Chapter – 22.3 ” သိုင်းပညာ ၀ိဉာဥ် သုံးခု ပေါင်းစည်းခြင်း ”
°°°
ဒါပေမယ့် ၀မ်သုန့်က သူ့နည်းလမ်းအတိုင်းလုပ်ဖို့ တောင့်ခံနေခဲ့တဲ့အတွက် ဟို့ယွိဟောင်ရဲ့ အိပ်ယာပေါ်ကို ရောက်သွားကြပါတယ်။ ထိုင်ချလိုက်ချိန်မှာပဲ ၀မ်သုန့်လဲ မျက်နှာပျက်သွားပါတော့တယ်။ သူ့ရဲ့ မွှေးပွအိပ်ယာနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒီမာကြောတဲ့ သစ်သားကုတင်က လုံး၀ကို သက်သောက်သက်သာမရှိပါဘူး။ ဒါပေမယ့် သူဒါကို တောင့်ခံနိုင်ရုံပဲတတ်နိုင်နေခဲ့ပါတော့တယ်။ သူတို့တွေက သူ့အိပ်ယာပေါ်မှာ မတော်တဆအိပ်လိုက်မိပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်ကို သူ့အိပ်ယာပေါ်ကို နောက်ထပ် အတက်မခံချင်တော့ပါဘူး။
ဟို့ယွိဟောင်ကတော့ အတော်လေးကို အေးဆေးတဲ့သူဖြစ်တာကြောင့် တခဏတာပဲ မကျေမနပ်ဖြစ်ပြီတဲ့နောက် ပြန်တည်ငြိမ်သွားပါတောာ့တယ်။ စိတ်ထဲမှာတော့ တွေးနေခဲ့မိတယ်။
” ဘယ်လိုဖြစ်ဖြစ်လေ လူတွေက ကိုယ်ပိုင်အမူအကျင့်နဲ့ရှိကြတာပဲ ငါလည်လူတိုင်းကို လေးစားသင့်တာပေါ့ ‘”
သူတွေးပြီချိန်မှာပဲ စိတ်ထဲမှာရှိနေတဲ့ မကျေမနပ်မှုက ပျောက်ကွယ်သွားပါတော့တယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို ကြည့်လိုက်ချိန်မှာ ဟို့ယွိဟောင်လဲ သူ့ကို ပြန်ကြည့်နေမှန်း သတိထားမိသွားပါတော့တယ်။ ဒါကြောင့် ချက်ချင်းဆိုသလို စိတ်ထဲမှာ အားနာလာခဲ့မိတယ်။
” စလိုက်ကြစို့ မင်းအစီအစဥ်အတိုင်း သွားကြမယ်..ငါတို့တွေ ညစာစားချိန်မတိုင်ခင်အထိ ကျင့်ကြံပြီတဲ့နောက် ဘာဖြစ်လာမလဲ ကြည့်ကြတာပေါ့ ”
ဟို့ယွိဟောင်က လက်တွေကိုမြောက်ရင်း ၀မ်သုန့်ရဲ့လက်ပေါ် ထပ်လိုက်ပါတယ်။ သူတို့နှစ်ယောက် ထိတွေ့လိုက်ချိန်မှာပဲ ဟို့ယွိဟောင်စွမ်းအားက စတင်ပြီ စွဲငင်ပြီတွန်းကန်ပါတော့တယ်။ လှည့်ပတ်မှုတစ်ခုချင်းဆီတိုင်းမှာ ၀ိဉာဥ်စွမ်းအားနှစ်ခုက ပြီးပြည့်စုံအောင် ပေါင်းစည်းတယ်။ ဒါ့အပြင် ဆက်တိုက်ဆိုသလို လှည့်ပတ်မှုက စတင်ပါပြီ။
ဒီထူးဆန်းတဲ့ကိစ္စကို မနက်ကထဲက ရှာဖွေတွေ့ရှိခဲ့ပေမဲ့ လေ့လာဖို့အချိန်ကောင်းကောင်းမရခဲ့ပါဘူး။ အေးအေးဆေးဆေး လေ့လာပြီချိန်မှာတော့ မတူညီတဲ့ခံစားချက်က ဖြစ်ပေါ်လာပါတော့တယ်။
အတူတူကျင့်ကြံချိန်မှာ ၀ိဉာဥ်စွမ်းအားတိုးတက်မှုက အရမ်းကို မြန်ဆန်ပါတယ်။ တစ်ယောက်ချင်းဆီတိုင်းရဲ့ ၀ိဉာဥ်စွမ်းအားတိုးတက်မှုထက် နှစ်ယောက်ရဲ့၀ိဉာဥ်စွမ်းအားတိုးတက်မှုက အများကြီးကို မြန်ဆန်နေခဲ့တယ်။
