Switch Mode

Chapter – 5

မူ ပိုင်နက် နယ်မြေ

Chapter – 5 ” မူ ပိုင်နက် နယ်မြေ ”

ရစ်ပတ်နွယ် နိုင်ငံမှာ တော့ သြဇာအာဏာကြီးမားတဲ့ မြေပိုင်ရှင် ကိုးဦးရှိတယ်။ အဲ့ဒီမြေပိုင်ရှင်တွေဟာ သူတို့ပိုင်နက်ကိုယ်စီတွေ မှာတော့ သူတို့ဟာ သခင်တွေဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ရစ်ပတ်နွယ် နိုင်ငံတော်ဟာ အဲ့ဒီ ကိုးယောက်ကြောင့် စည်းမျဉ်းတွေ ကို ပြု ုပြင် ပြောင်းလဲ နေရတယ်။

ရစ်ပတ်နွယ် နိုင်ငံတော်မှာ သြဇာအာဏာကြီးတာ မြေပိုင်ရှင် ကိုးယောက် အပြင် တစ်ခြားတစ်ယောက် လည်း ရှိပါသေးတယ်။ အဲ့ဒီလူကတော့ ရစ်ပတ်နွယ် ကျောင်းတော်ရဲ့ ကျောင်းအုပ် ဆရာကြီးပါဘဲ။ကျောင်းအုပ်ကြီးက တစ်ခြားသော မြေပိုင်ရှင် ကိုးယောက်နဲ့ ပြိုင်ဆိုင်မှု အငြင်းပွားမှု မရှိခဲ့ပါဘူး။

သူ့ရည်ရွယ်ချက်ကတော့ သူပိုင်ဆိုင်တဲ့ သူ့နယ်မြေကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်ဖို့နဲ့ တစ်နိုင်ငံလုံးက ကျောင်းသူကျောင်းသားတွေ ကို လူကောင်းသူကောင်းဖြစ်အောင် မွေးထုတ်ဖို့ပါဘဲ။ကျောင်းအုပ်ဆရာကြီး က ဘက်မလိုက်ဘဲ အမှန်တရားဘက် အမြဲတမ်း ရပ်တည်ပေးတဲ့ အတွက်ကြောင့် နိုင်ငံတော်မှာတော့ မြေပိုင်ရှင် ကိုးယောက်ထက်ပိုပြီး ဦ စားပေးခံရတယ်။

အမှန်တကယ်တော့ ရစ်ပတ်နွယ် ကျောင်းတော်ဟာ နိုင်ငံတော်ရဲ့ အဆင့် ၅ ရာထူးကို လိုချင်လို့ ကြိုးစားနေတာပါ။ နိုင်ငံတော်ရဲ့ အဆင့် ၅ ရာထူးကို အရယူဖို့က မြေပိုင်ရှင်အားလုံးရဲ့ အိမ်မက်ပဲလေး။

မြေပိုင်ရှင်အားလုံးက သူတို့ရဲ့ ရာထူးဟာ ရစ်ပတ်နွယ် ကျောင်းတော်နဲ့ အဆင့်ချင်းတူနေပေမဲ့လည်း နိုင်ငံတော်ရဲ့ အဆင့် ၅ ရာထူးနဲ့နှိုင်းယှဉ်ရင် သူတို့ရဲ့ ရာထူးဟာ မဖြစ်စလောက်လေးဘဲ ဆိုတာသိထားကြတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့သားသမီးတွေကို ရစ်ပတ်နွယ်ကျောင်းတော်မှာ ပညာကို လေ့လာဆည်းပူးစေပြီး နိုင်ငံတော်ရဲ့ အဆင့် ၅ ရာထူးကို ရအောင် ကြိုးစား နေကြတာပေါ့။

မြေပိုင်ရှင် အားလုံးရဲ့ သားသမီးတွေ က ရစ်ပတ်နွယ်ကျောင်းမှာ ပညာ လေ့လာဆည်းပူးနေတာ ဆိုတော့ ဘယ်သူကမှ ရစ်ပတ်နွယ် ကျောင်းတော်ကို ပြသနာ မရှာရဲကြဘူး။

