန်ကတော့ လွီယန်ကို ရှုံးနှိပ့်မှာဘဲ။ ”
” ဒါပေမယ့် သူက ပြိုင်ပွဲမှာ ပါဝင်ဖို့ ဘာကြောင့် ရွေးချယ်ခဲရတာလဲ ဆိုတာ ငါသိချင်သေးတယ်။ ”

ဟောင်လင် က လွီမူဘိုင်ကို စိုက်ကြည့်လိုက်တယ်။ သူက မူချန့် အပေါ် အငြိုး တော်တော် ထားတယ် ဆိုတာသိသာနေတယ်။ လွီမူဘိုင်က သူ့ကိုယ်သူ တော်တော့်ကို ဂုဏ်ယူနေတယ်။ ရစ်ပတ်နွယ်နိုင်ငံတော်ရဲ့ လူငယ်မျိုးဆက်မှာ သူက အတော်ဆုံးလို့ သူကိုယ်သူ ထင်နေတယ်။

ဒါ့အပြင် ပြိုင်ပွဲအတွက် အရည်အချင်းရှိတဲ့သူက လည်း သူတစ်ယောက်တည်း ဖြစ်ရမယ့်လို့ ကြုံးဝါးထားတယ်။ ဒါပေမယ့်လည်း အားလုံးမျှော်လင့်ထားတဲ့ နောက်ဆုံးရလဒ်က ဘာဖြစ်နိုင်မလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး ဖြစ်တယ်။

” လွီယန်က မူချန်ကို မနိုင်ရင် လက်ရွေးစင်တွေ ကြားမှာ ငါမျက်နှာပျက်ရလိမ့်မယ်။ ”

သူက ပြောပြီးပြီးချင်း လက်ကို ဆုပ်ကိုင်လိုက်တယ်။
လွီမူဘိုင်ရဲ့ ပုံစံက သူပိုင်ဆိုင်တဲ့အရာကို တစ်ယောက်ယောက် လုယူသွားမှာကို မလိုလားဘူး ဖြစ်တယ်။

” အစ္ကိုမူ ”
” ကြိုးစားထား။ ”
” အရှေ့ဘရန့် နာမည်ကို ရအောင် ပြန်ယူခဲ့နော်။ ”

ပရိသတ်တွေက မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ မူချန်တို့ နှစ်ယောက်ကို စိတ်ဝင်တစား စောင့်ကြည့်ပြီူ တီးတိုးတီးတို နဲ့ ပြောနေကြတယ်။

” ပြီးခဲ့တဲ့ နှစ်တွေတုန်းက အရှေ့ဘရန့်ရဲ့ မြေပြန့်အဖွဲ့ရော ကောင်းကင်အဖွဲ့ပါ အနောက်ဘရန်က လူတွေရဲ့ ဖိနှိပ့်မှုကို ခံနေရကြတယ်။ ”
” ဒါပေမယ့်လည်း အခုအချိန်မှာတော့ အရှေ့ဘရန့်မှာ အနောက်ဘရန့်ကို ယှဉ်ပြိုင်ရဲတဲ့ သူတစ်ယောက်ပေါ်လာပြီးလေး။ ”

အဲ့ဒီစကားကို လွီယန် တစ်ယောက် ကြားလိုက်ချိန်မှာတော့ ရန်လိုစိတ်ရှိတဲ့ အရိမ်အမြွက်ဟာ သူရဲ့ အပြုံးပေါ်မှာ ပေါ်လာတယ်။ ပြီးနောက် မူချန်ကို ကြည့်ပြီး ပျက်ရယ် ပြုတဲ့ အသံနဲ့ ပြောလိုက်တယ်။

” မင်းရှုံးသွားရင် သူတို့ ဘယ်လိုပုံစံ ဖြစ်သွားမလဲ ဆိုတာ ငါသိချင်လိုက်တာ။ ”

လွီယန်ရဲ့ စော်ကားမှုကိုခံရပေမယ့် မူချန်ရဲ့ မျက်နှာမှာတော့ စိတ်တို ဒေါသထွက်မှု မရှိပါဘူး။ သူက လက်ကို ဆန့်တန်းပြီး ပြုံးကာ ပြောလိုက်တယ်။

” မင်းမှာ အဲ့လို အခွင့်အရေး မရှိမှာကို ငါစိုးရိမ်တယ်။ ”
” မင်း —— ဘယ်လောက်အထိဘဲ လုပ်နိုင်တယ် ဆိုတာ မင်းအသိဆုံးဘဲ။ ”

