Switch Mode

Chapter – 12

ရစ်ပတ်နွယ် ကျောင်းတော်ရဲ့ သိုင်းပြိုင်ပွဲ အစ

Chapter – 12 ” ရစ်ပတ်နွယ်ကျောင်းတော်ရဲ့သိုင်းပြိုင်ပွဲအစ ”

ရစ်ပတ်နွယ်မြို့တော်မှာတော့ နေရောင်ခြည်လေးတွေဟာ လှပတဲ့ရောင်စဉ်တန်းသဖွယ် ဖျာကြနေတယ်။ ရစ်ပတ်နွယ်ကျောင်းတော်ဟာ ဝိညာဉ်လမ်းစဉ် သိုင်းပြိုင်ပွဲကြောင့်ဘဲ အသက်ဝင်ပြီး စည်းကားနေတယ်။

ကျောင်းတော်ကြီးမှာတော့ အရှေ့ဘရန့်အဖွဲ့ နဲ့ အနောက်ဘရန့်အဖွဲ့ဆိုပြီး အဖွဲ့ (၂)ဖွဲ့ ပိုင်းခြားထားတယ်။ အဖွဲ့ (၂) လုံးကလည်း အပြိုင်အဆိုင် အမြဲတမ်းရှိတယ်။ ပြိုင်ဆိုင်မှုတွေရှိတဲ့ အတွက်ကြောင့်ဘဲ နှစ်စဉ်နှစ်တိုင်း ကျောင်းတော်မှာ ထူးချွန်ထက်မြက်တဲ့ သူတွေ ပေါ်ထွက်လာတယ်။

ရစ်ပတ်နွယ်ကျောင်းတော်မှာတော့ သိုင်းပြိုင်ပွဲအဖြစ် (၂)လ ကို တစ်ချိန် ကျင်းပပြုလုပ်လေ့ရှိတယ်။ ပြိုင်ပွဲတိုင်းမှာလည်း စည်းကားပြီး ကြမ်းတမ်းလွန်းတယ်။ မတူညီသော သိုင်းပညာအဆင့်တွေနဲ့အတူ ကျောင်းသားတွေဟာ ပါဝင်ယှဉ်ပြိုင်ကြတယ်။ သို့သော်လည်း တစ်ဦးတည်းသာ အောင်မြင်သူ အဖြစ်ရွေးချယ်ခံရတယ်။

ကျောင်းတော်ရဲ့ အနောက်ဘက်ခြမ်းမှာတော့ ပြိုင်ပွဲကျင်းပလို့ရတဲ့ နေရာတစ်ခုရှိတယ်။ အဲ့ဒီနေရာမှာဘဲ ပြိုင်ပွဲစင် အဖြစ် အဝိုင်းပုံသဏ္ဌာန် ပြိုင်ပွဲစင်တစ်ခုရှိတယ်။ ပြိုင်ပွဲစင်ရဲ့ အနီးအနားမှာတော့ ကျောက်ခုံတန်းရှည် တွေရှိပြီး အဲ့ဒီအပေါ်မှာတော့ ပွဲကြည့်ပရိတ်သတ်တွေနဲ့ ပြည့်နေတယ်။

ဆူညံမှုတွေနဲ့ အတူ ပွဲကြည့်ပရိတ်သတ်တွေက စုဝေးလာကြတယ်။ တချွင်းချွင်းမြည်နေတဲ့ လှပျိုဖြူ လေးဆီက အသံတွေကလည်း လူတွေမြောက်မြားစွာကို ဖမ်းစားသလိုဖြစ်နေတယ်။ ကျောင်းသား ပရိတ်သတ်တွေကလည်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့နောက်ပြောင် ကျီးဆဲနေကြတယ်။

သိုင်းပညာထူးချွန်တဲ့ လူ ဆယ်ယောက်စာရင်းမှာတော့ ၄ ယောက်က အရှေ့ဘရန့် မြေပြန့်အဖွဲ့က ဖြစ်တယ်။ အရှေ့ဘရန့်အဖွဲ့မှာလည်း ထူးချွန်ထက်မြက်တဲ့ သူတွေရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲအပြီးမှာတော့ ဘာတွေပြောင်းလဲမှုရှိမလဲ ဆိုတာကတော့ ဘယ်သူမှမသိနိုင်ပါဘူး။

