Chapter – 3 ” မိန်းမလှလေး တန်ချွီအာ ”
‘ စုလင်း ‘ နဲ့ သူ့အဖွဲ့သားတွေက ကျောက်တုံးပေါ်မှာ ရပ်နေတဲ့ အနောက်ဘရန့် ကောင်းကင်အဖွဲ့က စီနီယာတွေကို ငေးကြည့်နေကြတယ်။ တင်းမာနေတဲ့ ‘ စုလင်း’ တို့ အမူအယာတွေ က မိန်းမပျိုလေး ‘ ဟောင်လင် ‘ ကို တွေ့လိုက်ချိန်မှာတော့ ပြော့ပြောင်းသွားတယ်။ စိတ်လှုပ်ရှားမှု အပြည့် ရှိနေတဲ့ သူတို့ရဲ့ မျက်လုံးတွေကလည်း တစ်ဖြည့်ဖြည့်နဲ့ လျော့နည်းလာတယ်။
မ်ိန်းမပျိုလေး ‘ ဟောင်လင် ‘ ဟာ သူမရဲ့ အလှအပကြောင့် အနောက်ဘရန့် အဖွဲ့မှာ သြဇာရှိတဲ့ သူတစ်ယောက်ဖြစ်လာ တယ်။ သူမရဲ့ နောက်လိုက်တွေကလည်း အနောက်ဘရန့် အဖွဲ့ အပြင် အရှေ့ဘရန် အဖွဲ့ကပါ ပါတယ်။ သူမရဲ့ စွဲမက်စရာကောင်းတဲ့ အလှပတွေ အောက်မှာ ယောက်ျားလေး အားလုံးနီးပါးက နစ်မျှောနေကြတယ်။
” အိုး . . . . . . ”
” အစ်ကိုမူ အဲ့ မိန်းမပျိုလေးက အနောက်ဘရန့် စီနီယာ မမ ဟောင်လင် လေး။ ”
” အစ်ကို ငယ်ငယ်တုန်းကတည်း သူမ ကို ကြိတ်ကြွေ နေတယ်လို့ တော့ ကြားတယ်။ ”
လွီချန် က ပြောပြီးတာနဲ့ တစ်ခစ်ခစ်နဲ့ ရယ်နေလိုက်တယ်။
‘ မူချန်က ‘ အဲ့စကားကို ကြားသော်လည်း စိတ်လှုပ်ရှားမှု မရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ နေနေတယ်။ တကယ်တော့ သူတို့ ငယ်ငယ်တုန်းကတော့ အဆက်အသွယ် ရှိဖူးကြတယ်။ ဒါပေမယ့် အဲ့ ဆက်သွယ်မှု က အချစ်လို့ ပြောရလောက်အောင် အချင်းချင်း ဘာခံစားမှုမှ မရှိခဲ့ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ်တုန်းက ကစားဖော်မရှိလို့ ကစားဖော်ရှာတဲ့ သဘော လောက်ဘဲဆိုတော့ ဘာခံစားမှုမှ မရှိကြဘူးပေါ့။
သူတို့ ကစားဖော် အဖြစ်ရှိနေကြတာတစ်ခဏလောက်ပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီခဲ့တဲ့ နှစ်အနည်းငယ်လောက်က မူချန်အဖေ နဲ့ ဟောင်လင် အဖေ တို့ က ပြဿသနာ တစ်ခုကြောင့် အချင်းချင်း ရန်ဖြစ်ပြီး ရန်သူလို နေကြတယ်။ အဲ့ကတည်းကစပြီး မူချန်နဲ့ ဟောင်လင်တို့ဟာ အဆက်အသွယ် မရှိကြတော့ဘူး။
‘ မူချန် ‘ ကတော့ အကူအညီမဲ့စွာ ခေါင်းခါပြီး သူ့ကို တမင်တကာ ရန်လာစတဲ့ ‘ လွီချန် ‘ ကို ဒေါသတကြီး စိုက်ကြည့်နေလိုက်တယ်။ ခပ်မိန်မိန် အလင်းရောင် တစ်ခုဟာ မူချန်ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ အချိန်မှာ ‘ မူချန် ‘ က သူ့လက်ကို တဖြည်းဖြည်း ဆုပ်ကိုင်ပြီး ဒေါ်သကို ထိန်းလိုက်တယ်။
