Chapter – 22.4 ” သိုင်းပညာ ၀ိဉာဥ် သုံးခု ပေါင်းစည်းခြင်း ”
°°°
ဒါပေမယ့် သူ့ရဲ့ ၀ိဉာဥ်စွမ်းရည်တွေရဲ့ အင်အားက ၀မ်သုန့်နဲ့အတူတူ ပေါင်းစည်းပြီ ဟောင်သုန့်စွမ်းအားကို ဖန်တီးချိန်မှာ ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကို ရောက်ရှိတော့မယ်မှန်း ခံစားနေခဲ့မိတယ်။ လက်ရှိအချိန်မှာတော့ သူတောင့်ခံထားနိုင်နေဆဲပါ။ ဒီလိုအချိန်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စွမ်းအားက ဘာကြောင့်များ သူ့ကို အဲ့ဒီလောက်အထိ တွန်းအားမပေးသေးတာလဲ။
” ငတုံးကောင် ”
သူတွေးနေချိန်မှာပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။
” အစ်ကိုကြီး အိပ်နေတာမဟုတ်ဘူးလား ”
ဟို့ယွိယောင် ချက်ချင်းဆိုသလို ပြန်မေးမိလိုက်ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ပြန်ဖြေလိုက်ပါတယ်။
” သေချာပေါက် ငါနိုးနေတာပေါ့ ဒီလောက်ကြီးအိပ်နေမယ်လို့ မင်းထင်လို့လား ”
ဟို့ယွိဟောင်လဲ သူ့ဘာသာသူ ကျိန်ဆဲမိပါတော့တယ်။ အိပ်ရတာမကြိုက်ဘူးဆိုရင် ဘာဖြစ်လို့ နှစ်ပေါင်းသန်းနဲ့ချီပြီ အိပ်နေရတာလဲ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။
” မင်းစိုးရိမ်နေတဲ့ကိစ္စက ရှင်းပါတယ်…တကယ်တမ်းပြောရမယ်ဆိုရင် ငါက မင်းရဲ့၀ိဉာဥ်စက်ကွင်းကို အဆုံးစွန်အထိ မမြင့်တင်ပေးသေးဘူး… ဘာကြောင့်လဲဆိုတော့ မင်းကို ဘောလုံးကြီးတစ်လုံးမျိုးလို ဖြစ်မသွားစေချင်လို့လေ ငါမင်းကို ပြောပြမယ်…ကျားပူးဖေါင်းလို့ခေါ်တဲ့ ငါးတစ်မျိုးရှိတယ်….ငါတို့ခန္ဓာကိုယ်တစ်ခုလုံးက ဆူးချွန်တွေနဲ့ အရိုးတွေကြီးပဲ အန္တရာယ်နဲ့ကြုံလာတဲ့အချိန်တိုင်း သူ့ကိုယ်သူဖောင်းပွပြစ်လိုက်တယ်…ခန္ဓာကိုယ်ကို အဆုံးစွန်အထိ ချဲ့ကားပြီ အရိုးတွေအားလုံးကိုလဲ လွှင့်ပြစ်ပလိုက်တယ်…အဲ့ဒီလိုနည်းနဲ့ သူ့ရဲ့ ကျုးကျော်တဲ့သူတွေကို မစားနိုင်တော့ဘူး…ပြောရမယ်ဆိုရင် သူ့ခန္ဓာကိုယ်ကို အဆုံးစွန်အထိ ချဲ့ပေးနိုင်လိုက်တယ်လေ ”
