Switch Mode

Chapter – 14

တိုက်ပွဲ စတင်လေပြီ

Chapter – 14 ” တိုက်ပွဲ စတင်လေပြီ ”

” ဝိညာဉ်စွမ်းအား အလယ်အဆင့် ”

အားလုံးသော ကျောင်းသူ ကျောင်းသားတွေက အံ့အားသင့်စွာနဲ့ ပြိုင်ပွဲစင် ပေါ်ကို ကြည့်နေကြတယ်။ တန်ချင်းရှန် တစ်ယောက် လွီယန်ကို စိန်ခေါ်ရဲတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ သိုင်းပညာအဆင့်ဟာ အလယ်အဆင့်ကို ရောက်နေပြီးဖြစ်လို့ ဖြစ်တယ်။

” အံ့အားသင့် စရာဘဲ ”
စုလင်းက မှင်သက်စွာ ပြောလိုက်တယ်။

တကယ်တော့ မြေပြန့်အဖွဲ့မှာ သိုင်းပညာ အလယ်အလတ်အဆင့်ရောက်တာ သုံးယောက်ဘဲ ရှိသေးတာဖြစ်တယ်။ သူတို့ကတော့ မူချန် – လွီယန် နဲ့ မူယွမ် တို့ဖြစ်တယ်။ ခုတော့ သူတို့ သုံးယောက် အပြင် တန်ချင်းရှန်ပါ တစ်ယောက်တိုးလာတော့ လေးယောက်ဖြစ်သွားတယ်။

မူချန်က ခေါင်းတစ်ချက် တစ်ချက်ညိတ်လိုက်တယ်။

တန်ချင်းရှန် တစ်ယောက် အရင်က အရှေ့ဘရန့် မြေပြန့်အဖွဲ့မှာ နံပါတ် တစ် ဖြစ်ခဲ့ဖူးတယ် ဆိုတာ သူက တကယ်ဘဲ တော်လွန်းပြီး ပါရမီ ရှိလို့ဆိုတာ သိသာထင် ရှားစေတယ်။ ပိုပြီးထူးဆန်းတာက သူ့ရဲ့ နောက်ခံ မိသားစုတွေက မူချန်တို့လို ချမ်းသာကြွယ်ဝတဲ့ အသိုင်းအဝိုင်းက မဟုတ်ဘူး ဖြစ်တယ်။

သူ့ရဲ့ အောင်မြင်မှုတွေကလည်း ကြမ်းတမ်းခက်ခဲတဲ့ လေ့လာမှုတွေကနေ ကြိုးစားပြီး ရခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း မူချန်က သူ့ကို လေးစားတဲ့ အပြုအမှုနဲ့ ကြည့်နေတာဖြစ်တယ်။ ဘာမှမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မာနထောင်လွှားတဲ့ သူတွေထက်စာရင် သူက လေးစားစရာကောင်းလို့ဖြစ်တယ်။

” အော် —– မင်းက သတ္တိတွေကောင်းနေတာ သိုင်းပညာ အလယ်အဆင့်ကို ရောက်ခဲ့တာကြောင့်ကိုး။ ”

လွီယန်က တန်ချင်းရှန်ကို လှောင်သလိုလိုနဲ့ ပြုံးပြီး ပြောလိုက်တယ်။

တန်ချင်းရှန်က တိတ်ဆိတ်ငြိမ်သက်ဆဲပါဘဲ။ သူက လွီယန်ကို ခက်ထန်တဲ့ အကြည့်နဲ့ ကြည့်ရင်း သူ့ရဲ့ လက်ကနေလည်း အဝါရောင်စွမ်းအားတွေက ပိုမိုပြီး ပြင်းထန်လာတယ်။

လွီယန်ကတော့ တန်ချင်းရှန်ကို စိုက်ကြည့်နေဆဲ ဖြစ်တယ်။ ထို့နောက် သူက လက်ကိုဆန့်တန်းပြီး ပြောလိုက်တယ်။

” စကြစို့။ ”
” ငါ —- မင်းကို အခွင့်အရေး မပေးဘူးလို့မပြောနဲ့ ။ ”

