Chapter – 8 ” ဝိညာဉ်စွမ်းအား အရှိန်အဟုန် ”
ခြံဝင်းအတွင်းမှာတော့ မူချန်ဟာ ကိုယ်ခန္ဓာကို ဖြောင့်ပြီး မှတ်တပ်ရပ်နေတယ်။ ပြီးနောက်မှာတော့ သူ့ရဲ့လက်ဖဝါး ကို အနည်းငယ်ကွေးလိုက်တယ်။ မှိန့်တုတ် မှိန့်တုတ် ဖြစ်နေတဲ့ အနက်ရောင်စွမ်းအင်တွေဟာ သူ့ရဲ့လက်ဖဝါးပေါ်မှာ စုစည်းလာတယ်။
မူချန်ဟာ သူ့လက်ဖဝါးပေါ်မှာ စွမ်းအင်တစ်ချို့ ရလာတာကို ခံစားမိလိုက်တယ်။ စွမ်းအင်တွေဟာ တစ်ဖြည်းဖြည်းနဲ့ ညင်သာလာပြီး တည်ငြိမ်လာတာကို သူနောက်ထပ်ခံစားမိတယ်။ တစ်ခဏအကြာမှာတော့ သူ့ရဲ့မျက်လုံးတွေဟာ အေးခဲနေတဲ့ ရေခဲပုံစံဖြစ်ပေါ်လာတယ်။ အနက်ရောင်စွမ်းအင်တွေကလည်း ရုတ်တရက် သူ့လက်ဖဝါးပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားလာတယ်။
စွမ်းအားတွေရဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုက ဘာနဲ့တူသလဲဆိုတော့ ပူခြစ်တောက်နေတဲ့ ဒယ်အိုးတစ်လုံးပေါ်မှာ ရေစက်လေးတွေ ကျနေသလိုပါဘဲ။
ပြင်းထန်စွာ လှုပ်ရှား နေချိန်အတွင်းမှာဘဲ ဝိညာဉ်စွမ်းအားတွေဟာ မတည်မငြိမ်နဲ့ လျင်မြန်စွာ တိုးလာတယ်။ မူချန်ရဲ့ လက်ဖဝါးဟာ အနည်းငယ်တုန်ခါလာတယ်။ ဝိညာဉ်စွမ်းအားတွေဟာ အချိန်တိုတိုနဲ့ခပ်မြန်မြန်လေး တိုးလာတာကို သတိပြုမိလိုက်တယ်။
— အဆင့် ၃ —– အဆင့် ၅ —–အဆင့် ၈——
စွမ်းအင်တွေဟာ အဆင့် ၉ အထိရောက်သွားတဲ့ အခါမှာတော့ သူ့လက်ဖဝါးရဲ့ တုန်ခါမှုဟာ ပိုမိုပြင်းထန်လာတယ်။ ဝိညာဉ်စွမ်းအားတွေ ပိုမိုပြင်ထန်လာတယ် ဆိုကတည်းက စွမ်းအားတွေဟာ မူချန်ရဲ့ ထိန်းချုပ်မှုအောက်မှ မရှိတော့ဘူး လို့ ဆိုလိုတာနဲ့ တူပါတယ်။
” အဆင့် ၉ အထိဘဲ ရောက်သေးတယ်။ ”
” ဒီလောက်နဲ့ တော့ ငါ့အတွက် မလုံလောက်သေးဘူး။ ”
မူချန်က သူ့ရဲ့ မျက်ခုံးကို တွန့်လိမ်ပြီး မျက်မှောင့်ကြုပ်ကာ ရေရွတ်လိုက်တယ်။
မူချန်က အနက်ရောင်ဝိညာဉ်သိုင်းကျမ်းရဲ့ စွမ်းအားတွေဟာ နွားရိုင်းရဲ့ အားထက် ပိုသန်မာနေတယ်လို့ခံစားမိလိုက်တယ်။
