Switch Mode

Chapter – 4

ကျောင်းတော်မှ နှင်ထုတ်ခံရခြင်း

Chapter – 4 ” ကျောင်းတော်မှ နှင်ထုတ်ခံရခြင်း ”

” ဘာ ”
” လူ့ဝိညာဉ်သွေားကြောသိုင်း အဆင့် ”

အဲ့ဒီ စကားသံ ကြာလိုက်တဲ့ စုလင် နဲ့ သူ့ လူတွေက သိသိသာသာ မျက်နှာအမူအယာ ပြောင်းလဲ သွားတယ်။ မိန်းမလှလေး တန်ချွီအာ တောင် အနည်းငယ် တုန်လှုပ်သွားတယ်။

ရစ်ပတ်နွယ်ကျောင်းတော်မှာ ဝိညာဉ်သွေးကြောသိုင်း အဆင့်ကို ရောက်သွားတဲ့ ကျောင်းသားဦးရေ ကနည်းလွန်းလို့ လက်ချိုးရေ လို့တောင်း ရတယ်။ လွီယန်က အဲ့အဆင့်ရောက်သွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ကြဘူး။

” လူ့ဝိညာဉ်သွေးကြောသိုင်း အဆင့် ”

ထောင်ကွမ် က သူနှုတ်ကို ပိတ်သလို ရိုက်သလို နဲ့ လက်ဖဝါးကို လက်နဲ့ အုပ်ထားလိုက်တယ်။ ပြီးတော့ မူချန် ကို သနား သလိုလို ပြောင်သလိုလို နဲ့ စိုက်ကြည့်နေလိုက်ပါတယ်။

လွီယန် ဟာအရင်က သူ့သိုင်းပညာ ရဲ့ အဆင့်က အလယ်အလတ်ကို ရောက်နှင့်နေပြီးသား။ ခုမှာတော့ လူဝိညာဉ်သွေးကြောသိုင်း အဆင့်ပါ လေ့ကျင့်အောင်မြင် ခဲ့တဲ့ အတွက် သူ့ကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အရာမဟုတ်ဘူး။ ခုတော့ မူချန် က ကြံမ္မာဆိုးကြီးနဲ့ တွေ့နေပြီးပေါ့။

ထောင်ကွမ် ကတစ်ပြုံးပြုံးနဲ့ ဆက်ပြီးတော့ ပြောတယ်။
အစ်ကိုကြီး လွီယန်က ပြောလိုက်တယ်။

” မင်းသူ့ကို မယှဉ်ရဲရင် ဘာမှမဖြစ်ဘူးတဲ့။ ”
” ဒါပေမယ့် မင်း ပြိုင်ပွဲနေ့ ကြရင် ပေါ်မလာနဲ့။ ”
“မင်းပေါ်မလာရင် မင်းကို အရှက်မကွဲစေရဘူး။ ”

အကယ်၍သာ မူချန် အဲ့ပြိုင်ပွဲနေ့မှာ ကိုယ်မပြရင် ပေါ်မလာရင် သူ့ဂုဏ်သတင်းဟာ အရှေ့ဘရန့် အဖွဲ့သားတွေနဲ့ အတူ ဖျက်ဆီးခံရလိမ့်မယ် ဆိုတာ မူချန် ရိပ်မိလိုက်တယ်။

” နင် – – – – ဆရာ လုပ်တာ လွန်နေပြီးနော်။ ”

တန်ချွီအာက မျက်မှောက်ကြုတ်ပြီး ထောင်ကွမ်ကို အော်ပြောလိုက်တယ်။

” မူချန် ”
” မင်းကိုယ်မင် စောစောစီးစီး ဂုဏ်မယူသင့်ဘူး။ ”
” ဘာဖြစ်လို့လဲ ဆိုတော့ သိုင်းပြိုင်ပွဲမှာ မင်းပါဝင်နိုင်တယ်ဆိုတာ မင်းကံကောင်းသွားချိန်နဲ့ တိုးလို့ဘဲ။ ”
” မင်းမှာ ဘာအရည်အချင်းမှ မရှိဘူး။ ”

လွီချန်က ရွဲ့သလိုလိုနဲ့ ပြောလိုက်တယ်။

” နင်! ”