” ဒါ့အပြင် သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကလဲ ကျောရိုးအပေါ်မှာ မူတည်ပြီ အကန့်အသတ်ကွာနိုင်တယ်…ဒါပေမယ့် အဲ့ဒီပူးဖောင်းကို အပ်တစ်ချောင်းနဲ့ ထိုးလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ မင်းနဲ့အတူတူပဲပေါ့ အကယ်၍ မင်းရဲ့၀ိဉာဥ်စွမ်းအားကိုသာ တောင့်ခံနိုင်တဲ့အဆုံးစွန်အထိ မြင့်တင်ပေးလိုက်မယ်ဆိုရင် မင်းက အချိန်မရွေးပေါက်ထွက်နိုင်တဲ့ ပူးဖောင်းလိုဖြစ်သွားမှာပေါ့ ဒါကြောင့် မင်းတောင့်ခံနိုင်တဲ့ အဆုံးစွန်ကန့်သတ်ချက်ဆိုတာက ဘယ်လိုဆိုးကျိုးမှမရှိပဲ တောင့်ခံနိုင်မဲ့အခြေအနေကို ငါပြောတာ ၀မ်သုန့်နဲ့ အစောပိုင်းစွမ်းရည်ပေါင်းစည်းမှုမှာ စွမ်းအားပေါင်းစည်းမှုက ခန္ဓာကိုယ်ကို အများကြီးတိုးတက်လာစေတာက နောက်ထပ် အကျိုးအမြတ်တစ်ခုလဲရှိတယ်…မင်းတို့နှစ်ယောက် မနေ့ညကပေါင်းစပ်မှုမှာ တစ်ရာရာခိုင်းနှုန်းပေါင်းစပ်သွားပြီးပြီ ဒါကလဲ နောက်ထပ် အကျိုးအမြတ်ကြီးတစ်ခုရတာပဲ ”
” နောက်ထပ် ပြောရမယ်ဆိုရင် မင်းတို့ရဲ့ ၀ိဉာဥ်စွမ်းအားပေါင်းစည်းတဲ့အချိန်တိုင်း ခန္ဓာကိုယ်ရဲ့ တောင့်ခံနိုင်စွမ်းကလဲ တိုးတက်လာလိမ့်မယ်…ဒါ့အပြင် ၀ိဉာဥ်စွမ်းရည်ကိုလဲ အချိန်ပိုကြာရှည်အောင် သုံးနိုင်ဖို့အတွက် အဆင်ပြေလိမ့်မယ်…၀ိဉာဥ်စွမ်းရည်တွေရဲ့အင်အားကလဲ တိုးတက်လာမှာပဲ ဒါကြောင့် သိုင်းပညာ၀ိဉာဥ်တွေရဲ့ ပေါင်းစည်းမှုက လျှို့၀ှက်ချက်တစ်ခု ဖြစ်နေတာ ဒါပေမယ့် မင်းရဲ့သိုင်းပညာ၀ိဉာဥ်က တခြားသူတွေနဲ့ မတူညီဘူး..ဒါကြောင့် မတူညီတဲ့အကျိုးရလဒ်တွေကို ရနိုင်တယ်….ဒီလိုပေါင်းစည်းမှုမှာ ခန္ဓာကိုယ်တွေက ဆက်တိုက်ဆိုသလို တိုးတက်နေပြီ ရလဒ်အနေနဲ့ ဆက်တိုက်ကျင့်ကြံကြလေလေ တစ်နေ့မှာတော့ ခန္ဓာကိုယ်တွေက လူသားလောကမှာ အကောင်းဆုံးဖြစ်လာလိမ့်မယ် ”
” ပုံမှန်ပြောရမယ်ဆိုရင် ဒီလိုတိုးတက်တဲ့ဖြစ်စဥ်က အတော်လေးကို နှေးကွေးလိမ့်မယ်…အကယ်၍ မင်းတို့နှစ်ယောက်သာ အနာဂတ်မှာ စစ်မှန်တဲ့ ပေါင်းစည်းမှုကို အောင်မြင်နိုင်မယ်ဆိုရင်တော့ ဒီရလဒ်က အများကြီး ပိုကောင်းမယ် ”
” စစ်မှန်တဲ့ ပေါင်းစည်းမှုဆိုတာ ဘာကြီးလဲ “‘
ဟို့ယွိဟောင် မေးလိုက်မိပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ တခဏတာ တိတ်ဆိတ်သွားခဲ့ရင်း ပြန်ဖြေပါတော့တယ်။