လွီဖန် နဲ့ တန်ချွီ ရှန်တို့ရဲ့ သိုင်းပညာက အလယ်အလတ်အဆင့်ကို ရှောက်ရှိနေကြပြီး ဖြစ်တယ်။ သူတို့နှစ်ယောက်ထဲမှာမှ အနိုင်ရရှိတဲ့ သူတွေက သိုင်းပညာအမြင့်ဆုံး ( ၅ )
ယောက်မြောက်စာရင်းမှာ ပါဝင်လိမ့်မယ်။

အရှေ့ဘရန့်ရဲ့ ခုံတန်းရှည်မှာတော့ ကျောင်းသူ ကျောင်းသားများက အချင်းချင်း စကားများနေကြတယ်။ အခြားတစ်ဖက်မှာတော့ စုလင်း က စကားသံတွေကို ကြားပြီး နှုတ်ခမ်းဆူပြီး ပြောလိုက်တယ်။

” ပြိုင်ပွဲရဲ့ အဓိက အချက်ကိုရော မင်းတို့သိရဲ့လား။ ”
” ငါတို့ အရှေ့ဘရန့်က လူတွေက အနောက်မှာ နောက်ကျကျန်ခဲ့ပေမယ်လည်း အစ်ကိုမူ သာ ပြိုင်ပွဲမှာ ပထမရရင် အနောက်ဘရန့်က ကောင်တွေ ငါ့တို့ကို လာမဟောင်ရဲတော့ဘူး။ ”

အရှေ့ဘရန့် ကကျောင်းသားတွေက အချင်းချင်းကြည့်ပြီး သက်ပြင်းချလိုက်တယ်။ စုလင်း ပြောတာမှန်နေပေမယ့်လည်း မူချန်က ပထမရဖို့အတွက် လွီယန်ကို နိုင်ဖို့ လိုအပ်နေဆဲဖြစ်တယ်။ ဒါ့အပြင် လွီယန် ကလည်း လူ့ဝိညာဉ်သွေးကြော သိုင်းကို တတ်မြောက်ထားပြီး ဖြစ်တဲ့ အတွက် မူချန်အတွက်တော့ ခက်ခဲလွန်းတဲ့ ပြိုင်ပွဲ ဖြစ်နေတယ်။

” အစ္ကိုမူ ”
” အရှေ့ဘရန့်က လူတွေအားလုံးက အစ်ကို့ကို အားပေးနေတယ်နော်။ ”
” ကြိုးစားထား။ ”
စုလင်းက အားပါးတရပြုံး ပြီးအော်ပြောလိုက်တယ်။

မူချန်က ပြုံးပြပြီး ပြိုင်ပွဲမှာ အာရုံစိုက်ပြီး ကြည့်နေလိုက်တယ်။ ပြိုင်ပွဲက မစတင်ရသေးပေမယ့်လည်း ကျောင်းသားတွေကတော့ ယှဉ်ပြိုင် တိုက်ခိုက်ဖို့အတွက် အဆင်သင့် ဖြစ်နေကြတယ်။

မူချန်က ပြိုင်ပွဲစင်ကို အာရုံစိုက်နေချိန်မှာတော့ သူ့နောက်ဘက်ကနေ အသံတွေ ကြားလိုက်မိတယ်။ ထို့နောက်မှာတော့ သင်းပျံတဲ့ ရနံ့တစ်ခု ပျံနှံ့လာပြီး သွယ်လှ လှပလွန်းတဲ့ မိန်းမချောလေး တစ်ယောက် ရောက်ရှိပြီး ချိုသာလွန်းတဲ့ စကားသံ ထွက်ပေါ်လာတယ်။
” ဟေး ”

မူချန်က သူ့ဘေးနားကပေါ်လာတဲ့ တန်ချွီအာ ကို လှည့်ကြည့်လိုက်တယ်။ ကျောက်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံကေသာနှင့်အတူ တောက်ပလွန်းတဲ့ သူမရဲ့ မျက်နှာပေါ်က အပြုံ းကလည်း ပရိတ်သတ် အပေါင်းကို ဆွဲဆောင်နေသလို ဖြစ်နေတယ်။

