Switch Mode

Chapter – 7

မူချန်ရဲ့ ဘုရားစေတီသိုင်း

Chapter – 7 ” မူချန်ရဲ့ ဘုရားစေတီသိုင်း ”

နေရောင်ခြည်နုနုလေးတွေဟာ သစ်ရွက်စိမ်းတွေပေါ်ဖြာကျပြီး ခြံစည်းရိုးတံတိုင်းကို ထိုးဖောက်ကာ အလင်းတွေ ပေးနေတယ်။ ခြံစည်းရိုးကို ထိုးဖောက်ခဲ့ရတာကြောင့် နေရောင်လေးတွေဟာ ဟိုဟိုဒီဒီ ကခုန်နေသလို အလင်း ဖြာထွက် နေတယ်။ ခြံစည်းရိုးကို ထိုးဖောက်ပြီး အလင်းပေးခဲ့သောကြောင့် ခြံဝင်းအတွင်းက လှုပ်ရှားမှု အရာအားလုံးကို မြင်နေရတယ်။

မူချန်ဟာ ကျောက်တုံးကုလားထိုင်ပေါ်မှာ တင်ပျဉ်ခွေထိုင် လိုက်ပြီး လက်တစ်ဖက်မှာတော့ အနက်ရောင်သိုင်းကျမ်းကို ဆုပ်ကိုင်ထားတယ်။ နောက်ဆုံးတော့ မူချန်က အဆင့်မြင့်ဘုရားစေတီသိုင်းကို ရွေးချယ်လိုက်တယ်။ ပြီးတော့ သူ့အဖေ မူဖန်ကို ကတိတွေပေးခဲ့တယ်။

သို့သော်လည်း သူ့အဖေ မူဖန် တောင်မှ အဆင့်မြင့် ဘုရားစေတီသိုင်းရဲ့ ထူးခြားချက်တွေကို မသိဘူး။ သူပြောနိုင်တာကတော့ အဲ့ဒီသိုင်းကျမ်းဟာ အဆင့်မြင့်သိုင်းတစ်ခု ဖြစ်ပြီး မူချန် အမေ ထားခဲ့တဲ့ တစ်ခုတည်း သောအရာလည်း ဖြစ်တယ်။

” အမေက တကယ်ဘဲတော်တာလား ”
မူချန်က မျက်တောင်လေး ခပ်ပြီး သူ့အဖေကို မေးလိုက်တယ်။

မူဖန် က သူ့မိသားစုဝင် အားလုံးကို အဆင့်မြင့်မြင့် နေနိုင်အောင်လုပ်ဆောင်နိုင်ပြီး ရစ်ပတ်နွယ် နိုင်ငံတော်မှာလည်း မူမြေပိုင်နက် ဆိုတဲ့ ပိုင်နက်တစ်ခုကို ဖန်းတီးနိုင်တယ်။ ပြီးတော့လည်း သူ့အိမ် ကိုလည်း ကျော်ကြားပြီး သြဇာကြီးတဲ့ အိမ်တစ်အိမ် အဖြစ်လည်း ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်တယ်။

ဒါပေမယ့် မူဖန် နားမလည်နိုင်တဲ့ အံ့သြစရာကောင်းတဲ့ အရာတွေလည်း အများကြီးရှိတယ်။ မူချန် အမေ က တော်တယ်လို့ ပြောမယ်ဆိုရင်တောင်း သူမ ဘယ်လောက်တော်ပြီး အစွမ်းထက်တယ် ဆိုတာကိုတော့ မူဖန် ခင်များ ဘယ်လို ပြောရမလဲ မသိဖြစ်နေတယ်။

” အမေက တကယ်ဘဲတော်တယ် လို့ ဘာကြောင့် အဖေက ထင်ရတာလဲ။ ”
မူဖန်က ပြုံ းပြီး တွေးလိုက်တယ်။

ဖြစ်နိုင်တာက အဖေ က အမေနဲ့ အတူ ဘဝခရီးကြမ်းတွေကို အတူတူ ကျော်ဖြတ်ခဲ့ရလို့နေမယ် ။ တကယ် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတွေ ရှိလို့ ဖြစ်မယ်။

မူချန်က ပျံ့လွင့်နေတဲ့ အတွေးတွေကို ပြန်စုစည်းလိုက်တယ်။ ၁၀ ရက်နောက်ပိုင်းမှာတော့ သူက လွီယန်နဲ့ တိုက်ခိုက်ရတော့မယ်။ လွီယန်က ဝိညာဉ်ဝိဇ္ဇာသိုင်းကို တတ်မြောက်ခဲ့တာမကဘဲ လူ့ဝိညာဉ်အဆင့် ဝိညာဉ်သွေးကြောသိုင်းကို လည်း တတ်မြောက်ထားတယ်။ ဒါကြောင့် မို့လို့ ဒီပြိုင်ပွဲဟာ ထူးခြားနေတယ်။

