Switch Mode

Chapter – 11

လွီယန် နဲ့ မူချန်တို့ရဲ့ တိုက်ပွဲ အစ

Chapter – 11 ” လွီယန် နဲ့ မူချန်တို့ရဲ့ တိုက်ပွဲ အစ ”

” လွီယန် ”
မူချန်က လက်ပိုက်ကြည့်နေတဲ့ ကောင်လေးကို တစ်ချက် ကြည့်လိုက်ပြီး အံ့သြမှုမရှိဘဲ တည်ငြိမ်အေးဆေးစွာနဲ့ ပြန်ပြောလိုက်တယ်။
” မင်းနေ့တစ်ဝက်လောက် ပွဲကို ကြည့်လို့ပြီး ပြီး။ ”
” ခုမှထွက်လာတယ်ပေါ့။ ”

မူယွမ် ရွဲဒေါင်း နဲ့ ရှောင်ခုံ က လွီယန်ကို တွေ့လိုက်ချိန်မှာတော့ သူတို့က အလွန်ပျော်ရွှင်စွာနဲ့ အော်ခေါ်လိုက်တယ်။
” အစ်ကို လွီ ”

ပြီးနောက် သူတို့က မူချန် ကို ရွဲ့သလိုလို စောင်းသလိုလိုနဲ့ ပြန်ကြည့်လိုက်တယ်။

မူချန်ရဲ့ ဂုဏ်သတင်းကတော့ ရစ်ပတ်နွယ်ကျောင်းတော်ရဲ့ မြေပြန့်အဖွဲ့မှာတော့ အလွန်ကျော်ကြားလွန်တယ်။ ဒါ့အပြင် အနောက်ဘရန့် အဖွဲ့ရဲ့ နာမည်ကြီး သုံးယောက်ကိုလည်း ခုလေးတင် တိုက်ခိုက်အောင်မြင်ခဲ့တယ်။

ဒါပေမယ့် လည်း သူတို့သုံးယောက်ထက် သိုင်းပညာအရမ်းမြင့်တဲ့ အနောက်ဘရန့် မြေပြန့်အဖွဲ့ရဲ့ နံပါတ် ၁ အဆင့် ရှိတဲ့ လွီယန်ကိုတော့ တိုက်ခိုက်ဖို့ကတော့ မူချန်အတွက် အခက်အခဲတွေရှိတယ်။

မူယွမ်တို့ သုံးယောက်သား သူတို့ရဲ့ စီနီယာ အစ်ကိုကြီးဖြစ်တဲ့ လွီယန် ရောက်လာချိန်မှာတော့ ကြောက်စိတ်တွေကင်းပြီး နောက်တစ်ဖန် မူချန်ကို ရန်စရဲပြန်တယ်။လွီယန်က အများရှေ့မှာ အရှက်ကွဲ ခံရတဲ့ သူ့နောက်လိုက် ဖြစ်တဲ့ မူယွမ်တို့ သုံးယောက်ကို ကြည့်လိုက်တယ်။ ထိုနောက် အေးတိအေးစက်နဲ့ မူချန်ကို ကြည့်ပြီး ပြောလိုက်တယ်။

” မူချန် မင်းကတော့ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အနောက်ဘရန့်က လူတွေဆီ ရှင်းပြချက်ပေးရမယ်။ ”

” ရှင်းပြချက်ပေးရမယ် ဟုတ်လား။ ”

မူချန်က အနောက်ဘရန့် မြေပြန့်အဖွဲ့ရဲ့ ဂုဏ်သတင်း ကျော်ကြားမှု အမြင့်ဆုံးဖြစ်တဲ့ လွီယန်ကို ပြုံ းပြီး ပြောလိုက်တယ်။

” မင်းတို့ အနောက်ဘရန့် အဖွဲ့က အကြောင်းပြချက်မရှိဘဲ အရှေ့ဘရန့် အဖွဲ့ကို ပြသနာရှာတာကရော မင်းဘယ်လို ရှင်းပြမလဲ။ ”
” ငါ့အထင်တော့ မင်း ဒီအဖြစ်အပျက်တွေကို ဖြေရှင်းချက်အရင်ပေး သင့်တယ်။ ”