လွီယန်ရဲ့ မျက်နှာပေါ်မှာတော့ ဒေါသစိတ်တွေ ထွက်ပေါ်လာတယ်။ သူက လက်ကို ဆူပ်ကိုင်ပြီးတော့ မီးတောက်စွမ်းအင်ကို သူ့ရဲ့လက်ပေါ်ကနေ ထုတ်လွတ်လိုက်တယ်။ ပြီးနောက် ခြေလှမ်းကို ရှေ့သို့တိုးလိုက်တယ်။ သူ့ပုံစံက ကျားသစ်တစ်ကောင် အလျားရှိနေတယ်။

အနီရောင်ဝိညာဉ်စွမ်းအားတွေနဲ့အတူ သူ့ရဲ့လက်သီးဟာလည်း မူချန်ဆီကို ချဉ်းကပ်လာနေတယ်။ မူချန်ရဲ့ကိုယ်က ဘေးဘက်ကို ရွေ့လိုက်တယ်။ လွီယန်ဆီကလာတဲ့ လက်သီးကိုသူရဲ့ ညာဘက်လက်နဲ့ ဖိနှိပ့်ထားလိုက်တယ်။ သူ့ရဲ့ လက်ပေါ်ကနေ အနက်ရောင် စွမ်းအင်တွေ ထွက်ပေါ်လာပြီး ပြင်ထန်းတဲ့ လေပြင်းအရှိန်နဲ့အတူ လွီယန်ရဲ့ လက်ကောက်ဝတ်ကို ခပ်ပြင်းပြင်း ရိုက်လိုက်တယ်။

လွီယန်က မြေပြန့်အဖွဲ့မှာ နံပါတ် ၁ လို့ပြောရလောက်အောင် တော်လွန်းတယ်။ လွီယန်က ချက်ချင်းဘဲ လက်သီးကို လက်ဖဝါး အဖြစ်ပြောင်းပြီး မူချန်ကို ပြန်လည်တိုက်ခိုက် လိုက်တယ်။

စွမ်းအား နှစ်ခုထိတ်တိုက်တွေ့ပြီးမှာတော့ နက်ရိုင်းတဲ့ အသံ ထွက်ပေါ်လာပြီး နှစ်ယောက်စလုံး ခြေလှမ်းတစ်လှမ်းစီ ဆုပ်သွားတယ်။

” မင်း ——- တကယ်ဘဲ ငါနဲ့ယှဉ်ပြိုင်ချင်သေးတယ်တာလား။ ”

လွီယန်ကအေးတိအေးစက်နဲ့ ပြုံးပြီး ခြေထောင့်ထောက်လိုက်တယ်။ အနီရောင် ဝိညာဉ်စွမ်းအားတွေကလည်း သူ့ရဲ့ ခြေမှာ ရစ်ပတ်ပေါ်ထွက်လာတယ်။ ခုထွက်ပေါ်လာတဲ့ စွမ်းအင်တွေက တန်ချင်းရှန် နဲ့ တိုက်ခိုက်တုန်းကထက် ပိုပြီး ပြင်းထန်တယ်။

ဝိညာဉ်စွမ်းအားတွေက လွီယန်ရဲ့ ခြေထောင့်မှာ တိုးဝှေ့လာတယ်။ စွမ်းအင်တွေကလည်း တစ်ဖြည်းဖြည်း တိုးတက်လာတယ်။ သူ့ကိုယ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ဝိုးတိုးဝါးတာဘဲ မြင်နေရတယ်။ အဲ့လိုပုံစံကို ကြည့်ခြင်းအားဖြင့် လွီယန်ရဲ့ လှုပ်ရှားမှုက ရက်စက် ကြမ်းကြုတ်လွန်းတယ် ဆိုတာ ပေါ်လွင်နေတယ်။

လွီယန်ရဲ့ ဝါးတားတားပုံရိပ်တွေက မီးလေပွေလိုဘဲ မူချန်ရဲ့ ဘေးနားမှာ လည်ပတ်နေတယ်။ လက်သီး ခြေထောင့် တံတောင်ဆစ် တွေကို ရောပြီးတိုက်ခိုက်လိုက်တဲ့ အတွက် မူချန် အနေနဲ့ ပြန်လည်ခုခံဖို့ ခက်လွန်းတယ်။

