Chapter – 9 ” မူယွမ် ”
ရစ်ပတ်နွယ်မြို့တော်ဟာ ရစ်ပတ်နွယ်ကျောင်းတော်ကြောင့် ဖြစ်ပေါ်လာတဲ့ မြို့ တစ်မြို့ ဖြစ်တယ်။ မြို့တော်ရဲ့ တည်ဆောက်ပုံအားလုံးဟာလည်း ကျောင်းတော်ကဘဲ အခြေခံကျကျ တည်ဆောက်ပေးထားတာဖြစ်တယ်။ ရစ်ပတ်နွယ်နိုင်ငံတော်မှာ ကျောင်းတော်က ကြားနေဝါဒ အနေနဲ့ နေခဲ့တာကြောင့် မြို့တော်ကလည်း တစ်ခြားအရာတွေ ပါဝင်ပတ်သက်မှု မရှိဘဲ လူပေါင်းစုံနဲ့ စည်ကားသိုက်မြိုက်စွာ တည်ရှိနေတယ်။
တစ်ခြားမြေပိုင်ရှင်တွေရဲ့ မြို့တော်တွေနဲ့ နှိုင်းယှဉ်ရင် ရစ်ပတ်နွယ် မြို့တော်ဟာ အစည်ကားဆုံးနဲ့ လူသူရှုပ်ယှက်ခပ်မှု အများဆုံး မြို့တော်ဖြစ်တယ်။
ရစ်ပတ်နွယ်ကျောင်းတော်ကြောင့် မွေးဖွားပေါ်ပေါက်လာတဲ့ ရစ်ပတ်နွယ်မြို့တော်ဟာ ကောင်းကင်လို ဘဲ သဘာဝကျကျလှပ လွန်းတဲ့ အတွက် ကျောင်းသားတွေရဲ့ စံပျော်ရာ နေရာ ဖြစ်သလို အကောင်းဆုံး ကျောင်းတစ်ခုလည်း တည်ရှိနေတာကြောင့် ဖြစ်တယ်။
ကျောင်းသူ ကျောင်းသားတွေက နောက်ခံ အမျိုးမျိုး ။ ပုံစံ အမျိုးမျိုး နဲ့ ရှိနေကြတယ်။ တစ်ချို့သောသူတွေ ဆင်းရဲ ပြီးတော့ တစ်ချို့သောသူတွေက မြေပိုင်ရှင်တွေရဲ့ သားသမီးတွေဖြစ်တယ်။ အကယ်၍သာ တစ်ယောက်ယောက် အဲ့ဒီကျောင်းသားတွေကို ရန်ရှာရင်တော့ သေချာတာတစ်ခုကတော့ အဲ့ဒီလူက ဒုက္ခလှလှကြီး တွေ့မှာဘဲ။
**********************************
မူချန်က မြင်းလှည်းပေါ်ကနေဆင်းလာတဲ့ အခါမှာ ရှုပ်ယှက်ခတ်ပြီး ဆူညံ့နေတဲ့ မြို့ရဲ့ မြင်ကွင်းကို တွေ့လိုက်တယ်။ လှည်းယဉ်ကို စီးလာခဲ့တာကြောင့် ခေါင်းတွေမူးနောက်နေလို့ သူ့ခေါင်းကို သူပွတ်လိုက်တယ်။ ပြီးတော့ နောက်မှာကျန်ခဲ့တဲ့ မြင်းလှည်းကို တစ်ချက်လှည့်ကြည့်ပြီး ရှေ့ဆက်လျှောက်လိုက်တယ်။
” ဒီမြင်းလှည်းက တော်တော် ဒုက္ခပေးတာဘဲ။ ”
မူချန်ကပြောပြီး မြင်းလှည်းကနေ ခပ်ဝေးဝေး လမ်းလျှောက်သွားပြီး ဆူညံပြီး ရှုပ်ယှက်ခပ်နေတဲ့ လူစုကို ကျော်ဖြတ်လိုက်တယ်။ ရစ်ပတ်နွယ်မြို့တော်ရဲ့ အလယ်လောက်မှာရှိတဲ့ ကျောင်းတော်ဆီကို ခပ်သွက်သွက် လမ်းလျှောက်သွားလိုက်တယ်။
