Chapter – 6 ” ဘုရားစေတီ ဝိဇ္ဇာသိုင်း ”
မူချန် ဟာတောက်ပတဲ့ မျက်လုံးတွေနဲ့ ကျောက်ဂူအခန်းထဲကို စိုက်ကြည့်နေလိုက်တယ်။ မူမြေပိုင်ရှင်ဖြစ်တဲ့ သခင်ကြီး မူဖန်ဟာ ရစ်ပတ်နွယ်နိုင်ငံတော်မှာ အင်အားကြီးတဲ့ မြေပိုင်ရှင်တစ်ယောက်ပါ။ ဒ်ီလို သိုင်းကျမ်းတွေကို နှစ်ရှည်လများ စုဆောင်းတာက အင်အားနည်းလို့ တခြားသူတွေရဲ့ ရန်ကို ကြောက်လို့မဟုတ်ပါဘူး။
မူချန်ဟာ ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင် အံ့သြသွားတယ်။ အခန်းထဲက ပန်းချီကားချပ်တွေကို စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေလိုက်တယ်။ သူက ပန်းချီကားတစ်ချပ်ကို ကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ ပန်းချီကားတစ်ချပ်ထဲက စာလုံးတွေဟာ ကြွတက်လာပြီး ရောင်စဉ်တွေ ထွက်လာတယ်။
” ဝေါင်း! ”
” မိုးတိမ် မီးတောက် ဝိညာဉ်ဝိဇ္ဇာသိုင်း ပါလား ”
မူချန်ဟာ ရုတ်တရက် တအံ့တသြ ရေရွတ်လိုက်တယ်။ ထိုနောက် မျက်တောင်မခတ်ဘဲ သိုင်းကျမ်းကိ စိုက်ကြည့်နေလိုက်ပြန်တယ်။
******************************************************************************************
” ဝိညာဉ်ဝိဇ္ဇာသိုင်း ”
ဝိညာဉ်ဝိဇ္ဇာသိုင်း တွေရဲ့ နာမည်တွေကတော့ ဂုန်ဖာ ဝိညာဉ်ဝိဇ္ဇာသိုင်း ၊ တိုက်ခိုက်ဖို့ အတွက် သုံးတဲ့ ဝိညာဉ်ဝိဇ္ဇာသိုင်း နဲ့ ပြန်ကာကွယ်ဖို့အတွက် သုံးတဲ့ ဝိညာဉ်ဝိဇ္ဇာသိုင်း စသဖြင့်ဆိုပြီးရှိတယ်။ ဝိညာဉ်ဝိဇ္ဇာသိုင်း မှာတော့ အဆင့် သုံးမျိုးနဲ့ ပိုင်းခြားထားတယ်။ နတ်ဒေဝါ အဆင့် ၊ ဝိညာဉ် အဆင့် နဲ့ ရိုးရိုး သာမာန် အဆင့် ဘဲဖြစ်တယ်။
တစ်နည်းအားဖြင့် အမြင့်ဆုံးအဆင့် ၊ အလယ်အလတ်အဆင့် နဲ့ သာမာန်အဆင့်ဆိုပြီး ခွဲခြားသတ်မှတ်လို့ရတယ်။ သိုင်းကျမ်းအားလုံးမှာတော့ သူ့စွမ်းအားနဲ့ သူ အစွမ်းထက်ကြတယ်။
******************************************************************************************
မူချန်ရဲ့ ရှေ့မှာရှိနေတဲ့ သိုင်းကျမ်းကတော့ မီးတိမ် မီးတောက်သိုင်းဖြစ်ပြီး သာမာန်အဆင့်သာ ရှိတဲ့ ဂုန်ဖာ သိုင်းအမျိုးအစားဘဲဖြစ်တယ်။ မူချန်ဟာ ပန်းချီကားလိပ် တစ်ခုပြီးတစ်ခု ကိုင်လိုက် ပြန်ချလိုက်နဲ့ သိုင်းကျမ်းကို ရွေးရခက်နေတယ်။ သူဟာ အခန်းအတွင်းထဲကို တစ်ဖြည်းဖြည်း တိုးသွားပြီး ဆက်ရွေးနေတယ်။