မူချန်က အသံမာန်ပါပါနဲ့ လွီချန်ကို ပြောလိုက်တယ်။
” မင်းပြောစရာရှိတာ မြန်မြန်ပြော ”
မူချန်က သူ့အနီးအနားမှာ ရပ်နေတဲ့ ကောင်းကင်အဖွဲ့ က စီနီယာ တစ်ယောက်ချင်းစီ ကို ဝှေ့ ကြည့်လိုက်တယ်။ သူ့အကြည့်ကို ရပ်တန့်ပြီး လွီချန်ကို ဆက်ပြောတယ်။
” ငါသာ မင်းကို ရိုက်ချင်ရင် မင်း ခြေလက်ကျိုးနေတာ ကြာပြီး။ ”
” စီနီယာတွေ လာတားရင်းတောင်မှ မီမှာမဟုတ်ဘူး။ ”
မူချန်က နဂိုကတည်း က မာနကြီးမောက်မာနေတဲ့ မျိုးမစစ် အနောက်ဘရန့် အဖွဲ့ ကို ကြည့်လို့မရတာ ကြာပေါ့။
” မင်း . . ”
လွီချန်က မူချန်ရဲ့ စကား ကိုကြားပြီး ခံပြင်းဒေါသထွက်နေတယ်။ သူစိတ်တိုပြီးအော်ပြောလိုက်သော်လည်း တည်ငြိမ် အေးဆေးတဲ့ မူချန်ရဲ့ မျက်နှာ က တင်းမာခက်ထန်လာတာကို သတိပြုမိလိုက်တယ်။ စိတ်တိုလို့ ဒေါသထွက်နေတဲ့ မူချန်ရဲ့ ကိုယ်က ထွက်လာတဲ့ အတွင်းအား အရှိန်ကလည်း ရေခဲလို အေးစက် မာကျော ကျယ်ပြန့်ပြီး ဓားသွားလို ထက်တယ်။
လွီချန်က တံထွေးကို မျိုချလိုက်တယ်။ ပြီးတော့ မူချန်ကို အံသြစွာနဲ့ စိုက်ကြည့်နေလိုက်တယ်။ မျက်နှာကလည်း သွေးမရှိတဲ့ အတိုင်း ဖြစ်နေတယ်။ သူက အဲ့ဒီ ထူးဆန်းပြီး အေးစက် မာကျော ချွန်ထက်တဲ့ အတွင်းအားကို ကြောက်နေတယ်။ မူချန်က အနောက်ဘရန့် အဖွဲ့ ထဲက ခေါင်းဆောင် နံပါတ် ၃ ဖြစ်တဲ့ ရွီဒေါင်း ကို အနိုင်ယူခဲ့တုန်း ကလည်း သူရှိနေတယ်ဆိုတော့ သူက မူချန်ကို ပိုလန့်နေတယ်။
” အိုး . . . . . . .. . သူက မောက်မာနေတယ်ပေါ့။ ”
ကျောက်တုံးပေါ်က ရပ်နေတဲ့ ကောင်းကင်အဖွဲ့ ကစီနီယာ တစ်ယောက်က မျက်မှောက် ကြုတ်ပြီး ပြောလိုက်တယ်။ သူတို့ က မူချန်ရဲ့ အမူအယာတွေက သူတို့ စော်ကားနေတယ် လို့ ခံစားရတယ်။ အထူးသဖြင့် မိန်းမပျို ဟောင်လင် ရဲ့ သူတို့ အရှက်ခွဲ နေသလို ဖြစ်နေတယ်။
မိန်းမချောလေး ‘ဟောင်လင် ‘ က တအံ့တသြနဲ့ မူချန်ကို ကြည့်နေတယ်။ သိမ်မွေ့ပြီး သန့်ပြန့် တဲ့ ယောက်ျားတစ်ယောက်က ရဲ့ရင့်ပြီး ယောက်ျား ပြီသတဲ့ ပုံစံ ရှိလိမ့်မယ် လို့တစ်ခါးမှ မတွေးဘူး။ မတွေ ့ဖူး ဘူး။ သူကို တစ်ခြား ယောက်ျားတွေနဲ့ ယှဉ်ရင် အပြတ်အသတ် ကွာခြားတယ်။ တစ်ခြားစီဘဲ။ သူက တစ်ခြားလူတွေထက် ယောက်ျားပို ပြီသတယ်။