မြို့တော်လမ်းရဲ့ ဘေးနှစ်ဘက်စလုံးမှာတော့ ဆိုင်ခန်းတွေ မြောက်မြားစွာရှိတယ်။ ပျံကျစျေးသည် တွေကလည်း အော်ဟစ်ကာ စျေးရောင်းနေကြတယ်။ စည်းကားသိုက်မြိုက်နေသော်လည်း မူချန်ခင်များမှာ ဆူညံလွန်းတဲ့ အဲ့ဒီနေရာကို တစ်စက်ကလေးမှတောင် နေချင်စိတ်မရှိတော့ပါဘူး။ ဒါကြောင့်မို့လို့ဘဲ ခပ်မြန်မြန်နဲ့ လမ်းဆက်လျှောက်လိုက်တယ်။
လမ်းထောင့်လေး နှစ်ခါ လောက် ဖြတ်ပြီးချိန်မှာတော့ ခမ်းနားထည်ဝါစွာတည်ရှိနေတဲ့ ရစ်ပတ်နွယ်ကျောင်းတော်ကို မြို့ထဲကနေ အတိုင်းသားမြင်တွေ့နေရတယ်။
***** ကျောင်းတော် အဝင်ဝ *****
ယောင်္ကျားပျို တွေ မိန်းမပျို တွေ စုဝေးနေကြပြီး လှုပ်ရှား တက်ကြွစွာနဲ့ ရယ်မောနေတဲ့ အသံကို ကြားနေရတယ်။ ပတ်ပတ်လည်မှာရှိနေတဲ့ လူတွေက မူချန်ကို စိုက်ကြည့်နေကြတယ်။ မိန်းမပျိုလေး နှစ်ယောက်ကလည်း ခပ်ရှက်ရှက်နဲ့ မူချန်ကို ချောင်းကြည့်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရစ်ပတ်နွယ်ကျောင်းတော်မှာ မူချန်က တော်တော်ကို နာမည်ကြီးတဲ့ ဆယ်လီတစ်ယောက်မို့လို့ ဖြစ်တယ်။
သူတို့တွေက ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရသွားတဲ့ မူချန်ကို စိုးရိမ်သောအကြည့်နဲ့ ကြည့်နေကြတယ်။ မူချန်က ဘာကြောင့် ပြိုင်ပွဲ အတွင်းမှာ နှင်ထုတ်ခံရမယ် ဆိုတာ သူတို့ မသိသော်လည်းဘဲ သိုင်းပြိုင်ပွဲမှာ ပါဝင်ခွင့်ရှိပြီး ဆိုကတည်းက သူက ခေသူတစ်ယောက်မဟုတ်ဘူးဆိုတာကိုတော့ သူတို့သိထားကြတယ်။
မူချန်က သူ့ကို စိုက်ကြည့်နေကြတဲ့ အကြည့်တွေကို ဂရုမစိုက်ဘဲ သူတို့ကို ပြုံး ပြလိုက်တယ်။ သိမ်မွေ့ပြီး တောက်ပတဲ့ အပြုံ းနဲ့ မျက်လုံးတွေက ညနေဆည်းဆာအလား ဆွဲဆောင်မှုရှိနေတယ်။ မူချန်က တစ်ခြားသက်တူရွယ်တူတွေနဲ့ ကွဲပြားခြားနားတာက သူ့မှာ ပြိုင်ဘက်ကင်းပြီး အလွန်ကောင်းတဲ့ စိတ်နေစိတ်ထားရှိလို့ပါပဲ။ အဲ့ဒီစိတ်နေစိတ်ထားကြောင့်ဘဲ မိန်းမပျိုလေးတွေက သူ့အနား ချည်းကပ်ချင်ကြတယ်။