မူဖန်ကတော့ သူ့သားနောက်ကို တစ်ကောက်ကောက်နဲ့ လိုက်ပေးရှားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့သားကိုစိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားတာဆိုတော့လေး။
ဓားသွားတစ်ရာ ဝိဇ္ဇာသိုင်းကျမ်း၊ တောင်ဖြိုခွင်း ဝိဇ္ဇာသိုင်းကျမ်း စတဲ့ အရာတွေကတော့ သာမာန်အဆင့်မှာဘ ဲရှိနေပါတယ်။မူချန်ဟာ မြောက်မြားစွာသော သိုင်းကျမ်းတွေကို စူးစူးစိုက်စိုက်ကြည့်နေတယ်။
ဒီသိုင်းပညာတွေကတော့ သာမာန်အဆင့်သာ ရှိပေမယ့် တစ်ယောက်ချင်းစီး ယှဉ်ပြိုင်တိုက်ခိုက်မယ် ဆိုရင် အစွမ်းထက်တဲ့ သိုင်းပါဘဲ။ မြေပိုင်ရှင် မူဖန် စုဆောင်းထားတဲ့ သိုင်းကျမ်းတွေအားလုံးဟာ တစ်ချို့က ရစ်ပတ်နွယ် နိုင်ငံက ဖြစ်ပြီးတော့ တစ်ချို့ဟာတွေကတော့ တစ်ခြားသော နေရာတွေက ရလာတဲ့ သိုင်းကျမ်းတွေဘဲဖြစ်တယ်။
မူချန်ကတော့ သိုင်းကျမ်းတွေအားလုံးကို သဘောကျသော်လည်း သူနဲ့ သင့်တော်တဲ့ သိုင်းကျမ်းမတွေ့သေးလို့ ဆက်လက်ပြီး ရှာဖွေနေလိုက်တယ်။ နောက်ဆုံး ကျောက်နဲ့ ပြုလုပ်ထားတဲ့ စင်ကို ရောက်တဲ့အခါမှာတော့ ခေါင်းမော့ပြီး အပေါ်ကို ကြည့်လိုက်တယ်။ အဲ့ဒီအခါမှာတော့ သုံးပွင့်လင်း ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ သေတ္တာကို တွေ့လိုက်တယ်။
” မင်းကတော့ တော်တော်ကို ရည်ရွယ်ချက်ကြီးတာဘဲ။ ”
” မင်းအဖေ ငါတောင် ဒီသေတ္တာကို အသက်နဲ့ ရင်းပြီး ရအောင်ယူခဲ့ရတယ်။ ”
မူဖန်က သေတ္တာကိုကြည့်ပြီး သူ့သားကို ပြုံးပြုံးလေးနဲ့ ပြောလိုက်တယ်။
သူ့အဖေရဲ့ စကားကြောင့့် မူချန်က သေတ္တာကို ပိုပြီး စိတ်ဝင်စားသွားပြီး သုံးပွင့်လင်း ကျောက်စိမ်းသေတ္တာ နားကို ဆက်ပြီးတိုးသွားတယ်။ မူချန်က သေတ္တာနားရောက်တာ့ အဖုံးကို ဖွင့်ပြီး သိုင်းကျမ်းတစ်ခုကို ကောက်ယူဖွင့်ကြည့်လိုက်တယ်။
အဲ့ဒီအချိန်မှာတော့ သိုင်းကျမ်းကနေ အပူရှိန်တစ်ခု တိုးထွက်လာတာကို သတိပြုမိလိုက်တယ်။ အဲ့ဒီ သိုင်းကျမ်းဟာ ဘာသိုင်းကျမ်းဖြစ်ပြီး ဘယ်အဆင့်ရှိလဲ ဆိုတာကိုတော့ သူမသိပါဘူး။
” နဂါးမီးတောက် သိုင်းကျမ်း ”
