Switch Mode

Chapter – 1

ရစ်ပတ်နွယ် ကျောင်းတော်

Chapter – 1 ရစ်ပတ်နွယ် ကျောင်းတော်

မီးအပူရှိန်ကဲ့သို့ ရဲရဲတောက်ပူပြင်းနေတဲ့ နေမင်းကြီးက ကမ္ဘာမြေကြီးပေါ်ကို အလင်းရောင်တွေ ပေးနေတယ်။ ကျန်းမာရေး ချူ ချာနေတဲ့ မိုးမခပင်ကြီးတွေ ကလည်း အားအင်တွေ ကုန်းခန်းနေလို့ ကိုင်းညွတ်ကာ နေနေတယ်။ နေမင်းကြီး ရဲ့ ကျေးဇူးကြောင့် ကျန်းမာသန်စွမ်းနေတဲ့ သစ်ပင် သစ်ရွက် တွေဟာ ဟာလည်း လေပြည်လေးတွေ တိုက်ခိုက်မှုကြောင့် နတ်သမီးများ ကနေသယောင် ညင်သာစွာ လှုပ်ရှားနေကြတယ်။

အဲ့လို တိတ်စိတ်ငြိမ်းချမ်းမှုတွေနဲ့ အတူ လူတစ်စု ဟာ လှုပ်ရှား ကင်းမဲ့စွာ ထိုင်နေကြတယ်။ အမျိုးသမီးများ အမျိုးသားများ ပါဝင်နေတဲ့ လူငယ်တစ်စု ဟာ မျက်လုံးစုံ မိတ်ပြီး လေကို ရှုသွင်း ရှုထုတ် ကာ တရားထိုင်နေကြတယ်။ လေးအေးအေးလေးတွေ တိုက်ခိုက်မှုကြောင့် သူတို့တွေရဲ့ ဝတ်စုံတွေဟာ လေထဲမှာ လှုပ်ခါနေတယ်။ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ မြင်းကွင်းဖြစ်နေတယ်။

သူတို့ရဲ့ရှေ့ ကျောက်တုံး ပေါ်မှာတော့ လူတစ်ယောက်ဟာ မိတ်လုံးမိတ်ကာ လက်ကို ပေါ့ပါးစွာ လုပ်ရှာပြီး တရားထိုင်နေတယ်။ သူကတော့ လူငယ်လေးတွေ အားလုံးရဲ့ စီနိယာ တစ်ယောက်ပေါ့။ ကျောက်တုံးပေါ်က လူဟာ ဆံပင် အနည်းငယ် ဖရိုဖရဲ ဖြစ်ကာ ငယ်ရွယ်ပုံပေါ်ပါတယ်။ သူ့ ခန္ဓာကိုယ် ဟာ အနည်းငယ် ပိန်ပြီး ရိုးသားတည်ကြည့်ပုံ ကို ပိုက်ဆိုင်ထားပါတယ်။ လူငယ်တစ်စု ကျောက်တုံးပေါ်လူ ကို ကြည့်နေတဲ့အချိန်မှာ ကျောက်တုံးပေါ် က လူက သက်သောက်သက်သာစွာ တရားထိုင်နေဆဲပါ။

ခဏအကြာမှာတော့ ကျောက်တုံးပေါ်က လူဟာ ကိုယ်ရောင် ကိုယ်ဝါ ထွက်လာတယ်။ ကျောက်တုံးအောက်ခြေက လူငယ်တစ်စု ဟာ အလင်းရောင်ကြောင့် မျက်လုံးတွေ ဖွင့်လာကြတယ်။ သူတို့ဟာ ပါးစပ်အဟောင်းသားနဲ့ ကျောက်တုံး ပေါ်က လူကို ကြည့်နေကြတယ်။ သူတို့ရဲ့မျက်နှာပေါ်မှာ အားကျအထင်ကြီးတဲ့ အသွင်အပြင်ပေါ်နေပါတယ်။ သူတို့ဟာ တိတ်စိတ် ငြိမ်းချမ်းမှု ကို ဖြိုးခွင်းကာ တီးတိုး တီးတိုးနဲ့ စကား ပြောနေကြတယ်။

“အစ်ကိုမူ က အရမ်းတော်တာဘဲ ”
ငါတို့က ရစ်ပတ်နွယ် သိုင်းကျင့်စဉ်ကို ကျင့်နေတုန်းမှာ အစ်ကိုမူ က တတ်ကျွမ်းအောင်မြင်သွားပြီ လို့ လူငယ်လေးတွေ ထပြောကြတယ်။
ဝေ့