သူတို့ နှစ်ယောက် ထိပ်တိုက်တွေ့လိုက်တာကို သတိထားမိလိုက်တဲ့ ကျောင်းသားတွေက အံ့သြစွာနဲ့ ကြည့်နေကြတယ်။ ဒီနှစ်ယောက်ကတော့ ရစ်ပတ်နွယ်ကျောင်းတော်ရဲ့ မြေပြန်အဖွဲ့မှာ နာမည်ကြီးပြီး သိုင်းပညာမြင့်တဲ့ သူတွေဖြစ်တယ်။

သူတို့ နှစ်ယောက်စလုံးကလည်း မနက်ဖြန်ပြိုင်ပွဲမှာ ရင်ဆိုင်ကြမယ် ရန်သူတော် နှစ်ယောက်ဖြစ်တယ်။ ခုလိုမျိုး ရန်စကားနဲ့ ထိပ်တိုက်တွေ့နေပြီးဆိုတော့ မနက်ဖြန်အထိ မစောင့်နိုင်ဘဲ ခုချက်ချင်းယှဉ်ပြိုင်ကြမယ့် အခြေအနေမှာ ရှိတယ်။

လွီယန် ရဲ့ မျက်နှာမှာတော့ ဒေါသအရိပ်တွေ ဖုံးလွှမ်းလာတယ်။ ရစ်ပတ်နွယ်ကျောင်းတော်ရဲ့ မြေပြန့်အဖွဲ့မှာတော့ သူ့ကို အာခံပြီး ပြန်ပြောရဲတဲ့သူ တစ်ယောက်မှ မရှိဘူး။ ခုတော့ အာခံရဲတဲ့သူရှိနေပြီးဆိုတော့ သူ့ခင်ဗျား အံ့သြမင်သက်သွားတယ်။ မူချန်ရဲ့ သတင်းဟာ ကျော်ကြားနေပေမယ့်လဲ လွီယန် ရဲ့ နံပါတ် ၁ ရာထူးကို မလုယူနိုင်သေးဘူး ဖြစ်တယ်။

” မင်းကတော့ ခုတော့ မောက်မာနေပြီးပေါ့။ ”
လွီယန်က မထီမဲ့မြင် ပုံစံနဲ့ပြောလိုက်တယ်။

” ကံကောင်းလို့ ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ပြီး ပြိုင်ပွဲတစ်ဝက်မှာတင် နှင်ထုတ်ခံရနိုင်တဲ့ မင်းလိုကောင်မျိုး ဘယ်လို ညံ့ဖျင်းတဲ့ အရည်အချင်းရှိမလဲ ဆိုတာ သိချင်စိတ်ပြင်းပြနေပြီး။ ”

ကြမ်းတမ်းတဲ့စကားလုံးကို ကြားလိုက်တဲ့ စုလင်းနဲ့ သူ့အဖော်တွေက ဒေါသမီး ထလာတယ်။ သို့သော်လည်း လွီယန်ရဲ့ ပြိုင်ဘက်က သူတို့ မဟုတ်ဘူးဆိုတာ သိတယ်လေး။ ဒါကြောင့်လည်း ဒေါသကို အံကြိတ်ရင်း ဖြေနေရတယ်။

” မင်းငါ့အရည်အချင်းကို သိချင်ရင် စမ်းသပ်လို့ ရတယ်။ ” ” ဒါပေမယ့် အဲ့ဒီ စမ်းသပ်မှုက မင်းကို ကံကောင်းမှု တွေပေးမှာမဟုတ်ဘူး။ ”
သူတို့ရဲ့ စကားကို မူချန်က ပြုံးပြီး ပြန်ဖြေလိုက်တယ်။