**********************************
” ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲ ”

ဝိညာဉ်လမ်းစဉ် သိုင်းပြိုင်ပွဲကတော့ သုံးနှစ်တစ်ကြိမ်ကျင်းပပြီး ဖန်းတီးတဲ့သူတွေကတော့ အဆင့် ၅ အဆင့်ရှိသူတွေဖြစ်တယ်။ ပြိုင်ပွဲဝင်အတွက် ရွေးချယ်တဲ့ ပုံစံက တော်တော်ထူးဆန်းတယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်ရွေးချယ်တာ မဟုတ်ဘဲ ‘ ဘုရားရတနာ ‘ တစ်ခုဖြစ်တဲ့ ‘ တရားစီရင်ရေးမှန်’ က ရွေးချယ်ဆုံးဖြတ်ပေးတယ်။

‘ တရားစီရင်ရေး မှန် ‘ ရွေးချယ်တဲ့ သူတွေကလည်း ထူးခြားပြီး ပါရမီရှိတဲ့သူတွေဖြစ်တယ်။ အမှန်ကန်ဆုံး ဆိုရရင် ရွေးချယ်ခံရတဲ့သူတွေ အားလုံးဟာ အဆင့် ၅ တက်လှမ်းဖို့ အရည်အချင်း အပြည့်အဝ ရှိသူတွေဖြစ်တယ်။

ဝိညာဉ်လမ်းစဉ် ပြိုင်ပွဲ ဆိုတာက သီးသန့်ဖန်တီးထားတဲ့ ကမ္ဘာ တစ်ခုဖြစ်တယ်။ ထူးဆန်းစွာ ဖန်တီးထားတဲ့ ကမ္ဘာမှာ ဘယ်သူကမှ စွမ်းအင်တွေ ထုတ်မသုံးနိုင်ဘူး။ ဘွင်ဘွင် ပြောရမယ်ဆိုရင် အတော်ဆုံးသူတွေတောင် စွမ်းအား ထုတ်လို့မရ တဲ့နေရာဖြစ်တယ်။

ပြိုင်ပွဲ ပါဝင်သူတွေဟာ အဆိုးဆုံး အတွေ့အကြုံ တွေ အများကြီး ကြုံ ရလိမ့်မယ်။ သေရင်လည်း သေနိုင်တယ်။ အဲ့ဒီပြိုင်ပွဲမှာတော့ ဝိညာဉ်စွမ်းအားတွေကို အသုံးပြုလို့လည်း မရပါဘူး။ သူတို့ အသုံးပြု နိုင်တာကတော့ သူတို့ရဲ့ ကိုယ်ပိုင် ခွန်အားနဲ့ ဖြတ်ထိုးဥာဏ်တွေပါဘဲ။ အဲ့ဒီနည်းကဘဲ သူတို့တတွေရဲ့ စိတ်စွမ်းအားကို မြင့်တင်ပေးရာရောက်လိမ့်မယ်။

ပြိုင်ပွဲဝင်တစ်ယောက်က စွမ်းအား ပိုလိုချင်တယ်လို့တောင်းဆိုရင် သူတို့မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချ နိုင်တဲ့ စိတ်ရှိဖို့လိုပါတယ်။ အဲ့ဒီ ဆုံးဖြတ်နိုင်တဲ့ စိတ်ကဘဲ သူတို့ကို ပိုပြီးသန်မာစေပါလိမ့်မယ်။

လွန်ခဲ့သော သန်းပေါင်းများစွာတုန်းက ဝိညာဉ်လမ်းစဉ်ပြိုင်ပွဲမှာ ပါဝင်ပြီး အဆင့် ၅ ကို တက်လှမ်းနိုင်ခဲ့တဲ့သူတွေထဲမှာမှ အလွန်ထူးချွန်ထက်မြက်တဲ့သူတွေ ပေါ်ထွက်လာတယ်။ ဒါကြောင့် မို့လို့ဘဲ အားလုံးသောပြိုင်ပွဲဝင်တွေဟာ ထူးချွန်တဲ့သူတွေဖြစ်အောင်လို့ အပတ်တကုတ်ကြိုးစားလေ့ကျင့်ကြတယ်။