* * * * * * * * * * * * * * * * * * * * * * * *

* * မူ နယ်မြေ – – – – – – – မူမြို့ * *

မူချန်ဟာ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး အခြွေအရံ နဲ့ လမ်းလျှောက်ထွက်လာတယ်။ သူ့ရဲ့ နားထဲမှာတော့ မူမြို့သူ မြို့ သားတွေရဲ့ လှုပ်ရှားမှု အသံတွေ စျေးရောင်းတဲ့ အသံတွေ ကို ကြားနေရတယ်။ မူချန်ဟာ သူ့မြို့လေး တိုးတက်သာယာနေတာကို ကြည့်ပြီး ပိတိဖြစ်ကာ ပြုံ းနေလိုက်တယ်။

မူ ပိုင်နက် နယ်မြေမှာတော့ မူမြို့ဟာ အစည်ကားဆုံးနဲ့ အဓိက ကျဆုံးမြို့လေးပေါ့။ မူ နယ်မြေရဲ့ ပိုင်ရှင် သခင်ကြီး ကတော့ မူချန်ရဲ့ အဖေ မူဖန်ဘဲဖြစ်တယ်။

* သခင်လေး – – – – – – – – *
” သခင်လေး ပညာတော်သင်ပြီး ပြန်ရောက်လာတာလား။”
“ဟေး — မြန်မြန် ဖယ်ကြဟေ့ သခင်လေး လာနေတယ်။ ”

အခြွေအရံတွေရဲ့ ဘေးမှာ ပါလာတဲ့ အစောင့်တွေ က ပြောလိုက်တယ်။

မြို့သူမြို့သားတွေဟာ အခြွေအရံနဲ့ လာလျှောက်လာနေတဲ့ ကောင်လေးကို ကြည့် ပြီး အံ့သြစွာ ကြည့်နေကြတယ်။ တစ်ခဏ အကြာမှာတော့ သူတို့ ရဲ့ သခင်လေးမှန်လည်း သိရော ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆို နှုတ်ဆက်ကြတယ်။

” ငါမင်းတို့ကို ဒုက္ခပေးမိပြီး။ ”
“ငါ့ဘာသာ ငါဘဲ ပြန်တော့မယ်။”
မူချန်က အစောင့်တွေကို ပြုံ းပြီး ပြောလိုက်တယ်။

မူနယ်မြေမှာ သူ ငယ်ငယ်တုန်းကတည်းက နေထိုင်ခဲ့တဲ့ နေရာဆိုတော့ သူ့ အတွက် အားလုံးနဲ့ မစိမ်းဘူးလေး။ မြေပိုင်ရှင်ရဲ့ သား ဖြစ်တဲ့သူက မာနထောင်လွှားမှု မရှိဘဲ အားလုံး ကို ဆွေမျိုး ရင်းချာလို ဆက်ဆံတော့ အားလုံးက သူ့ကို ချစ်ခင် နှစ်သက်ကြတယ်။ ဒါကြောင့် မို့လို့ လည်း မြို့သူမြို့သားတွေ အားလုံးဟာ သူ့ကို ဝမ်းပန်တသာ ကြိုဆိုနေကြတာပေါ့။

မူချန်ဟာ အစောင့်တွေကို ခပ်မြန်မြန် နှုတ်ဆက်လိုက်ပြီး မြို့ လယ်ခေါင်းဆီကို ကိုယ်ဖော့ သိုင်းနဲ့ ပျံပြီး သွားလိုက်တယ်။ မကြာခင်မှာဘဲ ကြီးမားတဲ့ စကားလုံးတွေကို တွေ့လိုက်တယ်။ အဲ့ဒါကတော့ မူပိုင်နက် ဆိုတာပါဘဲ။

မူပိုင်နက် နယ်မြေမှာတော့ အစောင့်တွေ မြောက်မြားစွာရှိတယ်။ ဒါပေမဲ့ မူချန်ဟာ အစောင့်တွေ ကို ဂရုမစိုက်ဘဲ အထဲကို ပြေးဝင်လိုက်တယ်။ အစောင့်တွေ ကလည်း သူတို့ရဲ့ သခင်လေးမှန်းသိတာနဲ့ ပြုံ းပြနှုတ်ဆက်ကြတယ်။
သို့သော်လည်း မူချန်က ဂရုမစိုက်ဘဲ ဆက်သွားလိုက်တယ်။