မူချန်ဟာ သိုင်းကျမ်းကို ဖွင့်ဖတ်လိုက်တဲ့ အချိန် မှာတော့ အံ့သြမှုနဲ့ အသံထွက်လာတယ်။ သူ့မျက်လုံးမှာလည်း အံ့သြမှုနဲ့ အတူ အရောင်ထွက်လာတယ်။ ဒါပေမယ့်လည်း အဲ့သိုင်းပညာအဆင့်က သာမာန် အဆင့်ဘဲရှိတာပါ။ မူချန်ကလည်း ဝိညာဉ်ဝိဇ္ဇာသိုင်းရဲ့ သဘောသဘာဝကို သိပြီးသားဖြစ်တယ်။
” အဲ့ဒီ သိုင်းကျမ်းက ငါလေ့လာတဲ့ သိုင်းကျမ်းဘဲ ။ ”
” အဲ့ဒီသိုင်းပညာကြောင့်ဘဲ ငါ မီးနဂါးငှက်ရဲ့ ဝိညာဉ် စွမ်းအားရတာ။ ”
မူဖန်က ခေါင်းတညိတ်ညိတ်နဲ့ သူ့သားကို ပြောလိုက်တယ်။
မူချန်က နဂါးမီးတောက် သိုင်းကျမ်းကို ကြည့်ပြီး ပြန်ချထားလိုက်တယ်။ ကျန်တဲ့ သိုင်းကျမ်းနှစ်ခုကို ဆက်ပြီးကိုင်ကြည့်လိုက်တယ်။ တစ်ခုကတော့ မိုးကောင်းကင်နည်းဗျူဟာ သိုင်းကျမ်းဖြစ်ပြီး နောက်တစ်ခုကတော့ ရွေ့လျားပုံအဆင့်ဆင့် သိုင်းကျမ်းဖြစ်တယ်။ အဲဒီ သိုင်းကျမ်းနှစ်ခု ကလည်းဘဲ သာမာန်အဆင့်သာရှိတဲ့ သိုင်းကျမ်းဖြစ်တယ်။
မူချန်ခင်ဗျားမှာ သုံးခုလုံးကိုလည်း ယူလို့မရ။ တစ်ခုတည်းဘဲ ရွေးယူရပြန်တော့ လည်း ဘယ်ဟာကို ရွေးရမှန်းမသိ ဖြစ်နေတယ်။
” သား – – – – ရွေးပြီးသွားပြီးလား။ ”
” သုံးခုစလုံးရဲ့ ပညာအစွမ်းက အတူတူဘဲနော်။ ”
” အဲ့ဒီသုံးခုထဲက ကြိုက်တဲ့တစ်ခုကို ရွေးပြီးလေ့ကျင့်လို့ရတယ်။ ”
” သုံးခုစလုံး မင်းနဲ့ မသင့်တော်ဘူး မင်း မကြိုက်ဘူး ဆိုရင် တခြားဟာရွေးပေါ့။ ”
မူဖန်က အနည်းငယ် ပြုံးပြီးပြောလိုက်တယ်။
မူချန်က တစ်ခဏကြာ တုန့်ဆိုင်းသွားတယ်။ သူ့လက်ကတော့ သိုင်းကျမ်း သုံးခုစလုံးပေါ်မှာဘဲ ရှိနေသေးတယ်။ နောက်ဆုံးမှာတော့ မူချန်ဟာ လှုပ်ရှားမှုပုံ အဆင့်ဆင့် သိုင်းကျမ်းကိုရွေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီသိုင်းပညာဟာ တိုက်ခိုက်ဖို့အတွက်တော့ သုံးလို့မရပါဘူး။ ဒါပေမယ့်လည်း သိုင်းပညာကို အခြေခံကျကျ ဆက်လက်လေ့လာဖို့ အတွက်ကတော့ အရမ်းအထောက်အကူပြုတယ်။
မူချန်ဟာ လှုပ်ရှားမှုအဆင့်ဆင့် သိုင်းကျမ်းကို ရွေးချယ်ဖို့ လက်ကိုဆန့်ထုတ်လိုက်တယ်။ သူ့ စိတ်ဆုံးဖြတ်ချက်ချပြီးခဲ့ပေမယ့်လည်း စိတ်ကတော့အရမ်း လှုပ်ရှားပြီး လေးလံ နေတုန်းဘဲ။ သူ့ရွေးချယ်မှုက မှားနေသလားဆိုတာ သူသံသယဝင်နေတယ်။ သူသေတ္တာကို သေသေချာချာစိုက်ကြည့်လိုက်တဲ့အခါမှာ ဖုံတွေ အလိပ်လိုက်တက်နေတဲ့ အနက်ရောင် ကျမ်းတစ်ခုကိုတွေ့လိုက်တယ်။