**********************************

” အဆင့် ၅ ”
မူချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။

သူအဲ့ဒီနေရာကို ရောက်ကို ရောက်စေရမယ်လို့ စိတိထဲမှာ ကြုံ းဝါးလိုက်တယ်။ အဲ့ဒီအဆင့်ကို ရောက်ရင် သူ့အမေရဲ့ ဆန္ဒကို ဖြည့်စီးပေးပြီးဖြစ်သလို သိုင်းလောက ကို ဝင်ရောက်ရင်လည်း အရမ်းအောင်မြင် နိုင်တယ်လေး။

သိုင်းလောက အကြောင်းကို မူချန် များများစားစား နားလည်ထားတာမရှိပါဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် သိုင်းလောက အကြောင်းကို သူ့အဖေ မူဖန် ဆီက ကြားရမှာဘဲလေး။

* * * * * * * * * * * * * * * * * * * * * * * *

ကြီးမားကျယ်ပြောပြီး လှပတဲ့ ကမ္ဘာကြီးမှာ မြောက်မြားစွာသော လူမျိုးစုတွေ ဟာ အစုလိုက် အစုလိုက်နေထိုင်နေကြတယ်။ လူမျိုးစုတွေမှာလည်း ထူးခြားတဲ့ ပါရမီ စွမ်းအင်နဲ့ လှပတဲ့ နေရာတွေ ရှိကြတယ်။ ဒါကလည်း ကမ္ဘာကြီးရဲ့ ထူးခြားချက်ပါဘဲ။

မူချန်ဟာ ရစ်ပတ်နွယ် နိုင်ငံမှာ စွမ်းအားကြီးတဲ့ သူ နှစ်ယောက်အကြောင်း ကြားမိခဲ့တယ်။ စွမ်းအားရှင် နှစ်ယောက်ရဲ့ နာမည်ကို မသိပေမယ့်လည်း သူတို့ရဲ့ စွမ်းအားအကြောင်းနဲ့ ကျော်ကြားမှုကို တော့ ကြားမိလိုက်တယ်။

# မီးတောက် ဧကရာဇ် နဲ့ မာရှယ်လော ဘဲဖြစ်တယ်။ #

သူတို့နှစ်ယောက် လုံးဟာ ကျော်ကြားကြတဲ့သူတွေဖြစ်တယ်။ မူချန်ရဲ့ ယူဆချက်အရကတော့ သူတို့ နှစ်ဦးလုံးဟာ အလွန်အစွမ်း ထက်တဲ့ သူတွေလို့ ယူဆခဲ့တယ်။

မာရှယ်လော ဟာ ရေခဲမျိုးနွယ်စုတွေနဲ့ ရန်ဖြစ်ဘူးတယ်။ ရေခဲမျိုးနွယ်စုတွေဟာလည်း လျှပ်စီးစွမ်းအားပိုင်ဆိုင်တဲ့ သူကိုတော့ မနိုင်ဘူးဖြစ်တယ်။ မာရှယ်လော တိုက်ခိုက်ရတဲ့ အကြောင်းကလည်း သူ့ချစ်တဲ့သူတွေ အတွက်လို့ ဆိုတယ်။

သိုင်းလောကဟာ စိတ်ဝင်စားစရာကောင်းပြီး လူတွေရဲ့ စိတ်ကို ရင်ဖိုအောင် အမျိုးမျိုး ဆွဲဆောင် လုပ်ဆောင်နိုင်တယ်။

* * * * * * * * * * * * * * * * * * * * * * * *

တကယ်တော့ မူချန်ဟာ အဆင့် ၅ အဆင့်ကို မရောက်နိုင်ပါဘူး။ အကယ်၍သာ သူ လုံလောက်တဲ့ အချိန်ရရင်တော့ အဲ့ဒီအဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ သူယုံကြည်တယ်။ မူချန်က သူ့လက်ထဲက အနက်ရောင် သိုင်းကျမ်းကို ကြည့်လိုက်တယ်။ သူ့ရဲ့ ကလေးပုံစံ မျက်နှာကနေ အပြုံး တစ်ချို့ ပေါ်ထွက်လာတယ်။

မူချန်ဟာ လက်နှစ်ဖက်ကို အတူတကွ စုစည်းလိုက်ပြီး မျက်လုံး မိတ်ထားလိုက်တယ်။ သူ့လက်ထဲက အနက်ရောင် သိုင်းကျမ်း ကနေ အနွေးဓာတ် တွေ ထွက်ပေါ်လာတယ်။ မျက်လုံးတွေထဲမှာလည်း အမှောင်ထုတွေ ဖုံးနေတယ်။ သူ့ရဲ့စိတ်ကို အသုံးပြု ုပြီး လှုပ်ရှားနေတယ်။ စွမ်းအင်တွေကို လည်း ခန္ဓာကိုယ်ကနေ လက်ထဲကို စီးဆင်းစေလိုက်တယ်။

