Chapter – 22.2 ” သိုင်းပညာ ၀ိဉာဥ်သုံးခု ပေါင်းစပ်ခြင်း ”
°°°
ဟို့ယွိဟောင်က ရှောင်းရှောင်းကိုကြည့်လိုက် ၀မ်သုန့်ကိုကြည့်လိုက် လုပ်ပြီတဲ့နောက် အလေးအနက်ပြောလာခဲ့ပါတယ်။
” အခုတော့ သိပ်ပြီစိုးရိမ်မနေနဲ့ဦး ငါတို့ရဲ့ပြိုင်ဘက်ထက် အားနည်းနိုင်တာတော့ အမှန်ပဲ ဒါပေမယ့် အကယ်၍ ငါတို့သာ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့ပဲ နိုင်ဖို့အခွင့်အရေးလုံး၀ မရှိပဲ ဖြစ်သွားလိမ့်မယ်…ရှောင်းရှောင်း အဲ့ဒီအကြောင်းကို တွေးကြည့်ကြည့် ငါတို့တွေ လန်ညီအစ်မရဲ့ ပေါင်းစည်းစွမ်းရည်နဲ့ တိုက်ခိုက်ရတဲ့အချိန်မှာ အရမ်းကို ခက်ခဲခဲ့တယ်မဟုတ်လား ဒါပေမယ့် နောက်ဆုံးမှာအောင်မြင်ခဲ့တာပဲ သူတို့အသုံးပြုတဲ့ ပေါင်းစည်းစွမ်းရည်က ၀ိဉာဥ်အကြီးအကဲတွေရဲ့ စွမ်းရည်ထက်လောက် အားမနည်းပါဘူး…ပိုလို့တောင်သာနိုင်နေသေးတယ်လေ…ဒါပေမယ့် ငါတို့တွေ ကျော်လွန်နိုင်ခဲ့တယ်လေ…လူတိုင်မှာ ကိုယ်ပိုင်ထူးခြားချက်တွေ ရှိနေတယ်…ဒီလိုပဲ ငါတို့မှာလဲ ကိုယ်ပိုင်ထူးခြားချက်ရှိတယ်…ငါတို့ရဲ့ အားသာချက်က လက်ရှိအချိန် ငါတို့စွမ်းအားအပြည့် မသုံးရသေးတဲ့အပေါ်မှာ မူတည်နေတယ်..ဒါ့အပြင် ငါတို့မှာလဲ ရည်ရွယ်ချက်ကတစ်ခုပဲရှိတယ်…သေချာပေါက် ချန်ပီယံဖြစ်ရမယ် ”
ဟို့ယွိဟောင်ရဲ့စကားတွေက ရှောင်းရှောင်းကို ပြန်ပြီယုံကြည်ချက်ရှိလာစေပါတယ်။ သူမ ခေါင်းညိတ်လိုက်တယ်။
” တိုက်ခိုက်ရမယ်…ငါတို့တွေ ဘယ်နေရာပဲရောက်ပါစေ ဘာပဲရပါစေ လုပ်ပြစ်ရအောင် ”
ဟို့ယွိဟောင်က သူ့ညာလက်ကို ဆန့်ထုတ်လိုက်ပါတယ်။ ၀မ်သုန့်က ချက်ချင်းဆိုသလို သူ့လက်ပေါ်မှာ ထပ်လိုက်ပြီ ရှောင်းရှောင်းကလဲ ၀မ်သုန့်လက်ပေါ်မှာ ပြန်ထပ်လိုက်တယ်။
” ငါတို့တွေ သေချာပေါက် ချန်ပီယံတွေ ဖြစ်လာရမယ် ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ရှောင်းရှောင်း နောက်နေ့တွေအတွက် မင်းကို ငါ ငါးကင်တွေကတော့ အကြွေးတင်နေဦးမှာပဲ လာမဲ့ရှုံးထွက်တိုက်ပွဲက ငါတို့အတွက် အရမ်းအရေးကြီးလွန်တယ်…ဒါကြောင့် ဘယ်လိုပဲဖြစ်ပါစေ အကောင်းဆုံးကြိုးစားရမှာပဲ ဒီရက်တွေမှာ ငါတို့ရဲ့ လေ့ကျင့်မှုကို တိုးတက်အောင်လုပ်ရမယ်..