Chapter – 23.1 ” ညိုးနွမ်း နယ်မြေကြားက ရွှေရောင်လမ်း ”
°°°
တစ်ခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်ရဲ့ ရွှေရောင်မျက်လုံးတွေက တောက်ပနေခဲ့ပြီ ၀မ်သုန့်ကတော့ အပြာရောင်အတောင်ပံတွေကို လွှင့်ထုတ်ထားခဲ့ပါတယ်။ သူတို့ရဲ့ သိုင်းပညာ၀ိဉာဥ်ကို တစ်ပြိုင်နက်ထဲအသုံးချလိုက်ချိန်မှာတော့ ဆယ်မီတာအတွင်းမှာရှိတဲ့ အရာအားလုံးက အလင်းတန်းတွေနဲ့ ပြည့်နှက်လို့သွားတော့တယ်။ သူ မတူအောင်ထူးခြားတဲ့ အလင်းတန်းက သူတို့ခန္ဓာကိုယ်တွေရဲ့ အပြင်ဘက်ဆီကို လျှံထွက်လာခဲ့ပါပြီ။ ဒီအလင်းတန်းက အတော်ကို ထူးခြားပါတယ်။ ဒါ့အပြင် အားကောင်းကြမ်းတမ်းခဲ့ရုံတင်မက အပြာရောင် ရွှေရောင်နဲ့ ခရမ်းရောင် သုံးရောင်က ဆက်တိုက်ဆိုသလို တစ်လှည့်ဆီပြောင်းလဲလို့နေခဲ့တယ်။ သိပ်သည်းလွန်လှတဲ့ စွမ်းအင်အရှိန်အ၀ါက ထူးခြားတဲ့ ၀ိဉာဥ်စွမ်းအားပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။
၀မ်သုန့်ရဲ့အနောက်ဖက်မှာကတော့ ကြီးမားတဲ့အရိပ်ကြီးတစ်ခု ဖြစ်ပေါ်လို့လာပါတော့တယ်။ ဒါကတော့ ပြီးပြည့်စုံနေတဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပါပဲ။ တခြားတစ်ဖက်မှာကတော့ ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာ ကြီးမားတဲ့မျက်လုံးကြီးတစ်စုံက ဒေါင်လိုက်ပုံစံနဲ့ ရှိနေခဲ့ပါတယ်။ ရွှေရောင်ဖျော့ဖျော့ တောက်ပနေခဲ့တဲ့ အဲ့ဒီမျက်လုံးကြီးထဲမှာ မျက်၀န်းကတော့ ခရမ်းရောင်ပါ။
တခဏတာကြာတဲ့အချိန်မှသာ သူတို့နှစ်ယောက်စလုံးလဲ သတိပြန်၀င်လာကြပါတော့တယ်။ သူတို့ဘေးပတ်လည်မှာရှိရှိသမျှ အရာအားလုံးက အလင်းတန်းတွေအပြည့်နဲ့ ဖုံးလွှမ်းနေတာကိုတော့ မြင်လိုက်ကြရပါပြီ။
ကြီးမားတဲ့အရိပ်ကြီးနှစ်ခုက လေထဲမှာ တဖြည်းဖြည်းချင်းဆီ နီးကပ်လို့လာခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူတို့တွေ စတင် ပြောင်းလဲပါတယ်။ မျက်လုံးကြီးရဲ့အလင်းတန်းက ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်မျက်လုံးကို ကိုယ်စားပြုထားခဲ့ပြီသူ့ရဲ့ ကိုယ်ထည်ကတော့ အပြာရောင်နဲ့ ခရမ်းရောင်နှစ်ခု တောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် ရွှေရောင်အလင်းတန်းကတော့ မကြာခင်မှာ လုံး၀မတည်ရှိတော့ပါဘူး။
၀မ်သုန့်ကိုကိုယ်စားပြုတဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကတော့ ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့ရင်း ဟို့ယွိဟောင်စိတ်၀ိဉာဥ်မျက်လုံး အနားရောက်လာချိန်မှာ ခရမ်းရွှေရောင်မီးလျှံအဖြစ် တောက်ပပြီ လောင်ကျွမ်းသွားပါတော့တယ်။
အဆုံးသတ်မှာတော့ သိုင်းပညာ၀ိဉာဥ်နှစ်ခုစလုံးက တစ်ဖက်နဲ့တစ်ဖက် အရှေ့ကိုတိုးလာခဲ့ကြရင်း ၀မ်သုန့်နဲ့ ဟို့ယွိဟောင်ခေါင်းပေါ်မှာ ထိမိသွားကြပါပြီ။