* အဖေ *

မူချန်က အခန်းအတွင်းထဲကိုပြေး၀င်ပြီး သူ့အဖေကိုအော်ခေါ်လိုက်တယ်။ သူအခန်းထဲကိုရောက်သွားတဲ့အခါမှာ လူနှစ်ယောက်အခန်းထဲမှာထိုင်နေတာကိုတွေ့လိုက်ရတယ်။ အိမ်ရှင်တွေထိုင်တဲ့ထိုင်ခုံမှာတော့ အနက်ရောင်၀တ်စုံ နဲ့လူတစ်ယောက်ထိုင်နေတယ်။

အနက်ရောင် ဝတ်စုံနဲ့ လူမှာ တောင့်တင်းခန့်ညားတဲ့ ကိုယ်ရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ မျက်နှာ ပုံစံပိုင်ဆိုင်ထားတယ်။ သူ့ခေါင်းပေါ်က ဆံပင်ကြောင့်သာ သူကအသက်ကြီးတယ်ဆိုတာ သိရတာ။ ဒါပေမဲ့ သူငယ်ငယ်တုန်းက ခန့်ညာချောမောတဲ့ပုံစံ ရှိခဲ့ဘူးတယ် ဆိုတာ အသေအချာပြောလို့ရတယ်။ သူကတော့ မူချန်ရဲ့အဖေ မြေပိုင်ရှင် မူဖန် ဖြစ်တယ်။

မူချန်အဖေရဲ့ ညာဖက်ခြမ်း မှာတော့ လူလတ်ပိုင်အရွယ်လောက်ရှိတဲ့လူတစ်ယောက်ထိုင်နေတယ် အဲ့ဒီလူကိုကြည့်ရတာ လျိ ု့ ဝှက်ချက်များမယ် လို့ထင်ရတယ်။ အဲ့ပတ်၀န်ကျင်မှာ သူရဲ့ခက်ထန်တဲ့အသံ ဟာ သူပါစပ်ထဲထွက်လာတယ်။ သူက မူချန် လာတာကိုတွေ့လိုက်ချိန်မှာတော့ စကားရပ်ကာ မူချန် ကိုကြည့်ပြီး ပြုံးနေလိုက်တယ် ။

” မင်းပြန်လာတော့ကောင်းတာပေါ့ကွ။ ”
” ဘာကြောင့်ငါ့ကိုအော်ခေါ်နေရတာလဲ။ ”
မူဖန်က သူလက်ထဲက ပစ္စည်းကိုချပြီး တံခါးကနေပြေး၀င်လာတဲ့ သူ့သားလေးကိုလှမ်းကြည့်ပြီးအသံတိုးတိုးနဲ့ ဆူကာ ပြောလိုက်တယ်။ ဒါပေမဲ့လည်း သူ့ရဲ့မျက်လုံးထဲမှာ တော့ နွေးထွေးတဲ့ အပြုံးနဲ့သူ့သားကိုကြိုဆိုနေတယ် ။

* သခင်ကြီး *
” သခင်လေး – – – ”
” ပြန်လာလေ့ ပြန်လာထက ရှားတယ်။ သူအခုလိုပြန်လာတော့ ငါတို့၀မ်းသာ ရတာပေါ့။ ”
အသားဖြူဖြူနဲ့လူလတ်ပိုင်း အရွယ်ရှိတဲ့လူက ပြုံးပြီးပြောလိုက်တယ်။

” ဦ လေးကျုံ – – – တစ်ယောက်တည်း သားကိုနားလည်တယ်။”
မူချန်က ခုံပေါ်ထိုင်ပြီး လူလတ်ပိုင်းရှိတဲ့လူတစ်ယောက်ကို အားပါတရပြုံးပြီးပြောလိုက်တယ်။

သူတို့စကားပြောပုံအရ ကြည့်ရသလောက်တော့ အရမ်းရင်နီးကြတဲ့ပုံပေါ်တယ်။ ဦးလေးကျံ ု ရဲ့ နာမည် အပြည့်အစုံကတော့ ကျံ ုယဲ ဖြစ်တယ်။ သူက သူ့အဖေနဲ့ အရမ်းခင်မင်တဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်တယ်။