လွီယန်ရဲ့ ပုံစံက စုလင်းတို့ကို ဒေါသထွက်စေတယ်။ အဲ့ဒီအချိန်မှာဘဲ တန်ချင်းရှန်က မြေကြီးကို ဖနောင့်နဲ့ ဆောင့်ပြီး ကျားသစ်တစ်ကောင် ခုန်ပျံသည့်အလား လွီယန်ကို တဟုန်ထိုး ခုန်ပျံပြီး တိုက်ခိုက်လိုက်တယ်။ သူ့ရဲ့ ပြင်းထန်တဲ့ အဝါရောင် ဝိညာဉ်စွမ်းအားနဲ့ အတူ လွီယန်ရဲ့ ရင်ဘတ်ကို ဦးတည်လိုက်တယ်။

လွီယန်က သူ့ဆီ ချဉ်းကပ်လာတဲ့ တန်ချင်းရှန်ကို ကြည့်ရင်း စိန်ခေါ်တဲ့ ပုံစံနဲ့ သက်ပြင်းချလိုက်တယ်။ ပြီးနောက်မှာတော့ အနီရောင် ဝိညာဉ်စွမ်းအားတွေဟာ လွီယန်ရဲ့ လက်ကနေ ပေါ်ထွက်လာတယ်။ သူက မရှောင်တိန်းဘဲ အဲ့ဒီအစား လက်သီးကို ဆုပ်ပြီး တိုက်ခိုက်လာသော တန်ချင်းရှန်ရဲ့ လက်ဖဝါးနဲ့ ရင်ဆိုင်လိုက်တယ်။

” ဖောင်း ”
နက်ရှိုင်းတဲ့ အသံထွက်ပေါ်လာပြီး နှစ်ယောက်စလုံးကိုလည်း ပြင်းထန်တဲ့ လေပြည်တွေ ရိုက်ခတ်သွားတယ်။ ဖုန်မှုန့်တွေကလည်း လေမုန်တိုင်း မွှေ့သလို မြေပေါ်ကနေ မွှေ့ပြီးတက်လာတယ်။ လွီယန်တို့ နှစ်ယောက်စလုံးကလည်း တုန်ခါသွားတယ်။ တန်ချင်းရှန်က နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပေမယ့် လွီယန်ကတော့ ရွေ့လျားမှု မရှိပါဘူး။

တန်ချင်းရှန်က ဟန်ပျက်နေတဲ့ သူ့အမှုအယာကို ထိန်းလိုက်တယ်။ လက်ထဲက အဝါရောင်စွမ်းအားတွေကလည်း ကျောက်တုံးလို ပိုမို မာကျောခက်ထန်လာတယ်။

” တောင်ဖြိုခွဲ လက်သီးသိုင်း ”

တန်ချင်းရှန်က နောက်တဖန် တိုက်ခိုက်လိုက်တယ်။ သူရဲ့ ပိုမိုပြင်းထန်းတဲ့ တောင်ဖြိုခွဲ လက်သီးသိုင်းက ပရိသတ်အားလုံးကို တုန်လှုပ်ခြောက်ခြားစေတယ်။

တန်ချင်းရှန်ရဲ့လက်က ကျောက်တုံးတစ်တုံးနဲ့ တူသွားတယ်။ သူက လွီယန်ကို တဟုန်ထိုး တိုက်ခိုက်လိုက်တယ်။ ဒါပေမယ့်လည်း လွီယန်ကတော့ အေးအေးဆေးဆေးပါဘဲ။ သူရဲ့ လက်ထဲကနေ အနီရောင် စွမ်းအားတွေဟာ နောက်တဖန် ပေါ်ထွက်လာပြီး တန်ချင်းရှန်ကို တန်ပြန်တိုက်ခိုက်လိုက်တယ်။

ဝိညာဉ်စွမ်းအားနှစ်ခု ထိတ်တိုက်တွေ့ချိန်မှာတော့ ပြိုင်ပွဲ စင်တစ်ခုလုံး တုန်ခါသွားတယ်။ အနီးအနားမှာ ကြည့်နေကြနဲ့ ပရိသတ်တွေဟာလည်း တုန်လှုပ်သွားတယ်။

” တန်ချင်းရှန်က တော်တော် တော်တာဘဲ။ ”
” သူက လွီယန် နဲ့တောင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်တယ်။ ”
စုလင်းနဲ့ တခြားသူတွေက တန်ချင်းရှန်ကို ချီးမွမ်းကြတယ်။