အမှောင်ထုကို စတင် တွန်းလှန်ပြီးတော့ ထူးခြားတဲ့ စွမ်းအင် တစ်ချို့ စီးဆင်းနေတာကို သတိပြုမိလိုက်တယ်။

” ခန္ဓာကိုယ်ကို ဘုရားစေတီပုံစံ ဖော်လိုက် ”

အံ့သြစရာကောင်းပြီး ရှုပ်ထွေးမှု အနည်း ရှိတဲ့ အသံက ခေါင်းလောင်းသံလိုဘဲ ပေါ်ထွက်လာတယ်။ အဲ့ဒီအသံက အပြင်က မဟုတ်ဘဲ မူချန်ရဲ့ စိတ်ထဲကနေ ပေါ်ထွက်လာတာဖြစ်တယ်။ မူချန်က သူ့စိတ်ကို ပြန်စုစည်းပြီး ထူးဆန်းအသံပိုင်ရှင်ရဲ့ ပြောစကားကို မှတ်သားလိုက်တယ်။

မူချန်ဟာ အသံပိုင်ရှင်ပြောတဲ့အတိုင်း ဆက်လေ့ကျင့်နေတယ်။ တစ်ချို့သော အရာတွေဟာ သူ့အနေနဲ့ နားလည်ရန် အရမ်းကို ခက်ခဲတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ သိုင်းကျမ်းရဲ့ လျို့ဝှက်ချက်ကိုတော့ နားလည်သွားတယ်။

မူချန်ဟာ တကယ့်ကို ပါရမီ ရှိတဲ့ သူတစ်ယောက်ဖြစ်တယ်။ ဒါပေမယ့်လည်း သူ့သိုင်းပညာအဆင့်က ဝိညာဉ်လမ်းစဉ်မှာ ဝင်ပြိုင်နိုင်ဖို့ အထိတော့ အရည်အချင်းမပြည့်သေးဘူး ဖြစ်နေတယ်။

* * * ဘုရားစေတီသိုင်း * * *

ထူးဆန်းတဲ့ စကားသံအရ ဘုရားစေတီသိုင်းဟာ အပိုင်း ၃ပိုင်း နဲ့ ခွဲထားတယ်။ ‘ အခြေခံ အဆင့် ‘ ‘ ငွေ့ရည်ပျံတဲ့ အဆင့် ‘ နဲ့ ‘ရဲတိုက်ပုံစံ အဆင့် ‘ ဆိုပြီး ၃ ပိုင်းခွဲထားတယ်။ သို့သော်လည်း မူချန် ခင်များမှာ ဘယ်လောက်ဘဲ ကြိုးစား ကြိုးစား အခြေခံ အဆင့်ကိုတောင်း အောင်မြင်အောင် မလုပ်နိုင်ဖြစ်နေတယ်။

မူချန်က တဖြည်းဖြည်း မျက်လုံးဖွင့်လိုက်တယ်။ ချွေးထွက်နေတဲ့ သူ့ကိုယ်ကို ကြည့်ပြီး ခေါင်းခါလိုက်တယ်။ ဘုရားစေတီသိုင်းဟာ တကယ်ဘဲ လေ့လာဖို့ အရမ်းခက်ခဲတဲ့သိုင်းဖြစ်တယ်။ ရဲတိုက်ပုံစံ အဆင့် ရောက်ဖို့ ဘယ်လောက် အထိတောင် အချိန်ယူပြီး ကြိုးစားလေ့လာရမလဲဆိုတာ သူတကယ် မသိနိုင်ဖြစ်နေတယ်။

မူချန်ဟာ စိတ်လှုပ်ရှားမှု အပြည့်နဲ့ နှလုံး တဒုန်ဒုန်ခုန်နေတယ်။ သူကလည်း ဘုရားစေတီသိုင်းရဲ့ အစွမ်းကို သိချင်စိတ်ပြင်းပြနေတယ်။ ဒါကြောင့်မို့လို့ဘဲ ဘုရားစေတီသိုင်းကို တတ်မြောက်အောင် လေ့ကျင့်ပြီး သိုင်းပညာရဲ့ စွမ်းအားကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

***°

Comment

Leave a Reply

Options

not work with dark mode
Reset