လမ်းရှေ့ တစ်နေရာမှာတော့ ကျောင်းသားထုတွေက ရုတ်ရုတ်သဲသဲဖြစ်နေကြတယ်။ တစ်ချို့လူတွေက စိုးရိမ်တစ်ကြီးနဲ့ ပတ်ပတ်လည်ကို လိုက်ကြည့်နေတယ်။ တစ်အောက်အကြာမှာတော့ အလွန်အံ့သြစရာကောင်းတဲ့အမူအရာ သူတို့ရဲ့ မျက်နှာပေါ်က ပေါ်လွင်လာတယ်။
” အစ္ကို မူ ”
မြောက်မြားစွာသောကျောင်းသားတွေရဲ့ ပါးစပ်ကနေ တစ်ပြိုင်တည်း အံ့သြစွာထွက်လာတယ်။
” ‘ လောင်ဒေါင် ‘ မင်းတို့ဘာလုပ်နေကြတာလဲ။ ”
မူချန်က စိတ်ရှုပ်ထွေးနေတဲ့ သူ့ရဲ့ မိတ်ဆွေရင်း တစ်ချို့ကို မေးလိုက်တယ်။ သူတို့တွေက မူချန်လိုဘဲ ကျောင်းလာပြီး အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်။
” အစ္ကို မူ ”
” မြန်မြန်လာပြီး စုလင်းကို ကူညီအုံး။ ”
” သူ့ကို မူယွမ် ရိုက်လိုက်တာ။ ”
လောင်ဒေါင် က ခပ်မြန်မြန်ပြောလိုက်တယ်။
” မူယွမ် ”
အဲ့ဒီနာမည်ကြားလိုက်ချိန်မှာတော့ ဘေးနားက လူတွေက တုန်လှုပ်သွားတယ်။ မူယွမ်က ရစ်ပတ်နွယ်ကျောင်းတော် မြေပြန့် အဖွဲ့ရဲ့ နံပါတ် ၂ ဖြစ်တယ်။ သူ့မှာ မာနာထောင်းလွှားပြီး အမြဲတမ်းရန်ရှာတတ်တဲ့ နောက်လိုက်တွေပါ ရှိတယ်။
” ဘာလို့ သူတို့က စုလင်းကို ထိုး လိုက်ရတာလဲ။ ”
မူချန်က မျက်မှောင့်ကြုပ်ပြီး မေးလိုက်တယ်။ တကယ်တော့ စုလင်းဟာ မူချန်ရဲ့ အချစ်ဆုံး အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်တယ်။
” ပြီးခဲ့တဲ့ အချိန်အနည်းငယ်တုန်းက မူယွမ်က အစ်ကို မူက ပြိုင်ပွဲမှာ ရှုံးလိမ့်မယ်လို့ ပေါက်ကရတွေ ပြောလာတယ်။ ”
” စုလင်း ကလည်း သည်းညည်းမခံနိုင်တော့တာနဲ့ သူ့ကို ပြန်ပြောလိုက်မိတယ်။ ”
” ဒါနဲ့ဘဲ မူယွမ်က စုလင်းကို တိုက်ခိုက်လိုက်တာ။ ”
” အဲ့ဒီ အနောက်ဘရန့်အဖွဲ့က ငါတို့ကို ဒုက္ခပေးတာ တစ်ကယ်ကို များလွန်းပြီး။ ”
လောင်ဒေါင်က ခါးသီးတဲ့ မျက်နှာပုံစံနဲ့ ပြောလိုက်တယ်။
မူချန် က နှုတ်ခမ်းတွန့်လိုက်တယ်။ အဲ့ဒီပုံစံက လောင်ဒေါင်နဲ့ တစ်ခြားလူတွေကို အံ့အားသင့်စေတယ်။ အနှစ်နှစ်အလလ ခင်မင်လာခဲ့ကြတဲ့ မူချန်တစ်ယောက် ဒီလို မျိုး အရမ်း စိတ်ဆိုးတဲ့ ပုံစံကို တစ်ခါမှ မမြင်ဘူးလို့ဘဲ ဖြစ်တယ်။
” ငါ့ကို သူ့ဆီခေါ်သွား။ ”
မူချန်က ရုတ်တရက်ပြောလိုက်တယ်။