” ငါလဲမသိဘူးလေ မကြိုးစားကြည့်ဖူးဘူး…ကိုယ့်ဘာသာကိုယ် ကြိုးစားကြည့်ပေါ့ မင်းနဲ့သူနဲ့ အပြည့်အ၀ ပေါင်းစည်းသွားပြီရင်း ရလာမဲ့ကောင်းကျိုးက အရမ်းကို များပြားတယ်..အနာဂတ်မှာ ဖြည်းဖြည်းချင် နားလည်လာမှာပါ ”
သူပြောပြီတာနဲ့ နောက်ထပ်မပြောတော့ပဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
” ဘာတုန်း အစာစားရမှာ မေ့နေပြီလား ”
ဟို့ယွိဟောင်ရဲ့ စိတ်လွှတ်နေတဲ့မျက်နှာက အတော်ကို အချိန်ကြာသွားတာကြောင့် ၀မ်သုန့်လဲ သူ့ကို လာမေးပါတော့တယ်။
ဟို့ယွိဟောင်လဲ သူ့ဘာသာသူ ဖြည်းဖြည်းချင်းသတိပြန်၀င်လာခဲ့ပါပြီ။ ၀မ်သုန့်က သူ့ကို ပြုံးပြနေတာ မြင်လိုက်ရပါတော့တယ်။
” ဘာတွေတွေးနေတာလဲ စိတ်လုံး၀ လွှတ်သွားသလိုကြီးပဲ “‘
၀မ်သုန့်က ရယ်မောရင်း ပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်လွှတ်နေတဲ့ပုံစံက အရမ်းကို ရယ်ရတယ်လို့ သူထင်နေခဲ့တယ်။
” ငါတို့စွမ်းအားအကြောင်းတွေးနေတာလေ ငါတို့ရဲ့ ၀ိဉာဥ်စွမ်းအားတွေက ဘယ်လိုများ ပေါင်းစည်းတာလဲ တွေးပြီတဲ့နောက် ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ်..ဒါက ငါတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေ ပေါင်းစည်းသွားပြီ ပေါင်းစပ်နိုင်စွမ်းက အရမ်းမြင့်လွန်သွားတာပါပဲ ဖြစ်ရတဲ့အကြောင်းအရင်းတစ်ခုခုတော့ ရှိလိမ့်မယ် “‘
၀မ်သုန့်ရဲ့ မျက်လုံးတွေကလဲ တောက်ပလာခဲ့ပါတယ်။
” ဟုတ်တယ် မင်းပြောတာမှန်တယ်…ဒီလိုသာ မဟုတ်ဘူးဆိုရင် ဘာကြောင့်ဒီလိုပြိုင်ဘက်ကင်းတဲ့ကိစ္စက ဘယ်လိုဖြစ်လာမှာလဲ မြန်မြန်လေးစားပြီးရင် ငါတို့ရဲ့ပေါင်းစည်းတဲ့စွမ်းရည်ကို ထုတ်လွှတ်ကြည့်ရအောင် ဘယ်လိုပေါင်းစည်းစွမ်းရည် အလုပ်ဖြစ်လာမယ်ဆိုတာ မင်းသိလား ”
” ငါဘယ်လိုလုပ်သိမှာလဲ ဒါက မင်းဆီကနေလာတဲ့ ကိစ္စပဲလေ ”
သူတို့တွေ ခါးသီးသီးပြုံးလိုက်ကြရင်း စိတ်ညစ်လို့သွားပါတော့တယ်။ အခုအချိန်မှာ သူတို့အတွက်တော့ ပေါင်းစည်းစွမ်းရည်တွေကို ဆရာတွေတောင်မပြောပြတာကြောင့် မသိတဲ့အရာတွေဖြစ်နေခဲ့တယ်။ ဒါ့အပြင် လူတစ်ချို့သာ ပိုင်ဆိုင်နိုင်တာကြောင့် သူတို့ဆရာတွေကလဲ တခဏတာသာ လေ့လာပြီ ဘယ်လိုအသုံးပြုရမလဲဆိုတာကို မရှင်းပြဖူးပါဘူး။ ဒါကြောင့် တကယ်စစ်မှန်တဲ့ ပေါင်းစည်းစွမ်းရည်ကို ထုတ်လွှတ်နိုင်တဲ့သူက နည်းနေခဲ့ပါတယ်။
