Chapter – 2 ကောင်းကင်အဖွဲ့နဲ့ မြေပြန့်အဖွဲ့
” အိုး . . . . ”
“အဲ့ဒါလူ က အဆင့် ၅ ပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့ အစ်ကိုလေးမူ မဟုတ်လား ”
” သူက သူ့အဖော်တွေကို နောက်တစ်ခါ ပြန်လေ့ကျင့် ဖို့ ခေါ်လာတာနေမယ်။ ”
” ဆရာမိုး သူ့ကို အထင်ကြီးတာ မဆန်းပါဘူး။ ”
အနောက်ဘရန့် အဖွဲ့က အထင်သေးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
မူချန်ဟာ အတိတ်ဟောင်းရဲ့ အတွေး ကနေပြန်ရောက်လာတဲ့ အချိန်မှာ မထိတထိ သူ့ကို ပြောဆိုနေတဲ့အသံကို ကြားလိုက်တယ်။ တည်ငြိမ်နေတဲ့မျက်နှာ ပုံစံနဲ့ မူချန်ဟာ အရှေ့ကို လှမ်းကြည့်လိုက်တဲ့အခါ ၁၂ယောက်သော လူတစ်စု က သူ့ဆီလာနေတာကို တွေ့လိုက်တယ်။ အဲ့ဒီအုပ်စုမှာ ခေါင်းဆောင်လာတဲ့ လူငယ်လေး မာနကြီးပုံပေါ်နေတယ်။ သူက မူချန်ကို စပ်ဖြဲဖြဲ ပြုံးပြနေတယ်။
” လွီချန် မင်းတို့ အနောက်ဘရန့် က လူတွေ ဒီကို ဘာလာလုပ်တာလဲ ။ ဘာလဲ ရန်ဖြစ်ချင်လို့လား ။ ”
မူချန်ဘက်က ကောင်လေးစုလင်း စုလိုက်ဟာ လူအုပ်စုကို မြင်လိုက်တာနဲ့ ထပြီးပြောလိုက်တယ်။
အယောက်တစ်ရာလောက်ရှိတဲ့ အရှေ့ဘရန့် က လူတွေ ကလည်း မှတ်တပ်ရပ်ကာ လာနေသော အနောက်ဘရန့် က အဖွဲ့ကို မျက်နှာထားတင်းတင်းနဲ့ စိုက်ကြည့်နေကြတယ်။
ရစ်ပတ်နွယ်ကျောင်းတော်မှာ အရှေ့ဘရန့် အဖွဲ့ နဲ့ အနောက်ဘရန့် အဖွဲ့ဆိုပြီး နှစ်ဖွဲ့ခွဲထားတယ်။ သူတို့ အဖွဲ့နှစ်ဖွဲ့ဟာ မကြာခဏ သိုင်းပြိုင်ကြတယ်။ အရင်တုန်းကတော့ အနောက်ဘရန့် အဖွဲ့က သိုင်းပညာတော်ပြီး အဖွဲ့လည်းတောင့်တင်းကြတယ်။ အရှေ့ဘရန့်အဖွဲ့ကို လည်း အမြဲတမ်း အနိုင်ကျင့်တယ်။ ဒါကြောင့်မို့လို့လည်း အရှေ့ဘရန့် အဖွဲတွေ က သူတို့ကို တွေ့ရင် အမြဲတမ်း ရှောင်ပြီးသွားကြတယ်။
ဒါပေမဲ့လည်း ခုတော့ ပြောင်းလဲ နေပါပြီး ။ ဘာဖြစ်လို့လဲ ဆိုတော့ အရှေ့ဘရန့်အဖွဲမှာ သိုင်းပညာတော်တဲ့ အစ်ကို မူ တစ်ယောက်လုံးရှိလို့လေး။
အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၃ လ လောက်တုန်းက ပြိုင်ပွဲတစ်ခုမှာ အနောက်ဘရန့် အဖွဲ့က နံပါတ် ၃ အစ်ကို ရွဲဒေါင် က မူချန်ကို ရှုံးနှိပ့်ခဲ့တယ်။ အဲ့ဒါကြောင့်မို့လို့ လည်း အရှေ့ဘရန့်က လူတွေအတွက် အနှစ်နှစ် အလလ ရှုံးခဲ့ရမှု တွေကနေ ခုတော့ ဝမ်းသားစရာအဖြစ် ပြောင်းလဲသွားခဲ့တယ်။
အနောက်ဘရန့် အဖွဲ့က သူတို့ မာနကို ရိုက်ချိုး သလို ဖြစ်နေတော့ သူတို့က မူချန်ကို အညိုးကြီးကြီး ထားကြတယ်။
ခုတော့ အနောက်ဖက်က လူတွေက မူချန်ကို ပြသနာ လာရှာတော့ စုလင်းနဲ့ တစ်ခြားသူတွေ က မတ်တပ်ရပ်ပြီး အနောက်ဘရန့် အဖွဲ့ကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြတယ်။
” အိုး. . . . . ”
အရှေ့ဘရန်က လူတွေက သွေးကြီးလာပြီးပေါ့။ မင်းတို့ အစ်ကိုမူ က ငါတို့ အနောက်ဘရန့် အဖွဲ့ကို ယှဉ်နိုင်မယ်လို့ ထင်လို့လား။ မင်းတို့ မယှဉ်နိုင်ပါဘူးကွာ။
လွီချန်က အရှေ့ဘရန့် ကလူတွေကို တွေ့ပေမဲ့လည်း ကြောက်လန့်စိတ်မပေါ်ဘဲ ကျောက်တုံးပေါ်ကလူကို လက်ညိုးထိုးပြီး စိန်ခေါ်လိုက်တယ်။
” မူချန် မင်း ယှဉ်ပြိုင်ရဲလား. . . . . ”
စုလင်းနဲ့ တစ်ခြားသူတွေ ဟိုဟိုဒီဒီ ကြည့်လိုက်ချိန်မှာ တော့ ကျောက်တုံးပေါ်က လူတစ်တစ်စုကို မြင်လိုက်တယ်။ အနောက်ဘရန့် အဖွဲ့လည်းဘဲ မြင်လိုက်တယ်။ အဲ့ဒီအချိန်မှာတော့ စုလင်း နဲ့ တစ်ခြားသူတွေ ဟာ မျက်နှာအမူအရာ ပြောင်းလဲသွားတယ်။
ကျောက်တုံးပေါ်က လူတစ်စုကတော့ အနောက်ဘရန့် ကောင်းကင်အဖွဲ့က စီနီယာတွေပေါ့ ။ ရစ်ပတ်နွယ်ကျောင်းတော်မှာ ကောင်းကင်အဖွဲ့နဲ့ မြေပြန့် အဖွဲ့ဆိုပြီးခွဲထားတယ်။ စီနီယာ ဟောင်းတွေ ကတော့ ကောင်းကင်အဖွဲ့ဖြစ်ပြီး အသစ်တွေ ကတော့ မြေပြန့်အဖွဲ့ဖြစ်တယ်။ မူချန်ကတော့ မြေပြန့် အဖွဲ့က ဖြစ်တယ်။ ကောင်းကင်အဖွဲ့က လူတွေက ပိုပြီးသိုင်းပညာထက်မြက်ကြတယ်။
တစ်ခဏအတွင်း မျက်နှာ အမူအရာပြောင်းလဲ သွားတဲ့ စုလင် တို့ကို ကြည့်ပြီး ကောင်းကင်အဖွဲ့သားတွေ က ရယ်မောနေကြတယ်။ နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် စကားစပ်မြည်း ပြောကြတယ်။