အနောက်ဘရန့် ကောင်းကင် အဖွဲ့ က စီနီယာ နှစ်ယောက်ဟာ စိတ်ဆိုးမာန်ဆိုးနဲ့ ကျောက်တုံးပေါ်က ခုန်ဆင်းလာပြီး မူချန် စီကို တစ်ဖြည်းဖြည်း လမ်းလျှောက်လာ တယ်။ သူတို့နှစ်ယောက်လာနေတာကို တွေ့တဲ့ စုလင်းနဲ့ သူ့အဖွဲ့သားတွေက အကယ်၍ သူတို့ နှစ်ယောက်တိုက်ခိုက်လာရင် ပြန်တိုက်နိုင်အောင်လို့ ခြေလှမ်းတစ်ဖက်ဆုတ်ပြီး အသင့်အနေအထားနဲ့ နေ နေတယ်။
မိန်းမပျိုလေး ဟောင်လင်ကလည်း အနောက်ဘရန့်ကောင်းကင်အဖွဲ့က စီနီယာတွေကို တားနိုင်မှာမဟုတ်ဘူး။ အနောက်ဘရန့်ကောင်းကင်အဖွဲ့ လူလည်း ဖြစ်တဲ့ သူမကလည်း ငယ်ငယ်တုန်းက ကစားဖော်ဖြစ်ခဲ့ ကလေး တစ်ယောက် က ဘယ်လို အံ့သြစရာကောင်း တဲ့ သိုင်းပညာကို ပိုင်ဆိုင်ထားသလဲဆိုတာ သိချင်တာလည်း ပါတာကြောင့် တားဆီခြင်း မရှိဘဲ ကြည့်နေလိုက်တယ်။
အဲ့မြင်ကွင်းကြည့်ပြီး မူချန်က မျက်မှောက်လိုက်တယ်။ ဒါပေမယ့် စိုးရိမ်ထိတ်လန့် တဲ့ ပုံစံတော့လုံးဝ မပေါ်ဘူး။ ကောင်းကင်အဖွဲ့ ဖြစ်နေပေမယ့်လည်း သူတို့ ရဲ့ သိုင်းပညာ အရေအချင်းက အလယ်အလတ် အဆင့်ဘဲ ရှိသေးတယ်။ အကယ်၍ တိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာတာက လွဲလို့ ဘာအကျိုးမှ မရှိဘူး။
” ထောင်ကွမ် . . . ”
” နင်တို့ အနောက်ဘရန့်ကောင်းကင်အဖွဲ့ က အရှေ့ဘရန့်အဖွဲ့ကို လာပြီး ဆရာလာလုပ်တာလား။ ”
” အရှေ့ဘရန့်မြေပြန့် အကယ်ဒမီ ကျောင်းတော် ကို မျက်စိထဲကို မထည့်ဘူးပေါ့။ ”
” ဟုတ်လား . . . . ။ ”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့် အားလုံးဟာ မှင်သက်သွားတယ်။ အသံလာရာကို ကြည့်လိုက်ကြတဲ့ အခါမှာတော့ လူအုပ်စု တစ်စုက သူတို့ဆီ လာနေတာကို တွေ့လိုက်တယ်။ အရပ်ရှည်တဲ့ မိန်းမပျို တစ်ယောက်က ရှေ့ဆုံးကနေ ဦ ဆောင်ပြီး လာနေတယ်။မိန်းမပျိုလေးကတော့ မင်ရောင်နဲ့တူတဲ့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လာတယ်။