ဟိုး – – – – –
အရင်ကတည်းက ကျံ ုယဲ ဟာ မူချန်ရဲ့ အဖေနောက်လိုက်ပြီး ရန်သူတွေ ကို တိုက်ခိုက် သတ်ဖြတ်ပေးတယ်။ မြေပိုင်ရှင်ဖြစ်လာအောင်လည်း သူအများကြီးကူညီပေးခဲ့တယ်။ မူချန်ကြီးလာတဲ့အထိ သူကပဲစောင့်ရှောက်ပေးခဲ့တယ်။ ဒါကြောင့် မို့လည်း မူချန်ကို တူလို သားလို သံယောက်ဇဉ် ဖြစ်တယ်။ သူတို့ ရဲ့ သံယောဇဉ်က အမြဲခိုင်မာနေတယ်။

” ဟန့် ”
” မင်းရဲ့ သိုင်းပညာက အလယ်အဆင့်ကိုရောက်ပြီးလား။ ”
မူဖန်က သူ့သားကိုခပ်ပြုံးပြုံးနဲ့မေး လိုက်တယ်။

အဲ့စကားကိုကြားတာနဲ့ ဦးလေ ကျံ ုယဲ က မူချန် အံ့သြ စွာနဲ့ကြည့်နေတယ်။ မမျော်လင့်ပဲ မူချန်ရဲ့ ကိုယ်က ကထွက်လာတဲ့ ဝိညာဉ်သိုင်းရဲ့ အရှိန်အဝါကိုတွေ့ခဲ့တယ်။

” ဟုတ် ”
” အဲ့ဒီအဆင့်ရောက်ပါပြီး ”
မူချန်ကခေါင်းညိတ် ပြီးပြောလိုက်တယ်။

” မင်း ဝိညာဉ် ဝိဇ္ဇာသိုင်းပညာသင်ဖို့ပြန်ရောက်လာတာ မလား။ ”
မူဖန်က ပြုံးပြီး မေးလိုက်လိုက် တယ်။

” မင်းသာ သိုင်းပညာအလယ် အဆင့်ရောက်ရင် ဝိဇ္ဇာပညာကိုလေ့လာလို့ရပြီး။ ”
” အဲ့ဒါကိုလေ့လာမယ်ဆိုရင် ဝိညာဉ် စွမ်းအားတွေကိုထုတ်လွင့်ပြီးလေ့လာရမယ်။ ”

” သားနောက် (၁၀) ရက်ကြာရင် လူတစ်ယောက်နဲ့တိုက်ခိုက်ရမယ် ။ ”
” သားသာ ဝိဇ္ဇာပညာရပ်ကို မလေ့လာနိုင်ရင်ဒုက္ခ အကြီးအကျယ် ရောက်လိမ့်မယ်။ ”
မူချန်က လွီယန်နဲ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရှင်းပြလိုက်တယ်။

ီရှင်းပြလို့ ပြီပြီးချင်းမှာပဲ သူ့အဖေ မူဖန်နဲ့ ဦးလေး ကျုံယဲ ကမယုံသင်္ကာနဲ့ မူချန်ကိုစိုက်ကြည့်နေတယ်။

” လွီမိသားစုထဲက ကောင်းတာတစ်ယောက်မှမရှိဘူး ။ ”
” ဒီနှစ်တွေထဲမှာလည်း တဖြည်းဖြည်းနဲ့ မောက်မာလာတယ်။ ”
” သူတို့က နိုင်ငံတော်မှာ နံပတ် ၁ ဖြစ်နေမယ်ဆိုရင်တောင် မူမိသားစုကို အာပလာလို့ ထင်နေတာလား။ ”
ကျုံယဲ က စိတ်ဆိုးမာန်ဆိုးနဲ့ပြောလိုက်တယ်။

” လွီယန်က ဝိညာဉ်သွေးကြောသိုင်းကို ကျင့်နိုင်လိမ့်မဟ် လို့ တစ်ခါးမှ မထင်ထားမိဘူး။ ”
သခင်ကြီး မူဖန်က စဉ်းစားရင်း ပြောလိုက်တယ်။