လောင်ဒေါင်နဲ့ တစ်ခြားသူတွေက အံ့သြမှင်သက်သွားတယ်။ ပြီးနောက် မြန်မြန်လေး ပြောလိုက်တယ်။
” အစ္ကို မူ ”
” ငါတို့ ဆရာကို အရင်ရှာသင့်တယ် ထင်တယ်။ ”
” မူယွမ်ရဲ့ ဘေးမှာ လူတွေ အများကြီးရှိတယ်။ ”
” အစ်ကိုမူ ကို ရှုံးသွားတဲ့ ရွဲဒေါင်ရယ် မြေပြန့်အဖွဲ့ နံပါတ် ၆ ရှောင်ခုံလည်း သူ့အနားမှာရှိတယ်။ ”
” ဘာမှမဖြစ်ဘူး။ ”
” ငါ့ကို သာ သူ့ဆီခေါ်သွား။ ”
မူချန်က ပြုံး ပြီး လောင်ဒေါင်ရဲ့ ပုခုံးကို ပုတ်ကာ ပြောလိုက်တယ်။
မူချန်ရဲ့ အပြုံး ကို မြင်လိုက်တဲ့ လောင်ဒေါင်နဲ့ တစ်ခြားသူတွေက နားမလည်နိုင်စွာနဲ့ အချင်းချင်း ပြန်ကြည့်ကြတဟ်။ တစ်ခဏ အကြာမှာတော့ သူတို့က နှုတ်ခမ်းကို တင်တင်းစိပြီး ခေါင်းညိတ်လိုက်တယ်။ လောင်ဒေါင်တို့ရဲ့ စိတ်ထဲမှာတော့ ငါတို့အရှေ့ဘရန့်အဖွဲ့က လူပျော့လူညံ့တွေ မဟုတ်ဘူးဆိုတာ သူတို့ သိစေရမယ်။
ဘေးနားကလူတွေက ဦ ဆောင်ပြီး မူချန်ကို ခေါ်သွားတယ်။ အနည်းငယ်သော လူတွေသာ ဒေါသတကြီးနဲ့ ထွက်သွားတဲ့ မူချန်တို့ အဖွဲ့ကို ကြောင်ပြီး ကြည့်နေကြတယ်။ သတိပြန်ဝင်လာတာနဲ့ ချက်ချင်းဘဲ မူချန်တို့နောက်ကို ပြေးလိုက်သွားကြတယ်။
မူချန်က သွားရင်းနဲ့ ဘဲ တစ်ခုခုကို ချင့်ချိန်စဉ်းစားနေတယ်။ အနောက်ဘရန့်အဖွဲ့ရဲ့ နာမည်ကြီး ဆယ်ယောက်ထဲမှာပါဝင်တဲ့ ခပ်ဆိုးဆိုး လူသုံးယောက်ကို ဘယ်လို တိုက်ခိုက်ရင် ကောင်းမလဲဆိုတာ စဉ်းစားတွေးတောနေတယ်။ ဒီပွဲက တကယ်ဘဲ ပွဲကြီးပွဲကောင်းဖြသ်လိမ့်မယ်။
အိုး – – – – – –
” အရှေ့ဘရန့်က လူတွေက ယုံကြည်မှု အပြည့်နဲ့ လာနေကြပါလား။ ”
” ဘယ်လိုမျိုး လူက ငါ့ကို ရန်စရဲအောင် တွန်းအားပေးလိုက်တာလဲ မသိဘူး။ ”
” သူတို့ကို တွန်းအားပေးလိုက်တဲ့ သူကို တွေ့ချင်လိုက်တာ။ ”
အမဲရောင်ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်က မြေပေါ်လာရပ်နေတဲ့ လူဆယ်ယောက်ကျော်ကျော်ကို လှောင်ပြောင် ပြောလိုက်တယ်။ အဲ့ဒီ အဖွဲ့ကို ဦးဆောင်လာသူကတော့ စုလင်းဖြစ်တယ်။ စုလင်းက အနက်ရောင်ဝတ်ဆင်ထားတဲ့ လူကို အံကြိတ်ပြီး စိုက်ကြည့်နေတယ်။