*********************************
*** အဆင့် ၁၃ ***
အနက်ရောင်စွမ်းအားတွေဟာ မူချန်ရဲ့ လက်ဖဝါးပေါ်မှာ ဖုံးအုပ်သွားတယ်။ သူက တည်ငြိမ်စွာနဲ့ သူ့လက်ဖဝါးကို ကြည့်နေလိုက်တယ်။ တစ်ခဏအကြာမှာတော့ မူချန်ဟာ သူရဲ့ လက်ဖဝါးကို လျင်မြန်စွာကွေးလိုက်ပြီး ရှေ့က ရှိတဲ့ ကျောက်တုံးဆီကို အရှိန်အဟုန်ပြင်းတဲ့ လက်ဖဝါးအားနဲ့တွန်းထုတ်လိုက်တယ်။
သူတွန်းထုတ်လိုက်တဲ့ ကျောက်တုံးကြီးရဲ့ နေရာမှာတော့ အက်ကြောင်းလေးတွေ ပေါ်လာတယ်။ မူချန်ဟာ သူ့လက်ကို ရုတ်သိမ်းလိုက်ပြီး ကျောက်တုံးကြီး အက်ကြောင်းရာတွေကို စိုက်ကြည့်နေလိုက်တယ်။
ပြီးနောက်မှာတော့ သူ ရေရွတ်လိုက်တယ်။
” အဆင့် ၁၃ ”
မူချန်ဟာ ခေါင်တစ်ညိတ်ညိတ်နဲ့ ဘုရားစေတီသိုင်းကျမ်းကို စိုက်ကြည့်နေလိုက်တယ်။ သူက ဘုရားစေတီသိုင်းကျမ်းရဲ့ အခြေခံ အဆင့် ၁၃ ကို ရောက်ရှိနေပါပြီး။ ဒီအဆင့်နဲ့တင် သိုင်းကျမ်းဟာ ဘယ်လောက်အစွမ်းထက်တယ် ဆိုတာသိလောက်ပြီးပေါ့။
ဘုရားစေတီသိုင်းကျမ်းကို အကြမ်းအားဖြင့်ဆိုရရင် အဆင့်မြင့်တဲ့ ဝိညာဉ်ဝိဇ္ဇာသိုင်းကျမ်းတစ်ခုလို့ ပြောလို့ရတယ်။
မူချန်က ပြုံးပြီး တွေးလိုက်တယ်။
” သူ့အမေ ထားခဲ့တဲ့ အနက်ရောင် သိုင်းကျမ်းဟာ ရိုးရိုးသိုင်းကျမ်းတစ်ခု မဟုတ်ဘူး။ ”
” အဆင့်မြင့်ပြီး အစွမ်းထက်တဲ့ ကျမ်းတစ်ကျမ်းဖြစ်တယ်။”
” ဒီ ရစ်ပတ်နွယ်နိုင်ငံတော်မှာ အဲ့ဒီလို အဆင့်မြင့်ပြီး အစွမ်းထက်လွန်းတဲ့ ဝိညာဉ်ဝိဇ္ဇာသိုင်းကျမ်းတွေကို မတွေ့နိုင်ဘူး။ ”
သို့သော်လည်း ဒီဝိဇ္ဇာသိုင်းကျမ်းဟာ လေ့လာဖို့ တော်တော့်ကို ခက်ခဲလွန်းတဲ့ သိုင်းကျမ်းဖြစ်တယ်။ ဒါပေမယ့် မူချန်က သူ့ရဲ့ ပါရမီ စွမ်းရည်ကို ယုံကြည်တယ်။ သူလေ့လာနိုင်လိမ့်မယ်လို့လည်း ထစ်ထစ်ချ ယုံကြည်တယ်။ ဝမ်းနည်းစရာကောင်းတာကတော့ ခုထက်ထိ ဆက်လေ့လာဖို့က သူ့အတွက် အလွန်ခက်ခဲနေဆဲပါဘဲ။
” အချိန်လည်းမရှိတော့ဘူး။ ”
မူချန်က ရေရွတ်လိုက်တယ်။