ဆံချည်တစ်မျှင်လောက်ပဲ တိုးတက်နိုင်မယ်ဆိုရင်တောင် သေချာပေါက် အောင်မြင်ဖို့အတွက် ကြိုးစားရမှာပဲ ရှုံးထွက်ပွဲစဥ်တွေပြီးသွားတာနဲ့ ငါးကင်သေချာပေါက် ကျွေးပါ့မယ်..ဒီရက်တွေမှာ ငါအပြင်ထွက်ပြီ စျေးမရောင်းနိုင်ဘူး…လက်ရှိကာလတွေမှာ ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ကြရအောင် ”
” သေချာပေါက် အကြွေးတင်နေတာ ဆပ်ရမယ်နော် အတန်းခေါင်းဆောင် ငါနင့်ကို အပြစ်မတင်ပါဘူး…ဒီတော့ အနာဂတ်မှာ ငါးကင်စားတဲ့အချိန် ငါ့ဆီမှာပိုက်ဆံလာမတောင်းနဲ့ ”
ဟို့ယွိဟောင်က ရယ်မောလိုက်ပါတယ်။
” ကိစ္စမရှိဘူး ငါကျွေးပါ့မယ် ”
ရှောင်းရှောင်းက ပြောလာခဲ့တယ်။
” ဆရာကျိုးပြောတာတော့ မနက်ဖြန်ခေါင်းလောင်းမတီးခင် စာမေးပွဲဖြေမဲ့နေရာကို ရောက်အောင်သွားရမယ်တဲ့ ဒါ့အပြင် နင်တို့တွေ နောက်မကျစေရဘူးလို့လဲ ပြောထားသေးတယ်..ပထမဆုံးအနေနဲ့ ငါတို့ကံကောင်းဖို့စောစောသွားရမှာပေါ့ ဒါပေမယ့် ဆရာကျိုးပြောတာကတော့ မနက်ဖြန်ပြိုင်ပွဲမှာ ငါတို့လို ဆယ့်ပွဲလုံးနိုင်ထားတဲ့သူတွေ အနေနဲ့ ရှုံးထွက်ပွဲစဥ်ရဲ့ ပထမပြိုင်ပွဲနှစ်ခုမှာ အတော်လေးအခြေအနေ ကောင်းလိမ့်မယ်…တစ်ဖက်နဲ့တစ်ဖက် တွေ့ကြမှာမဟုတ်ဘူး…ဒါက အတော်လေးကောင်းတဲ့ အခြေအနေပဲ ဒါ့အပြင် ငါတို့ပုံမှန်လုပ်နေကြလိုမျိုး ထိပ်တန်းဆယ့်ခြောက်ယောက်ကို ၀င်ဖို့ဆိုတာ ခက်ခဲမှာမဟုတ်ဘူး…နောက်ပြီရင်တော့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရမှာပေါ့ ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” တကယ်သတင်းကောင်းပဲ အခုတခြားကိစ္စတွေ မလုပ်ခင် ငါအတော်ကြီးချွေးထွက်နေလို့ ရေမိုးချိုးပြီ ထမင်းသွားစားလိုက်ဦးမယ် ”
” ဒါဆိုရင် နင်တို့နှစ်ယောက်ကို ငါမစောင့်တော့ဘူး..အရင်ဆုံးထမင်းစားဆောင်ကို သွားတော့မယ်..မနက်ဖြန်မှတွေ့မယ် ”
သူပြောပြီတဲ့နောက် နှစ်ယောက်ကိုနှုတ်ဆက်ရင်းနဲ့ ထွက်ခွာသွားပါတော့တယ်။
ဟို့ယွိဟောင်က ၀မ်သုန့်ဘက်ကို လှည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ်။