အနက်ရောင်လူငယ်လေးရဲ့ နောက်မှာတော့ သက်တူရွယ်တူ ကောင်းလေးနှစ်ယောက်လည်း ပါလာတယ်။ သူတို့ နှစ်ယောက်ကလည်း လှောင်ပြောင်တဲ့ အကြည့်နဲ့ စုလင်းတို့ရဲ့ အဖွဲ့ကို စိုက်ကြည့်နေတယ်။ စုလင်းရဲ့ ဘေးနားမှာ တစ်ခြားသူတွေရှိသော်လည်း သူတို့က ဟိုလူ သုံးယောက်ကို ရန်မစရဲ စကားမပြောရဲ ကြဘူး။
မူယွမ်က ပြောင်ချောချော ဖြစ်နေတဲ့ မျက်နှာကို ပြင်လိုက်တယ်။
” အစ်ကို မူ ဒီမှာ မရှိတာ မင်းတို့တွေ တော်တော်ကံကောင်းသွားတယ်။ ”
” ဒါပေမယ့် မကြာခင်မှာဘဲ မင်းရဲ့ နံပါတ် ၂ ရာထူးက ပျောက်သွားတော့မှာဘဲ။ ”
စုလင်းက စိတ်တိုတို နဲ့ပြောလိုက်တယ်။
” မူချန် ”
အဲ့ဒီနာမည်ကြားလိုက်တာနဲ့ မူယွမ်က မျက်ခုံးလှုပ်သွားတယ်။ သူ့နောက်မှာ ရပ်နေတဲ့ ကောင်လေးကလည်း ကြက်သီးထသွားတယ်။ သူကတော့ မူချန်ကို ရှုံးနှိပ့်သွားတဲ့ ရွဲဒေါင်းဖြစ်တယ်။
” မူချန်က အရမ်းတော်တယ်ဆိုတာ ငါသိတယ်။ ”
” ဒါပေမယ့်လည်း မနက်ဖြန် ပြိုင်မဲ့ အရှေ့ဘရန့် အဖွဲ့နဲ့ အနောက်ဘရန့် အဖွဲတွေရဲ့ ဝိညာဉ်လမ်းစဉ် ကို ကြည့်ဖို့ငါမစောင့်နိုင်တော့ဘူး။ ”
မူယွမ်က ပြုံး ပြီးပြောလိုက်တယ်။
” ရစ်ပတ်နွယ်ကျောင်းတော်မှာတော့ ငါတို့အနောက်ဘရန့် ကတော့ အာဏာအရှိဆုံးဘဲ။ ”
” ငါတကယ်ဘဲ ဒီအရှေ့ဘရန့်အဖွဲ့တွေ ရှုံးတာကို အရမ်းမြင်ချင်လာပြီး။ ”
ရွဲဒေါင်က လှောင်ပြီးပြောလိုက်တယ်။
” နဂိုတုန်းကတော့ မင်းတို့လို အသုံးမကျတဲ့ အရှေ့ဘရန့်အဖွဲ့ကို ငါက သနားညာတာသော်အားဖြင့် ကူညီဦ ဆောင်မလို့ပါဘဲ။ ”
” ခုတော့ စိတ်ထဲကို မထားချင်တော့တာ။ ”
မူယွမ်က လှောင်ပြောင်ပြီး ပြောလိုက်တယ်။
စုလင်းနဲ့ သူအဖော်တွေ က ဒေါကြီးမောကြီးနဲ့ စိုက်ကြည့်နေကြတယ်။
စကားကို မရပ်ဘဲ ဆက်ပြောနေတဲ့ မူယွမ်ကို စုလင်းနဲ့ သူ့အဖွဲ့သားတွေက ဒေါသပိုကြီးလာတယ်။ ရုတ်တရက် စုလင် က ထပ်ပြီးအော်ပြောလိုက်တယ်။
” သူတို့ကို တိုက်ခိုက်ကြစို့။ ”
” တိုက် ”
” ဒီကောင်တွေသတ္တိရှိတုန်းပါလား။ ”
” ဒီလောက်လူအုပ်လေးနဲ့ ငါတို့ကို မတိုက်ခိုက်နိုင်ဘဲ ရှုံးသွားမှာ ကို မသိဘူးထင်တယ်။ ”
စုလင်းတို့ အဖွဲ့သားတွေက အံကြိတ်ကာ ဒေါသထွက်နေကြတယ်။ သူတို့ကို တိုက်ခိုက်နိုင်အောင်လို့ စုလင်းတို့ အဖွဲ့က အဆင်သင့်အနေအထား နဲ့ နေကြတယ်။