လွီယန်ရဲ့ မျက်လုံးသူငယ်အိမ်က ဖြူ ပြီး နောက်ဘက်ကို တွန့်ဆုတ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မူချန်က သူ့ကို ခပ်မာမာနဲ့ပြန်ပြောရဲမှာ မဟုတ်ဘူးလို့ ခန့်မှန်းမိခဲ့လို့ဘဲ ဖြစ်တယ်။ လွီယန်ရဲ့ အသံက ခက်ထန်မာကျောလာတယ်။

” ငါအရင်က မနက်ဖြန်မှ မင်းနဲ့ တိုက်ခိုက်ဖို့ အစီစဉ်ဆွဲပြီးသား။ ”
” ဒါပေမယ့် ခုတော့ မင်းကငါ့ကို ချက်ချင်းတိုက်ခိုက်ဖို့ တွန်းအားပေးလိုက်တာဘဲ။ ”
” ငါအခု မင်းနဲ့ တိုက်မယ်။ ”
” မနက်ဖြန်အထိ ငါမစောင့်တော့ဘူး။ ”

ပြောပြီးပြီးခြင်းမှာဘဲ လွီယန်က ရှေ့သို့ ခြေလှမ်းတိုးလိုက်တယ်။ ပြီးနောက် သူ့လက်ဖဝါးကနေ ဝိညာဉ်စွမ်းအားကို ထုတ်လိုက်တယ်။ စွမ်းအားတွေက တစ်ဖြည်းဖြည်း မြင့်တက်လာတယ်။လွီယန်ရဲ့ ပြင်းထန်ပြီး စာနာမှုကင်းမဲ့ တဲ့ စွမ်းအားကို တွေ့လိုက်ချိန်မှာတော့ စုလင်းနဲ့ သူ့အဖော်တွေက အံ့သြတုန်လှုပ်သွားတယ်။ လွီယန်က ခုတော့ စတင်တိုက်ခိုက်တော့မယ်ပေါ့။

သူတို့က မူချန်ကို စိုးရိမ်တကြီးနဲ့ လှမ်းကြည့်လိုက်တယ်။ သူတို့မြင်ရတာကတော့ လူလတ်ပိုင်အရွယ်ရှိပြီး ဖြူစင်တဲ့ မျက်နှာပိုင်ဆိုင်ထားတဲ့ မူချန်က တည်ငြိမ်အေးဆေးစွာနဲ့ ရပ်နေတာကို တွေ့လိုက်တယ်။ တန်ပြန်မှုစွမ်းအားအနေနဲ့ မူချန်ဆီကလည်း အနက်ရောင် စွမ်းအားတွေ ထွက်ပေါ်လာပြီး ဖုံးလွှမ်းသွား ချိန်မှာတော့ စုလင်းတို့ ခင်ဗျား ဘာမှမမြင်နိုင်ဖြစ်သွားတယ်။

စုလင်းတို့ မူချန်ရဲ့ တည်ငြိမ်နေတဲ့ ပုံကို ရေးရေးလေးဘဲ မြင်လိုက်ရတယ်။ လွီယန်က ရစ်ပတ်နွယ်ကျောင်းတော်ရဲ့ အနောက်ဘရန့် မြေပြန့် အဖွဲ့မှာ နံပါတ် ၁ ဖြစ်နေသော်လည်းဘဲ မူချန်ကလည်း သိုင်းပညာညံ့ဖျင်းသူတစ်ယောက် မဟုတ်ပါဘူး။ မူချန့် ကို ရင်ဆိုင်ဖို့အတွက်ကလည်း သူ့အတွက် လွယ်ကူတဲ့အရာတစ်ခုမဟုတ်ဘူး ဖြစ်နေတယ်။

” မင်းရဲ့ ကံကောင်းမှုကို့ မဖြစ်စလောက်ဘဲရှိတဲ့ သိုင်းပညာနဲ့ ပုံအောပြီး လောင်းကြေးထပ်လိုက်တာလား။ ”

မူချန်က ခေါင်းခါပြီး နှုတ်ခမ်းတစ်ချက်တွန့်လိုက်တယ်။
ဖြူစင်လွန်းတဲ့ သူ့မျက်နှာနဲ့ တောက်ပလွန်းတဲ့ သူ့ရဲ့ အပြုံ းတွေကလည်း အေးစက်မာကျောတဲ့ အသွင်ပြောင်းလဲသွားတယ်။ လက်ဖဝါးကနေလည်း အနက်ရောင် စွမ်းအင်တွေဟာ စတင်ထွက်ပေါ်လာတယ်။