” တန်ချင်းရှန်ရဲ့ သိုင်းပညာက အလယ်အဆင့်ကို ရောက်ခဲ့တယ်။ ”
” ဒါပေမယ့် လွီယန်ကို အနိုင်ယူ နိုင်ဖို့က သူ့အတွက် ခဲယှဉ်းနေတုန်းဘဲ။ ”
တန်ချွီးအာက ခေါင်းခါပြီး ပြောလိုက်တယ်။

သူမ က လွီယန်ကို မနှစ်မြို ပေမယ့်လည်း လွီယန်က တကယ် ဘဲ သိုင်းပညာမှာ ထူးချွန်တယ် ဆိုတာကိုတော့ သူမ လက်ခံတယ်။

စုလင်းတစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်တယ်။ တန်ချင်းရှန်က လွီယန်ကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်နေခဲ့တယ်။ ဒါမှလည်း မာနထောင်လွှားနေတဲ့ လွီယန်ကို အရှက်ခွဲ ချိုးနှိမ်လို့ ရမှာလေး။

သူတို့ပြောနေစဉ်မှာဘဲ ပြိုင်ပွဲက တစ်စထက် တစ်စ ပိုမိုပြင်းထန်လာတယ်။ တန်ချင်းရှန်ရဲ့ မျက်နှာကလည်း ပိုမိုနီမြန်းလာတယ်။ သူက တကယ်ဘဲ သူမှာရှိတဲ့ အစွမ်းထက် ပိုပြီး အသုံးပြုနေရတယ် ဆိုတာ ပေါ်လွင်နေတယ်။ တိုက်ခိုက်မှုကလည်း တဖြည်းဖြည်း ပိုမိုပြင်းထန်လာတယ်။

တန်ချင်းရှန်ရဲ့ ကျောက်တုံးလို ပြင်းထန်း မာကျောတဲ့ စွမ်းအားတွေကလည်း လွီယန်ထံတည့်တည့်မတ်မတ် လာနေတယ်။ သို့သော်လည်း တန်ချင်းရှန်ရဲ့ လက်သီးက လွီယန် နားရောက်ခါနီးမှာတော့ လွီယန်က ထူးဆန်းတဲ့ အကွက်တွေနဲ့ အနောက်ဘက်သို့ဆုတ်ကာ ရှောင်တိမ်းရင်း တန်ချင်းရှန်ရဲ့ အားနည်းချက်ကို ဖမ်းဖို့ အခွင့်အရေးကို စောင့်နေလိုက်တယ်။

လွီယန် ရှောင်တိမ်းပြီးချိန်မှာတော့ တန်ချင်းရှန်တစ်ယောက် သူဂရုစိုက်မှုမဲ့ စွာ လုပ်လိုက်မိတာ မှားသွားပြီးလို့ ခံစားလိုက်မိတယ်။ ပြီးနောက်မှာတော့ လွီယန်ဆီက မဲ့ပြုံးပြုံး အပြုံး တစ်ခု သတိထားမိလိုက်တယ်။

” နေမီးတောက် လက်သီးသိုင်း ”

လွီယန်က ရုတ်တရက် တန်ချင်းရှန်ရဲ့ တိုက်ခိုက်မှုကို ချေပပြီး တစ်ဆက်တည်း ပြန်လည်တိုက်ခိုက်လိုက်တယ်။ အနီရောင် ဝိညာဉ်စွမ်းအားတွေကလည်း ပေါက်ကွဲထွက်ပေါ်လာတဲ့ မီးတောင် ရဲ့ ပြင်းအားနဲ့ အတူ တန်ချင်းရှန်ရဲ့ ရင်ဝကိုရိုက်ချလိုက်တယ်။

လွီယန်ရဲ့ စွမ်းအားက တန်ချင်းရှန်ရဲ့ ရင်ဝကို ထိခိုက်ပြီးချိန်မှာတော့ တန်ချင်းရှန် တစ်ယောက် အဝေးကို လွှင့်စင်သွားပြီး ပါးစပ်မှာလည်း သွေးတွေ ထွက်လာတယ်။ အဲ့ဒီ မြင်ကွင်းက ပရိသတ်ကို ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့တယ်။