ပြိုင်ပွဲစင်ရဲ့ ဘေးမှာတော့ ကျောင်းသားတွေအားလုံးဟာ လွီယန်ရဲ့ ရက်စက်တဲ့ တိုက်ခိုက်မှုကို မြင်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ သူ့ကို ရှုံးနှိပ့်ခဲ့တဲ့ တန်ချင်းရှန်တောင် အံ့သြတုန်လှုပ်သွားတယ်။ လွီယန်ရဲ့ စွမ်းအားတွေက တကယ့်ကိုဘဲ မြင့်မားလွန်းတယ်။

စုလင်းနဲ့ သူ့အဖော်တွေကလည်း စိတ်လှုပ်ရှားမှုအပြည့်နဲ့ မျော်လင့်ချက်မဲ့နေကြတယ်။ အံ့သြတာကလွဲလို့ သူတို့ခင်ဗျား ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွီယန်က တကယ်ဘဲ တော်တဲ့သူ တစ်ယောက်ဖြစ်လို့ဘဲ ဖြစ်တယ်။

” စိတ်မပူပါနဲ့။ ”
” မူချန်က လွယ်လွယ်နဲ့ ရှုံးနှိပ့်သွားမှာ မဟုတ်ဘူး။ ”
စုလင်းကသူ့အဖော်သားတွေကို အားပေးစကားဆိုလိုက်တယ်။

ဆွဲဆောင်မှုအား ကောင်းလွန်းတဲ့ မျက်ဝန်းပိုင်ရှင် တန်ချွီးအာက စင်မြင့်ပေါ်ကို ကြည့်နေတယ်။ ခဏအကြာမှာတော့ သူမ စတင်ပြုံးလာတယ်။ သိုင်းပညာမြင့်မားသူ တစ်ယောက်အနေနဲ့ လွီယန်ရဲ့ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

လွီယန်တစ်ယောက် လေပြင်းမုန်တိုင်း ထန်စွာလှုပ်ရှားနေပေမယ့် သူ့မှာတော့ အားနည်းချက် ဟာကွက်တွေ ရှိနေဆဲပါ။ပရိသတ်အားလုံးရဲ့ အကြည့်က မီးလေပွေ ပိုင်ရှင် လွီယန်ဆီ ရောက်နေတယ်။ သူရဲ့ လှုပ်ရှားမှု က ပြင်းထန် ရက်စက်လွန်းတယ်။။

ပြိုင်ပွဲပေါင်းမြောက်မြားစွာကို အတွေ့အကြုံ ရှိတဲ့ သူတစ်ယောက်အနေနဲ့ ပြိုင်ပွဲမြင်ကွင်းကို အေးဆေးစွာ ထိုင်ကြည့်နေတဲ့သူကတော့ ကျောင်းအုပ်ကြီး ရှောင်ဖြစ်တယ်။ သူ့ရဲ့ မျက်လုံးမှာတော့ နှစ်ထောင်းအားရတဲ့ ပုံစံ ပေါ်လွင်နေတယ်။

မူချန်က သူ့ရဲ့ပြိုင်ဘက်ကို ပြန်လည်ချေပဖို့အတွက် ပြိုင်ဘက်ဖြစ်တဲ့ လွီယန်ရဲ့ ဟာကွက်ကို စောင့်ကြည့်နေတယ်။ ပြိုင်ပွဲ များစွာကို ရင်ဆိုင်ခဲ့ဘူးတဲ့ သူတစ်ယောက်အနေနဲ့ မူချန်ရဲ့ လှုပ်ရှားမှု ကို ဆရာမို တစ်ယောက် ကောင်းကောင်း သဘောပေါက်နေတယ်။

ဒါ့အပြင် မူချန်ကိုတောင်း ချီးမွမ်းစကားဆိုလိုက်သေးတယ်။

” တိကျပြတ်သားပြီး အရှုံးမပေးတတ်တဲ့ စိတ်ဓာတ် ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ကို ရှုံးနှိပ့်အောင် လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ဘူး။ ”

” မူချန်က အမြင်တော်တော်ရှိတယ်။ ”
” လွီယန်ရဲ့ ရက်စက်တဲ့ တိုက်ကွက်တွေရဲ့ အားနည်းချက် ဟာကွက်တွေကိုလည်း မြင်တွေ့ထားတယ်။ ”
” ဒီနေရာမှာက သိုင်းပညာထက် ဥာဏ်ရည်ကို ပိုသုံးရတယ်။ ”