” အဲ့ဒါဘာလဲ – – အဖေ ”
မူချန်က သူ့အဖေကို မေးကာ လက်ကို ဆန့်ထုတ်ပြီး အနက်ရောင်ကျမ်းကို ဆတ်ခနဲ့ ယူလိုက်တယ်။ မူချန်က ကျမ်းကိုဖြေကြည့်လိုက်တဲ့ အချိန်မှာ တော့ စာလုံးတွေဟာ လှုပ်ရှားနေတာကို သတိပြုလိုက်တယ်။
” ဘုရားစေတီသိုင်း ”
မူချန်က တအံ့တသြနဲ့ ရေရွတ်လိုက်တယ်။ ပြီတော့လည်း သူက သူက သိုင်းကျမ်းကို နားမလည်နိုင်စွာနဲ့ သံသယအကြည့်နဲ့ ကြည့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ သိုင်းကျမ်းဟာ ဝိညာဉ်ဝိဇ္ဇာသိုင်းကျမ်းတွေမှာ တစ်ခါးမှ မမြင်ဘူးလို့ဘဲ ဖြစ်တယ်။
မူချန်ဟာ အဖြေကို စဉ်းစားမရဖြစ်ပြီး သူ့အဖေ မူဖန်ကို လှမ်းကြည့်ပြီး မေးလိုက်တယ်။ မူဖန် က ရှုပ်ထွေးနေနဲ့ ပုံစံနဲ့ မူချန်လက်ထဲက သိုင်းကျမ်းကို ကြည့်နေလိုက်တယ်။ သူ့ပုံစံကလည်း အရင်က အတိတ်ဟောင်း က သူ့အတွေး ထဲမှာ ပြည့်နေတယ်။
” အဖေ – – – – ”
” ဒါဘာသိုင်းပညာလဲ ။ ”
” ဝိဇ္ဇာသိုင်းကျမ်းတွေမှာလည်း တစ်ခါမှ မတွေ့ဖူးဘူး။ ပြီးတော့လည်း ဒီသိုင်းက ဘယ်အဆင့်မှာရှိတာလဲ။ ”
မူချန်က သူ့အဖေကို မေးလိုက်တယ်။
” အဲ့ဒါက ရိုးရိုးကျမ်းပါဘဲကွာ။ ”
“နောက်တစ်ခု ရွေးလိုက်ပါလား။ ”
မူဖန်က သူ့အကြည့်ကို ရုတ်သိမ်းပြီး တိမ်ဝင်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။
မူချန်က မျက်မှောင့်ကြုပ်ပြီး ခဏတာ ငြိမ်သက်သွားတယ်။ သူ့လက်ထဲက အနက်ရောင် ကျမ်းကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတယ်။ ခဏအကြာလောက် မူချန်က ထပြောလိုက်တယ်။
” အဖေ – – – – – သားဒီသိုင်းကျမ်းကို ရွေးမယ်။ ”
သခင်ကြီး မူဖန်ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားတယ်။ ပြီးနောက် မူချန်ကို စိုက်ကြည့်နေလိုက်တယ်။ အပြစ်ကင်းစင်တဲ့ မျက်နှာသွင် ပိုင်ဆိုင်ထားတဲ့သူ့သားက အလျော့မပေးဘဲ သူလိုချင်တဲ့သိုင်းကျမ်းကို ရအောင်ယူ မယ်ဆိုတာ သူသတိထားမိလိုက်တယ်။
” သား —- တကယ်ဘဲ အဲ့ဒီကျမ်းကို ရွေးမှာလား။ ”
မူဖန်က သေချာအောင်ထပ်မေးလိုက်တယ်။
မူချန်က ခေါင်းညိတ်ပြီး ပြန်ပြောလိုက်တယ်။
” သား – – – အဲ့ဒီကျမ်းကို မရွေးရင် နောင်တရလိမ့်မယ်လို့ ခံစားမိလို့ပါ။ ”
” ဘာလို့ အဲ့ဒီလို ခံစားမိတာလဲ မသိဘူး။ အဖေ ဒီသိုင်းကျမ်းကို ဘယ်ကနေရတာလဲ။ ”
