Chapter – 13 ” လွီယန်ရဲ့ပြိုင်ဘက် ”
ခေါင်းလောင်းသံတွေကလည်း ကောင်းကင်တခွင်မြည့်ဟိန်းနေတယ်။ လေပြင်းလေးတွေ ကလည်း လူတွေရဲ့ အသက်ရှုမှုတွေနဲ့ အတူ သွားလာလှုပ်ရှားနေတယ်။
ပြိုင်ပွဲစင်ရဲ့ တောင်ဘက်ခြမ်းမှာတော့ လူသုံးယောက်ဟာ တန်းစီပြီး ထိုင်နေကြတယ်။ ဘယ်ဘက်ခြမ်းမှာ ထိုင်နေတဲ့ သူကတော့ မနေ့က မူချန်တို့ရဲ့ ပြသနာကြားမှာ ပေါ်လာတဲ့ ဆရာမို ဖြစ်တယ်။ ညာဘက်ခြမ်းမှာ ထိုင်နေတဲ့သူကတော့ တင်းမာပြီးခက်ထန်တဲ့ မျက်နှာပုံစံရှိပြီး မျက်လုံးလေးတွေကတော့ အထဲ ထဲကို ချိုင့်ဝင်နေတယ်။ သူပုံစံကတော့ စည်းကမ်းကြီးတဲ့ သူ ပုံစံပေါ်နေတယ်။
ဒီတစ်ခါကျင်းပတဲ့ ပြိုင်ပွဲကတော့ အရင်နှစ်တွေကထက် ပိုပြီးစည်းကားနေတယ်။
ဆရာမိုတို့ရဲ့ အလယ်မှာတော့ အဖြူရောင် ဆံပင်ရှိတဲ့ လူကြီးတစ်ယောက် ထိုင်နေတယ်။ သူက ပွဲစင်ကို အားကြိုးမာန်တက်နဲ့ ပြုံးပြီးကြည့်နေတယ်။
**အင်း **
” ဒီနှစ်ပြိုင်ပွဲကတော့ အရင်နှစ်တွေက ပိုပြီး ကွာခြားလွန်းတယ်။ ”
” ဒါပေမယ့်လည်း ဒီပြိုင်ပွဲမှာ ဘဟ်လိုအရာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ”
ဆရာမိုက ပြုံးပြီး ပြောလိုက်တယ်။
” ဘာလို့ခန့်မှန်းလို့မရ ရမှာလဲ။ ”
” လွီယန်ရဲ့ သိုင်းပညာက တော်တော်ကို အဆင့်မြင့်နေပြီး။ ”
” ဒါ့အပြင် သူက လူ့ဝိညာဉ်သွေးကြောသိုင်း အဆင့်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ”
” ခုတောင်းမှ ကောင်းကင်အဖွဲ့ကို ဝင်နိုင်တဲ့ အရည်အချင်း သူ့မှာရှိနေပြီး။ ”
” ဒီပြိုင်ပွဲမှာ လွီယန် နိုင်မှာဘဲ။ ”
” မူချန်က ဘယ်လောက်ဘဲ တော်တော် လွီယန်ကိုတော့ မယှဉ်နိုင်သေးဘူး။ ”
ခက်ထန်တဲ့ ပုံစံရှိပြီး ညာဘက်ခြမ်းမှာ ထိုင်နေတဲ့ လူက နှုတ်ခမ်းတွန့်ပြီး ပြောလိုက်တယ်။
သူကတော့ အနောက်ဘရန့်မှာ အကြီးဆုံး နည်းပြဆရာဖြစ်တယ်။ သူက သူ့ရဲ့ အနောက်ဘရန့်အဖွဲ့က လူတွေကို အောင်မြင်မှုတွေ ဆွတ်ခူးစေချင်တယ်။
” ဆရာရှီ ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အရွေးခံရတဲ့သူတွေကို အထင်မသေးသင့်ဘူးနော်။ ”
ဆရာမိုက တတွတ်တွတ် ပြောလိုက်တယ်။
အဖြူရောင် ဆံပင်ပိုင်ရှင် လူကြီးက သူတို့နှစ်ယောက်ရဲ့ ငြင်းခုံမှုကို ကြားပြီးနောက် ပြုံးနေလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အငြင်းပွားမှုကြားမှာ သူက ကျင့်သားရနေပြီး ဖြစ်တယ်။