တန်ချွီအာက အရှေ့ဘရန့်ကောင်းကင်အဖွဲ့က ဖြစ်တယ်။ သူမဟာ လှပလွန်းသည်သာမက ထူးခြားသော စရိုက် လက္ခဏာ လည်း ရှိတယ်။ ဒါကြောင့်မို့လို့လည်း သူမဟာ အရှေ့ဘရန်ရဲ့ လှပလွန်းတဲ့ ပန်းတစ်ပွင့်လို့ တင်စားရင် ငြင်းမဲ့သူက မရှိသလာက်ပါဘဲ။ သူမရဲ့အလှအပနဲ့ ကျော်ကြားမှုက တစ်ခြားမိန်းကလေးတွေ အတွက်တော့ မနာလို စရာလေးတွေဖြစ်နေတယ်။

မူချန်က သူ့ဘေးနားမှာပေါ်လာတဲ့ တန်ချွီအာကို ကြည့်ပြီး အံ့သြကာမေးလိုက်တယ်။
” ဘာလို့လာတာလဲ။ ”
” ဒီအချိန်က ကောင်းကင်အဖွဲ့သားတွေ လေ့ကျင့်ရမယ့် အချိန် မဟုတ်လား။ ”

” နင့်ကို အားပေးဖို့လာတာပေါ့။ ”
တန်ချွီအာ က ပြုံ းပြီး ပြောလိုက်တယ်။

” နင်ရှုံးသွားလို့ ပြန်မထလာနိုင်ရင် နင့်ကို သယ်လို့ရအောင်လို့ လာတာဟ။ ”
တန်ချွီအာ မူချန်က နောက်ကာ ပြန်ပြောလိုက်တယ်။

” တော်ပါဟာ ”
မူချန်က ခေါင်းခါပြီး ပြောလိုက်တယ်။

” အော် — ဒါနဲ့နင်အဆင်ပြေလား။ ”
” မနေ့ကနင်လွီယန်တို့နဲ့ ရန်ဖြစ်သေးတယ်ဆိုး။ ”
” ဒီနေ့တော့ သူတို့ နင့်ကို အကြီးအကျယ် ပြသနာရှာလိမ့်မယ် ထင်တယ်။ ”
တန်ချွီအာက စိုးရိမ်းတကြီး မေးလိုက်တယ်။

မူချန် ကို မခံချင်အောင် စနောက်နေသောလည်း ဒီနေ့ က ဘယ်လောက် အရေးကြီးတဲ့ နေ့လဲဆိုတာ သူမကောင်းကောင်း နားလည်တယ်။ ဒါကြောင့်မို့လို့လည်း အတန်းကို အပျက်ခံပြီး မူချန်ကို လာပြီး အားပေးနေတာ ဖြစ်တယ်။

” ငါ – အကောင်းဆုံးကြိုးစားသွားမှာပါဟာ။ ”
မူချန်က ပြုံးပြီး ပြောလိုက်တယ်။

သူစကားဆက်ပြောမလို့ဘဲ ရှိသေးတယ် သူ့ရဲ့ အမူအရာက ပြောင်းလဲသွားတယ်။ သူက ခေါင်းကိုမော့ပြီး တစ်ခြားဖက်ကို ကြည့်လိုက်တယ်။ အနောက်ဘရန့်ရဲ့ အလယ်မှာတော့ အေးစက်စက်အကြည့်တစ်ခု က သူ့ကို စိုက်ကြည့်နေတယ်။ သူကတော့ လွီယန်ဖြစ်တယ်။

မူယွမ်နဲ့ ရွဲဒေါင်းကတော့ လွီယန်ရဲ့ ဘေး တစ်ဖက်တစ်ချက်စီမှာ ထိုင်နေကြတယ်။ သူတို့အားလုံးဟာ သရော်တဲ့ ပုံစံနဲ့ မူချန်တို့ဆီကို လှမ်းကြည့်လိုက်တယ်။ မူချန်နဲ့ လွီယန်ကတော့ အကြည့်ချင်းဆုံးပြီး တစ်ဦးနဲ့ တစ်ဦး မကြေတဲ့ အကြည့်နဲ့ကြည့်နေကြတယ်။