” ကြည့်ရတာ ငါတို့ ရှုံးထွက်ပွဲစဥ်အတွက်တော့ ရလဒ်ကောင်းရဖို့အတွက် မလွယ်ကူဘူးပဲ အခန်းကိုပြန်ရအောင် ငါရေမိုးချိုးအ၀တ်အစား လှဲပြီရင်း ထမင်းသွားစားကြတာပေါ့ ကျန်တဲ့ကိစ္စကိုတော့ နောက်မှစဥ်းစားကြမယ် ”
၀မ်သုန့်လဲ ခေါင်းညိတ်လိုက်ပါတယ်။
ဒါပေမယ့် သူ့စိတ်ထဲမှာကတော့ တစ်စုံတစ်ရာကို တွေးတောနေပုံပါပဲ။ အတော်လေးလဲ သတိလက်လွှတ်ဖြစ်နေတဲ့ပုံပေါ်တယ်။ သူဘာတွေတွေးနေလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ သူတို့အခန်းကို ပြန်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ အ၀တ်အစားအသစ်တွေကို လှဲရင်းနဲ့ ရေသွားချိုးပါတော့တယ်။ ၀မ်သုန့်ကတော့ အိပ်ယာထဲမှာသာ ထိုင်စောင့်နေခဲ့တယ်။
တံခါးပိတ်သွားချိန်မှာတော့ ၀မ်သုန့်လဲ ဗလာဟင်လင်ဖြစ်နေတဲ့ မျက်လုံးတွေထဲမှာ ရှုပ်ထွေးတဲ့အကြည့် ပေါ်လာခဲ့ပါတယ်။
အစောပိုင်းတုန်းက ဟို့ယွိဟောင်နဲ့ အတူတူအတန်းနောက်ကျခဲ့တာကြောင့် အကြွေးတွေကို မရှင်းရသေးပါဘူး။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်က ပိုပြီးအရေးကြီးတဲ့ကိစ္စရှိနေသလို ခံစားနေခဲ့ရပါတယ်။ ဒါပေမယ့် ၀မ်သုန့်လဲ လုံး၀ကို ကွာခြားနေခဲ့တယ်။
သူက ဟို့ယွိဟောင်နဲ့ တစ်ညလုံးအတူတူ အိပ်ခဲ့တာလား ဒါ့အပြင် သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းမှုက ပြီးမြောက်အောင်မြင်သွားပုံပါပဲ။ ဒါ့အပြင် သာမန်လဲမဟုတ်နိုင်ပါဘူး။ ၀မ်သုန့် ကိုယ်တိုင်းတောင်မှလက်ရှိခံစားချက်ကို ရှင်းရှင်းလင်းလင်း မသိပဲဖြစ်နေခဲ့ပါတယ်။ သူကိုယ်တိုင်း အတော်လေး စိတ်ရှုပ်ထွေးနေခဲ့တဲ့အတွက် ဘာလုပ်လို့လုပ်ရမှန်လဲ မသိဖြစ်နေခဲ့တယ်။
စိတ်ပြန့်လွှင့်နေချိန်မှာ အချိန်တွေက ကုန်ဆုံးတာပိုပြီးမြန်လွန်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ ဟို့ယွိဟောင်က ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူပြန်၀င်ရောက်လာချိန်မှာပဲ မွှေးပျံ့တဲ့ရနံ့ကို ရလိုက်ပါတော့တယ်။ သူ့ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ၀မ်သုန့်ကို မြင်လိုက်ရပါပြီ။
၀မ်သုန့်ရဲ့ စိတ်အခြေအနေအပြောင်းအလဲကို ဟို့ယွိဟောင်က သတိမထားမိပါဘူး။ ဒါကြောင့် သူပြောလိုက်တယ်။