အဖြူရောင်ဆံပင်နဲ့ လူကြီးက ရှုတ်ထွေးနေတဲ့ မြင်ကွင်းတွေကနေ သူ့ရဲ့ မျက်လုံးက အရှေ့ဘရန်အဖွဲ့မှာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဆီရောက်သွားတယ်။
ပြီးနောက်မှာတော့ ပြောလိုက်တယ်။
” တော်တော် သနားစရာကောင်းတာဘဲ။ ”
” ငါတို့ရစ်ပတ်နွယ်ကျောင်းတော်မှာ ပြိုင်ပွဲအတွက် သင့်တော်တဲ့သူ မပေါ်တာ ဆယ်နှစ်လောက်ရှိပြီး။ ”
” ဒီမူချန်ကတော့ သူ့မှာအရည်အချင်းရှိပေမယ့်လည်း ပြိုင်ပွဲစင် တစ်ဝက်လောက်မှာဘဲ နှင်ထုတ်ခံရလိမ့်မယ်။ ”
” ပြိုင်ပွဲရဲ့ နောက်ဆုံးအပိုင်းကိုတောင်သူ့ခင်ဗျား မြင်တွေ့ခွင့်တောင်းရပါ့ မလား။ ”
” သူ့ရဲ့ တစ်နှစ်တာ လေ့လာမှုတွေကာ အလကားသက်သက် ဖြစ်နေတယ်။ ”
ဆရာမို ကလည်း ဝမ်းနည်းစွာနဲ့ဘဲ ခေါင်းညိတ်လိုက်တယ်။
ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာတော့ သနားညှာတာမှု ဆိုတာ မရှိဘူး။ ဒါပေမယ့်လည်း ဒီနောက်ဆုံးအဆင့်ကို အောင်မြင်သွားရင်တဲ့ သူတွေက ဝိညာဉ်စွမ်းအား အာဏာလွှဲပြောင်းခြင်းကို ရ ရှိလိမ့်မယ်။ အကယ်၍သာ သူတို့တစ်ယောက်ချင်းစီသာ တကယ့်ကို ပါရမီရှိရင် တစ်ညတည်းနဲ့တင် ဝိညာဉ်ရဲ့ လှည့်ပတ်ခြင်း အဆင့်ကို ရောက်လိမ့်မယ်။
အဲ့ဒီလိုဘဲ မူချန်သာ ဒီအဆင့်ကို အောင်မြင်ကျော်လွှားနိုင်ရင် ရစ်ပတ်နွယ် နိုင်ငံတော်မှာ အသက်အငယ်ဆုံးနဲ့ စွမ်းအား အမြင့်ဆုံး သူတစ်ယောက် အဖြစ် ရှိနေလိမ့်မယ်။ ဒါ့အပြင် အဆင့် ၅ ရာထူးကလည်း အလိုလို နေရင်း သူ့လက်ထဲကို ရောက်လာလိမ့်မယ်။ အဲ့ဒီအချိန်မှာတော့ ဘယ်သူမှ သူ့ကို ဆန့်ကျင် တိုက်ခိုက်မှုတွေ မလုပ်ရဲကြတော့ဘူး။
လွီမူဘိုင်တောင်း သူ့ရဲ့ ခြေထောင့်အောက်မှာဘဲ ရှိနေလိမ့်မယ်။ သို့သော်လည်း လမ်းတစ်ဝက်မှာ အခြေအနေ ဘယ်လိုပြောင်းလဲမှုတွေ ရှိလာနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူးလေး။မူချန်သာ ဝိညာဉ်စွမ်းအား လွှဲပြောင်းခြင်းအာဏာ ကို မရ ဘူးဆိုလို့ရှိရင် သူကနှင်ထုတ်ခံရလိမ့်မယ်။
” ကျောင်းအုပ်ကြီး ရှောင် ”
” မူချန်က ဘာတွေလုပ်ခဲ့မိလို့ နှင်ထုတ်ခံရမှာလဲ။ ”
ဆရာမို က မေးလိုက်တယ်။
” ဒီကောင်လေးကတော်တယ်။ ”
” ပင်ကိုစရိုက်လည်း ကောင်းတယ် ဆိုတာ ငါသိတယ်။ ”
” ဒီပြိုင်ပွဲမှာ သူ့ရဲ့ ရမှတ်ကမနည်းဘူး ဆိုရင်သူနှင်ထုတ်ခံရမှာ မဟုတ်ဘူး။ ”