ကောင်းကင်အဖွဲ့သားထဲက တစ်ယောက်က လက်ညိုးထိုးပြီး ပြောလိုက်တယ်။
” အားရိုး ”
” ဟိုနားက လူက မူချန် မဟုတ်လား။ ”
” သူ့နာမည်ကျော်ဇောမှုကတော့ အံ့မခန်းပါဘဲကွာ။ ”
” ငါတို့ ရစ်ပတ်နွယ် ကျောင်းတော်ထဲမှာ မကဘဲ နိုင်ငံတော် အထိပါနာမည်ကျော်ဇောနေတာကိုး။ ”
” သူ့သိုင်းပညာက မြင့်လွန်းလို့ ကောင်းကင်အဖွဲ့မှာ တောင် ဝင်နိုင်တဲ့။ အသက်ငယ်ငယ်လေး နဲ့ ဒီလို တော်တာ အံ့သြစရာဘဲ။ ”
ခန္ဓာကိုယ် ဝဝဖြိုးဖြိုး နဲ့ တစ်ယောက်က ဆက်ပြောလိုက်တယ်။
” ကောင်းတာပေါ့ကွာ။ ”
” နောက်ဆုံးတော့လည်း အရှေ့ဘရန့် အဖွဲ့ကနေ လူတော် တစ်ယောက်ပေါ်လာပြီးပေါ့။ ”
” ဒါပေမဲ့ ကောင်းကင်အဖွဲ့ကို ဝင်နိုင်ရင် တော့ ငါတို့ အနောက်ဘရန့် ကောင်းကင် အဖွဲ့အတွက်တော့ အနှောက်အယှက်ဘဲကွ ”
နောက်တစ်ယောက် က ထောက်ခံသလိုလို ပြောလိုက်တယ်။
” ဒီကောင်လေး က အဆင့် ၅ ပြိုင်ပွဲမှာ ပါဝင်ဖို့လျာထားခံရတယ်တဲ့ကွာ။ ”
“သနားစရာကောင်းတာက အကြောင်းပြချက်မရှိဘဲ နှင်ထုတ်ခံမယ်တဲ့။ ”
ခပ်ပိန်ပိန် စီနီယာ တစ်ယောက် ခနဲ့ တဲ့ အသံနဲ့ ပြောလိုက်တယ်။
” အံ့ရောကွာ။ ”
” ငါကြားဖူးတဲ့ ဟာသတွေ ထဲမှာ ဒီဟာသ က အရယ်ရဆုံးဘဲကွ”
ဟား ဟား ဟား ဟားးးးးးး
အားလုံး က အထင်သေးတဲ့အသံနဲ့ ရယ်ကြတယ်။
ကောင်းကင်အဖွဲ့ထဲမှာမှ အနီရောင် ဝတ်ဆင်ထားတဲ့ မိန်းမပျိုးလေးတစ်ယောက်ပါတယ်။ အနီရောင်ဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးဟာ သေးသွယ်လှပတဲ့ ခန္ဓာကိုယ်နဲ့ နှင်းကဲ့သို ဖြူဖွေး နုအိနေတဲ့ အသားရေကို ပိုင်ဆိုင်ထားတယ်။ သူမရဲ့ ဘဲဥပုံစံ မျက်နှာလေး က လည်း ဆွဲဆောင်မှုအား ကောင်းလွန်းတယ်။
သူမ ခေါင်းနည်းနည်းမော့ပြီး ဟိုဟိုဒီဒီ ဝေ့ပတ်ကြည့် လိုက်တယ်။ သူမရဲ့ အကြည့်ဟာ မူချန် ဆီလည်း ရောက်ရော ရပ်သွားတယ်။ မူချန်ကို စိတ်ဝင်တစားနဲ့ သူမ ကြည့်နေလိုက်တယ်။
” အဟန့် ”
အရပ်အနည်းငယ် ရှည်ပြီး စီနီယာ တစ်ယောက် ချောင်းဆိုးသံ လုပ်ပြီး စကားစပြောတယ်။
” ဟောင်လင် နင်မူချန်ကို သိတာလား။ ”