နောက်တစ်နည်းပြောရမယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ ၀ိဉာဥ်စွမ်းအားရရှိမှုက နှစ်နာရီကြာပြီချိန်မှာ တစ်ယူနစ်ကို တက်လာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ ၁•၂ ယူနစ်အထိကို တက်လာခဲ့တယ်။ ဒီအတိုင်းသူတို့ရဲ့ ၀ိဉာဥ်စွမ်းအားတွေက ပိုမိုအားကောင်းလာခဲ့ရုံတင်မကပဲ နှစ်နာရီကြာပြီချိန်မှာတော့ နှစ်ယောက်က ၀ိဉာဥ်စွမ်းအား ၂•၂ ယူနစ်အထိကို တိုးတက်လာခဲ့ပါပြီ။
ဒီလိုနည်းနဲ့ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်ကလဲ နှစ်ဆဖြစ်လာခဲ့သလို ၀မ်သုန့်ကလဲ နှစ်ဆနီးပါးတက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ အကျိုးအမြတ်အရဆုံးသူကတော့ ဟို့ယွိဟောင်ပါပဲ။ ၀မ်သုန့်က သူ့ထက် ပိုပြီးကျင့်ကြံဆင့်မြင့်နေခဲ့တာကြောင့်ပါ။ ဒါပေမယ့် တဖြည်းဖြည်းချင်းဆိုသလို သူတို့ရဲ့ ကျင့်ကြံဆင့်တွေက တိုးတက်လာခဲ့ပြီအကျိုးအမြတ်ရရှိမှုကလဲ အတော်ကို တူညီလာခဲ့ပါတယ်။
ကျင့်ကြံဆင့်နှစ်ဆမြင့်တာက တကယ်ကို လန့်စရာကြီးပါပဲ။ အစောပိုင်းတုန်းက အဆင့်နှစ်ဆယ်ကို ပထမနှစ်ပြီးမြောက်ချိန်မှာ ရရှိရစေရမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဟို့ယွိဟောင်က လက်ရှိအချိန်မှာတော့ သုံးလ လေးလအတွင်းမှာ အဆင့်နှစ်ဆယ်ကို ရောက်ပါတော့မယ်။ တခြားတစ်ဖက်မှာတော့ ၀မ်သုန့်ရဲ့ အခြေအနေနဲ့ဆိုရင် နှစ်အဆုံးလောက်မှာ အဆင့်သုံးဆယ့်ကို ရောက်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။
ခြောက်နာရီနီးပါး ကျင့်ကြံပြီတဲ့နောက် အပြင်ဘက်ကောင်းကင်က ဖြည်းဖြည်းချင်းမှောင်မိုက်လို့လာခဲ့ပါပြီ။ သူတို့နှစ်ယောက်လဲ တရားထိုင်ရာကနေ ထလာပါတော့တယ်။ ၀ိဉာဥ်စွမ်းအားတွေကလဲ ပြန်လည်ခွဲထွက်လို့သွားခဲ့ပါပြီ။ အတော်ကို မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ တိုးတက်လာနေတာကို သူတို့လဲခံစားနေခဲ့မိပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ တစ်ပြိုင်နက်ထဲ မျက်လုံးတွေဖွင့်လိုက်ပြီတဲ့နောက် တအံ့တဩဖြစ်နေတာတွေကို တစ်ယောက်မျက်လုံးထဲမှာ တစ်ယောက်ပြန်မြင်နေခဲ့ရပါတယ်။ ၀ိဉာဥ်တွေရဲ့ ပေါင်းစည်းမှုက သူတို့အတွက် အရမ်းကိုကောင်းမွန်တဲ့အရာဖြစ်နေခဲ့တယ်။ အထူးသဖြင့် ဟို့ယွိဟောင်အနေနဲ့ တိုးတက်မှုက ၀မ်သုန့်ထက်တောင် ပိုပြီး ကြီးမားပါတယ်။ ဒါကြောင့် သူက အကျိုးအမြတ်ပိုရှိတယ်လို့ ပြောလို့ရနိုင်နေခဲ့တယ်။