တန်ချင်းရှန်က ပါးစပ်က သွေးကိုသုတ်ပြီး အံကြိတ်လိုက်တယ်။ သူယှဉ်ပြိုင်ဖူးတဲ့ သူတွေထက် လွီယန်ရဲ့ စွမ်းအားက ပိုပြီး ပြင်းထန် လွန်းလို့ သူခံရလိုက်တာဖြစ်တယ်။

လွီယန်က တန်ချင်းရှန်ရဲ့ ပုံစံကို ကြည့်လိုက်တယ်။ သူက ရပ်တန့်ခြင်းမရှိဘဲ ခြေထောင့်ကို မြောက်ကာ လင်းယုန်ခုန်တဲ့ ပုံသဏ္ဌာန် အတိုင်း တန်ချင်းရှန်ကို ခြေထောင့်ဖြင့် ဆက်ပြီးတိုက်ခိုက်လိုက်တယ်။

တန်ချင်းရှန်က ကို့ရို့ကားရားနဲ့ လွီယန်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့တယ်။ သူက မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ လွီယန်က သူ့ကို ဆက်ပြီး တိုက်ခိုက်မယ်လို့ မထင်ထားမိခဲ့လို့ ဖြစ်တယ်။ သို့သော်လည်း သူက အလျော့မပေးခဲ့ပါဘူး။ လွီယန်ကို ရှုံးနေပြီးဆိုတာသိပေမယ့် တန်ချင်းရှန် တစ်ယောက် အရှုံးမပေးဘဲ လွီယန်ကို တင်းမာစွာကြည့်လိုက်တယ်။

တန်ချင်းရှန်ရဲ့ ပုံစံကို မြင်ပြီး လွီယန်က ခေါင်းခါကာ သရော်လိုက်တယ်။ ရန်လိုမုန်းတီးစိတ်နဲ့အတူ တန်ချင်းရှန်ရဲ့ ညာဘက် ဘေးနားကို သွားလိုက်တယ်။ ပြီးနောက် မီးတောက်စွမ်းအားနဲ့ အတူ တန်ချင်းရှန်ရဲ့ ရင်ဝကို ခြေထောင့်နဲ့ ဆောင့်ကန်လိုက်တယ်။

တန်ချင်းရှန်တစ်ယောက် ၁၀ မီတာအကွာ လွှင့်စင်သွားပြီး ပါးစပ်မှာလည်း သွေးတွေ ပန်းထွက်လာတယ်။

” မေအလိုး ”
” ခွေးမသား ”
” မင်းမှာ အရှက်မရှိဘူးလား။ ”

” သူလဲသွားတာတောင်း မင်းက ဆက်ပြီးတိုက်ခိုက်လိုက် သေးတယ်။ ”
လွီယန်ရဲ့ မိုက်ရိုင်းတဲ့ ပုံစံကို ကြည့်ပြီး အရှေ့ဘရန့် လူတွေအားလုံးက ထဆဲလိုက်ကြတယ်။

” မိမဆုံးမ ဖမဆုံးမ ”
” လူလို နားမလည်တဲ့ကောင်။ ”
စုလင်းလည်း ဒေါသကြီးစွာ ပြောလိုက်တယ်။

လွီယန်က သူ့ကို ဆဲဆိုနေတဲ့ အရှေ့ဘရန့်လူတွေရဲ့ အသံကို ကြားနဲ့ အခါ စိတ်ဆိုးစွာနဲ့ တန်ချင်းရှန်ကို နောက်တစ်ကြိမ် ကန်လိုက်တယ်။ သူ့ကို ဆဲဆိုနေကြတာကို ပြန်ချေပတဲ့ အနေနဲ့ ကန်လိုက်တာဖြစ်တယ်။

နက်ရိုင်းတဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။ ဒီတစ်ကြိမ်မှာတော့ တန်ချင်းရှန် တစ်ယောက် နောက်ဘက်ကို ဆုတ်မသွားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူပုံစံ ပုံရိပ် တစ်ခုက သူ့ရဲ့ ရှေ့မှာ ရပ်နေလို့ဖြစ်တယ်။ အဲ့ဒီလူက လွီယန်ရဲ့ တိုက်ကွက်ကို သူ့ရဲ့ လက်နဲ့ ချေပလိုက်လို့ဖြစ်တယ်။