” ဘာပဲဖြစ်ဖြစ် ညကျရင်းစမ်းကြည့်ရအောင် အလုပ်မဖြစ်ဘူးဆိုလဲ ဆရာကျိုးကို သွားရှာပြီ မေးကြည့်ရတာပေါ့ ”
” ကောင်းပြီလေ ”
ပြန်ဖြေနေချိန်မှာ ဟို့ယွိဟောင်ရဲ့ စိတ်ထဲမှာရှိတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို သူကဆက်တိုက်အော်နေမိခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စွမ်းရည်နဲ့ဆိုရင် ဒါကိုသိမယ်လို့သေချာပေါက် ထင်နေခဲ့တယ်။
” ငတုံးလေး ငါ့ကို ဘာကြောင့်များ ဒီလိုကိစ္စနဲ့ လာနှောင့်ယှက်နေတာလဲ မနေ့ညက လုပ်တဲ့ကိစ္စကိုသာ ပြန်လုပ်လိုက် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ အိပ်ခါနီးဖြစ်နေတာကြောင့် အတော်လေးကို စိတ်မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပြောပြီပျောက်ကွယ်လို့သွားခဲ့ပါပြီ။
မနေ့ညက လုပ်တဲ့ကိစ္စကို ပြန်လုပ်ရမှာလား တခဏတာတွေးပြီတဲ့နောက် သူနားလည်သွားရပါတော့တယ်။ သူတို့နှစ်ယောက် ပွေ့ဖက်ရမှာပါ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က အရမ်းကို စိတ်လှုပ်ရှားနေခဲ့ကြသလို သိလဲသိချင်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကလဲ ငါးကင်ကို ဒီနေ့မှာမရောင်းပါဘူး။ သူတို့တွေ ကျောင်းပေါက်၀က ထွက်လာချိန်မှာတော့ ပုံမှန်ဖောက်သည်တွေက စတင်ပြီ သူတို့ဆီ ပြုံလာပါတော့တယ်။ ဒါကြောင့် လုပ်စရာရှိတဲ့ ကိစ္စအကြောင်းပြောပြပြီး ဆက်တိုက်ဆိုသလို တောင်းပန်ရင် ကျောင်းရဲ့အဆင့်ပြိုင်ပွဲအတွက် အကြောင်းပြချက်ပေးကာ သူတို့ထွက်လာခဲ့ပါတယ်။
” ငါတို့မြန်မြန်သွားရမယ် “‘
၀မ်သုန့်က ခပ်တိုးတိုးပြောလိုက်ပြီတဲ့နောက် မြေပြင်ကို ခြေထောက်နဲ့အားပြုရင်း အရှိန်မြင့်လိုက်ပါတော့တယ်။ သူ့ခန္ဓာကိုယ်က မြားတစ်စင်းလိုမျိုး ပြေးထွက်သွားခဲ့ပါပြီ။