ထူးခြားချက်တစ်ခု ကတော့ သူမရဲ့ ဝတ်စုံရဲ့ အောက်နားလေးမှာတော့ လှပတင့်တယ်နဲ့ မျဉ်းကွေးပုံစံတွေနဲ့ တန်ဆာဆင်ထားတယ်။ သူမရဲ့ မျက်နှာပုံစံဟာလည်း စွဲမက်စရာကောင်းလောက်အောင် လှပတင့်တယ်ပြီး ပြာလဲ့လဲ့ အနက်ရောင် ဆံကေသာဟာလည်း နောက်ဘက်မှာ စုထားပြီး မြင်းမှီး ပုံစံ ချထားကာ ချည်ထားတယ်။ သေးသွယ်တဲ့ ကိုယ်နဲ့ ရှည်မျော့မျော့ ခြေထောက်လေးကလည်း ဆွဲဆောင်မှုအပြည့်နဲ့ ရှိနေတယ်။ သူမရဲ့အလှဟာ မိန်းမပျိုးလေး ဟောင်လင်ထက်မပိုရင်တော့ သူမရဲ့ အလှနဲ့ တန်းတူပါဘဲ။
အဲ့အချိန်မှာ အနက်ရောင် ဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးက ထောင်ကွမ် နဲ့ အခြားသူတွေကို စိုက်ကြည့်နေလိုက်တယ်။ သူမနဲ့ အတူ ပါလာတဲ့ နောက်လိုက်တွေကလည်း မတူမတန်သလို ပုံစံ နဲ့ ရပ်ကြည့်နေတယ်။
” အဲ့——- ဒါ ”
” စီနီယာ တန်ချွီအာ ”
‘ စုလင်း ‘ က မိန်းမချောလေး ချွီအာ ကို တွေ့လိုက်ချိန်မှာတော့ စိတ်အရမ်းလှုပ်ရှားသွားတယ်။ သူရဲ့ ကလေးပုံစံ မျက်နှာလေးကလည်း အနီရောင် သန်းလာတယ်။ ( နှာခေါင်းမီးတောက်လာတယ်။ ) မိန်းမချောလေး တန်ချွီအာ ကလည်း ရစ်ပတ်နွယ်ကျောင်းတော်မှာ မိန်းမပျိုလေး ဟောင်လင်နဲ့ အတူ နာမည်ကြီးလာတဲ့ ပန်းပွင့်လေးတစ်ပွင့်ပေါ့။
နှာခေါင်းမီးတောက်နေတဲ့ စုလင် ကလည်း ဒီကျောင်းတော်မှာ သူသဘောကျမဲ့သူ တွေ့လိမ်မယ်လို့ ထင်မထားမိဘူး။
တဏာရူး ထောင်ကွမ် ကလည်း မိန်းမလှလေး တန်ချွီအာ ကို တွေ့လိုက်ချိန်မှာတော့ လှုပ်ရှားမှု မဲ့စွာနဲ့စွံအသွားတယ်။ တန်ချွီအာ ကို ချစ်ခွင့်ပန်ချင်တဲ့ သူတွေက ရစ်ပတ်နွယ်ကျောင်းတော်မှာ မှိုလိုပေါက်လို့။ ဂျူ နီယာ တွေ စီနီယာ တွေ သာမက ဘဲ ကောင်းကင်အဖွဲ့ထဲက လူတွေတောင်း သူမအလှမှာ ရစ်မူးနေကြတယ်။( အဲ့ ကျောင်းမီးလောင်တော့မယ် )
မိန်းမလှလေး ချွီအာ က မူချန်နားကို သွားလိုက်တယ်။ သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ထောင်ကွမ် ကို စိုက်ကြည့်ပြီးတော့ ကျောက်တုံးပေါ်မှာ ရပ်နေတဲ့ ဟောင်လင်ကို ကြည့်လိုက်တယ်။
အလှနတ်မိမယ် နှစ်ယောက် အကြည့်ချင်းစုံချိန်မှာ နတ်မိမယ် နှစ်ယောက်ရဲ့ မျက်လုံးထဲမှာ မီးရဲရဲတောက်နေတဲ့ အလား တစ်ယောက်နဲ့ တစ်ယောက်စိုက်ကြည့်နေကြတယ်။
” ဟောင်လင် ”
” နင် – – ဘာလို့ ဒီကို လာတာလဲ ”
တန်ချွီအာ က အကြည့်ကို ရပ်တန့်ပြီး အေးတိအေးစက်မေးလိုက်တယ်။
” ငါတို့ အနောက်ဘရန့် အဖွဲ့ကလည်း ရစ်ပတ်နွယ် ကျောင်းတော် က ပိုင်တာဘဲ။ ”
” အရှေ့ဘရန့် အဖွဲ့လည်း ရစ်ပတ်နွယ် ကျောင်းတော်က ပိုင်ဘဲ ။ ”