ကျံ ု ယဲ က မျက်မှောင့်ကြု ပ်ပြီး ပြောလိုက်တယ်။
” လွီယန်ရဲ့ ဝိညာဉ်သွေးကြော သိုင်းပညာအဆင့်က ထိပ်ဆုံးနီးပါးရောက်နေပြီး မဟုတ်လား။”
” ဝိညာဉ်သွေးကြောသိုင်းရဲ့ အကူအညီနဲ့ ဆိုရင် သူ့ကို နိုင်ဖို့ က ခဲယဉ်တယ်။ ”
“သခင်လေး မူ လွီယန် ကို နိုင်မယ် လို့ ယုံလား။”

မူချန်က ပြုံးလိုက်တယ်။
လူ့ဝိညာဉ်သွေးကြောသိုင်း အဆင့် ရှိတဲ့ သူ့ကို မပြောနဲ့ ကောင်းကင် ဝိညာဉ်သိုင်း အဆင့်ကို ပိုင်ဆိုင်ထားတဲ့ သူတွေနဲ့ တောင်း တိုက်ခိုက်ဖူးတယ်။ ပြီးတော့လည်း ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံ ကို ယှဉ်ပြီး ကြည့်မယ်ဆိုရင်လည်း လွီယန်က လုံးဝ အတွေ့အကြုံ မရှိဘူး ဖြစ်နေတယ်။

မူဖန်က အပြစ်ကင်းစင်တဲ့ သူ့သားရဲ့ မျက်နှာကြည့်ပြီး တစ်စုံ တစ်ခု ခံစားသိရှိလိုက်တယ်။ သူ့သားဟာ ကျောင်းတော်ကနေ ပြန်လာပြီး နောက်ပိုင်း လုံးဝကို ပြောင်းလဲသွားတယ်။ အထူးသဖြင့် စိတ်ထားကောင်းမွန်ပြီး မာနထောင်လွှားမှု ကင်းမဲ့ သူ့သား မူချန်က ခုတော့ တည်ငြိမ်အေးဆေးပြီး တစ်စုံတစ်ခု ကို ဆုံးဖြတ်ချက်ချမယ်ဆိုရင်လည်း အရမ်းကို တိကျပြတ်သားလွန်းလာတယ်။

အဲ့လို သူ့သားရဲ့ တည်ငြိမ်ပြီး ပြတ်သားမှုရှိတဲ့ ပုံစံက အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်လို ဖြစ်နေတယ်။ အကယ်၍သာ နဂါးဟာ နိုးထလာပြီး ဒေါသပုန်ထလာရင် အလွန့် အလွန်ကို ဘဲ ကြောက်စရာ ကောင်းတဲ့ ပုံစံကို ပြောင်းလဲ သွားလိမ့်မယ်။

သခင်ကြီး မူဖန်ဟာ ပြောင်းလဲ သွားတဲ့ သူ့သားရဲ့ပုံစံကို ကြည့်ပြီး အံ့အားသင့်သွားသလို ကျေနပ်မှုလည်း ရရှိသွားတယ်။ ဒါပေမယ့် သူ့ရဲ့ အချစ်တော် သားလေး မူချန်အတွက်ကို တော့ စိုးရိမ်နေဆဲပါဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ အတွင်းမှာ မူချန်ဟာ နှင်ထုတ် ခံရနိုင်ကိန်းရှိလို့ဘဲ ဖြစ်တယ်။ သူ့သားကို ဘယ်လို ကူညီရမလဲဆိုတာ အကြံအိုက်နေတယ်။

သို့သော်လည်း အဲ့ဒီကိစ္စ နဲ့ ပတ်သက်လို့ သူ့သားကို ဆက်မမေးဖြစ်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့ သား မူချန်ဟာ သူမျက်နှာပျက်အောင် ဂုဏ်သိက္ခာ ညိုးနွယ်အောင် ဘယ်သော်အခါမှ လုပ်လိမ့်မယ် မဟုတ်ဘူးဆိုတာ ယုံကြည်လို့ပါဘဲ။

” သွားကြစို့ ။ ”
” ဝိဇ္ဇာ သိုင်းကျမ်းရှိတဲ့ နေရာကို မင်းကိုလိုက်ပြမယ်။ ”
မြေပိုင်ရှင်ကြီး မူဖန်က မှတ်တပ်ရပ်ကာ သူ့သား မူချန်ကို လက်ပြပြီးပြောလိုက်တယ်။
ပြီးနောက်မှာတော့ အိမ်ရဲ့ အနောက်ဘက် ဆီကို လမ်းလျှောက်သွားတယ်။ မူချန်က သူ့ဦ လေး ကျုံ ယဲကို နှုတ်ဆက်ပြီး သူ့အဖေနောက်ကို ခပ်မြန်မြန် ပြေးလိုက်သွားတယ်။