လွန်ခဲ့တဲ့သုံးလက ဖြစ်ခဲ့မယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ သူ့အရိပ်ကိုတောင် လိုက်ဖမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သုံးလတာကျင့်ကြံမှုက အလကားမဟုတ်ပဲ ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်ကို မကြာခင်အတွင်းမှာ လိုက်မိီလာနိုင်ပါတယ်။ ခြေထောက်ကို အားပြုပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ အရှိန်နှုန်းကလဲ ချက်ချင်းဆိုသလို မြင့်တက်သွားခဲ့ပါပြီ။ ၀မ်သုန့်လောက်တော့ ကြည့်ရတာမလှပေမဲ့ သူ့လဲ မနှေးကွေးခဲ့ပါဘူး။ အဲ့ဒီနောက် သူပြေးတဲ့လမ်းကြောင်းတိုင်မှာ နက်ရှိုင်းတဲ့ ခြေရာတွေက ကျန်ရစ်နေပါတော့တယ်။
ကြွက်သားတွေရဲ့ စွမ်းအားက ခြေထောက်ဆီကို ဆက်တိုက်ဆိုသလို ရောက်ရှိနေခဲ့ရင်း အတွင်း၀ိဉာဥ်စွမ်းအားနဲ့ အတူတူ ခန္ဓာကိုယ်ကို အများကြီးအားကောင်းလာစေခဲ့ပါတယ်။
ညနေခင်းရဲ့လေထုက အရမ်းကို လန်းဆန်းတက်ကြွစေတာကြောင့် သူတို့နှစ်ယောက်လဲ လေနဲ့အတူ လွှင့်မျောနေသလိုခံစားနေခဲ့ရပါတယ်။ သံကြိုးတွေရဲ့ အထိန်းအကွပ်မရှိတာကြောင့် ဒီလိုလန်းဆန်းတက်ကြွတဲ့ ခံစားချက်က သူတို့ကို အရှိန်နှုန်းအမြင့်ဆုံးအထိ ရောက်သွားစေခဲ့တယ်။
အဆုံးသတ်မှာတော့ ဟို့ယွိဟောင်ထက် အများကြီးအခြေခံခိုင်တဲ့ ၀မ်သုန့်က ဟို့ယွိဟောင်ထက် မီတာသုံးရာအရှေ့ကို ရောက်သွားခဲ့ပါပြီ။ အဲ့ဒီနောက်မှသာ သူအရှိန်လျှော့ရင်း ဖြည်းဖြည်းချင် စောင့်ပါတော့တယ်။
” ကောင်းပြီ ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင်တွေက အရှေ့တန်းမှာမနေရဘူး…ဒါကြောင့် မင်းရဲ့အရှိန်နှုန်းက လက်ခံနိုင်စရာပါပဲ ”
၀မ်သုန့်ကတော့ ပြောလာခဲ့ပါတယ်။
” ငါတို့ရောက်တော့မယ်…သစ်တောထဲသွားကြတာပေါ့ “‘
” ကောင်းပြီလေ ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။ သူတို့နှစ်ယောက် ဘယ်သူမှမရှိတာ သေချာပြီဆိုမှ သစ်တောထဲကို ၀င်သွားပါတော့တယ်။ အထဲတော်တော်ကြာ ခရီးဆက်ပြီတော့မှသာ သူတို့တွေ ရပ်တန့်လိုက်ကြတယ်။
” ဒီနေရာမှာလုပ်ကြရအောင် ဘယ်လိုကြိုးစားကြမလဲ ”
၀မ်သုန့်က မေးလာခဲ့ပါတယ်။
” ပထမဆုံးစွမ်းအင်ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်မလဲဆိုတာကို စမ်းသပ်ကြည့်ရတာပေါ့ ”