ချက်ချင်းဆိုသလို သူတို့ရဲ့ ခန္ဓာကိုယ်တွေလဲ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပါတော့တယ်။ အစောပိုင်းတုန်းက ဖန်တီးထားခဲ့တဲ့ ဟောင်သုန့်စွမ်းအားကလဲ သူတို့ရဲ့ ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို အကုန်လုံးစုပ်ယူပြစ်ခဲ့တယ်။
တောက်ပနေတဲ့ လိပ်ပြာနတ်မိမယ်ကတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိဉာဥ်မျက်လုံးအရိပ်ကို ဖြည်းဖြည်းချင်းဆိုသလို ဖက်လိုက်ပါပြီ။ တစ်ချိန်ထဲမှာပဲ နတ်မိမယ်က ပျောက်ကွယ်လို့သွားပေမဲ့ မျက်လုံးကြီးကတော့ အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။
တောက်ပနေတဲ့ အပြာရောင်နဲ့ ရွှေရောင်ရောယှက်နေခဲ့တဲ့မီးလျှံက စိတ်၀ိဉာဥ်မျက်လုံးရဲ့ အရိပ်ထဲကနေ အပြင်ကို ထွက်ပေါ်လို့လာခဲ့ရင်း သူတို့နှစ်ယောက်ကို ကာကွယ်ဖို့ဖြည်းဖြည်းချင် ဆင်းသက်လာခဲ့ပါပြီ။ ကြီးမားတဲ့ စိတ်၀ိဉာဥ်မျက်လုံးကြီးက သေချာကြည့်လိုက်မယ်ဆိုရင် အဆုံးမဲ့တဲ့ လောကကြီးတစ်ခုလုံးကို ကိုယ်စားပြုနေသလိုပါပဲ။တစ်ချိန်ထဲမှာပဲ အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်သုံးရောင်ခြယ်အလင်းတန်းတွေက အပြင်ကို ပြေးထွက်လာပြန်ပါတော့တယ်။
ပုံရိပ်ယောင်လိုတောက်ပနေတဲ့ အလင်းတန်းတွေက မျဥ်းဖြောင့်အတိုင်းအရှေ့ကို ပြေးထွက်လို့သွားခဲ့ပြီ လမ်းမှာရှိရှိသမျှ အရာအားလုံးကို ပျက်သုန်းလို့သွားစေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီပျက်စီးမှုကလဲ ထာ၀ရကြာမြင့်စေမဲ့ပုံပါပဲ။ သုံးရောင်ခြယ်အလင်းတန်း ဖန်တီးလိုက်တဲ့ အရာက လုံး၀ကို မပျောက်ကွယ်သွားခဲ့ပါပြီ။ အဲ့ဒီအစား ဝေ၀ါးပြီတော့သာ ကျန်ရစ်ခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတော့ ဒီမြင်ကွင်းကို မမြင်နိုင်ပဲ ဖြစ်နေခဲ့တယ်။ အလင်းတန်းထုတ်လွှတ်ပြီချိန်မှာပဲ သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟောင်သုန့်စွမ်းအားက လုံး၀ကို ကုန်ဆုံးသွားခဲ့လို့ပါ။ ဒီလိုပြင်းပြင်းထန်ထန် အားနည်းသွားတဲ့ ခံစားချက်က သူတို့နှစ်ယောက်စလုံးကို လှဲကျပြီမေ့မြောသွားစေခဲ့ပါတယ်။
သိုင်းပညာ၀ိဉာဥ်တွေရဲ့ ပေါင်းစည်းမှုက ကြီးမားတဲ့စွမ်းအားတစ်ခုကို လိုအပ်ပါတယ်။ သူတို့တွေ ပထမဆုံးအကြိမ် ကြိုးစားကြည့်တာဖြစ်တာကြောင့် သူတို့ရဲ့ စိတ်ပိုင်ဆိုင်ရာစွမ်းအားရော ၀ိဉာဥ်စွမ်းအားနှစ်ခုစလုံးပါ ကုန်ဆုံးမှုက အရမ်းကို ကြီးမားခဲ့တယ်။ ဒါ့အပြင် အဲ့ဒီလို အခြေအနေမျိုးနဲ့လဲ လိုက်လျောညီထွေးမဖြစ်ခဲ့ဖူးပါဘူး။ ဒါကြောင့် သတိလစ်မေ့မြောသွားတာ အံ့ဩစရာမရှိတဲ့ကိစ္စပါပဲ။