မူချန်နဲ့ လွီယန်တို့ နှစ်ယောက်စလုံးဟာ လူသိများ ကျော်ကြားတဲ့ သူတွေဖြစ်တယ်။ ရစ်ပတ်နွယ်ကျောင်းတော်က ကျင်းပတဲ့ ဒီနေ့ ပြိုင်ပွဲဟာလည်း တစ်ကယ်ကို ကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း လက်မလွတ်သင့်တဲ့ ပြိုင်ပွဲတစ်ခုလို့ အားလုံးကမှတ်ယူထားကြတယ်။

လွီယန်က မူချန်ကို ကြည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ အကြည့်က တန်ချွီအာ ဆီကို ရောက်သွားတယ်။ သူက အံကြိတ်ပြီး မူချန်ကို နောက်တစ်ဖန် ပြန်ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့ အကြည့်က မာကျော ခက်ထန်နေတယ်။

” ဒီလောက်တောင် ပျော့ညံ့တဲ့ လူတွေက မူချန်ကို ကာကွယ်ပေးနေတာ ဘယ်လောက်တောင် စိတ်ညစ်စရာကောင်းလိုက်လဲ။ ”
လွီယန်က တန်ချွီအာကို ပြောသလိုလို နဲ့ လှမ်းကြည့်လိုက်တယ်။

ကျောင်းတော်က လူတွေအားလုံးဟာ လွီယန်က တန်ချွီအာကို တစ်ဖက်သတ် ကြိုက်နေတယ် ဆိုတာ အားလုံးသိကြတယ်။ ဒါပေမယ့်လည်း သူမဆီက ကြည်ဖြူ လက်ခံတဲ့ စကားကို တစ်ခါမှ မရခဲ့ဘူး။ ဒါ့အပြင် တန်ချွီအာက မူချန်နဲ့အရမ်းနီးစပ်တော့ လွီယန်က မူချန်ကို မနာလို အမုန်းထားနေတယ်လို့ မူချန်က ရိပ်မိလိုက်တယ်။

” ငါလာတာ နင့်ကို ဒုက္ခပေးနေသလို ဖြစ်နေရင် ငါ့ကိုပွင့်ပွင့်လင်းလင်းပြော ငါ ထွက်သွားပေးမယ်။ ”
တန်ချွီအာက တည်ငြိမ်စွာ ပြောလိုက်တယ်။

မူချန်က မရယ်ဘဲ မနေနိုင်ဖြစ်သွားတယ်။ ပြီးနောက် တန်ချွီအာကို စိုက်ကြည့်လိုက်တယ်။ ယောက်ျားလေး တစ်ယောက်ရဲ့ စူးစူးစိုက်စိုက်ကြည့်ချင်းကို ခံရတဲ့ မိန်းကလေး တစ်ယောက်က ရှက်သွေးဖျာသွားတတ်ပေမယ့် သူမလို ခေါင်းမာတဲ သူတစ်ယောက်က မူချန်ကို တိုက်ရိုက် ပြန်ကြည့်လိုက်တယ်။

” လွီယန်သာ ဆိုရင် အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူး။”
မူချန်က ပြုံးပြီး ပြောလိုက်တယ်။

” ဟန့် ”
” ခုတော့ ကြွားတတ်နေပြီးပေါ့။ ”
” နင် နိုင်ပြီး မှာ ကြွားပါ။ ”
တန်ချွီအာက နှုတ်ခမ်းဆူးပြီး ပြောလိုက်တယ်။

ပြီးနောက်မှာတော့ သူမက ဆွဲဆောင်မှုရှိတဲ့ အကြည့်နဲ့ ပြိုင်ပွဲထဲ က ပရိတ်သတ်ကို ဝှေ့ကြည့်လိုက်တယ်။ သူမရဲ့ လှပတဲ့ မျက်နှာက ရုတ်တရက် ပြောင်းသွားပြီး တိုးတိုးလေးပြောလိုက်တယ်။