” ငါ့တို့ အရှေ့ဘရန့်အဖွဲ့ က အစ်ကိုမူဟာ အတော်ဆုံးဘဲ။ ဟုတ်တာပေါ့ကွာ ရစ်ပတ်နွယ် သိုင်းကျော်တော်မှာ အစ်ကိုမူ လောက် တော်တာမရှိဘူး။ ”

အားလုံးတီးတိုးပြောနေတဲ့အချိန်မှာ အရှေ့ဆုံးက မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်ဟာ ဘာမှမပြောဘဲ ပြုံးနေတယ်။ ခဏအကြာတော့ မီးခိုးရောင် ဝတ်စုံ ဝတ်ထားတဲ့လူငယ်လေး ထပြောတယ်။
” အစ်ကိုမူ ဟာ ရစ်ပတ်နွယ် သိုင်းကျောင်းတော်ရဲ့ သိုင်းပြိုင်ပွဲမှာ ပါဝင်ဖို့ ရွေးချယ်ခံရတယ်။ ဒါပေမဲ့ သိထားရမှာက သိုင်းပြိုင်ပွဲ က မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ရမယ်။”

အဲ့ဒီအချိန်မှာ အားလုံးဟာ စိတ်လှုပ်ရှားနေကြတယ်။ မီးခိုးရောင် ဝတ်ဆင်ထားတဲ့ လူငယ်လေးက ဆက်ပြောတယ်။
” အဲ့ ပြိုင်ပွဲမှာ အနိုင်ရတဲ့ သူက သိုင်းကျောင်းတော်ရဲ့ အဆင့် ၅ ကိုတက်လှမ်းသွားမယ်။”

” အဆင့် ၅ ” လူငယ်လေးတွေ အားလုံးဟာ အံ့သြစွာနဲ့ တစ်ပြိုင်နက်တည်း ထပြောကြတယ်။ လူငယ်လေးတွေ အားလုံးဟာ အဲ့အဆင့်ကို ရောက်ချင်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒါက သူတို့ရဲ့ အိမ်မက်လေး။ အဆင့် ၅ ရာထူးကို မပြောနဲ့ ပြိုင်ပွဲ ကို ဝင်ပြိုင်ဖို့ ရွေးချယ်ခံရတဲ့ သူတွေ အားလုံးဟာ လူတော်တွေ ချဉ်းဘဲ။ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရတဲ့ ဘယ်သူဘဲ ဖြစ်ဖြစ် သူတို့ရဲ့ ရှေ့ရေးကတော့ အလားအလာ ကောင်းတယ်။

လူငယ်လေးထဲက တစ်ယောက်က ထပြောတယ်
” အစ်ကိုမူ ဟာ အရမ်းတော်တာဘဲ။ ပြိုင်ပွဲကို ဝင်နိုင်ဖို့ နှစ်နဲ့ချီ ကြိုးစား လေ့ကျင့်ခဲ့ရတယ်” ။
နောက်တစ်ယောက်က တုံ့ဆိုင်း တုံ့ဆိုင်းနဲ့ ထပြောတယ် “အစ်ကိုမူ ဟာ ဒီပြိုင်ပွဲမှာ ကျောင်းတော်ကနေ နှင်ထုတ်ခံရမယ်လို့ ” ကြားတယ်။
သူကဘဲ ဆက်ပြောတယ်။
” ဘာဘဲဖြစ်ဖြစ် အစ်ကိုမူ သိုင်းပညာကို သိပြီးသားပါ။ ကျောင်းတော်က အတော်ဆုံး စီနီယာတွေ ထက်တော့ အစ်ကိုမူ ရဲ့ သိုင်းပညာက မညံ့ပါဘူး။ သူတို့နဲ့ ယှဉ်နိုင်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ တရားမျှတမှုတော့ ရှိမှာမဟုတ်ဘူး။ ဒါကြောင့် အစ်ကိုမူ နှင်ထုတ်ခံရနှိုင်တယ်။ ”

လူငယ်တွေဟာ အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့အရာတွေက ရစ်ပတ်နွယ် ကျောင်းတော်မှာ မပြောနဲ့ နိုင်ငံတော်မှာတော် ဖြစ်ပျက်နေတဲ့အရာတွေလေး။ လူတော်တွေ အတွက်တော့ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါပဲ။ ထူးချွန်ထက်မြက်ပြီး စိတ်ကောင်းရှိတဲ့ အစ်ကိုမူ ဟာ ဘာလို့ ကျောင်းတော်ကနေ နှင်ထုတ်ခံရနိုင်တယ် ဆိုတာ ကို လူငယ်လေးတွေ အားလုံးဟာ သိချင်စိတ် ပြင်းပြကြတယ်။