သူတို့လဲ စွမ်းရည်ကိုစမ်းသပ်ဖို့အတွက် မစောင့်နိုင်တော့ပါဘူး။ ဒါက ပေါင်းစည်းမှုထက်တောင် ပိုပြီး အံ့အားသင့်စရာကောင်းနေခဲ့တယ်။
ဒါ့အပြင် ပေါင်းစည်းမှုကြောင့် သူတို့ရဲ့၀ိဉာဥ်စွမ်းရည်တွေကလဲ ဆက်တိုက်ဆိုသလို တိုးတက်လာနေခဲ့ပါတယ်။ ဒါက တစ်အပေါင်းတစ် ညီမျှခြင်းနှစ်ဆိုတဲ့ အခြေအနေလို မရိုးရှင်းပါဘူး။ သူတို့တွေ အတူတူသာ၀ိဉာဥ်စွမ်းရည်တစ်ခုကို အသုံးချမယ်ဆိုရင် ရလဒ်ကနှစ်ဆမက ကြီးမားနိုင်ပါတယ်။ ဒါ့အပြင် ၀ိဉာဥ်စွမ်းအားကုန်ဆုံးမှုကလဲ တစ်၀က်အထိကို လျော့ကျလို့သွားမှာပါ။ နောက်တစ်နည်းပြောရမယ်ဆိုရင် ၀ိဉာဥ်စွမ်းအားကုန်ဆုံးမှုက ပေါင်းစည်းနေတဲ့သူတွေအတွက် အတော်ကို နည်းပါးပါတယ်။ ဒါက အဆင့်မြင့်စိတ်၀ိဉာဥ်စွမ်းအားတစ်ခုကို ရရှိလိုက်သလိုပါပဲ။
ဒီလိုနည်းနဲ့ သူတို့ရဲ့ အခြေအနေက သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းမှုလို့လဲ သတ်မှတ်လို့မရနိုင်ပါဘူး။ ၀ိဉာဥ်စွမ်းအားပေါင်းစည်းမှုလို့သာ ပြောလို့ရနိုင်မှာပါ။ ဒါပေမယ့် ၀မ်သုန့်ကတော့ အခုအချိန်မှာ သူကိုယ်တိုင်းစတင်ပေးခဲ့တဲ့ကိစ္စအတွက် ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့ပါတယ်။
သူတို့ခန္ဓာကိုယ်ထိတွေ့ချိန်မှာ ၀ိဉာဥ်စွမ်းအားက ပေါင်းစည်းပါတယ်။ ဟို့ယွိဟောင်ကတော့ အတော်လေးကို အသာစီးရတဲ့အကြောင်း အခြေအနေမှာရှိနေခဲ့တယ်။ သူစိတ်စေညွှန်လိုက်တိုင်းမှာ ပေါင်းစည်းမှုက အတော်လေးကို အားကောင်းလာခဲ့ပါတယ်။ ၀မ်သုန့်ဘက်က ပူးပေါင်းသည်ဖြစ်စေ မပူးပေါင်းသည်ဖြစ်စေ သူ့ဘက်က စုပ်ယူနိုင်မှာပါ။ ဒါ့အပြင် အဓိက စွမ်းရည်ကို ထုတ်လွှတ်နိုင်မဲ့သူကလဲ ဟို့ယွိဟောင်ဖြစ်နေခဲ့ပါတယ်။ ၀မ်သုန့်အနေနဲ့ ဒီပေါင်းစည်းစွမ်းအားကို အသုံးချချင်တယ်ဆိုရင်တော့ ဟို့ယွိဟောင်ရဲ့ ခွင့်ပြုချက်ကို လိုအပ်မှာဖြစ်နေခဲ့တယ်။ ဒီကွာခြားချက်က အတော်လေးကို သိသာနေတာပါ။
” ဘာကြောင့်ဒီလိုဖြစ်ရတာလဲ မတရားလိုက်တာ ”
၀မ်သုန့်က မကျေမနပ်နဲ့ ပြောလာမိပါတယ်။
” ငါလဲ မသိဘူးလေ မစိုးရိမ်နဲ့ သေချာပေါက် မင်းလိုအပ်သမျှ အသုံးချနိုင်ဖို့ ငါကူညီမှာပါ ”
ဟို့ယွိဟောင်အနေနဲ့တော့ ဒီကိစ္စက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ဆိုင်နေမှန်းသိနေခဲ့ပါတယ်။ မဟုတ်ရင် သူ့လိုအားနည်းတဲ့သူက ဘယ်လိုကြောင့်များ လွှမ်းမိုးမှုကောင်းတဲ့နေရာကို ရောက်သွားနိုင်မှာလဲ။