ဆရာမို က မျက်မှောင့်ကြုပ်သွားတယ်။
မူချန်က ကျောင်းတော်မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့မိတာဘဲ သူသိတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့် နှင်ထုတ်ခံရမှာလဲ ဆိုတာကတော့ သူမသိဘူးဖြစ်နေတယ်။
မျက်နှာတင်းတင်း ဖြစ်နေတဲ့ လူက ဆရာမို ရဲ့မေးခွန်းကို ကြားလိုက်ချိန်မှာတော့ သိချင်ဇောနဲ့ ကျောင်းအုပ်ကြီးကို ကြည့်လိုက်တယ်။ ကျောင်းအုပ်ကြီး ရှောင်လည်း မုန့်ဆိတ်မွေးကို ပွတ်သပ်ပြီး ခါးသည်းတဲ့ အပြုံးနဲ့ ပြန်ဖြေလိုက်တယ်။
” ငါလည်း အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ များများစားစား သိပ်မသိဘူး။ ”
” ငါကြားမိတာကတော့ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့တဲ့ ကိစ္စ တော်တော်ကြီးတယ်။ ”
” အဆင့် ၅ ကလူတွေတောင် အံ့အားသင့်နေကြတယ်။ ”
ကျောင်းအုပ်ကြီး ရှောင်ရဲ့ စကားကြားလိုက်ချိန်မှာတော့ ဆရာမိုတို့ နှစ်ယောက်သား အံသြမှင်သက်သွားတယ်။ သူတို့ ရဲ့ မျက်လုံးတွေမှာလည်း မယုံသင်္ကာ ဖြစ်နေကြတယ်။ မူချန်က အဲ့လောက်ထိ ကြီးမားတဲ့ ပြသနာ လုပ်လိမ့်မယ်လို့ မထင်ခဲ့မိကြလို့ဖြစ်တယ်။
ကျောင်းအုပ်ကြီး ရှောင်က ဆက်ပြောလိုက်တယ်။
” ကောင်းပြီး ”
” မူချန်ကိစ္စကို နောက်မှပြောတော့မယ်။ ”
” ခုချိန်က ပြိုင်ပွဲ စတင်ဖို့ ကြေညာ ရမယ့် အချိန်ဘဲ။”
ကျောင်းအုပ်ကြီး က မူချန် ကိစ္စကို ဆက်ပြီး မပြောချင်တော့တာနဲ့ ရုတ်တရက် လက်ပြပြီး စကားကို အဆုံးသတ်လိုက်တော့တယ်။
ဆရာမို က ကျောင်းအုပ်ကြီး စကားကိုထောက်ခံတဲ့ အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ ထို့နောက် မတ်တပ်ရပ်ကာ ပဲ့တင်ထပ်တဲ့ အသံနဲ့ ကျောင်းသားတွေကို ပြောလိုက်တယ်။
” ကဲ့ ”
” ပြိုင်ပွဲစဖို့ အချိန်တန်ပြီး။ ”
” မင်းတို့ အားလုံး သတိပြု ရမှာက ဒီပြိုင်ပွဲမှာ သတ်ဖြတ်မှု မရှိရဘူး။ ”
” မင်းတို့တွေ စည်းမျဉ်း စည်းကမ်းကို အားလုံးသိပြီးကြပြီး ဖြစ်တယ်။ ”
” ဆရာတစ်ခု ထပ်ပြောချင်တာက အခုပြိုင်ပွဲမှာ ကိုယ်ရဲ့ ပြိုင်ဘက်သိုင်းသမားကို ရွေးချယ်ခွင့်ရှိတယ်။ ”
” ဒါပေမယ့် တစ်ကြိမ်သာ ရွေးချယ်ခွင့်ရှိတဲ့ အတွက် ကိုယ့်ရဲ့ ပြိုင်ဘက်ဟာ ကိုယ်နဲ့ သိုင်းပညာ အဆင့်တူတာကို ရွေးချယ်ဖို့ ဆရာအကြံပေးချင်တယ်။ ”