မိန်းမလှလေး တန်ချွီအာ က မျက်မှောက်ကြုတ်ပြီး လွီချန်ကို တိုက်ခိုက်ရန် ခုန်ပျံလိုက်တယ်။ ဒါပေမယ့် လက်တစ်ဖက် က သူမရဲ့ ပခုံးကိုဆုတ်ကိုင် လိုက်လို့ သူမမခုန်နိုင် ဖြစ်သွားတယ်။ သူမလှည့်ကြည့်လိုက်တဲ့အခါမှာ မူချန် ရဲ့ မျက်နှာဟာ တောက်ပနေပြီး ခပ်ပြုံးပြုး ဖြစ်နေတာကို တွေ့လိုက်တယ်။

” ကောင်းပြီး ”
” လွီယန် ကို ငါစောင့်နေတယ်လို့ ပြန်ပြောလိုက် ။ ” မူချန်က လွီချန်ကို ပြောလိုက်တယ်။

တစ်ဆက်တည်းမှာဘဲ တန်ချီင်္ွအာက ထပ်ပြောလိုက်တယ်
” မူချန်”
” နင် အလိုက်တာဟာ။ ”

” ကောင်းပြီး – – – မူချန် ”
” မင်းရဲ့ စွမ်းရည်ကို ကြည့်ရတာပေ့ါ။ ”
လွီချန်က မူချန်ကို လက်မထောင်ပြပြီး အားပါးတရ ပြုံးပြီး ပြောလိုက်တယ်။

ပြီးတာနဲ့ လွီချန်က ခပ်ပြုံးပြုံးနဲ့ လှည့်ထွက်သွားတယ်။
ဆယ်ရက်တောင် စောင့်မစရာမလိုတော့ဘူး ။ ခုယှဉ်နိုင်တယ်လို့ မူချန် က ပြောလိုက်တာနဲ့ အတူတူပါဘဲ

လွီချန် ၊ ထောင်ကွမ်နဲ့ တခြားသူတွေ ပြန်သွားချိန်မှာတော့ ဟောင်လင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်ပြီး ပြန်သွားတယ်။

” အစ္ကိုမူ ”
” လွီယန် ရဲ့ စိတ်ခေါ်မှုကို လက်ခံမှာလား။ ”
” သူ့သိုင်းပညာ က ဝိညာဉ်သွေးကြော သိုင်း အဆင့်ကို ရောက်နေပြီးဆိုကတည်း က ယှဉ်ပြိုင်ဖို့ ခဲယှဉ် နေပြီးနော်။ ”

စုလင်းနဲ့ သူ့လူတွေက ထောင်ကွမ် ပြန်သွားတာကို ကြည့်ပြီး မူချန်ကို မေးလိုက်တယ်။

” ငါ အကောင်းဆုံး ကြိုးစားမှာပါကွာ။ ”

” နင် – – တော်တေ်ာ အ တာဘဲ။ ”
” သူက နင့်ကို ရန်စချင်နေတာ ဆိုတာသိသာနေတာဘဲ။ ”
” ဘာလို့ လက်ခံလိုက်တာလဲ။ ”
တန်ချွီအာ က စိတ်ဆိုး မာန်ဆိုးနဲ့ ပြောလိုက်တယ်။

သူမက ဖြူစင်လွန်းတဲ့ မူချန်ရဲ့ မျက်နှာကို ငေးကြည့်နေမိတယ်။ မူချန်မှာ သိမ်မွေ့ပြီး ဆွဲဆောင်မှု ရှိတဲ့ အပြုံးကို ပိုင်ဆိုင်ထားတယ်လေး။ သူမက သူမကိုယ်ကို သတိမပြုလိုက်ချိန်မှာဘဲ မူချန်ဟာ သူမရဲ့ နှလုံးသားတစ်နေရာမှာ ရောက်မှန်းမသိ ရောက်ရှိနေတယ်။

” ဟူး ”
” ဘာဘဲဖြစ်ဖြစ် နင် ရှုံးရင် ငါတစ်ယောက်တည်း မျက်နှာပျက်ရမှာမဟုတ်ဘူး။ ”
တန်ချီအာက မကျေမနပ်နဲ့ တစ်တွတ်တစ်တွတ် ပြောနေတယ်။
” အစ်မ ချွီအာ ”
” ကျွန်တော့ ကိစ္စကို ဘာကြောင့် အဲ့ဒီလောက်တောင် စိုးရိမ်နေရတာလဲ။ ”
မူချန်က ခပ်ပြုံးပြုံး နဲ့ မေးလိုက်တယ်။