” ၀မ်သုန့် ဒေါသမထွက်နဲ့ ဒီစွမ်းရည်အသစ်က နံပါတ်တစ်ခုတော့ ရှိသင့်တယ်မဟုတ်လား မင်းရဲ့နာမည်ကို သုံးပြီနာမည်ပေးလိုက်မလား ”
၀မ်သုန့်က မကျေမနပ် ပြောလာခဲ့ပါတယ်။
” ဒါကို အနိုင်ရသူယူစတမ်းဆိုတဲ့စွမ်းရည်မျိုးနဲ့ နာမည်ပေးချင်လို့လား လုံး၀ နားထောင်လို့မကောင်းဘူး…ငါတို့နာမည်တွေဆီက တစ်ခုကိုယူပြီပေးရင်ရော ဟောင်သုန့်လို့ပေးလိုက်ရအောင် ”
ဟို့ယွိဟောင်က ခေါင်းကုတ်နေခဲ့ပါတယ်။
” ကြားရတော့ နည်းနည်းပိုကောင်းသွားသလိုပါပဲ ”
၀မ်သုန့်လဲ မတ်တပ်ထရပ်ရင်း တင်ပါးကိုခါပြီ ပြောလာခဲ့ပါတယ်။
“မင်းရဲ့ဒီအစုတ်အပြတ်အိပ်ယာက တကယ်မာလွန်တာပဲ ဒီနေ့ညတော့ ငါ့အိပ်ယာပေါ်မှာပဲ လေ့ကျင့်ကြရအောင် ဒီလောက်အထိ အကျိုးအမြတ်အများကြီးယူထားပြီးပြီဆိုမှတော့ ငါ့ကို ဒီည ညစာကျွေးတော့ ”
သူပြောရင်းနဲ့ လက်နှစ်ဖက်ကို ခေါင်းနောက်မှာပြစ်ပြီ လျှောက်လာခဲ့ပါတယ်။
၀မ်သုန့်က ပုံမှန်နဲ့မတူညီတာကိုကြည့်ရင်း ဟို့ယွိဟောင်လဲ ပြုံးနေခဲ့မိပါတယ်။ ဒီကောင်ကတော့ အမြဲတမ်းအမှားကို ၀န်မခံပဲ မောက်မာနေတာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူပါ။
” ထားလိုက်တော့ ဒီလိုဖြစ်မှာတော့ ငါငါးကင်ရောင်းလို့ရသမျှ ပိုက်ဆံတွေအကုန်လုံး မင်းကိုပေးမယ်…ပိုက်ဆံပြတ်သွားတယ်ဆိုရင်တောင် စားချင်တာကျွေးမှာပါ ”
အဲ့ဒီနောက် ၀မ်သုန့်နောက်ကို သူပြေးလိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရော ၀မ်သုန့်တို့နှစ်ယောက်စလုံးက ဒီစွမ်းအားကို ဖန်တီးပြီတဲ့နောက် အပြောင်းအလဲဖြစ်လာတာကို ခံစားမိပါတယ်။ ၀မ်သုန့်က သူ့အတွက် ရိုးရှင်းတဲ့အတန်းဖော်သူငယ်ချင်းတစ်ယောက်မဟုတ်တော့ပဲ ညီနောင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်လဲ ဒီလိုတွေးနေခဲ့မယ်လို့ သူလဲယုံကြည်နေပါတယ်။ ဒီကိစ္စက မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ ၀မ်သုန့်တစ်ယောက်ပဲ အဖြေကို သိနိုင်မှာပါ။
ညစာစားနေတဲ့အချိန်မှာ ဟို့ယွိဟောင်ရဲ့ နှလုံးသားထဲက သိလိုစိတ်တစ်ချို့က ထွက်ပေါ်လာပါတော့တယ်။ သိလိုစိတ်ကလဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို သူ့ရဲ့နားလည်သဘောပေါက်မှုကနေ ရရှိလာခဲ့တာပါ။ မူလအချိန်မှာ သူ့ရဲ့ စွမ်းအင်အရင်းအမြစ်က ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် ၀ိဉာဥ်စွမ်းရည်တွေကို အမြင့်ဆုံးရောက်အောင် တွန်းအားပေးနိုင်ဖို့အတွက် ၀ိဉာဥ်စက်ကွင်းက အဆင့်တိုးတက်လာဖို့ လိုအပ်တယ်။
အပိုင်း ၂၂•၃ ပြီး၏။