” ဟုတ်ကဲ့ ဆရာ ”
ပြိုင်ပွဲကျင်းပတဲ့ နေရာကနေ လူတွေအားလုံး တစ်ပြိုင်တည်း ပြန်ဖြေလိုက်တယ်။
ဆရာမို က ခေါင်းညိတ်ပြပြီး လက်မြောက်ကာ ပြောလိုက်တယ်။
” ကဲ့ ”
” စကြစို့ ”
ဆရာမို ရဲ့လက် အောက်ချလိုက်တာနဲ့ ခေါင်းလောင်းသံတွေဟာ အဆက်မပြတ် မြည်းဟိန်းသွားပြီး ကျောင်းတော်တခွင် မှာ ပဲ့တင်ထပ်သွားတယ်။
” လွီရှောင် — မင်းထွက်လာခဲ့ ငါမင်းနဲ့ ပြိုင်မယ်။ ”
” ချန်တောင် —— မင်းလည်း ထွက်လာခဲ့ ငါ မင်းနဲ့ ပြိုင်မယ်။ ”
အားလုံးဟာ ပြိုင်ဘက်ကိုယ်စီတွေ ရွေးချယ်နေကြတယ်။
မူချန်က ရှုပ်ယှက်ခပ်နေတဲ့ ပြိုင်ပွဲဝင် လူထုကိုကြည့်လိုက်ပြီး ဂရုစိုက်မှု ကင်းမဲ့စွာ ပြုံ းလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးနီးပါးဟာ သူ့ရဲ့ ပြိုင်ဘက်မဟုတ်လို့ပါဘဲ။ သူက အနောက်ဘရန့်အဖွဲ့က လွီယန် ကို တည့်တည့်ကြည့်လိုက်တယ်။ လွီယန်ကလည်း သူ့ကို အေးစက်စက်နြဲ့ပြန်ကြည့်လိုက်တယ်။
အခုအချိန်မှာတော့ လွီယန်ဟာ မူချန်ကို သူ့ရဲ့ ပြိုင်ဘက် အဖြစ်ရွေးချယ်လိုက်တယ် ဆိုတာ ရစ်ပတ်နွယ် ကျောင်းတော်က လူတွေအားလုံး သိကြတယ်။ ဒါကြောင့် မို့လို့ဘဲ အနောက်ဘရန့် အဖွဲ့က ဘယ်သူမှ မူချန်ကို မစိန်ခေါ်ရဲကြဘူး။ သေချာတာကတော့ မူချန်ရဲ့ သိုင်းပညာဟာ မြင့်နေလို့ပါဘဲ။ မူချန်ရဲ့ ပြိုင်ဘက်ကလည်း လွီယန်ဘဲ ဆိုတာ အားလုံးက သိထားပြီးသားဖြစ်တယ်။
အရှေ့ဘရန့် နဲ့ အနောက်ဘရန့် ကျောင်းသားတွေက စတင်တိုက်ခိုက်တော့မယ့် ပြိုင်ပွဲဝင်တွေကို စိတ်ဝင်စားစွာနဲ့ကြည့်နေကြတယ်။ မူချန်က သူ့ကို အေးစက်စက်ြ်ကြည့်နေတဲ့ လွီယန်ကို ဂရုမစိုက်ဘဲ သူ့ရဲ့ဘေးနားက တန်ချွီအာ ကို သိမ်မွေ့စွာနဲ့ စကားပြောနေလိုက်တယ်။ မူချန်ရဲ့ အဲဒီအမူအယာ ကြောင့်ကဘဲ လွီယန်ကို ခံပြင်းဒေါသထွက်စေတယ်။
ပြိုင်ပွဲကတော့ တကယ့်ကိုဘဲ သက်ဝင်လှုပ်ရှားနေတယ်။ အားလုံးရဲ့ စိတ်ကိုဆွဲဆောင်ထားတာကတော့ မြေပြန့်အဖွဲ့ရဲ့ နောက်ထပ် တက်လှမ်းမဲ့ အဆင့်ပါဘဲ။ ပြိုင်ပွဲဝင်တွေအားလုံး ကလည်း နောက်ထပ် အဆင့် တစ်ဆင့်ကို တက်လှမ်းချင်နေကြတယ်။
” အဲ့ဒါ ငါတို့ အရှေ့ဘရန့် တန်ချင်းရှန် ဘဲကွ။ ”
” ဟုတ်တာပေါ့ကွာ။ ”
မူချန်ရဲ့ဘေးမှာ ရှိနေတဲ့ စုလင်းက စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလိုက်တယ်။