လွီယန်နဲ့ မူချန် တို့ရဲ့ ကြားကလေဟာနယ်ကလည်း ထုထည်ကြီးမားလာပြီး ကြမ်းတမ်းလာတယ်။ ကျောင်းသူ ကျောင်းသားတွေကလည်း လေထုကြမ်းကို အံတုကာ အတတ်နိုင်ဆုံး မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ကြိုးစားကြည့်နေကြတယ်။ သူတို့ရှေ့မှာ ရပ်နေတဲ့ နှစ်ယောက်က ကျောင်းတော်ရဲ့ မြေပြန့်အဖွဲ့မှာ ကြော်ကြားတဲ့သူတွေဖြစ်တယ်။ အဲ့ဒီနှစ်ယောက်မှာမှ ဘယ်သူက ပိုပြီး တော်သလဲဆိုတာကို သိချင် စပ်စုချင်နေကြတယ်။

” ရပ်လိုက် ”

တိုက်ခိုက်ခါနီးမှာဘဲ အဝေးတနေရာကနေ အသံထွက်ပေါ်လာတယ်။ အသံလိုင်းဖြတ်ပြီးပြီးခြင်းမှာဘဲ လူတစ်ယောက်ဟာ သူတို့နှစ်ယောက်ရဲ့ ကြားကနေ ရုတ်တရက်ထွက်ပေါ်လာတယ်။

” ဆရာမို ”
ရောက်လာတဲ့ လူကို ကျောင်းသူ ကျောင်းသားတွေ တွေ့လိုက်ချိန်မှာတော့ ရုတ်တရက် အံ့သြသွားပြီး ခပ်မြန်မြန်နဲ့ နှုတ်ဆက်လိုက်တယ်။ အသက်အရွယ် အလယ်အလတ်ရှိတဲ့ ဆရာမို ဆိုသူက တိကျပြတ်သားတဲ့ ဟန်အမူအရာရှိတယ်။

သူ့ကို သတိထားမိလိုက်တဲ့ လွီယန်က မောက်မာလွန်းတဲ့မျက်နှာက ပြေလျော့သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရှေ့မှာ ရပ်နေတဲ့ ဆရာမို က သိုင်းပညာမြင့်မှာပြီး အလွန့်အလွန် တော်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပြင့် ရစ်ပတ်နွယ် နိုင်ငံတော်မှာသာမက ကျောင်းတော်မှာလည်း ဆရာမို ကို သိုင်းပညာမြင့်မားတဲ့ သူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတယ်။

” မင်းတို့ ရန်ဖြစ်ချင်တယ်ဆိုရင် မာရှယ်လောခန်းမရှိတယ် အဲ့ဒီမှာ သွားတိုက်ခိုက်ကြ။ ”
” အပြင်ကလူတွေရဲ့ ရှေ့မှာ ငါ့တို့ရဲ့ ကျောင်းသိက္ခာကို ကျအောင်မလုပ်နဲ့။ ”
ဆရာမို က ခက်ထန်တဲ့အသံနဲ့ပြောလိုက်တယ်။

လွီယန်က ပြုံ းလိုက်တယ်။ ဒီနေ့တိုက်ခိုက်ဖို့မဖြစ်နိုင်ဘူးဆိုတာ လွီယန်ရိပ်မိလိုက်တယ်။ သူက မူချန်ကို လက်ညိုးထိုးပြီး လှမ်းပြောလိုက်တယ်။

” မနက်ဖြန်ပြိုင်ပွဲမှာ မင်းကို စောင့်နေမယ်။ ”
ပြောပြီးတာနဲ့ လွီယန်က သူ့လူတွေကို ခေါ်ပြီး လှည့်ထွက်သွားတယ်။