သူတို့တွေ မေ့မြောသွားတာတောင် တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလျက်သား ရှိနေခဲ့တယ်။ ညအချိန်ကတော့ တိတ်တဆိတ်ကုန်ဆုံးလို့ သွားခဲ့ပြီ နေ့အချိန်က ပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။ သူတို့တွေ သတိလစ်မေ့မြောနေတာလား အိပ်ပျော်သွားခဲ့သလားဆိုတာကို မသိခဲ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့် နိုးထလာချိန်မှာတော့ သူတကယ်ကို သေချင်စိတ်ပေါက်နေပါတော့တယ်။ ၀မ်သုန့်အိပ်ယာပေါ်မှာ အရှေ့တစ်ညက အတူတူအိပ်ပျော်သွားခဲ့တာ ကံကောင်းတာကိစ္စပါ။ ဒီနေ့မှာတော့ နှစ်ယောက်စလုံးက ဖုံးတွေသဲတွေ မြူခိုတွေနဲ့ ပြည့်နှက်ပြီ စိုစွတ်ညစ်ပတ်နေပါတော့တယ်။ ဒါ့အပြင် သစ်တောထဲမှာ ဒီအတိုင်းအိပ်ပျော်သွားတာ ဖြစ်နေခဲ့တယ်။ ဒါကိုတစ်ညအတူနေတယ်လို့ သတ်မှတ်လို့ရနိုင်မှာလား။
” ဟို့ယွိဟောင် အခုထတော့ ”
၀မ်သုန့်က ကုန်ရုံပြီထနေရင်း ဟို့ယွိဟောင်ကို အတင်းနိုးနေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ အိပ်ငိုက်နေတဲ့ မျက်လုံးတွေနဲ့ နိုးလာခဲ့ပါပြီ။ အတော်လေး နေရောင်တောက်ပနေတာကို မြင်လိုက်ချိန်မှာတော့ သူလဲ မျက်လုံးအပြူးသားနဲ့ မြန်မြန်ထရပ်ပါတော့တယ်။ ဒါပေမယ့် သူမြင်လိုက်ရတဲ့အရာကတော့ သူ့ကို ရိုက်သတ်ပြစ်ချင်တဲ့ ပုံစံနဲ့ရပ်နေတဲ့ ၀မ်သုန့်ပါပဲ။ အံကြိတ်ရင်း ၀မ်သုန့်က သူ့ကိုမေးလာခဲ့ပါတယ်။
” ငါတို့တွေ အိပ်မပျော်သွားဘူးလို့ မင်းပဲပြောခဲ့တယ်မဟုတ်လား ”
” ငါပြောခဲ့မိလ်ို့လား ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” မင်းကိုတော့ ငါရိုက်သတ်မိတော့မယ် ”
၀မ်သုန့်က ရုတ်တရက်ဆိုသလို ခုန်၀င်လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို သူဆက်တိုက်ဆိုသလို ရိုက်ပုတ်တယ်။
ဟို့ယွိဟောင်ကတော့ သူ့လက်တွေကို မြန်မြန်ဖမ်းလိုက်ရင်းဘေးကနေရာကို လှမ်းကြည့်နေခဲ့ပါတယ်။
” ကြည့်ဦး “‘
” ငါဘာကိုကြည့်ရမှာလဲ ”
သူပြောပြီချိန်မှာပဲ ၀မ်သုန့်က ဟို့ယွိဟောင်ကြည့်နေတဲ့ နေရာဘက်ကိုလှမ်းကြည့်လိုက်မိပါတယ်။ သူလဲ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။ လန့်စရာကောင်းလောက်အောင်ပဲ သူတို့နဲ့ သိပ်ပြီမကွာဝေးတဲ့နေရာမှာ ထူးဆန်းတဲ့ ချောက်နက်ကြီးတစ်ခုရှိနေတာကို မြင်လိုက်ရပါတယ်။ အဲ့ဒီအက်ကွဲကြောင်း ချောက်နက်ကြီးက ၁•၅ မီတာကျော်ကျယ်ပြီ သုံးဆယ်စင်မီတာလောက် နက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အရှေ့ဆက်တိုက်မှာလဲ အဲ့ဒီလိုချောက်မျိုး ငါးဆယ်ထက်မက ရှိနေခဲ့ပြီ စုစုပေါင်း မီတာခြောက်ဆယ်ကျော်အထိ ရောက်မှသာ ရပ်တန့်သွားခဲ့တာပါ။
အကယ်၍ ဒါသာ သာမန်ချောက်ဖြစ်မယ်ဆိုရင် သူတို့တွေ အံ့ဩနေမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ၀ိဉာဥ်စွမ်းအားတွေအားလုံးကို ကုန်ဆုံးစေပြီ သတိပါလစ်သွားစေခဲ့တဲ့ စွမ်းရည်ကနေ ဒီချောက်နက်ထွက်လာတာကြောင့်သာ သူတို့တွေ အံ့ဩနေခဲ့ကြတာပါ။