” ငါတို့တွေ နေ့လည်စာမြန်မြန်သွားစားပြီ ပြန်လာတဲ့အချိန် လေ့ကျင့်ရအောင် အဆုံးသတ်မှာ ရလဒ်ကောင်းရဖို့အတွက် ဒါကိုအားကိုးရမှာပဲ “‘
လက်ရှိအချိန်မှာ သူက ပြိုင်ပွဲအတွက်သာ အပြည့်အ၀ အာရုံစိုက်နေခဲ့ပါတယ်။
၀မ်သုန့်ရဲ့ ရှုပ်ထွေးနေတဲ့ခံစားချက်တွေကလဲ စိတ်ပြန်တည်ငြိမ်ဖို့အတွက် လိုအပ်တဲ့အရာကို ရှာတွေ့သွားခဲ့ပါပြီ။ သူခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။
” ကောင်းပြီလေ ”
သူတို့တွေ ဘာကိုကြုံတွေ့လိုက်ပါစေ အရမ်းတွေတောနေလို့လဲ အသုံးမ၀င်နိုင်ပါဘူး။ ပထမဆုံးအနေနဲ့ ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းရဖို့အတွက် ကြိုးစားမှရပါလိမ့်မယ်။ ရှောင်းရှောင်းကလဲ ၀ိဉာဥ်အကြီးအကဲတစ်ချို့ရှိမယ်အကြောင်းကို ပြောခဲ့ပြီးပြီဖြစ်တာကြောင့် ၀မ်သုန့်ရဲ့တိုက်ခိုက်လိုစိတ်ကလဲ မြင့်မားလာပါတော့တယ်။
သူ့ရဲ့ပါရမီက ၀ိဉာဥ်အကြီးအကဲအဆင့်ကျောင်းတော်သားတွေနဲ့ ယှဥ်နိုင်မယ်ဆိုတာ ယုံကြည်နေနေခဲ့ပါတယ်။ သူငယ်ငယ်တုန်းက ပျင်းရိခဲ့တာကြောင့်သာ အခုအခြေအနေမှာ ရောက်ရှိနေခဲ့တာပါ။ သူ့အသိပညာတွေဆိုတာ ဘာမှမဟုတ်ပါဘူး။ သူတို့ကို အနိုင်ယူပြီ ကျောင်းတော်ထဲမှာ အထူးချွန်ဆုံးကျောင်းသားအဖြစ် သက်သေပြဖို့သာ လိုပါတယ်။
ဒီအကြောင်းကိုတွေးပြီချိန်မှာပဲ စိတ်နှလုံးကလွတ်လပ်ပေါ့ပါးသွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့အတူတူ ထမင်းစားခန်းကို လိုက်သွားပြီတဲ့နောက် သူအများကြီးစားသောက်ပါတော့တယ်။
သူတို့တွေ ထမင်းစားခန်းကို ရောက်တာအတော်ကို နောက်ကျတာကြောင့် သူတို့စားပြီချိန်မှာ ဘယ်သူမှမရှိတော့ပါဘူး။
သူတို့အခန်းကို ပြန်လာပြီတဲ့နောက် ဟို့ယွိဟောင်လဲ အခန်းတံခါးကို ပိတ်လိုက်ပါတော့တယ်။ ဘယ်သူကမှသူတို့ လေ့ကျင့်တာကို မနှောင့်ယှက်စေဖို့အတွက် တားဆီးလိုက်တာပါ တစ်ချိန်မှာပဲ မနှောင့်ယှက်ရဆိုတဲ့ စာတန်းကိုလဲ အပြင်မှာချိတ်ဆွဲထားခဲ့ပါတယ်။ အတန်းတိုင်းထဲမှာ ဒီဆိုင်ဘုတ်ရှိပါတယ်။ ကျောင်းသားတစ်ယောက် ဒီအရာကို ချိတ်ဆွဲထားတာနဲ့ ဆရာတွေတောင်လာပြီ နှောင့်ယှက်မှာမဟုတ်ပါဘူး။ အထဲမှာရှိတဲ့ ကျောင်းသားအနေနဲ့ လေ့ကျင့်နေပြီဆိုတာကို သက်သေပြတဲ့အရာပါ။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ပုံမှန်လုပ်ဆောင်တဲ့ လုပ်ရပ်တွေက လက်ရှိအချိန်မှာ ၀မ်သုန့်ကို ရှက်ရွံ့စေခဲ့ပါတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ စိတ်ပြန်ထိန်းလိုက်တော့တယ်။ ဟို့ယွိဟောင် ပြန်လှည့်လာချိန်မှာတော့ သူက မျက်နှာအမူအရာပြန်တည်ငြိမ်လို့သွားခဲ့ပါပြီ။
” ငါတို့တွေ ဘယ်လိုစကြမလဲ ”
၀မ်သုန့်က မေးလိုက်တယ်။
” ပထမဆုံးအနေနဲ့ လက်တွေကို ကိုင်ထားကြတာပေါ့ ဒီလိုနည်းနဲ့ ပေါင်းစည်းတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့စွမ်းအားတွေကို ပိုပြီး ကျင့်သားရလာလိမ့်မယ်…အဲ့ဒီနောက်မှာ တခြား၀ိညာဥ်စွမ်းရည်တွေကို လေ့ကျင့်ကြတာပေါ့ ညကျရင်းကျောင်းထဲကထွက်ပြီ စွမ်းရည်ကိုအဲ့ဒီမှာ လေ့ကျင့်ကြမယ် ”
” အတော်လေး အစီအစဥ်တကျ တွေးထားတာပါလား ”
၀မ်သုန့်က ပြောလိမ့်ပါတယ်။
“‘ဒါပေါ့ မမေ့လိုက်နဲ့ဦး ငါက အတန်းခေါင်းဆောင်လေ ဒီလိုမျိုးအစီအစဥ်တကျ တွေးတောတာက ငါ့အတွက် အရမ်းကို ပုံမှန်ဖြစ်တဲ့ ကိစ္စမဟုတ်လား ”
သူပြောပြီတာနဲ့ ၀မ်သုန့်အိပ်ယာဆီကို လျှောက်လာပါတော့တယ်။ အဲ့ဒီနောက် ထိုင်ချဖို့လုပ်တယ်။
” ဘာလုပ်တာလဲ ”
၀မ်သုန့်က သူ့ကိုအတင်းတွန်းလွှတ်ပါတော့တယ်။
” လေ့ကျင့်မလို့လေ ငါတို့တွေ တင်ပလ္လင်ခွေချိတ်ထိုင်ပြီ လေ့ကျင့်ရမယ် ”
ဒါပေမယ့် ၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့ အိပ်ယာဆီ ပြန်တွန်းလိုက်ပါတယ်။
” မင်းအိပ်ယာပေါ်ပဲသွားမယ် ”
” တင်ပါးတွေ နာလာမှာကို မကြောက်ဘူးဆိုရင်လဲ ပြောစရာမရှိပါဘူး ”
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ မသက်မသာဖြစ်တဲ့ အမူအရာကို ချက်ချင်းသတိထားမိပါတယ်။ အခုအချိန်မှာ ဟို့ယွိဟောင်က အတော်ကို စိတ်မပျော်ပါဘူး။ သူ့အမြင်အရ သူတို့နှစ်ယောက် သူငယ်ချင်းတွေဖြစ်တာ အတော်ကို ကြာပါပြီ။ ဒါပေမယ့် ၀မ်သုန့်ကတော့ သူ့ကို ပိုပိုပြီး ငြင်းပယ်နေခဲ့တယ်။
အပိုင်း ၂၂•၂ ပြီး၏။