” နင်သေရင်တောင် ငါဂရုစိုက်မှာ မဟုတ်ဘူး။ ”
မိန်းမလှ ချွီအာက ရှက်သွေးဖြာ ပြီးပြောလိုက်တယ်။

သူမ ကို မူချန်ကို ခပ်ရှက်ရှက် နဲ့ ကြိုးစားကြည့်ပြီး ပြောလိုက်တယ်။
” နင် သေလောက်အောင် ဒဏ်ရာ ရပြီး ရှုံးသွားရင် အရှေ့ဘရန့် အဖွဲ့ က တစ်ခြားအဖွဲ့ ရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောနေမှာ ကို ငါအရမ်းစိုးရိမ်တယ်။ ”

မူချန်က အားမပါတပါနဲ့ ပြုံးနေလိုက်တယ်။

တကယ်တော့ တန်ချွီအာနဲ့ မူချန်ဟာ အရမ်းရင်နှီးကြတယ်။ တန်ချွီအာ ရဲ့ အဖေက မြေပိုင်ရှင် သူဋ္ဌေးတစ်ယောက်ဖြစ်သလို မူချန်ရဲ့ အဖေနဲ့ လည်း ညီအစ်ကိုရင်း လို နေကြတယ်။ ဒါကြောင့်မို့လို့ သူတို့ မိသားစု နှစ်စုက အရမ်းရင်းနှီးလွန်းလို့ နှစ်အိမ့်တစ်အိမ် လိုနေကြတယ်။

တန်ချွီအာက စုလင်တို့ ကို လမ်းဖယ်ဖို့ လက်ပြလိုက်ပြီး မူချန်ကို စိုက်ကြည့်နေလိုက်တယ်။

သူတို့ အဖွဲ့ထဲမှာ မှ တစ်ယောက် ရုတ်တရက် ထပ်ပြောလိုက်တယ်။
” ဟုတ်သားဘဲ ”
” ခုတစ်လော သတင်းတစ်ခု ထွက်နေတာ ငါပြောဖို့မေ့သွားတယ် ”
ကျောင်းအုပ်ကြီးဆီက ကြားတာကတော့ ရစ်ပတ်နွယ်လမ်းမှာ ကျင်းပမယ့် သိုင်းပြိုင်ပွဲက အဆုံးသတ်တော့မယ် ထင်တယ်တဲ့။

မူချန်က စိုးရိမ် ပူပန်စွာနဲ့ သက်ပြင်းချလိုက်တယ်။

ကျောင်းအုပ်ကြီး စိုးရိမ်တာ က သိုင်းပြိုင်ပွဲမှာ ရူးနှံ့နှံ့ လူတွေ ပါမှာမို့လို့ မထင်မှတ်ထားတဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာမှာစိုးလို့လေး။ ပြီးတော့လည်း ဒီ (၁၀)နှစ် အတွင်းမှာ ကောင်းကင် ဝိညာဉ်သွေးကြောသိုင်း အဆင့်ရောက်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။

အဆင့် ၅ သိုင်းပညာ အဆင့် ပိုင်ဆိုင်ထားတဲ့ ကျောင်းသားတွေကလည်း အရင်ပြိုင်ပွဲ မှာ သွေးထွက်သံယိုနဲ့ ဒဏ်ရာ ရရှိခဲ့ကြဘူးတယ်။

” ဝိညာဉ်သွေးကြောသိုင်း ”
ဝိညာဉ်သွေးကြောသိုင်း က (၃)မျိုးရှိတယ်။ ကောင်းကင် ဝိညာဉ်သွေးကြောသိုင်း၊ မြေပြန့် ဝိညာဉ်သွေးကြောသိုင်း နဲ့ လူ့ဝိညာဉ် သွေးကြောသိုင်း ဘဲဖြစ်တယ်။ အဲ့ဒီ သိုင်းပညာတွေက အဆင့်မြင့်လွန်းပြီး အံ့သြစရာကောင်းတဲ့ အစွမ်းတွေ ရှိတယ်။

အဲ့ဒီ သိုင်းပညာတွေထဲမှ တစ်ခုလောက်ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယေုက်ဟာ သူ့ရဲ့ လေ့ကျင့်မှုကို ပိုပြီးအထောက်အကူပြုတယ်။ ဒါ့အပြင် ဆရာတွေရဲ့ လေ့ကျင့် ညွန်းကြားမှု တွေပါ ပါလာရင်တော့ တခဏအတွင်း တစ်ခြားသိုင်းပညာတွေကို လေ့ကျင့်တတ်မြောက်နိုင်တယ်။