သခင်ကြီး မူဖန်ဟာ ရှုပ်ထွေးနေတဲ့ပုံစံနဲ့ သိုင်းကျမ်းကို ကြည့်လိုက်တယ်။ ပြီးနောက်မှာတော့ သက်ပြင်းရှည်ချပြီး ခါးသီးခက်ထန်တဲ့ ပုံစံနဲ့ ပြုံ းလိုက်တယ်။ ခဏအကြာမှတော့ ကျယ်လောင်တဲ့ အသံနဲ့ ရေရွတ်လိုက်တယ်။
” ‘ ကျင် ‘ မင်းသားကတော့ တကယ် မင်းနဲ့ တော်တော်တူတယ်ကွာ။ ”
” သား — မူချန် ”
” အဲ့ဒီ သိုင်းကျမ်းက မင်းအမေ ထားခဲ့တဲ့ ကျမ်းဘဲ။ ”
” အမှန်အတိုင်းပြောရရင်တော့ မင်းအတွက် ထားခဲ့တဲ့ ကျမ်းဘဲ။”
” အမေ ပြောသွားခဲ့တာ တစ်နေ့ မင်း ကြီးလာရင် အဲ့ဒီကျမ်းကို ရအောင်လေ့ကျင့်နိုင်အောင် လေ့လာနိုင်အာင်လို့ ငါ့ကို ဒီမှာ သိမ်းထားခိုင်းတာ။ ”
သခင်ကြီး မူဖန် ခင်ဗျား ပြောရင် ပြောရင် နဲ့ ဘဲ အသံတိမ်ဝင်သွားတယ်။
” အေမ ”
အဲ့ဒီစကား ကြားလိုက်တာနဲ့ စိတ်လှုပ်ရှားသွားတယ်။ အမေ ဆိုတဲ့ စကားလုံးကသူနဲ့ စိမ်းလွန်းတဲ့ အတွက်ကြောင့်ပေါ့။ ဒါပေမယ့် အဲ့ဒီစကားလုံးက သူ့ကို ပျော်ရွှင်မှု ကို ပေးသလို ဝမ်းနည်းမှုကို လည်း တစ်ချိန်တည်း ရစေတယ်။ အမေဆိုတဲ့ လူကို သူတစ်ခါးမှ မမြင်ဘူးပေမယ့်လည်း သူ့နှလုံးသားထဲမှာတော့ အမြစ်တွယ်နေတဲ့ လူဖြစ်တယ်။
မူချန်ဟာ စတင်ပြီးတော့ နားလည်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အမေ အကြောင်းကို သူတစ်ခါမှ သူ့အဖေကိုမမေးဘူးသလို သူ့အဖေက လည်း သူ့ကို တစ်ခါမှ မပြောပြခဲ့ဖူးဘူး။ သူ့အဖေ က သူ့ကို လိုလေသေးမရှိထားခဲ့လို့ သူ့အမေ အကြောင်းကို မမေးဖြစ်ခဲ့တာလည်း ဖြစ်ပါ လိမ့်မယ်။
” အေမ ”
” နင် – – – ဘယ်မှာလဲ ။ ”
မူချန်က အနက်ရောင် သိုင်းကျမ်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ငိုသံနဲ့ အော်ပြောလိုက်တယ်။
************************************************************************************
မူချန် ငယ်ငယ်တုန်းကတော့ သစ်သားရုပ်တု တွေကို ထုလုပ်ရတာ ကြိုက်နှစ်သက်တယ်။ သစ်သားပုံစံအားလုံး ဟာလည်း တော်တော်တူကြတယ်။ ဒါပေမယ့် အဲ့ဒီအထဲမှာမှ မပီမပြင်တဲ့ လူမျက်နှာပုံ တစ်ခုကို သတိပြုမိလိုက်တယ်။ မပီမပြင် ဖြစ်ရတဲ့ အကြောင်းရင်း ကလည်း ဝိုးတဝါးဝါးနဲ့ မျက်နှာပုံစံကို မြင်ပြီး ပုံဖော်ခဲ့လို့ပါဘဲ။