” ငါတို့ ဘာလို့ လာလို့မရ ရမွာလဲ။ ”
ထောင်ကွမ် က ပခုံးတစ်ချက်တွန့်ပြီး ပြုံးလိုက်တယ်။
တန်ချွီအာ က သက်ပြင်းတစ်ချက် ချလိုက်ပြီး သေးသွယ် နေတဲ့ သူမရဲ့ လက်ချောင်းလေးနဲ့ မူချန် ရဲ့ ပခုံးပေါ် ကို ဖွဖွလေး တင်လိုက်တယ်။ သူမဟာ နှုတ်ခမ်းကို နည်းနည်း လျော့ပြီး ပြောလိုက်တယ်။
” မူချန်က အရှေ့ဘရန့် အဖွဲ့က လူဘဲ။ ”
” တကယ်လို့ သူ့ကို ပြသနာ ရှာရဲ့ရင် ရှာကြည့် ။ ”
” ပြီးမှ ငါအဆိုး မဆိုနဲ့။ ”
သူမရဲ့ နောက်က ဆံကေသာပုံစံနဲ့ မကြောက်မရွံပြောဆိုမှု က သူမကို ခေါင်းဆောင်ကောင်း တစ်ယောက် အလားပေါ်လွင်စေတယ်။
” မူချန် ”
” မင်းကတော့ မိန်းကလေးတွေနဲ့ ကံပါတာဘဲ။ ”
ထောင်ကွမ်က မူချန်ကို ပြောင်သလိုလို မနာလိုသလိုလို နဲ့ ပြုံးပြီး ပြောလိုက်တယ်။ တဏာရူး ထောင်ကွမ် ကလည်း တန်ချွီအာ ကို အရမ်းကြိုက်ပေမယ့်လည်း ချွီအာ့ ဆီက အာရုံခံရ မှု ကိုတော့ တစ်ခါးမှ မရဘူး။
အပေါ်မှာ ရပ်နေတဲ့ မိန်းမပျိုလေး ဟောင်လင် လည်း မူချန်ကို စိတ်ပျက်တဲ့ ပုံစံနဲ့ ကြည့်လိုက်တယ်။ မူချန်က တစ်ကယ်ဘဲ မိန်းမ ထဘီနားကပ်ပြီး သတ္တိနည်းနေတုန်းဘဲလို့ သူမ တွေးတော လိုက်တယ်။
” ထားလိုက်တော့။ ”
” ငါတို့မင်းဆီလာတာ ပြသနာရှာဖို့မဟုတ်ဘူး။ ”
” မင်းကို ပြောစရာရှိလို့။ ”
ထောင်ကွမ် က ပြောလိုက်တယ်။
ထောင်ကွမ်းက မူချန်ရဲ့ စိတ်ကို မဆွ နိုင်တော့ ပြင်းသလိုလို ဖြစ်သွားတယ်။ မူချနိကို လက်ဝှေ့ယမ်းပြီး ပြောလိုက်တယ်။
” အစ်ကိုကြီး လွီယန် က သူ့ကိုယ်စား ငါ့ကို ပြောခိုင်းလိုက်တယ်။ ပြိုင်ပွဲ စလို့ ဆယ်ရက် အကြာမှာ သူက မင်းနဲ့ ယှဥိပြိုင်မယ်တဲ့။ ”
” လွီယန်! ”
အဲ့နာမည်ကြားလိုက်တာနဲ့ ‘ စုလင် ‘နဲ့ သူ့အဖွဲ့သားတွေ က မျက်နှာ ဖြူ ဖပ် ဖြူရော် ဖြစ်သွားတယ်။ လွီယန် ဆိုတာက အနောက်ဘရန့် အဖွဲ့မှာ သူ့ သိုင်းပညာက နံပါတ် ၁ ဘဲ။ ရစ်ပတ်နွယ်ကျောင်းတော်မှာ သူက အလယ့်အဆင့်ရောက်ပြီးသားလူ လို့ ပြောလို့ရတယ်။
” ဟုတ်တယ်။ ”
” မူချန် မင်းကို ပြောစရာကျန်သေးတယ်။ ”
” အစ်ကိုကြီး လွီယန်က ပြီးခဲ့ ၃ ရက်က မှ သူ ဝိညာဉ် သွေးကြော သိုင်းအဆင့်ကို ရောက်သွားတယ်။ ”
လွီချန် က ခပ်ပြုံ းပြုံ း နဲ့ ပြောလိုက်တယ်။
” ဘာ ”
” လူ့ဝိညာဉ်သွေးကြောသိုင်း အဆင့် ”
***°