” ဒီကောင်ပြိုင်ပွဲတစ်ဝက်မှာဘဲ နှင်ထုတ်ခံရမဲ့သူဘဲ။ ”
” ဘာဂရုစိုက်စရာရှိလို့လဲ။ ”
တီးတိုးတီးတိုးနဲ့ ပြောသွားတဲ့ လွီယန်တို့ရဲ့ စကားကို ကြားလိုက်တဲ့ စုလင်းနဲ့ သူ့အဖွဲ့သားတွေက မျက်နှာဖြူ စုပ်သွားပြီး အံကြိတ်ကာ ဒေါသထွက်နေကြတယ်။

” အစ်ကိုမူ အဲ့ဒါတမင်သက်သက်ပြောသွားတာ။ ”
” အနည်းဆုံးတော့ အစ်ကိုမူက ပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့တာဘဲ မဟုတ်လား။ ”
” အဲ့ဒီ သူတောင်းစားတွေ သူတို့ကိုယ် သူတို့ ဘာများမှတ်နေလဲ မသိဘူး။ ”

မူချန်က ဒေါသထွက်နေတဲ့ စုလင်းကို ကြည့်လိုက်တယ်။
ပြီနောက် ပြုံ းပြီး စုလင်းရဲ့ ပခုံးကို ပုတ်ကာ ပြောလိုက်တယ်။

” မင်း ဘာလို့ဒေါသထွက်နေရတာလဲကွာ။ ”
” ခွေးတစ်ကောင်က မင်းကို ကိုက်ရင် မင်းပြန်ကိုက်မှာဘဲဘဲလား။ ”

မူချန်ကစိတ်ပြေလက်ပျောက် စုလင်းကို ပြောလိုက်ပေးမယ့်လည်း သူ့ရဲ့ မျက်နှာမှာတော့ ခက်ထန်နေတယ်။ ခွေးကိုက်တာ ခံရရင် ပြန်မကိုက်ရင်တောင်မှ အဲ့ဒီခွေးကို သေအောင်ရိုက်သတ်ပြစ်ချင်တဲ့ စိတ် သူ့မှာပေါ်လွင်နေတယ်။

” အဲ့ဒီ လွီမိသားစုက ကောင်လေးက သူ့အဖေလိုဘဲ အရှက်ကိုမရှိဘူး။ ”
ဆရာမို က အဝေးကို ရောက်သွားတဲ့ လွီယန်တို့ကို ကြည့်လိုက်တယ်။ ပြီးနောက် မူချန်ဘက်ကို လှည့်ပြီး ပြုံးကာပြောလိုက်တယ်။

” ကောင်းလိုက်တဲ့စကား။ ”
” ငါ့ကို ခံစားမှု ကောင်းစေတယ်။ ”
” ဒါနဲ့ လွီယန်က လူ့ဝိညာဉ်သွေးကြောသိုင်းကို ပိုင်ဆိုင်ထားပြီးဆိုတော့ မင်းသူ့ကို နိုင်အောင် ယှဉ်ပြိုင်နိုင်ဖို့က မလွယ်ဘူးနော်။ ”

မူချန်က ပြုံးကာ ပြန်ပြောလိုက်တယ်။
” ဆရာမို ပြောချင်တာ ကျွန်တော်နားလည်ပါတယ်။ ”

ဆရာမို ဆိုသူက အရှေ့ဘရန့် အဖွဲ့ကို ကြီးမှူ းအုပ်ချုပ်ရတဲ့သူ ဖြစ်တယ်။ အကယ်၍သာ အရှေ့ဘရန့်အဖွဲ့သာ ရှုံးနှိပ့်ရင် သူလည်း မျက်နှာငယ်ရလိမ့်မယ်။

” ကျွန်တော်တို့ အရင်ဆုံး ပြန်ကြရအောင်လား ဆရာမို။ ”

ဆရာမိုက မူချန်ကိုကြည့်ပြီး ပြုံ းလိုက်တယ်။ ပြီးနောက်မှာတော့ စုလင်းနဲ့ သူ့အဖွဲ့သားတွေကို ပြန်ဖို့ လက်ဝှေ့ပြလိုက်တယ်။