ဒီနှစ်အတောအတွင်းမှာ ကောင်းကင် ဝိညာဉ်သွေးကြောသိုင်းမပြောနဲ့ မြေပြန့် ဝိညာဉ်သွေးကြောသိုင်း ကိုတောင် လေ့ကျင့်အောင်မြင် တတ်မြှောက်တဲ့သူ မရှိသေးဘူး။ ခုတော့ ရှားရှားပါးပါး ဝိညာဉ်သွေးကြောသိုင်းပညာ အဆင့်ကို တတ်မြှောက်သွားတဲ့ သူတစ်ယောက်ပေါ်လာပြီးလေး။

တန်ချွီအာက လျှာလေးထုတ်ပြီး ပြုံးပြပြီး ပြောလိုက်တယ်။ သူ့မရဲ့ ပုံစံလေးက ချစ်စရာကောင်းလွန်းလို့ ကလေးလေး လို့တောင် ပြောလို့ရတယ်။

ရစ်ပတ်နွယ်လမ်း မှာ ကျင်းပတဲ့ သိုင်းပြိုင်ပွဲ မှာ ပါဝင်တဲ့ အားလုံးဟာ စိတ်မနှံ့တဲ့သူတွေဘဲ လို့ တစ်ခါမှတောင်းမတွေးဘူး ဘူး။

” ဟုတ်တာပေါ့ ”
” အဲ့အထဲမှာမှ စိတ်မနှံ့တဲ့သူတစ်ယောက်ပါတယ်လေး။ ”
” အဲ့လူ က ကျီ ရွှန် မဟုတ်လား။ ”
မူချန်က ပြုံ းပြီး ပြောလိုက်ပေမယ့် သူ့အသံကတော့ တိမ်ဝင်နေသလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမေ့လို့မရနိုင်တဲ့ လူတွေ ထဲ မှာ ကျီ ရွှန်က တစ်ယောက် အပါအဝင်လေး။

” နင် သူ့ကို သိတယ်။ ”
တန်ချွီအာက တအံ့တသြနဲ့မေးလိုက်တယ်။

” အင် ”
” ငါသိတာပေါ့။ ”
” သူက တကယ်တော်တဲ့ သူတစ်ယောက်ဘဲ။ ”
” ငါတောင်သူ့ကို သတ်မိတော့ မလို့ဘဲ ။ ”
မူချန်က မျက်နှာစိုက်ကျ ပြီးတော့ ဝမ်းနည်းတဲ့ လေသံနဲ့ပြောလိုက်တယ်။

တန်ချွီအာ က မျက်လုံးလေးပြူ းသွားတယ်။ နဂို ကလေးပုံစံ
ကလည်း ပျောက်သွားပြီး မျက်နှာလေးက တစ်ခုခုကို နားမလည်နိုင်သလိုဖြစ်နေတယ်။

” နင်ပြောတာ တကယ်လား။”
” နင်လိမ်နေတာမဟုတ်လား။ ”
” ကျီ ရွှန် ဖြစ်နိုင်ပါ့မလား။ ”
” သူ့သိုင်းပညာက အလယ့်အလတ်အဆင့်ဘဲ ရှိတယ်။ ”
” ဘယ်လိုလုပ် သူ့ သိုင်းပညာ က အဆင့် ၅ လို့ ပြောရတာလဲ။ ”
မူချန် ရဲ့အေးစက်စက် မျက်နှာက ပြောင်းလဲ လာတယ်။ တန်ချွီအာ ကို ကြည့်ပြီး မရယ်ဘဲ နဲ့ မနေနိုင်ဘူး ဖြစ်သွားတယ်။

တန်ချွီအာ က မူချန်သူ့ကို နောက်နေမှန်းလည်း သိရော စိတ်တိုသွားတယ်။ မူချန်ကို ပြေးကိုက်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမယ့် စိတ်ကို ထိန်းပြီး ဆက်ပြောလိုက်တယ်။

” နင့်သိုင်းပညာက အလယ်အဆင့်မှာဘဲ ရှိသေးတယ်။ ”
” ပြီးတော့ လည်း ဝိဇ္ဇာပညာရပ်ကို မလေ့လာရသေးဘူး။ ”
” ငါကြားမိတာ ကတော့ လွီယန် က အဲ့ပညာရပ်ကို လေ့လာလို့ ပြီးပြီးတဲ့။ ”