ဟောင်လင် ဆိုတာက အနီရောင် ဝတ်ဆင်ထားတဲ့ မိန်းမပျိုးလေးရဲ့နာမည်ပါ။ ကောင်းကင် အဖွဲ့သားတွေ က အဲ့စကားကြားတော့ ပြုံးစိပြုံးစိ လုပ်နေကြတယ်။
ဟောင်လင် ဆိုသော မိန်းမပျိုးလေးက ခပ်ပေါ့ပေါ့ ဖြေလိုက်တယ်။
” သိတာပေါ့။
” သူ့ အဖေက မြေပိုင်ရှင်လေး။ ငါတို့ ငယ်ငယ်တုန်းကတောင် အတူတူ ကစားခဲ့ကြသေးတယ်။ ”
ခပ်ပိန်ပိန် စီနီယာ တစ်ယောက် က ဆက်ပြောတယ်။
” ဟုတ်လို့လား။ ”
” ဒါပေမဲ့ သူကဘမင်းကို ကြိုက် နေသလိုဘဲ နော်။”
ဟောင်လင် က မျက်တောင် ခပ်ပြီး သူ့အနားက ကောင်လေး ကို ကြည့်လိုက်တယ်။ အဲ့ဒီအတောအတွင်းမှာ နေရောက်ခြည် ဟာ သက်ရွက် တွေကို ထိုးဖောက်ပြီး ကောင်းလေး ရဲ့ မျက်နှာပေါ်မှာ လခြမ်းကွေးကွေးလေး ပုံစံနဲ့ ဖြာကျနေ
တယ် ။
မိန်းမပျိုလေး ဟောင်လင်ဟာ ကောင်းလေးကို ငေးကြည့် ရင် သူမသတိမရတရ ဖြစ်နေတဲ့ အတိတ် က အဖြစ်အပျက်တွေ ကို ပြန်လည် မြင်ယောင်နေမိတယ်။
ငယ်ငယ်တုန်းက သူ့တို့ကစားရင် ကောင်းလေး က သူ့ကို နာကျင်အောင် လုပ်ခဲ့တယ်။ ဒါပေမယ့် လည်း ကောင်လေးက မရည်ရွယ်ဘဲ လုပ်မိလိုက်တာဆိုတော့ သူမလည်း အမှတ် မထားမိခဲ့ပါဘူး။ သူ့ကို တောင်းမေ့နေခဲ့တယ်။
ဒါပေမယ့်လည်း ငယ်ငယ်တုန်း က ကစားဖော် ကောင်းလေး က ခုလို အဆင့် ၅ ပြိုင် ပွဲ မှာ ပါဝင် နိုင်လောက်အောင် တော်လိမ့်မယ် လို့ သူမ ဘယ် ထင်မိမလဲ။
သို့သော် သိုင်းပညာ မှာ ပါရမီပါတဲ့ မူချန် လည်း လောက ရဲ့ မာယာ အောက်က ကံကြမ္မာ ဆိုးကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။ သူ့ ရဲ့ ကံကြမ္မာ ဆိုးက စတင်နေပြီးလေး။
” ငါတို့ ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့ဟာတွေ ဘယ်လိုလုပ် မှတ်မိမှာလည်း။ ”
ဟောင်လင် က ခပ့်ပေါ့ပေါ့ ဘဲ ပြောလိုက်တယ်။
သူမ က မူချန်ကို တစ်ချက် ငဲ့ကြည့်ရင် သူမရဲ့ နောက်လိုက်တွေ နဲ့ ကျောင်းတော် ရဲ့ ခန်းမ ထဲ သို့ ဝင်သွားတယ်။
ကျောင်းတော်မှာ နံပါတ် ၁ မဖြစ်နိုင်ရင်တောင်း အစွမ်းကုန် ထုတ်သုံးပြီး ရအောင် ကြိုးစားသွားမယ်လို့ မူချန် က ဆုံးဖြတ်ချက်ခဲ့တယ်။