” အဲ့ဒီလူတွေလည်း လာတာဘဲလား။ ”

မူချန်က သူမကြည့်တဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ မူချန်လည်းဘဲ အံ့သြတုန်လှုပ်သွားတယ်။ သူသာမကပါဘူး အရှေ့ဘရန့် လူတွေအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်။

သူတို့ရဲ့ အကြည့်က အနောက်ဘရန့် အတန်းကို ရောက်သွားတယ်။ အဲ့ဒီလို လူတွေကတော့ အသက် ( ၁၇ ) ( ၁၈ ) လောက် ရှိတယ်။ သူတို့တွေက ကောင်းကင် အဖွဲ့ကကျောင်းသားတွေထက် စီနီယာ နည်းနည်း ပိုကျတယ်။ ခဏအကြာမှာတော့ သူတို့က ပျင်းရိတဲ့ ပုံစံကို ပြိုင်ပွဲကို စိတ်ဝင်စားမှု ကင်းမဲ့စွာ ကြည့်နေကြတယ်။

အလယ်တည့်တည့်မှာ ရပ်ကြည့်နေတဲ့ သူတို့နှစ်ယောက်က တစ်ယောက် ကယောက်ျားလေးဖြစ်ပြီး နောက်တစ်ယောက်က မိန်းကလေး ဖြစ်တယ်။ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အဲ့ဒီမိန်းမပျိုလေးက ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေ ပိုင်ဆိုင်ထားတယ်။ သူမကတော့ အနောက်ဘရန့်ရဲ့ လှပျိုဖြူလေး ဟောင်လင်းဘဲ ဖြစ်တယ်။

နောက်တစ်ယောက်ကတော့ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး အရပ်အနည်းငယ် မြင့်ကာ ခန့်ညားတဲ့ ကောင်လေး တစ်ယောက်ဖြစ်တယ်။ခဏအကြာမှာတော့ သူကဘအနောက်ဘရန့် အဖွဲ့ကို ကြည့်လိုက်တဲ့အခါ အားလုံး တုတ်တုတ်မျှမလုပ်ဘဲ တိတ်တိတ်ငြိမ်သက်နေကြတယ်။

” အဲ့ဒါက ”
” တကယ်ဘဲ လွီမူဘိုင် ကိုး။ ”
” သူ – – – လာမယ်လို့တောင် မထင်ထားဘူး။ ”
စုလင်းက ပြောလိုက်တယ်။

ကျောင်းသားတွေ အားလုံးဟာ လွီယန်တို့နဲ့ ဆိုရင် ပြန်ပြီး ရင်ဆိုင်တိုက်ခိုက်ဖို့ အတွက် သတိ နည်းနည်းစီ ရှိကြပေမယ့် လွီမူဘိုင် ကိုတော့ နည်းနည်းလေးမျှ သွားမတို့ ရဲ့ကြဘူး။

ဘာကြောင့်လဲ ဆိုတော့ လွီမူဘိုင် က ရစ်ပတ်နွယ်ကျောင်းတော်မှာ နံပါတ် (၁) နေရာကို ပိုင်ဆိုင်ထားသူဖြစ်တယ်။ သူကျောင်းတော်ကို စဝင်ကတည်းက သူ့ရဲ အဆင့်မြင့် နေရာကို ဘယ်သူမှ မလုယူ နိုင်ခဲ့ကြဘူး ဖြစ်တယ်။

မူချန်က အဖြူ ရောင်ဝတ်ဆင်ထားတဲ့ သူကို စိုက်ပြီး ကြည့်နေတယ်။ သူတို့ရဲ့ အနက်ရောင် မျက်လုံးတွေနဲ့ အတူ အကြည့်ချင်း ဆိုင်သွားတယ်။ ဝေးကွာနေတဲ့ နေရာမှာဘဲ တစ်ယောက်နဲ့ တစ်ယောက် အကြည့်နဲ့ ဖိနှိပ့် တိုက်ခိုက်နေကြတယ်။