အဲ့ဒီနောက် ၀မ်သုန့်ရဲ့လက်နဲ့ သူ့လက်ကို ချိတ်လိုက်ပါတယ်။ နေ့လည်လေ့ကျင့်မှုကြောင့် ဟောင်သုန့်စွမ်းအားရဲ့ လှည့်ပတ်မှုကို အတော်လေး ရင်းနှီးနေခဲ့ကြပါပြီ။ သူတို့ခန့်မှန်းထားတဲ့အတိုင်း ခန္ဓာကိုယ်စွမ်းရည်ပြန်လည်ဖြည့်တင်းမှုက အရမ်းမြန်ဆန်ပါတယ်။ ဒါပေမယ့် ၀ိဉာဥ်စွမ်းအားတိုးတက်မှုကတော့ ကျင့်ကြံချိန်လောက် မမြင့်မားခဲ့ပါဘူး။
” သာမန်ပဲ ဒါပေမယ့် အသုံးပြုလို့ရတယ် ”
၀မ်သုန့်က စွမ်းအင်အပြည့်အ၀ ပြန်ပြည့်သွားချိန်မှာ ပြောလာခဲ့ပါတယ်။
အဲ့ဒီနောက် ဟို့ယွိဟောင်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း ပြောလာတော့တယ်။
” လာ ”
၀မ်သုန့်လဲ မျက်လုံးပြူးလို့သွားခဲ့တယ်။
” ဘာလုပ်မလို့လဲ ”
ဟို့ယွိဟောင်က အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်ပါတယ်။
” ဖက်ကြမယ်လေ ”
၀မ်သုန့်ရဲ့ အမူအရာက ပြောင်းလဲလို့သွားခဲ့ပါပြီ။ မျက်နှာက အစိမ်းရောင်ကနေ ဖြူဖျော့လို့သွားပါတော့တယ်။
” ဟို့ယွိဟောင် ငါမင်းကို ဒီလိုလူလို့မထင်ထားဘူး…ငါမင်းကို မရိုက်နိုင်ဘူးလို့ ထင်နေတာလား ”
ဟို့ယွိဟောင်အနေနဲ့ ငိုရမှန်းမသိ ရယ်ရမှန်းမသိ ဖြစ်သွားခဲ့ပါတယ်။
” ဘာတွေတွေးနေတာလဲ ငတုံးကောင် ငါတို့သိုင်းပညာ၀ိဉာဥ်ကို ဘယ်လိုပေါင်းစည်းခဲ့လဲ မင်းမေ့သွားပြီလား စွမ်းအားတွေကို ပေါင်းစည်းဖို့အကောင်းဆုံးနည်းလမ်းက မနေ့ကအဖြစ်အပျက်ကို ပြန်လည်ဖန်တီးဖို့ပဲလေ ”
ဒီတစ်ကြိမ်မှသာ ၀မ်သုန့်လဲ သူပြောချင်တာကို နားလည်သွားပါတော့တယ်။ သူ့မျက်နှာကတော့ နီရဲနေခဲ့ပါပြီ။ ဒါ့အပြင် အနည်းငယ်တောင် မှောင်မိုက်နေခဲ့ပါသေးတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိဉာဥ်မျက်လုံးတွေကတော့ လုံး၀ကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသလို ၀မ်သုန့်ရဲ့ တုန့်ပြန်မှုတွေကို သူက အသေးစိတ်သိနေခဲ့ပါတယ်။
” ရှင်းရှင်းလင်းလင်းမှ မင်းကမပြောတာ ငါ့ကို တမင်တကာ ဒီလိုဖြစ်အောင်လုပ်နေတာပဲ “‘
၀မ်သုန့်ကတော့ သူ့ရဲ့ဒေါသကို အသုံးပြုပြီ ရှက်ရွံ့မှုကိုဖုံးကွယ်ဖို့လုပ်ပါတော့တယ်။
ဟို့ယွိဟောင်က ပြန်ဖြေလိုက်တယ်။
” မင်းရဲ့ အတွေးတွေက ဒီလိုဖြစ်နေတာ ငါမှမသိတာကို ငါတို့က ယောင်္ကျားတွေပဲလေ ဘာလုပ်လို့ရမှာမလို့လဲ မြန်မြန်လာ ငါတို့တွေ စောစောပြီမှ ကျင့်ကြံလို့ရမှာ “‘