ဒီ အံ့သြစရားကောင်းတဲ့ လူ က သူမကို မျက်နှာသာ ပေးနိုင်တယ် ဆိုတာ သူမသိတယ်။ ဒီပြိုင်ပွဲ အတွက် ကောလဟာလ ထွက်နေတာကို သူမသိပေမဲ့လည်း ဆုရအောင် ယှဉ်ပြိုင် ချင်တုန်းဘဲ။
ဒီ ပြိုင်ပွဲ ဟာ ပုံမှန်မဟုတ်ဘူးဆိုတာ ဟောင်လင်သိတယ်။ မူချန် ဘယ်လောက်ဘဲ တော်တော် အစ်ကို လင်းရွီ ကို နိုင်အောင် မတိုက်နိုင်သေးဘူး။ လင်းရွီ ရဲ့ သူ့ သိုင်းပညာ ဟာ အဆင့် ၇ ရောက်နေပြီး ။ သူက သိုင်းပညာကို တစ်ဖက်ခတ် ကျွမ်းကျင်တယ်။ ဒါကြောင့် မူချန် နဲ့ လင်းရွီ ဟာ သိုင်းပညာတော်တော် ကွားဟတယ်။
ကျောင်းတော် ထဲမှာတော့ ဟောင်လင် အထင်ကြီး တဲ့နောက်တစ်ယောက် ကတော့ လွီမူပိုင် ဘဲ ဖြစ်တယ်။ လွီမူပိုင် က ကောင်းကင် အဖွဲ့ရဲ့ စီနီယာ တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် သူ့မှာတော့ ပြသနာ နည်းနည်း ရှိတယ်။
လွီမူပိုင် ရဲ့အဖေ က နိုင်ငံတော်မှာ အချမ်းသားဆုံး ပိုင်ရှင်ဖြစ်တယ်။ လူအင်အားရော ပိုက်ဆံ အင်အားရော တောင့်တင်းတဲ့ မိသားစုဖြစ်တယ်။ လွီမူပိုင် ဘယ်လောက်ဘဲ ချမ်းသာနေပါစေ သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မဖြစ်ခဲ့ဘူး။
မိန်းမပျိုလေး ဟောင်လင် နဲ့ သူဌေးသား လွီမူပိုင် ဟာ အနေနီးလွန်း လို့ ချစ်သူတွေ ဖြစ်နေတယ် လို့ အနောက်ဘရန့် လူတွေ က မှတ်ယူထားကြတယ်။ ဒါပေမဲ့ သူတို့ ချစ်သူတွေ မဟုတ်ပါဘူး။ သို့သော်လည်း သူဌေးလေး လွီမူပိုင်က မိန်းမပျို လေး ဟောင်လင် ကို ချစ်ခွင့် ပန်နိုင်ဖို့ ကြိုးစားနေဆဲပါ။
လွီမူပိုင်ဟာ ကျောင်းတော်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ။ ဒါပေမယ့်လည်း မူချန်သာ အဆင့် ၅ ပြိုင်ပွဲမှာ နိုင်ရင်တော့ သူ့ထက် ပို ကျော်ကြားသွားမှာဖြစ်တယ်။ ကံဆိုးချင်တော့ မူချန် က မကြာမီ နှင်ထုတ်ခံရတော့မယ်လေး။
အကယ်၍သာ မူချန် နဲ့ လွီမူပိုင် ကို နှိုင်းယှဉ်ပြီး ပြောရမယ် ဆိုရင် လွီမူပိုင်က အနိုင်ရမဲ့သူပါ။ မူချန် ကတော့ တစ်ခြားသူတွေရဲ့ ပါးစပ် ဖျားမှာ ဟာသ တစ်ခု အဖြစ်နဲ့ဘဲ ကျန်နေခဲ့မှာပေါ့။
***°