ဒါ့အပြင် ပိုပြီး ကြောက်စရာကောင်းတဲ့ အရာကတော့ အဲ့ဒီချောက်နက်ထဲမှာ ရှိတဲ့မြေကြီးတွေပေါ်မှာ ရွှေရောင်အလင်းတန်းက တောက်ပနေခဲ့တာပါပဲ။ ဒီရွှေရောင်အလင်းတန်းက ဟို့ယွိဟောင် စိတ်၀ိဉာဥ်မျက်လုံးကို သုံးစွဲတဲ့အချိန်တိုင်း ဖြစ်ပေါ်လာတဲ့အလင်းရောင်နဲ့ တစ်ထပ်ထဲ ကျနေခဲ့ပါတယ်။
ဒါက မြေကြီးကြီးသက်သက်မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချောက်နက်ကြီးရဲ့လမ်းမှာ ရှိနေတဲ့ သစ်ပင်တွေမှာလဲ တူညီတဲ့အပေါက်ကလေးတွေ ရှိနေခဲ့ပြီ အဲ့ဒီအပေါက်တွေမှာလဲ ရွှေရောင်အလင်းတန်းတောက်ပနေခဲ့လို့ပါ။ ပြောရမယ်ဆိုရင် ချောက်နက်ကြီးရဲ့ဘေးမှာရှိနေတဲ့ အပင်တွေအားလုံးကလဲ ရွှေရောင်အလင်းတန်းတွေ ဖုံးလွှမ်းတာကို ခံနေရပါတယ်။
နေမင်းရဲ့ အလင်းတန်းအောက်မှာ တောက်ပတဲ့ရွှေရောင်အလင်းတန်းကတော့ ရွှေရောင်လမ်းတစ်စင်းလိုမျိုး ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့အရှေ့မှာ ရှိနေခဲ့ပါတော့တယ်။ သူတို့တွေ ဘယ်လိုလုပ်မလန့်ပဲ နေနိုင်မှာလဲ။
“‘ဒါက မင်းရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကနေ ဖန်တီးလိုက်တာလား ”
ဟို့ယွိဟောင် မေးလာခဲ့ပါတယ်။
၀မ်သုန့်က လက်ရှိအချိန်မှာ ခေါင်းခါလိုက်မိပါတယ်။
” သေချာပေါက် မဟုတ်နိုင်ဘူး ငါ့ရဲ့ သိုင်းပညာ၀ိဉာဥ်က ရွှေရောင်ဖြစ်ပေမဲ့ ဒီလိုရွှေရောင်မျိူးမဟုတ်ဘူး…ရွှေရောင်တောက်တောက် ဒါမှမဟုတ်ရင် အပြာရောင်နဲ့ရွှေရောင်ရောထားတဲ့ တစ်ခုခုဖြစ်နေမှာ ဒီလောက်အထိ ဖျော့တော့တဲ့ရွှေရောင်မျိုးကို ငါမမြင်ဖူးဘူး ကြည့်ရတာ အဲ့ဒါက မင်းရဲ့ စိတ်၀ိဉာဥ်မျက်လုံးအရောင် ဖြစ်လိမ့်မယ်…တစ်ပုံစံထဲတူတယ် ”
ဟို့ယွိဟောင် သူ့ရဲ့ ပေါင်ကိုသူပြန်ရိုက်လိုက်ပြီ ပြောလာခဲ့ပါတယ်။
” မြန်မြန် ငါတို့သေချာသွားပြီ ကြည့်ရအောင် ”
” ကောင်းပြီလေ ”
ဒီတစ်ကြိမ်မှာ ၀မ်သုန့်ကလဲ ရွှေရောင်လမ်းကိုကြည့်ပြီ အံ့ဩနေခဲ့တာကြောင့် ဟို့ယွိဟောင်က သူ့တင်ပါးကို ရိုက်လုမတတ်ဖြစ်သွားတာ သတိမထားမိလိုက်ပါဘူး။ ထပြီတဲ့နောက် ဟို့ယွိဟောင်က ချက်ချင်းဆိုသလို အရှေ့ကို ပြေးထွက်သွားပါတော့တယ်။ သူတို့နှစ်ယောက်လဲ မကြာခင်အချိန်မှာ စောင့်ကြောက်ထိုင်ပြီ အနီးကပ်ကြည့်ကြပါတော့တယ်။
၀မ်သုန့်က ရွှေရောင်အလင်းတန်းကို ထိတွေ့တော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်က သူ့လက်ကို ဆွဲလိုက်ပါတယ်။
” ဒါက ငါ့ရဲ့စိတ်၀ိဉာဥ်မျက်လုံးနဲ့ အရောင်တူတယ်လို့ မင်းပြောတယ်မလား ဒီတော့ ငါလုပ်ကြည့်သင့်တယ် ”
သူပြောပြီတဲ့နောက် ရွှေရောင်မျက်နှာပြင်ကို လက်နဲ့ထိကြည့်လိုက်ပါတော့တယ်။
အပိုင်း ၂၃•၁ ပြီး၏။