မျက်လုံးချင်း ဆိုင်နေသော်လည်း မူချန်ရဲ့ မျက်လုံးက တစ်ခြား သူတွေလို ကြောက်လန့်ခြင်းမရှိဘဲ တည်ငြိမ် အေးဆေးနေတယ်။ မူချန်ရဲ့ တည်ငြိမ်တဲ့ အကြည့်ကဘဲ အဖြူ ရောင် ဝတ်စုံပိုင်ရှင်ကို အံ့အားသင့်စေတယ်။ ပြီးနောက်မှာတော့ မျက်မှောင့်ကြုပ်လိုက်တယ်။

အိုးး—–=-
” ဒီကောင်လေးက ဟိတ်ဟန်အပြည့်နဲ့ပါလား။ ”

လွီမူဘိုင်ရဲ့ ဘေးမှာ ရှိနေတဲ့ အနောက်ဘရန့် ကလူတွေက ကြောက်ရွံ့မှုကင်းမဲ့စွာ လွီမူဘိုင်ကို ကြည့်နေတဲ့ မူချန်ကို သတိပြု မိလိုက်တယ်။

လွီမူဘိုင်နဲ့ မူချန်တို့ အကြည့်ချင်းဆုံတဲ့ အချိန်မှာ ဟောင်လင်းက မူချန်ကို ကြည့်နေလိုက်တယ်။ သူမရဲ့ စိတ်ထဲမှာတော့ ဒီကောင်လေးရဲ့ မျက်နှာက ရင့်ကျက်မှု မရှိဘူး။ ဒါပေမယ့်လည်း အခြားသူတွေကို တော့ ငြိမ်းအေးမှုကို ပေးတယ်။ ရစ်ပတ်နွယ် ကျောင်းတော်ရဲ့ နာမည်ကြီး လွီမူဘိုင် တောင် သူ့ကို ကြောက်ရွံ့မှု ဖြစ်ပေါ်အောင် မလုပ်ဆောင်နိုင်ဘူး။

မိန်းမချောလေး ဟောင်လင်း လည်း မူချန်ရဲ့အပြု အမှု ကြောင့် မှင်သက်အံ့သြသွားတယ်။
အရှက်ကြောက်ကြီးပြီး သူမနောက်ကို အမြဲတမ်း လိုက်လေ့ရှိတဲ့ ကောင်လေးက ခုလို အမျာျးြားကြီးပြောင်းလဲ သွားလိမ့်မယ်လို့ လုံးဝ မထင်ထားမိလို့ပါဘဲ။

” အစ်ကိုကြီး ”

လွီယန်က လွီမူဘိုင်ကို အော်ခေါ်က နှုတ်ဆက်လိုက်တယ်။
လွီမူဘိုင်ကခေါင်းညိတ်ပြလိုက်ပြီး ထဟန်ပြုလိုက်တယ်။
သူကဘာမှ မပြု မူသော်လည်း အရှေ့ဘရန့်က လူတွေကတော့ တွန့်ဆုတ်သွားတယ်။ အခြားတစ်ဖက်မှာတော့ အနောက်ဘရန့် အဖွဲ့တွေက မျက်နှာသာ ယူနေကြတယ်။

အနောက်ဘရန့်လူတွေရဲ့ အမှုအယာ ကြောင့်ဘဲ လွီမူဘိုင်ရဲ့ လက်အောက်မှာ အနောက်ဘရန့်လူတွေ ရှိတယ် ဆိုတာ သိသာထင်ရှားစေတယ်။ ဒါကြောင့်မို့လို့ဘဲ အရှေ့ဘရန့်က စီနီယာတွေက လွီမူဘိုင်ကို ပြသနာ မရှာရဲကြဘူး။

လွီမူဘိုင်က အနောက်ဘရန့်အဖွဲ့ကို ပိုင်ဆိုင်ကြောင်း ပြသပြီးချိန်မှာတော့ ခေါင်းလောင်းသံလေးဟာ စတင်ပေါ်ထွက်လာတယ်။

နောက်ဆုံးတော့ ပြိုင်ပွဲ က စတင်နေပြီးပေါ့။

***°

Comment

Leave a Reply

Options

not work with dark mode
Reset