မူချန်ကလည်း စုလင်း အော်ပြောလိုက်တဲ့ နေရာဆီကို လှမ်းကြည့်လိုက်တယ်။ သူတို့နဲ့ မဝေးတဲ့ နေရာမှာ အနက်ရောင် ဝတ်ဆုံ ဝတ်ဆင်ထားတဲ့ ကောင်လေး တစ်ယောက် က ပြိုင်ပွဲစင်ပေါ်ကို လမ်းလျှောက်သွားနေတယ်။
အနက်ရောင် ဝတ်စုံပိုင်ရှင် ကောင်လေးက ခန္ဓာကိုယ် ပိန်ပိန်ပါးပါးရှိပြီး မျက်နှာကလည်း ဖြူ ဖပ်ဖြူ ရော် ဖြစ်နေတယ်။ သို့သော် သူရဲ့ ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းကဘဲ သူက စိတ်ဓာတ် ကြံ့ခိုင်တဲ့သူဆိုတာကို ပေါ်လွင်စေတယ်။ သူက ပြုံ း လည်း မပြုံး စကားလည်း မပြောပါဘူး။ သူ့ရဲ့ ပုံစံ က အနီးအနားမှာ ရှိနေတဲ့ လူတွေရဲ့ အသံကို မကြားသလိုလို ဂရုမစိုက် သလိုလို ဖြစ်နေတယ်။
” တန်ချင်းရှန် ”
မူချန်က အနက်ရောင် ဝတ်ဆင်ထားတဲ့ ကောင်လေးကိုကြည့်ပြီး အံ့အားသင့်နေတယ်။ မူချန်က သူနဲ့ အရမ်းကြီး ရင်းနှီးသော်လည်း သိတော့ သိကြတယ်။ တန်ချင်းရှန်က မူချန်မရောက်ခင်တုန်းက အရှေ့ဘရန့်မှာ အတော်ဆုံးဖြစ်တယ်။ ခုတောင်းမှ မြေပြန့်အဖွဲ့ထဲမှာတော့ သိုင်းပညာ အမြင့်ဆုံး ၅ ဦး မှာ သူကလည်းတစ်ယောက် အပါအဝင်ဖြစ်တယ်။
မူချန်က သူ့ကို ကြည့်နေတယ်ဆိုတာ တန်ချင်းရှန် သတိထားမိလိုက်တယ်။ သူက ရပ်ပြီး မူချန်ကို ကြည့်ကာ ခပ်မှိန်မှိန်လေး ပြုံးပြလိုက်တယ်။
” ကြိုးစားထား။ ”
မူချန်ကပြုံးပြီး အားပေးလိုက်တယ်။
သူနဲ့ မရင်းနှီး ရင်တောင်မှ သူက အရှေ့ဘရန့် လူတစ်ယောက်ဖြစ်တယ်။ ပြီးတော့ လည်း မူချန်ကလည်း သူ့ကို မနှစ်သက်စရာ ဘာကိစ္စမှလည်း မရှိပါဘူး။ ဒါကြောင့်လည်း က အားပေးလိုက်တယ်။
တန်ချင်းရှန် ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် ပြိုင်ပွဲစင်ပေါ်ကို ခုန်တက်လိုက်တယ်။ အားလုံးရဲ့ အကြည့်ဟာ လည်း သူ့ဆီကို ရောက်သွားတယ်။ တန်ချင်းရှန်က ပြိုင်ဘက် အဖြစ်ဘယ်သူ့ကို ရွေးချယ်မလဲ ဆိုတာ အားလုံးက စိတ်ဝင်တစား ကြည့်နေကြတယ်။
” လွီယန် ”
တန်ချင်းရှန်က အနောက်ဘရန့် လူတစ်ယောက်ကို နာမည်အော်ခေါ်ပြီး စိတ်ခေါ်လိုက်တယ်။ အားလုံး ကလည်း ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။
” သူက တကယ်ဘဲ လွီယန်ကို ရွေးချယ်လိုက်တာလား။ ”
အားလုံး မယုံကြည်နိုင်စွာ တီးတိုးတီးတိုးနဲ့ပြောနေကြတယ်။