ရုတ်တရက် ဆရာရှီက ဖြတ်ပြောလိုက်တယ်။

” မူချန်တစ်ယောက် ဒီအတိုင်းရှောင်နေပြီး ဆိုကတည်းက သူ့ရဲ့ ဝိညာဉ်စွမ်းအားက လွီယန်ထက် နှိပ့်လို့ဘဲ။ ”
” လွီယန်သာ စွမ်းအားတွေကို ပိုပြီး ထပ်သုံးလိုက်ရင် မူချန်တစ်ယောက် ပြန်လည် ချေပဖို့ မဖြစ်နိုင်တော့ဘူး။ ”

” အတွေ့အကြုံများတဲ့ သင်တန်းဆရာ တစ်ယောက် အနေနဲ့ ပြောရ ရင် သူတို့နှစ်ယောက်လုံးရဲ့ စွမ်းအားတွေက မလုံလောက်သေးဘူး။ ”
” ဒါပေမယ့် သူတို့မှာ တိကျပြတ်သားတဲ့ အမြင်တွေရှိကြတယ်။ ”

ဆရာရှီရဲ့ ပြောစကားပြီးတဲ့ အခါမှာတော့ ကျောင်းအုပ်ကြီး ရှောင်နဲ့ ဆရာမိုတို့ က ခေါင်းတညိတ်ညိတ်နဲ့ စဉ်းစားတွေး ခေါ်နေကြတယ်။ ခုအချိန်မှာတော့ မူချန်တစ်ယောက် အသဲအသန် ရှောင်းတိမ်းနေရတယ်။

မီးတောက် လေပွေထဲမှာတော့ ရုတ်တရက် အသံတွေ ထွက်ပေါ်လာတယ်။ သူတို့ မြင်နိုင်တာကတော့ မူချန်ရဲ့ တိုက်ခိုက်မှုတွေပါဘဲ။ လွီယန်နဲ့ မူချန်တို့ရဲ့ လက်တွေကလည်း ဓားနှစ်လက် တိုက်ခိုက်နေသလို ပြင်းထန်စွာ လှုပ်ရှားနေတယ်။ ပတ်ပတ်လည်မှာလည်း အနက်ရောင်စွမ်းအင်တွေက မိုးကြိုး ပစ်သလို လင်းလင်တဲ့ အရောင်တွေပေါ်လာတယ်။

အသံတစ်ခု ထွက်ပေါ်လာတာနဲ့ လေပွေတွေကလည်း ရပ်တန့်သွားတယ်။ အဲ့ဒီအချိန်မှာတော့ လူတစ်ယောက် ဟာ ဒယိမ်းဒယိုင် နဲ့ နောက်ဘက် ကို (၁၂)လမ်းခန့် ဆုတ်သွားတယ်။ ပုခုံးပေါ်က အကီင်္ျစတွေကလည်း စုတ်ပြဲနေတယ်။ သေချာတာကတော့ မူချန်ရဲ့ လက်ချက်ကြောင့်ဘဲ ဖြစ်တယ်။

ပြိုင်ပွဲစင်မြင့်ရဲ့ ပတ်ပတ်လည်မှာတော့ ပရိသတ်တွေက အုတ်အုတ်သဲသဲ ဖြစ်သွားတယ်။ အရှေ့ဘရန့်လူတွေသာမက အနောက်ဘရန့် လူတွေအားလုံးပါ အံ့သြမှင်သက်သွားကြတယ်။ လွီယန်တစ်ယောက် မူချန့်ရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားလို့ဖြစ်တယ်။

” နင် ”
လွီယန်ရဲ့ မျက်နှာက ချက်ချင်းဘဲ ဝမ်းနည်းတဲ့ အသွင်းပြောင်းသွားပြီး ရှက်စိတ်နဲ့ မျက်လုံးမှာ မျက်ရည်စတွေ စိပ်ထွက်လာတယ်။ မူချန့်ကိုလည်း တင်းမာတဲ့ အကြည့်နဲ့ ကြည့်ပြီး အသက်ခပ်ပြင်းပြင်း ရှုလိုက်တယ်။ ပြီးနောက် သူ့ရဲ့ ညာဘက်လက်နေ အနီရောင် စွမ်းအင်တွေဟာ တစ်စထက်တစ်စ ပိုမို ပြင်းထန် မြင့်တက်လာပြီး လက်ပေါ်မှာ စုရုံးလာတယ်။