ခဏအကြာမှာတော့ မီးခိုးရောင် ဝတ်ဆင်ထားတဲ့ လူငယ်လေးက နှုတ်ခမ်းကို စူးပြီး မနှစ်မြို စွာနဲ့ ထပြောတယ်။

” ဟွန့် ”
“ဘာဖြစ်ရမှာလဲ အစ်ကိုမူကို မနာလိုတဲ့သူတွေ ရှိတယ်လေး။ သူ့ကို မနာလိုတဲ့သူတွေက သူ နှင်ထုတ်ခံရအောင် ကြံစည်နေကြတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ နောက်ဆုံးတော့ အစ်ကိုမူ က နိုင်မှာဘဲ။ အဲ့ဒီအခါကြမှ ဘယ်သူက ဘယ်လိုလဲ ဆိုတာ ရှင်း ရှင်းလင်းလင်း သိသွားလိမ့်မယ်။ ”

လူငယ်လေးတွေ အားလုံးဟာ မီးခိုးရောက် ဝတ်ဆင်းထားတဲ့လူငယ်လေး ဘာပြောချင်တယ် ဆိုတာ အားလုံး သဘောပေါက်ကြတယ်။ အစ်ကိုမူ ဟာ ဘယ်လောက်ဘဲ တော်တော် အဆင့် ၅ ရောက်ဖို့ကတော့ တော်တော် မလွယ်တဲ့ အရာဘဲ။ တကယ်တော့ သူနှစ်နဲ့ချီကြိုးစားလေ့ကျင့် သမျှဟာ အဆင့် ၅ နဲ့ ယှဉ်ရင် မပြောပလောက်ပါဘဲ။ ပြိုင်ပွဲ အောင်မြင်ခဲ့တဲ့ သူတွေ နဲ့တော့ နည်းနည်းကွာခြားတာပေါ့။

အပိုင်း ၁ ရဲ့ ကျန်သော အဆက်မှ

” ဘန်း ”
သူတို့ အဲ့ဒီအကြောင်းပြောနေတုန်း ရုတ်တရက် ကျောက်တုန်းပေါ်က ဒုတ်တစ်ချောင်း ပျံဝဲလာပြီး မီးခိုးရောင် ဝတ်ထားတဲ့ လူငယ်လေးရဲ့ နှဖူးကို ထိမှန်းသွားတယ်။
အဲ့ အချိန်မှာ မီးခိုးရောင် ဝတ်ထားတဲ့ လူငယ်လေးဟာ ဒေါသကြီးစွာနဲ့ ထပြောတယ်။
” စုလင်း နင်ငါ့ကို လမ်းပစ်လိုက်တာမဟုတ်လား။ ငါ ဆရာမိုး ဆီသွားတိုင် ပြောမယ်။ နင်နောက်နှစ်လည်း ဒီ အဆင့်မှာဘဲ နေရအောင် လို့ ”

တစ်ချိန်တည်းမှာဘဲ လူငယ်အားလုံးရဲ့အကြည့်ဟာ ကျောက်တုံးပေါ်က လူဆီရောက်သွားတယ်။ ကျောက်တုံးပေါ်က လူဟာ မျက်လုံးတစ်ဖြည်းဖြည်း ဖွင့်လာတယ်။ သူ့မျက်လုံးတွေ ဟာ မဲနက်ပြီး ကောင်းကင်ပေါ် ညအလင်းရောင် နဲ့ ဆင်တယ်။ သူဟာ တဖြည်းဖြည်း ပြုံးလာတယ်။ သူ့အပြုံးဟာ နွေးထွေးပြီး တည်ငြိမ်မှု အပြည့်ရှိတယ်။ အဲ့အပြုံးကြောင့်ဘဲ သူရဲ့ ပုံပန်းသွင်ပြင်ဟာ တည်ကြည် ခန့်ငြားလွန်းတယ်။

ဟီးးးးးး
” အစ်ကိုမူ မလုပ်နဲ့နော်။ နောက်ဆုံးတော့ ငါတို့ နားချိန်ရပြီး။ ”