မူချန်က သူ့အဖေနဲ့ အတူ အိမ်နောက်ဖေးကို ကျော်သွားပြီး ထုထည်ကြီးမားလွန်းတဲ့ ကျောက်တုံး တံခါး ဆီကို ရောက်သွားတယ်။ သခင်ကြီး မူဖန်ဟာ ကျောက်တံခါးဆီကို ရောက်တာနဲ့ သူ့လက်ဖဝါး ကနေ အတွင်းအားကို စုစည်းပြီး တပြိုင်နက်တည်း ထုတ်လွတ်ကာ ကျောက်တံခါးကြီး ကို ဖယ်ရှားလိုက်တယ်။

မူချန်ဟာ သူ့အဖေရဲ့ အတွင်းအား ကို ကိုယ်တိုင် မြင်တွေ့ခံစားသိရှိလိုက်ချိန်မှာတော့ ပါးစပ်အဟောင်းသားနဲ့ အံ့သြမှင်သက်သွားတယ်။ ပြိုင်ဘက်ကင်းလောက်တဲ့ အတွင်းအား သူ့အဖေပိုင်ဆိုင်ထားတယ် ဆိုတာ ခုမှမြင်တွေ့ရတော့ သူ့ခင်ဗျား မအံ့သြဘဲ မနေနိုင် ဖြစ်သွားတယ်။

…………………………………………………………………………
* ဝိဇ္ဇာပညာရပ် *

ဝိဇ္ဇာပညာရပ်ကို လေ့လာမယ်ဆိုရင် တော့ အရေးကြီး ဆုံး အဆင့်က မရှိတဲ့ အရာကို ရှိအောင် အာရုံခံနိုင်ရမယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဝိဇ္ဇာပညာဟာ လှုပ်ရှားသွားလာနေတယ်ဆိုတာကို အာရုံခံစားနိုင်ရမယ်။ အဲ့ဒီ အဆင့်မှာ အသက်ကို ရှုသွင်းသလို ပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအားတွေ ကို စုပ်ယူ နိုင်အောင် လုပ်ရမယ်။ ( တစ်ခြားသတ္တဝါတွေ ရဲ့ စွမ်းအားကို စုပ်ယူခြင်း မဟုတ်ပါ။ တခြားသောစွမ်းအင်တွေနဲ့ အကျွမ်းတဝင်ဖြစ်အောင်လုပ်ဆောင်ခြင်းသာဖြစ်သည်။ )

နောက်တစ်ဆင့် အနေနဲ့ ခန္ဓာကိုယ်တွင်းမှာ ရှိနေတဲ့ စွမ်းအား ကို စုစည်းကာ စက်ဝိုင်းပုံသဏ္ဌာန် ပုံဖော်ပြီး စက်ဝိုင်းသဏ္ဌာန်အတွင်းအားကို လှည့်ကာ လုပ်ဆောင်ရမယ်။ အဲ့ဒီ အဆင့်ပြီးသွားရင်တော့ လေ့ကျင့်သူရဲ့စွမ်းအား ဟာ တခဏအတွင်းဘဲ ပြောင်းလဲ တိုးတက်လာပါလိမ့်မယ်။အဲ့ဒီအဆင့်ကို ဖြတ်ကျော်ပြီးတာနဲ့ တောကောင်ကြီးတွေရဲ့ ဝိညာဉ်သိုင်းကို ဆက်လေ့လာလို့ ရသွားပါလိမ့်မယ်။

**** တောကောင်ဝိညာဉ်သိုင်း ဆိုတာ ****

တောကောင်ဝိညာဉ်သိုင်းဆိုတာက ကမ္ဘာတစ်ဝှမ်းက တောကောင်းကြီးတွေရဲ့ ဝိညာဉ်နဲ့ ဖွဲ့စည်းထားတဲ့ သိုင်းဖြစ်တယ်။ အဲ့ဒီသိုင်းပညာကို လေ့ကျင့်အောင်မြင်ပြီးသွားရင် တောကောင်ကြီးတွေရဲ့ စွမ်းအားကို ပိုင်ဆိုင်သွားပါလိမ့်မယ်။ တောကောင်ကြီးတွေရဲ့ စွမ်းအားနဲ့ ကိုယ့်ရဲ့ လက်ရှိ ရှိပြီးသားစွမ်းအားတွေ နဲ့ ပေါင်းလိုက်ရင် ထူးဆန်းတဲ့ စွမ်းအားတစ်ခု ဖြစ်သွားပါလိမ့်မယ်။