” သား အမေရဲ့ အကြောင်းကို ပြောရရင်တော့ တအားကြီး ရှုပ်ထွေးလွန်းတယ်။ ”
” အခု သားကို ပြောပြလိုက်ရင်လည်း ဘာမှမထူးလောက်ဘူး။ ”
” ဒါပေမယ့်လည်း သား သိချင်ရင်တော့ သားဒီသိုင်းကျမ်းကို အရင်လေ့လာသင့်တယ်။ ”
” သား သာ ဒီသိုင်းကျမ်းကို တတ်မြောက်သွားရင် သားအရာအားလုံးသိသွားလိမ့်မယ်။ ”
မူဖန်က ပြောပြီးပြီးချင်းမှာဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။
” အမေက သားကြောင့် သေသွားရတာလား။ ”
မူချန်က ရုတ်တရက် မေးလိုက်တယ်။
” သား အမေ အစိုးရိမ်ဆုံးလူ က သားကိုဘဲ ။ ”
” သားအတွက် အရာအားလုံးကို သားအမေ စွန့်လွှတ်ခဲ့တယ်။ ”
မူဖန်က တိုက်ရိုက် ပြန်မဖြေခဲ့ပါဘူး။
သူ့သား မူချန်ရဲ့ ခေါင်းကို ပွတ်ပေးပြီး သိမ်ငယ်တဲ့ အသံနဲ့ ပြောလိုက်တယ်။
” အားလုံး ဟာ အဖေ့ ညံ့လို့ ဖြစ်ရတာပါ။ ”
” အဖေ သားအမေ့ကို ကြာကြာ မခေါ်ထားနိုင်ခဲ့ဘူး။ ”
” အဖေ ကြိုးစားခဲ့ပါတယ် သားရယ်။ ဒါပေမယ့် အဖေ မအောင်မြင်ခဲ့ဘူး။ ”
” အဖေ တောင်းပန်ပါတယ်။ ”
မူချန်ဟာ ခဏတာ မှိန်းမောတွေးဝေသွားတယ်။ ရုတ်တရက် တောက်ပတဲ့ အပြုံး တစ်ချက် သူ့မျက်နှာပေါ်မှာ ပေါ်လာပြီး သူ့အဖေ မူဖန်ကို ထမေးလိုက်တယ်။
” အဖေ – – အမေ့ကို ထပ်တွေ့ချင်လား။ ”
” တွေ့ချင်တာပေါ့ သားရယ် ။ ”
” အဖေ့မှာ ရှိတဲ့ တစ်ခုတည်းသော ဆန္ဒက သားအမေကို တွေ့ဖို့ပါဘဲ။ ”
မူဖန်က ခေါင်းငုတ်ပြီး တိမ်ဝင်နေတဲ့ အသံနဲ့ တတွတ်တွတ် ပြောနေလိုက်တယ်။
မူချန်က သူ့အဖေလက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ခေါင်းမော့ကာ သူ့အဖေ မူဖန်ကို ပြုံ းပြလိုက်တယ်။
” စိတ်မပူနဲ့ အဖေ ။ ”
” သားဒီ သိုင်းကျမ်းကို ရွေးမယ်။”
” အဖေ ရှုံးနှိပ့်ခဲ့ရမှု တွေဟာ သားအလှည့် မှာတော့ အနိုင်ရစေရမယ်။ ”
” တစ်နေ့ကျရင် သားတို့ မိသားစု စည်းစည်းလုံးလုံး ပြန်နေကြမယ်။ ”
” အဲ့ဒီအခါကျရင် ဘယ်သူမှာ လာပြီး ရန်မရှာရဲတော့ဘူး။”
မူဖန်က သူ့သားမူချန်ကို ယုံကြည်မှု အပြည့်နဲ့ ကြည့်လိုက်တယ်။ ခါးသီးမှုကလည်း ရင်ဘတ်အထိ ပိတ်ဆို့လာတယ်။ မျက်လုံးကလည်း နီရဲလာတယ်။ သူက ခေါင်းတညိတ်ညိတ်နဲ့ ရေရွတ်လိုက်တယ်။
” *ကျင်* ငါတို့သားကတော့ သာမာန်လူတစ်ယောက်မဟုတ်ဘူး။ ”
” တကယ့်ကို တော်ပြီ ရဲရင့်တဲ့သားဘဲကွ။ ”
***°