” ငါတို့မြို့အပြင်ရောက်နေပြီ မနေ့ကလို အိပ်ပျော်မသွားဘူးလို့ သေချာပြောရဲလား ”
” သေချာပေါက် မအိပ်ပါဘူး…ဒီနေ့အခြေအနေက မနေ့ကအခြေအနေနဲ့ မတူဘူးလေ မင်းဘာဖြစ်လို့ အမျိုးသမီးတစ်ယောက်လို အရမ်းသတိကြီးကြီးထားနေရတာလဲ စတော့မယ် ”
သူပြောပြီတဲ့နောက် အရှေ့ကို တစ်လှမ်းတိုးလိုက်ရင်း ၀မ်သုန့်ကို ဖက်လိုက်ပါတော့တယ်။
၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကတော့ တောင့်တင်းလို့နေခဲ့တယ်။ ဟို့ယွိဟောင် ဖက်လိုက်တာကို ခံလိုက်ရပြီတဲ့နောက် သူ့ရဲ့ စိတ်က တခဏတာ လွှင့်သွားပုံပါပဲ။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကတော့ အစောပိုင်းပြေးလာခဲ့ရတဲ့အတွက် ချွေးတွေထွက်နေခဲ့ပြီ ချွေးနံ့ကလဲ ၀မ်သုန့်နှာခေါင်းထဲကို ၀င်ရောက်လာခဲ့ပါတယ်။
၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အရမ်းကို နူးညံ့နေခဲ့ပြီ သူ့ကိုဖက်ရတာကလဲ မနေ့ညကအတိုင်း သက်သောက်သက်သာ ရှိနေဆဲပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်အနေနဲ့ ဒီခံစားချက်ကို သဘောကျနှစ်ခြိုက်နေဖို့အတွေးမရှိခဲ့ပါဘူး။ ၀မ်သုန့်ကို ဖက်ပြီးပြီအချိန်မှာပဲ ကိုယ်ပိုင်၀ိဉာဥ်စွမ်းအားကို လှည့်ပတ်ရင်း စိတ်၀ိဉာဥ်မျက်လုံးကို အသုံးချပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ၀မ်သုန့်လဲ အသိပြန်၀င်လာခဲ့ပါပြီ။
၀ိဉာဥ်စွမ်းအားက ဟောင်သုန့်လှည့်ပတ်မှုနဲ့အတူ ချက်ချင်းဆိုသလို စတင်လှည့်ပတ်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကတော့ ညအချိန်မှာ အရမ်းကို တောက်ပနေခဲ့ပြီ ရွှေရောင်အလင်းတန်းကလဲ တဖျတ်ဖျတ်စီးဆင်းလို့နေခဲ့ပါပြီ။ တခဏတာ ကြာပြီချိန်မှာပဲ ၀မ်သုန့်က သူ့ရဲ့သိုင်းပညာ၀ိဉာဥ်ကို အသက်သွင်းပါတော့တယ်။ ထူးဆန်းတဲ့ခံစားချက်က နှစ်ယောက်စလုံးကို လွှမ်းမိုးသွားခဲ့ပါပြီ။ သူတို့တွေ ဖက်နေချိန်မှာပဲ သိုင်းပညာ၀ိဉာဥ်က ၀ိဉာဥ်စွမ်းရည်တွေနဲ့ မတူညီပဲ ထွက်ပေါ်လို့လာပါတော့တယ်။
လက်ရှိအချိန်မှာ ၀မ်သုန့်ရဲ့ ရေခဲပြာရောင်အတောင်ပံတွေက ထွက်ပေါ်လာခဲ့ပြီ နှစ်ဖက်စလုံးရဲ့ စိတ်တွေကလဲ ဗလာဟင်လင်ဖြစ်သွားပါတော့တယ်။
အပိုင်း ၂၂•၄ ပြီး၏။