” ဝိဇ္ဇာပညာရပ်”

” အန် ”
” ငါပြန်ရောက်ရင် လေ့လာလိုက်မယ်။ ”
” ငါ့သိုင်းပညာ အလယ်အဆင့်ရောက်ရင် ငါ့အဖေက သူ့ကို ရှာဖို့ မှာထားတယ်။ ”
” ခုတော့ သူ့ကို ရှာဖို့ အချိန်တန်ပြီး။ ”
မူချန်က ပြုံးပြီးပြောလိုက်တယ်။

” ဒါဆိုလည်း ပြီးတာဘဲ ”
” ခုတော့ ငါပြန်တော့မယ်။ ”

မူချန်ရဲ့ အဖေက ရစ်ပတ်နွယ် နိုင်ငံတော်မှာ မြေပိုင်ရှင် သူဌေး ဖြစ်တုန်းဘဲ လေး။ သူ့ အဖေကလည်း သူ့အချစ်ဆုံးသားအတွက် ဝိဇ္ဇာ ပညာရပ်ကို လေ့လာဖို့ ပြင်ဆင်ထားတယ်လေး။

တန်ချွီအာက ဘာမှဆက်မပြောတော့ဘဲ ပြန်ဖို့ လက်ဝှေ့ပြလိုက်တယ်။ သူ့ ပြန်ဖို့ ကိုယ်ကို လှည့်လိုက်ချိန်မှာ အနောက်မှာ ချည်ထားတဲ့ ဆံကေသာကလည်း လေထဲ မှာ ပေါ့ပါးစွာ လှုပ်ရှားသွားတယ်။

တန်ချွီအာက ပြန်ဖို့ လမ်းလျှောက်သွားပြီး ရုတ်တရက် နောက်ဖက်ကို လှည့်ပြီး မူချန်ကို ကြည့်လိုက်တယ်။
သူမဟာ စကားစပြောဖို့အတွက် တစ်အောက်တွေးပြီး နေလိုက်တယ်။ ပြီးမှ မူချန်ကို ပြောလိုက်တယ်။

” နင် – – – – – အနိုင်မရ နိုင်ဘူးလို့ နင်ကိုယ်နင် ထင်ရင် ငါ နင့်အစား လွီယန်နဲ့ တိုက်ခိုက်ပေးမယ်လေး။ ”
” နင်သဘောတူတယ် မဟုတ်လား။ ”

” နင် – – ငါ့ကို နည်းနည်း လေးလောက်ပိုပြီး မယုံနိုင်ဘူးလား။ ”
မူချန်က အကူအညီမဲ့စွာပြောလိုက်တယ်။ ဒါပေမယ့် လည်း ချွီအာ ဘာကြောင့် ဒီလိုနည်း ဘာကြောင့် စဉ်းစားသလဲ ဆိုတာ မူချန် ခင်များ စဉ်းစားလို့မရနိုင်ဖြစ်နေတယ်။

မိန်းမလှလေး ချွီအာက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။
” တခြားသူတွေ ငါ့ကို အကူအညီ လာတောင်းရင် ဘယ်သူ့ကိုမှ မကူညီခဲ့ဘူး။ သူတို့ကို အမြဲတမ်ငြင်းတယ်။ ”
” ဒါပေမယ့် နင့်လို စိတိပျက်စရာကောင်းတဲ့သူကို ငါဘာကြောင့် ကူညီချင်ရတာလဲ မသိဘူး။ ”
ချွီအာက ဒေါသ တကြီးနဲ့ ပြောပြီး ထွက်သွားတယ်။

မူချန်က မိန်မလှလေး ချွီအာ ပျောက်သွားသည့် တိုင်း ကြည့်နေလိုက်တယ်။ ပြီးမှ ပြုံ းပြီး ရုတ်တရက် တိုးတိုးပြော လိုက်တယ်။

” ဒီ သိုင်းပြိုင်ပွဲ ပြီးရင် သူလည်း အဆင့် ၅ ရာထူးအဆင့်ကို ရောက်မှာဘဲလေး ။ ”
” အဲ့ဒီအခါကျရင် သူမဘယ်အဖွဲ့ထဲ ဝင်မလဲ ဆိုတာ မသိသေးဘူး။ ”

***°

Comment

Leave a Reply

Options

not work with dark mode
Reset