တောကောင်ကြီးတွေရဲ့ စွမ်းအား ဘယ်လောက်တောင် အစွမ်းထက်သလဲ ဆိုတာ ကောင်ကင်ဘုံနဲ့ လူ့ဘုံ မှာတောင် အံ့အားသင့်လွန်းလို့ မှတ်တမ်းနဲ့ ရေးသားပြုစုထားကြတယ်။
…………………………………………………………………………

တစ်နေ့တော့ မူဖန်ဟာ ကံကောင်းထောက်မှစွာနဲ့ မီးနဂါးငှက်ကို ပိုင်ဆိုင်သွားတယ်။ အဲ့ဒီမီးနဂါးငှက်နဲ့ အတူ ရစ်ပတိနွယ် နိုင်ငံတော် တစ်ခွင်မှာ လှည့်လည် ပျံသန်းခဲ့လို့ အောင်မြင်ကျော်ကြားလာပြီး မြေပိုင်ရှင်ကြီး ဖြစ်လာတယ်။ မီးနဂါးငှက်ရဲ့ ဝိညာဉ်စွမ်းအားကလည်း သူ့ကို အထောက်အကူအများကြီး ပြု ခဲ့တယ်။

” ကျွီး . . . . . . . . . . ”
မူချန် စိတ်ရှုပ်ထွေးနေစဉ်မှာဘဲ ကျောက်တံခါးကြီးဟာ ကျွီး ခနက် အသံမြည်ပြီး ပွင့်သွားတယ်။

တံခါးကြီး ပွင့်သွားချိန်မှာ အနံ့ဆိုးကြီး က ထောင်ခနဲ့ ထွက်လာလို့ သခင်ကြီး မူဖန် ခင်ဗျားမှာ လက်နဲ့ ယက်ခပ်ပြီး အထဲ ကို ဆက်လျှောက်သွားလိုက်တယ်။ မူချန် ဘာမှမေးမြန်းပြောဆိုခြင်း မရှိဘဲ သူ့အဖေ နောက်ကို လိုက်သွားတယ်။

ကျောက်တံခါးကြီး ကို ဖြတ်သန်းပြီးတဲ့ အခါမှာတော့ အခန်းတစ်ခုကို ရောက်သွားတယ်။ အဲ့ဒီအခန်းထဲမှာ မှိတ်တုတ် မှိတ်တုတ် မီးရောင်တွေနဲ့ ကျောက်တုံးတွေကို တန်းစီးထားပြီး စင်ပုံစံပြုလုပ်ထားတဲ့ ကျောက်တုံးစင် တစ်ခုတွေ့လိုက်တယ်။ ကျောက်တုံးစင်ပေါ်မှာတော့ ပုံဆွဲထားတဲ့ ပန်ချီကား အလိပ်လိုက်တွေကို တင်ထားတွေ့ရတယ်။

မူချန်က ပန်းချီကားလိပ်ကို ဖြေကြည့်လိုက်ချိန်မှာတော့ သူ့မျက်လုံးတွေ ဟာ တောက်ပသွားတယ်။ ဒါ . . . ဒါ . . . . ဒါ တွေက ဝိဇ္ဇာသိုင်းကျမ်းတွေဘဲ။

သူ့အဖေ မူဖန်ကတော့ လက်ခုပ်ပြီး ပြုံ းကာ ပြောလိုက်တယ်။
” သား . . . . . ဒါတွေ အားလုံးဟာ အဖေကိုယ်တိုင် သိမ်းဆည်း ထားတဲ့ ဝိဇ္ဇာသိုင်းကျမ်းတွေဘဲ။ ”
” သား . . . . . . . စိတ်ကြိုက် သိုင်းကျမ်းတွေကို ရွေးချယ်လို့ရတယ်။ ”

***°

Comment

Leave a Reply

Options

not work with dark mode
Reset