” မူချန် ”
တန်ချင်းရှန်က မူချန်ကို ကြည့်ပြီး အံ့အားသင့်သွားတယ်။

” မင်းအဆင်ပြေလား ”
မူချန်က နောက်ဘက်ကို လှည့်ပြီး မေးလိုက်တယ်။
တန်ချင်းရှန်က ခေါင်းခါပြီး လွီယန်ကို မကျေနပ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။

” မင်းရဲ့ သိုင်းပညာက အလယ်အလတ်အဆင့် ရောက်ကတည်းက မင်းမှာ သူ့ကို ယှဉ်ပြိုင် နိုင်တဲ့ စွမ်းအားပိုင်ဆိုင်ထား ပြီးသားဖြစ်တယ်။ ”

” အကယ်၍သာ မင်း ဒီထက် ပိုပြီးကြိုးစားလေ့ကျင့်လိုက်ရင် လွီယန်ကို မင်းအနိုင်ရဖို့က မခက်တော့ပါဘူး။ ”

မူချန်က တန်ချင်းရှန်ကို အားပေးစကား ဆိုလိုက်တယ်။

တန်ချင်းရှန် အနည်းငယ် ငြိမ်ကျသွားတာကို မူချန် သတိထားမိလိုက်တယ်။ တန်ချင်းရှန်ရဲ့ ဗီဇကို က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ရှိတာကြောင့် သူ့ကို အရှုံးပေးလိုက်ပါလို့ မပြောခဲ့တာဖြစ်တယ်။ မူချန်ရဲ့ စကားကြောင့်ဘဲ တန်ချင်းရှန်တစ်ယောက် စိတ်သက်သာရာ ရသွားတယ်။

” ကျေးဇူး —- မူချန် ”

တန်ချင်းရှန်က မူချန်ကို ဆက်ပြောလိုက်တယ်။
” ဒီကောင့်ကို မင်းဆီ အပ်လိုက်ပြီး။ ”
” ဒါပေမယ့် နောင်တစ်ချိန်ကျရင် သူ ငါ့ဆီမှာ ရှုံးသွားစေရမယ်။ ”

တန်ချင်းရှန် ပြောပြီး ခေတ္တခဏ ငြိမ်သက်သွားတယ်။ ပြီးနောက် မူချန်ကို ကြည့်ပြီး ထပ်မံပြောလိုက်တယ်။
” မင်းက — ငါ့ထက် ပိုပြီးတော်တယ်။ ”
” ကျေးဇူးပြု၍ အရှေ့ဘရန့် က ပထမနေရာ ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပါအုံး။ ”

တန်ချင်းရှန် တစ်ယောက် ပြောပြီးတာနဲ့ ပြိုင်ပွဲစင်ပေါ် ကနေ ခုန်ဆင်းသွားတယ်။ မူချန် တစ်ယောက် ပြိုင်ပွဲစင်ပေါ်က ထွက်ခွာသွားတဲ့ တန်ချင်းရှန်ကို ကြည့်နေလိုက်တယ်။ ပြီးနောက် လွီယန်ဘက် လှည့်ပြီး ပြောလိုက်တယ်။

” နောက်တစ်ပွဲ အနေနဲ့ ငါ မင်းနဲ့ ယှဉ်ပြိုင်မယ်။ ”

လွီယန်က မူချန်ကိုကြည့်ပြီး ဒုက္ခပေးတော့မယ့် ပုံစံနဲ့ ပြုံးပြီးကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ရက်စက်မှုတွေနဲ့ ပြည့်နက်နေတယ်။

” မင်းရဲ့ စိတ်ခေါ်မှုကို ငါလက်ခံတယ်။ ”

လေမုန်တိုင်းမထန်ခင် ငြိမ်သက်နေတဲ့ လေအလား ပြိုင်ပွဲ တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေတယ်။ ပြိုင်ပွဲစင်ပေါ်မှာ ယှဉ်ပြိုင်မယ့် သူနှစ်ဦး ဟာလည်း ရစ်ပတ်နွယ်ကျောင်းတော်ရဲ့ မြေပြန့်အဖွဲ့မှာ လှန်းလှန်းတောက် ကျော်ကြားနေတဲ့ သူနှစ်ဦး ဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ပွဲကြည့် ပရိသတ်တွေက ငြိမ်သက်စွာနဲ့ စိတ်ဝင်တစ်စား စောင့်မျှော် ကြည့်ရှုနေကြတယ်။

***°

Comment

Leave a Reply

Options

not work with dark mode
Reset