ပြင်းထန်လွန်းတဲ့ စွမ်းအားတွေကြောင့် စင်မြင့်နားက လူတွေက ဆူညံမှုကင်းမဲ့စွာနဲ့ စိတ်ဝင်တစား ကြည့်နေကြတယ်။ ဖြစ်နိုင်တာ တစ်ခုကတော့ လွီယန်တစ်ယောက် သူလုပ်နိုင်တာထက် ပိုမိုပြီး စွမ်းအားကို ထုတ်လိုက်လို့ပါဘဲ။

မူချန်က လွီယန်က အေးစက်တဲ့ အကြည့်နေ စိုက်ကြည့်နေလိုက်တယ်။ သူရဲ့ လက်ကလည်း စတင်လှုပ်ရှားလာတယ်။ ဒီတစ်ခါတော့ မူချန်တစ်ယောက် အဆင့်မြင့် ဘုရားစေတီဝိညာဉ်ဝိဇ္ဇာသိုင်းကို စတင်အသုံးပြုလိုက်တာဘဲ ဖြစ်တယ်။ အနက်ရောင်စွမ်းအားတွေကလည်း တစ်စထက်တစ်စ တုန်ခါလာတယ်။

အဲ့ဒီစွမ်းအားရဲ့ ပုံစံက လွီယန်ထက် ပိုပြီး ပြင်းထန်းတယ် ဆိုတာ သိသာနေတယ်။ဝိညာဉ်စွမ်းအား အဆင့် (၁၃) ရောက်နေတာတောင်း မူချန်တစ်ယောက် ရပ်တန့်ခြင်း မရှိသေးပါဘူး။ မူချန်ရဲ့ မျက်လုံးတွေက လည်းကြုပ်လာတယ်။ စွမ်းအားတွေကလည်း ပိုမို တုန်ခါလာတယ်။

အဆင့် (၁၈)

အနက်ရောင်စွမ်းအင်တွေကလည်း ကိုယ်ကနေ အပြင်ကို မုန်းတိုင်းသဖွယ် တိုးထွက်လာတယ်။ စွမ်းအာရဲ့ တုန်ခါမှုကလည်း လွီယန်ထက် အဆများစွာ သာလွန်တယ်။

” ဘယ်လို ဝိညာဉ် စွမ်းအားမျိုးပါလိမ့်။ ”

ကျောင်းသားအားလုံးသာမက ကျောင်းအုပ်ကြီး ရှောင် ဆရာရှီ နဲ ဆရာမိုပါ အံ့အားသင့်နေကြတယ်။ ကိုယ်ကနေ ထွက်လာတဲ့ အနက်ရောင်စွမ်းအားတွေဟာ ရိုးရိုးသာမာန်သိုင်းကျမ်းက ရရှိထားတာ မဟုတ်ဘူးဆိုတာ သူတို့အားလုံး ခံစားမိနေကြတယ်။

” မူချန် ”
” မင်းသေလမ်းရှာနေတာလား။ ”
လွီယန် က ရုတ်တရက် ပြောလိုက်တယ်။

ထို့နောက် စိတ်ဆိုးမာန်ဆိုးနဲ့ သူရဲ့ ခြေလှမ်းကို ရှေ့သို့ တိုးလာတယ်။ ခဏအကြာမှာတော့ အနီရောင် စွမ်းအားတွေက စတင်ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွမ်းသွားတယ်။ ပြင်းထန်လွန်းတဲ့ စွမ်းအားတွေ မြွေတစ်ကောင်လိုဘဲ တိုးထွက်လာတယ်။

” လူ့အဆင့် ဝိညာဉ်သွေးကြောသိုင်း ”

ပြိုင်ပွဲစင်နားက ပွဲကြည့်ပရိတ်သတ်တွေအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။ လွီယန်တစ်ယောက် လူ့အဆင့်ဝိညာဉ်သွေးကြောသိုင်း ကို ထုတ်သုံးလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားလို့ဖြစ်တယ်။ ဒါပေမယ့် ခုအခြေအနေက ပြောင်းလဲသွားပြီးလေး။

***°

Comment

Leave a Reply

Options

not work with dark mode
Reset