သူက လက်ဖောင့်တစ်ချက်တီးပြီး အိမ်ဘက်ကို ပြန်သွားတယ်။ ဒီဘုရားစေတီဝိညာဉ် ဝိဇ္ဇာသိုင်းကျမ်းကို လေ့ကျင့် အောင်မြင် အောင်အစွမ်းကုန် ကြိုးစားသွားမယ်လို့ သံဒိဌာန် ချလိုက်တယ်။
ခြံဝင်းနဲ့ မဝေးလွန်တဲ့ နေရာတစ်ခုမှာတော့ မူဖန်ဟာ သူ့သား မူချန်ရဲ့လှုပ်ရှားမှုတွေကို ကြည့်ပြီး ပြုံး နေလိုက်တယ်။ သူ့ရဲ့ အပြုံ းဟာ ကျေနပ် နှစ်သက် အားရမှုနဲ့ ပြည့်နေတယ်။
မူဖန်က တစ်ယောက်တည်း ပြောနေလိုက်တယ်။
” သားလေး မူချန်ရဲ့ ပါရမီကတော့အံ့မခန်းဘဲ။ ”
” ငါ – – – ဘုရားစေတီသိုင်းကျမ်းကို လေ့လာတုန်းကဆိုရင် အခြေခံ အဆင့် တစ်ဆင့် တက်ဖို့အတွက် ၅ရက်လောက်အချိန်ယူရတယ်။ ”
” အဆင့် ၇ အထိဘဲ လေ့ကျင့်နိုင်ခဲ့တယ်။ ”
” နောက်တစ်ဆင့် ထပ်တက်ဖို့ ကိုတော့ငါဆက် မလေ့ကျင့်နိုင်ခဲ့ဘူး။ ”
” တကယ်ကို လေ့လာရတာ ခက်ခဲလွန်းတဲ့သိုင်းကျမ်းဘဲ။ ”
” သားလေး မူချန် ကတော့ နေ့တစ်ဝက်ထဲနဲ့ အဆင့် တော်တော်များများကို ရောက်နေပြီး ။ ”
” ဒီကောင် ငါ့ကို တော်တော် အရှက်ကွဲတာဘဲ။ ငါမလုပ်နိုင်တာကို လုပ်နိုင်တယ်။ ”
မူဖန်က နောက်ပြောင်ပြီး ပြောလိုက်သော်လည်း သူ့မျက်လုံးထဲမှာတော့ သူ့သား မူချန်ကို ဂုဏ်ယူတဲ့ စိတ် ။ ကျေနပ်နှစ်သက်တဲ့ စိတ် ။ ပီတိဖြစ်တဲ့ စိတ်နဲ့ ပြည့်လျှံနေတယ်။
” ဝေါင်း! ” ( အံ့သြမှုဖြင့် )
” သခင်လေးမူချန်ကိုတော့ မချီးကျူ းဘဲ မနေနိုင်တော့ဘူး။”
” သခင်လေး ကတော့ တစ်နေကျရင် ငါတို့လို အန်းဒိတ် (ခေတ်ဟောင်း) လူတွေကို ကျော်တက်သွားလိမ့်မယ်။ ”
ဦ လေး ကျံ ု ယဲ က ခေါင်းညိတ်ကာ ပြုံ းပြီး ပြောလိုက်တယ်။
ရက်အနည်းငယ်အကြာမှာတော့ မူချန်ဟာ ဘုရားစေတီဝိဇ္ဇာ သိုင်းကျမ်းကို အဆက်မပြတ် ကြို းစားလေ့လာလိုက်တယ်။ ပြင်းရိတဲ့ ပုံပေါ်တဲ့ မူချန်က ခုတော့ ခေါင်းမာစွာ သိုင်းကျမ်းကို အပတ်တကုတ် ကြို းစားလေ့ကျင့်နေတယ်။ အဲ့ဒီခေါင်းမာမှု ကြောင့်ဘဲ ရစ်ပတ်နွယ်ကျောင်းတော်မှာ သူရဲ့ ဂုဏ်သတင်းဟာ တစ်မူထူးခြားနေတာ။