မြေပြန့်အဖွဲ့က တန်ချင်းရှန်ရဲ့ သိုင်းပညာက မြင့်မားနေပေမယ့်လည်း လွီယန်နဲ့ ယှဉ်လိုက်ရင်တော့ ကွာခြားချက်က တော်တော် လေးရှိသေးတယ်။ သူက ပထမဆုံး အနေနဲ့ လွီယန်ကို စိန်ခေါ်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားမိခဲ့ကြဘူး။
အနောက်ဘရန့်ခုံတန်းရှည်မှာတော့ လွီယန် တစ်ယောက် မှင်သက်အံ့သြသွားတယ်။ သူ့ရဲ့ မျက်နှာအမူအယာ ကလည်း ပြောင်းလဲ သွားတယ်။ သူရဲ့ ပြိုင်ဘက်အဖြစ် မူချန်ကို ရွေးချယ်ထားပြီးခါမှ မူချန်ထက် နိမ့်နဲ့ သူတစ်ယောက် သူ့ကို စိန်ခေါ်လိမ့်မယ်လို့ မထင်ထားခဲ့မိတာပါဘဲ။ ခုတော့ မူချန် ကို ပြိုင်ရဲတဲ့ သူမရှိတော့ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တန်ချင်းရှန်က ပြိုင်ဘက်အဖြစ် လွီယန်ကို စိန်ခေါ်လိုက်လို့ပါဘဲ။
လွီယန်က မှတ်တပ်ရပ်ပြီး ပြိုင်ပွဲ စင်ပေါ်ကို ခုန်တက်လိုက်တယ်။ သူက တန်ချင်းရှန်ကို ကြည့်လိုက်တယ်။ ပြီးနောက် မူချန်ဘက်ကို ကြည့်ပြီး ပြောလိုက်တယ်။
” မင်းက တစ်ခြားသူတွေနဲ့ ငါ့ကို အရင် စမ်းသပ်တာလား။ ”
လွီယန်က မူချန်ပြန်ပြောမယ့် စကားကို မစောင့်တော့ဘဲ တန်ချင်းရှန်ကို ပြုံး ပြီးကြည့်လိုက်တယ်။ သူ့ရဲ့အပြုံးဟာလည်း ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။
” အရှေ့ဘရန့် မြေပြန့်အဖွဲ့မှာ မင်းက သိုင်းပညာ အမြင့်ဆုံးလို့ထင်ရင် မင်းမှားတာဘဲ။ ”
တကယ်တော့ တန်ချင်းရှန်ဟာ အရှေ့ဘရန့် အဖွဲ့မှာ အတော်ဆုံးဖြစ်ခဲ့ဘူးတယ်။ မူချန်က နာမည်ကြီးလာတာတောင် သူက သူ့ဂုဏ်အတွက် ဆက်ပြီး ကြိုးစားနေခဲ့တယ်။ သူက မူချန်ကို ပြိုင်ဘက် အဖြစ်သတ်မှတ်ထားပေမယ့်လည်း နှစ်ယောက်စလုံးက အရှေ့ဘရန့်ကဆိုတော့ မူချန်ကို ပြသနာရှာဖို့ မကြိုးစားခဲ့တာ ဖြစ်တယ်။
သို့သော်လည်း သူ့က ဒီပြိုင်ပွဲမှာ လွီယန်ကိုသာ အနိုင်ရ ရင် သူ့ရဲ့ နဂို နာမည်နဲ့ ရာထူးကို ပြန်ရလိမ့်မယ်လို့ တွေးထားခဲ့မိလို့ဖြစ်တယ်။ တန်ချင်းရှန်က လက်ဖဝါးကို စုလိုက်တယ်။ ပြင်းထန်းတဲ့ အဝါရောင် ဝိညာဉ်စွမ်းအားတွေဟာလည်း သူ့ကိုယ်တစ်လျှောက်တိုးဝှေ့ပြီး လက်ဖဝါးပေါ်ကို ပေါ်ထွက်လာတယ်။
စုလင်းနဲ့တခြားသော သူတွေဟာလည်း အံအားသင့်သွားကြတယ်။ တန်ချင်းရှန်ရဲ့ လက်ဖဝါးပေါ်က စွမ်းအားတွေ က ဝိညာဉ်စွမ်းအားတွေဖြစ်တယ်။
တန်ချင်းရှန် ရဲ့ ဝိညာဉ် သိုင်းစွမ်းအားက အလယ် အဆင့်ကို ရောက်နေပြီးကိုး။
***°