သူ့ရဲ့စိတ်မှာတော့ မူချန်အကြောင်းကို တွေးတောနေမိတယ်။ ——————-
မူချန်ဟာ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ သူ့မှာ မဖော်ပြနိုင်တဲ့ စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ပုံရှိတယ်။ ပြိုင်ပွဲမှာလည်း အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်သွားမယ့်သူ ဖြစ်တယ်။ အကယ်၍သာ ရစ်ပတ်နွယ်ကျောင်တော်ရဲ့ ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့ရင်တော့ သူက အဆင့် ၅ ရာထူးကို တက်လမ်းသွားလိမ့်မယ်။

ဆရာမိုက သက်ပြင်းချလိုက်တယ်။ သူက တကယ်ဘဲ မနက်ဖြန်ပြိုင်ပွဲအတွက် မူချန်ကို စိုးရိမ်နေတယ်။ သူကြားမိတာကတော့ လွီမိသားစုက ကောင်လေးက ပြိုင်ပွဲအတွက် ကြိုးစားပြင်ဆင် ထားပြီးသွားပြီး။ မနက်ဖြန် ပြိုင်ပွဲမှာ ဘယ်သူ ရယ်နိုင်ပြီး ဘယ်သူက အငိုနဲ့ကျန်နေမလဲ ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

**********************************

အမှောင်ထုကလည်း တစ်ဖြည်းဖြည်း ကြီးစိုးလာတယ်။ အခန်းထဲမှာတော့ မူချန်တစ်ယောက် ငြိမ်သက်စွာ တင်ပြင်းခွေ ထိုင်နေတယ်။ သူရဲ့ လက်ပုံစံကလည်း ပင်လယ်ဖျံကဲ့သို့ လှုပ်ရှားနေတယ်။ သူရဲ့သိုင်းပညာအဆင့်က ဘုရားစေတီသိုင်းရဲ့ ရိတ်သိမ်းတဲ့ အဆင့်ကို ရောက်ရှိနေပြီး ဖြစ်တယ်။
သူ့ကိုယ်နားက ဝိညာဉ်စွမ်းအားတွေကလည်း အသက်ရှုမှုပေါ် မူတည်ပြီး လှုပ်ရှားကာ လက်ထဲကိုဝင်သွားတယ်။

စွမ်းအားတွေက တစ်စထက်တစ်စ သူ့ကိုယ်ထဲ ဝင်နေချိန်မှာတော့ သူ့ကိုယ်ဟာ အနက်စွမ်းအားတွေနဲ့ ဖုံးလွမ်းနေတယ်။ သူရဲ့ အနက်ရောင်စွမ်းအင်တွေကလည်း ကိုယ်ပေါ်မှာ စီးဆင်းနေတယ်။ သူအခုရောက်ရှိတဲ့ သိုင်းပညာအဆင့်ကတော့အရင်ကထက် ပိုမြင့်လာတယ်။

ဘုရားစေတီဝိဇ္ဇာသိုင်းရဲ့ ရိတ်သိမ်းမှု လမ်းစဉ်တစ်လျှောက် စွမ်းအားတွေဟာ လှည့်လည်နေတယ်။ နောက်ဆုံးတော့ အဲ့ဒီအရာက အနက်ရောင် အဖြစ်ပြောင်းသွားပြီး သူ့ကိုယ်ထဲကို စီးဆင်းနေတယ်။ စွမ်းအားတွေကလည်း တစ်ဖြည်းဖြည်း ပြင်းထန်လာတယ်။

ခုလောလောလတ်လတ်မှာဘဲ မူချန်ရဲ့ စွမ်းအားပိုပြီး မြင်တက်လာတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အခြေခံ အဆင့်တောင် မကျော်နိုင်သေးပါဘူး။ သို့သော်လည်း အဲဒီအဆင့် ပြီးမြောက်ဖို့က သိပ်မကြာတော့ပါဘူး။

***°

Comment

Leave a Reply

Options

not work with dark mode
Reset