မူချန်ဟာ သိုင်းကျမ်းကို နက်နက်ရှိုင်းရှိုင်း ကြို းစားလေ့လာနေတယ်။ သို့သော်လည်း သူတကယ်ဘဲ အခြေခံ အဆင့် ပြီးဖို့အတွက် အလှမ်းဝေးသေးတယ်။ အဲ့ဒါကြောင့်ဘဲ သူ့ကိုယ့်သူ အားမလို အားမရဖြစ်နေတယ်။ ဘုရားစေတီ ဝိဇ္ဇာသိုင်းကျမ်းက တော်တော့်ကို ထူးဆန်းတဲ့ သိုင်းကျမ်းဘဲ။
မူချန်က လေ့ကျင့်မှုကနေ့ တစ်အောက်နားလိုက်တယ်။အနားယူနေစဉ်အတွင်းမှာဘဲ ဘုရားစေတီသိုင်းကျမ်းရဲ တိုက်ခိုက်နည်းတွေကိ ဆကိလေ့လာလိုက်တယ်။ သူဟာ ထူးခြားတဲ့ စွမ်းအားရှိသော်လည်း သူ့ရဲ့တိုက်ခိုက်တဲ့ စွမ်းရည်ကို မြှင့်တင်ဖို့အတွက် ကတော့ ဘုရားစေတီသိုင်းကျမ်းရဲ့ တိုက်ခိုက်နည်းကို လိုအပ်နေဆဲပါဘဲ။
လွီယန်ဟာ ခေတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ လူ့အဆင့်ဝိညာဉ်သွေးကြောသိုင်း ကို ပိုင်ဆိုင်ထားသလို သူ့အဖေကလည်း လွီမြေပိုင်ရှင် တစ်ယောက်လည်း ဖြစ်တယ်။ လွီသခင်ကြီးဟာ ရစ်ပတ်နွယ် နိုင်ငံမှာ အင်အားအကြီး ဆုံးဘဲ ဖြစ်တယ်။လွီသခင်ကြီး ဟာ မူသခင်ကြီးထက် သြဇာအာဏာပိုရှိတယ်။ ဒါပေမယ့် လည်း လွန်ခဲ့သော နှစ်အနည်းငယ်လောက် က သူတို့နှစ်ဦးဟာ မကြာခဏ အငြင်းပွားရန်ဖြစ်ကြ လို့ ခုထက်ထိ မကျေမချမ်း ဖြစ်နေဆဲဘဲ။
လွီသခင်ကြီးဟာ သူ့ရဲ့ အာဏာကိုတိုးတက်အောင် မလုပ်နိုင်ပေမယ့်လည်း သူ့သား လွီယန်ကိုတော့ အကောင်းဆုံး ထောက်ပံ့နိုင်တယ်။ သို့သော်လည်း ဘယ်သူမှ မယှဉ်ပြိုင်နိုင်တဲ့ မူချန်ကို လွီယန်က တကယ်ဘဲ ယှဉ်ပြိုင်နိုင်မှာလား။
မူချန် လေ့ကျင့်နေတဲ့ နေရာမှာတော့ ကျောက်စရစ်ခဲတွေ ဖုန်မှုန့်တွေဟာ ဟိုနေရာ တစ်ကွက် ဒီနေရာတစ်ကွက်နဲ့ ရှိနေတယ်။ မူချန်ရဲ့ လက်ထဲမှာတော့အနက်ရောင်စွမ်းအားတွေဟာ မတည်မငြိမ်နဲ့ အဆက်မပြတ် ထွက်ပေါ်လာတယ်။
အက်ကြောင်းဖြစ်နေတဲ့ ကျောက်တုံးတွေ ဟာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတယ်။ အနက်ရောက် မျက်လုံးပိုင်ရှင် မူချန်ကိုလည်း လေအေးအေးလေးက တိုက်ခိုက်သွားတယ်။ ကျောက်တုံးထဲ ဝင်နေတဲ့ လက်တစ်စုံကို လျှင်မြန်စွာထုတ်လိုက်တယ်။