ဒါနဲ့ ငါ ဟာသ တစ်ခုပြောစရာရှိတယ်။
” ငါ့အဖေ ကလည်း သူသိက္ခာ ကျအောင် ငါတစ်ခုခု လုပ်မိရင် ငါ့ကိုရိုက်သတ်မယ်တဲ့ ”
မီးခိုးရောင်ဝတ်ဆင်ထားတဲ့ လူငယ်လေး ပြောပြီး နှဖူးကို ပုတ်က ပြုံးနေတယ်။ အဲချိန်မှာ အားလုံး ဟာ တဟားဟား ထရယ်ကြတယ်။ သူတို့ရဲ့ ရယ်သံလေးတွေ ဟာ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင် ကို အသက်သွင်းပေးသလိုဖြစ်နေတယ်။

ဟူးးးး

” မင်းအဖေ ကတော့ တကယ်မလွယ် ဘူးကွာ ။ ဒီ ၃ လအတွင်း မင်းအဆင့် ၃ မရောက်ရင် မင်းကို ရိုက်လိမ့်မယ်။ ”
မူချန်က သက်ပြင်းချပြီး ပြောလိုက်တယ်။

” အဆင့် ၃ ရောက်ဖို့ က လွယ်တာမှမဟုတ်တာ။ အဆင့် ၅ ဝင်ပြိုင်မဲ့ အစ်ကိုမူ လို့ လည်း ငါမတော်ဘူး။ ”
စုလင်းက နှုတ်ခမ်းစူးလိုက်တယ်။ ဒီလိုမျိုး ကိစ္စတွေ က ရစ်ပတ်နွယ် နိုင်ငံတော်မှာ ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး။ မူချန်ကလည်း အဲ့အရာတွေကိုလည်း မပြောင်းလဲနိုင်ပါဘူး။

မူချန်ဟာ ခေါင်းအနည်းငယ် မြှင့်ကာ ပြုံးနေလိုက်တယ်။ သူ့ပုံစံက တော့ ပြောင်းမသွားပါဘူး။ မူချန်က သစ်ကိုင်းပေါ်က ကျတဲ့ သစ်ရွက်တွေကို ကြည့်ပြီး အတိတ်ကို ပြန်မြင်ရောင် နေမိတယ်။

ရစ်ပတ်နွယ်လမ်း——-
” သူတို့တွေ ဘာလုပ်နေကြတာလဲ ။ ခုထိလေ့ကျင့်လို့မပြီးသေးဘူးလား ။ သူတို့ တွေ အဆင့် ၅ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်သင့်ပြီး။ ”
မူချန်ကတော့ အံကြိတ်ကာ ဒေါသထွက်နေတယ်။

ခန္ဓာကိုယ်ပိန်ပိန်ပါးပါး နဲ့ လှပကျော့ရှင်းပြီး အေးတိအေးစက်တဲ့ မျက်နှာနဲ့ ကောင်မလေးတစ်ယောက်က ဓားရှည်တစ်လက်ကို ကျောမှာသယ်ထားတယ်။ သူမလှုပ်ရှား လိုက်တဲ့အခါ သူမရဲ့ ငွေရောင် ဆံပင်ဟာ လေထဲမှာ လှပစွာ ကနေတယ်။

အေးတိအေးစက်မျက်နှာတဲ့ ကောင်းမလေးဟာ ရစ်ပတိနွယ်ကျောင်းတော်မှာပဲ တစ်နှစ်ကျော်ကျော်လောက် ပညာသင်ယူခဲ့တယ်။ ဒါအပြင့် ရစ်ပတိနွယ် ကျောင်းလမ်းမှာဘဲ မူချန်ကို လုပ်ကြံတဲ့သူဟာလည်း သူမဘဲ။ မူချန်ပိုပြီး ခံပြင်းတဲ့တစ်ချက်ကတော့ သူမကို တစ်ချိန်က ကယ်တင်ခဲ့ဖူးတာပါဘဲ။ ဒါကြောင့်လည်း မူချန်က အံကြိတ်ကာဒေါသထွက်နေတာ။

ဒါပေမဲ့လည်း မူချန် ကို ထွက်သွားအောင်တွန်းအားပေးခံရတဲ့အချိန်မှာတော့ သူမဟာ ရန်ရှာတဲ့သူတစ်ယောက်ကို ဓားထောက်ပြီး မူချန် ဘက်ရပ်တည်ခဲ့တယ်။
သူမရဲ့ ပုံစံဟာ မူချန်ကို ဒုက္ခရောက်စေချင် သေစေချင်တဲ့အမူအရာ လုံးဝ မပါဘူး။ ဒါကြောင့် မူချန်ဟာ ကြောင်အန်းအန်း နဲ့ ခုထက်ထိ နားမလည်နိုင်ဖြစ်နေတယ်။

ဘယ်လို အတိတ်မျိုးလဲနော်။

***°

Comment

Leave a Reply

Options

not work with dark mode
Reset