” သိုင်းပညာ အလယ်အဆင့်တောင် မရောက်သေးတဲ့ သူတွေက ငါတို့ကို တိုက်ခိုက်ချင်တယ်ပေါ့။ ”
” သတ္တိ တယ်ကောင်းလှကြီးလား။ ”
မူယွမ်က လှောင်ပြောင်ပြောပြီး သူလက်ထဲကနေ စွမ်းအားကို ထုတ်လိုက်တယ်။
” ဘန်း ”
မူယွမ်က မြေပေါ်ကို ခြေတစ်ချက်ထောင့်ပြီး မြှားတစ်စင်းလို တဟုန်ထိုး ခုန်ပျံလိုက်တယ်။ အရှေ့ကို ခုန်ပျံလိုက်ပြီး စုလင်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။
စုလင်းက အရှိန်အဟုန်ပြင်းပြင်းနဲ့ လာနေတဲ့ မူယွမ်ရဲ့ လက်သီးကို ကြည့်ပြီး ကြောင်အန်းအန်း ဖြစ်ကာ လှုပ်ရှားဖို့မေ့သွားတယ်။ လက်သီးဟာ တစ်ဖြည်းဖြည်းနဲ့ သူ့မျက်နှာနဲ့ ပို ပိုပြီး နီးကပ်လာတာကိုဘဲ ကြောင်တောင်တောင်နဲ့ ဆက်ကြည့်နေလိုက်တယ်။ သူကမျက်လုံးကို မှိတ်ပြီး တွေးထားလိုက်တယ်။
” ငါတော့ အိပ်ယာထဲမှာ အချိန်တော်တော်ကြာ လဲနေရတော့မယ် ထင်တယ်။ ”
” အန် ”
စုလင်းက သူ့မျက်လုံးကို မိတ်လိုက်ချိန်မှာတော့ အသံတစ်ခုကို ကြားလိုက်တယ်။ ပြီး တော မူယွမ်ရဲ့ လက်သီးနဲ့ အတူ ပါလာတဲ့ လေတွေက သူ့မျက်နှာပေါ် အရှိန်အဟုန်နဲ့ ရိုက်ခတ်လာတယ်။ ဒါပေမယ့် သူဘာနာကျင်မှုကို မခံစားရဘူး။
စုလင်း က မျက်လုံးကို တစ်ဖြည်းဖြည်းဖွင့်လိုက်တယ်။ သူ့နောက်ဘက်က ဖြူ ဖွေးနေတဲ့ လက်တစ်ဖက်က မူယွမ်ရဲ့ လက်သီးကို ဟန့်တားလိုက်တယ်။
စုလင်းက အနောက်ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူမျှော်လင့်ထားတဲ့ သူကို တွေ့လိုက်ချိန်မှာတော့ ပျော်ရွှင်သွားတယ်။
” အစ္ကိုမူ ”
စုလင်းက ဝမ်းပန်းတသာနဲ့ အော်ခေါ်လိုက်တယ်။
” မင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။ ”
” အနည်းဆုံးတော့ ငါတို့ အရှေ့ဘရန့်အဖွဲ့ရဲ့ သိက္ခာကို ကာကွယ်နိုင်ခဲ့တယ်။ ”
မူချန်က စုလင်းကို ပြုံး ပြီး ပြောလိုက်တယ်။
ပြီးနောက်မှာတော့ အမူအယာ ပြောင်းလဲသွားတဲ့ မူယွမ်နဲ့ သူ့လူတွေကို ပြောလိုက်တယ်။
” သူတို့ကို တွန်းအားပေးလိုက်တာ ငါဘဲ။ ”
” ပြဿနာရှိလို့လား။ ”
****°