ကျောက်တုံးတွေ ကွဲထွက်သွားပေမယ့် မူချန်က ရပ်တန့်ခြင်းမရှိဘဲ ရှိသမျှအားတွေကို စုပြီး လက်ဖဝါးပေါ် စီးဆင်းစေပြီး လိုက်တယ်။ လျှပ်စစ်မိုးကြိုးနဲ့ တူတဲ့ အနက်ရောင် စွမ်းအားတွေကလည်း တိုးဝှေ့ထွက်ပေါ်လာတယ်။ သူ့ရဲ့ လက်ကို ကျောက်တုံးပေါ်မှာ တင်ထားပြီး ခြေထောက်တစ်ဖက်ကို ကျောက်တုံး ကြီး တစ်ခုပေါ်မှာ ရပ်တန့်နေတယ်။ နောက်တစ်ဖက်ကတော့ အခြား ကျောက်တုံး တစ်ခုပေါ်မှာ ရပ်နေတယ်။
” ဘန်း ” – – – – – – – –
” ဘုံး ” – – – – – – – – –
အသံအုန်းအုန်း ထွက်ပေါ်လာတယ်။
ကျောက်တုံးကြီး နှစ်တုံးစလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားတယ်။ ကျောက်စရစ်ခဲတွေကလည်း လွှင့်စင်ကုန်တယ်။
မုချန်ဟာ မြေကြီးပေါ် ခြေချပြီး လေကို တည်ကြည်အေးဆေးစွာနဲ့ လေကို ရှုလိုက်တယ်။ အနက်ရောင် စွမ်းအားတွေဟာလည်း လက်ရဲ့ လက်ဖဝါးပေါ်မှာ ပျံ့နှံ့နေတယ်။
” ဖေါင်း – – ဖေါင်း – – ဖေါင်း – – ”
အခြားတစ်ဖက်ကနေ လက်ခုပ်သံထွက်ပေါ်လာတယ်။ မူချန်က လှမ်းကြည့်လိုက်တဲ့ အခါ သူ့အဖေ မူဖန်က ပြုံးပြုံးလေးနဲ့လက်ခုပ်တီးအားပေးနေတာကို တွေ့လိုက်တယ်။ မူဖန်က သူ့သားကိုကြည့်ပြီး ကျေနပ်အားရ နေတယ်။
” အဖေ ”
မူချန်က လက်ထဲ ကဖုန်မှုန့်တွေကို ခါလိုက်ပြီး သူ့အဖေဆီကို လမ်းလျှောက်သွားလိုက်တယ်။
” သား – – – – မနက်ဖြန် ရစ်ပတ်နွယ် ကျောင်းတော်ကိုပြန်သွားတော့မလို့လား။ ”
မူဖန်က ပြုံး ပြီးမေးလိုက်တယ်။
မူချန်က ခေါင်းညိတ်လိုက်တယ်။
” ဒီဝိညာဉ်လမ်းစဉ် ပြိုင်ပွဲ ကို သား အောင်မြင်စွာ ကျော်လွှား နိုင်ရင် ကောင်းကင်အဖွဲ့ထဲ ကို ဝင်လို့ရပြီး။ ”
” ဒါတင်မကသေးဘူး အဆင့် ၅ ရာထူးအဆင့်ကိုလည်း တက်လှမ်းနိုင်မယ်။ ”
မူဖန် က သူ့သား မူချန်ကို ခေါင်းကို ညင်သာစွာပုတ်ပြီး ပြောလိုက်တယ်။
မူချန်က ခါးကို ဆန့်တန်းပြီး ပြုံးကာ ပြောလိုက်တယ်။
” အဖေ ဘာမှစိတ်မပူနဲ့ ။ ”
” အဖေ အေးအေးဆေးဆေး အနားယူ။ ”
” ဒီပြိုင်ပွဲမှာ သားနိုင်စေရမယ်။ ”
***°