Chapter – 22.1 ” ၀ိညာဥ်စွမ်းရည် သုံးခု ပေါင်းစည်းမှု ”
°°°
ချက်ချင်းဆိုသလို သူတို့နှစ်ယောက်လဲ လက်တွေကို လွှတ်လိုက်ကြပြီ အခန်းကိုပြန်ပါတော့တယ်။ အရမ်းကို သူတို့စိတ်လှုပ်ရှားနေခဲ့တာက ကျိုးယိရဲ့အော်သံကြောင့်မဟုတ်ခဲ့ပါဘူး။ သိုင်းပညာ၀ိညာဥ်တွေရဲ့ အပြောင်းအလဲကြောင့်ပါပဲ။
အခန်းထဲကို ပြန်ပြီတဲ့နောက် အခုအချိန်ထိ လန့်နေကြဆဲဆိုတာ တစ်ယောက်မျက်နှာမှာ တစ်ယောက်မြင်လိုက်ရတော့တယ်။ ဒီလိုဖြစ်သွားတဲ့ကိစ္စက လုံး၀ကို ပုံမှန်မဟုတ်တဲ့ကိစ္စပါပဲ။ ဟို့ယွိဟောင်လိုလူဖြစ်စေ ၀မ်သုန့်လိုလူဖြစ်စေ သူတို့တွေအတွက် သာမန်၀ိညာဥ်ပညာရှင်တွေ ကျော်လွန်တဲ့နယ်မြေကို ရောက်ရှိသွားခဲ့တာပါ။
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ကြည့်ရတာ မနေ့ညက ငါတို့အရမ်းအိပ်ပျော်သွားတာ အတော်လေး အကျိုးရှိသွားတဲ့ပုံပဲ “‘
၀မ်သုန့်ကတော့ သူ့ကို မျက်စောင်းသာလှမ်းထိုးနေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့လက်ကိုမြောက်ရင်းနဲ့ ပြောလာခဲ့တယ်။
” နောက်တစ်ခေါက် ကြိုးစားကြည့်ရအောင် “‘
ဟို့ယွိဟောင်လဲ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါကြောင့် ၀မ်သုန့်ရဲ့လက်ကို ကိုင်လိုက်မိတယ်။
လက်လေးဖက်ပေါင်းစည်းလို့သွားချိန်မှာတော့ ၀ိညာဥ်စွမ်းအားက စတင်လှည့်ပတ်ပါတယ်။ သူတို့ရဲ့ ၀ိညာဥ်စွမ်းအားတွေက လုံး၀ကို ကွာခြားလို့နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းက အရမ်းကို ရိုးရှင်းညင်းသာပြီ ထိန်းချုပ်မှုမရှိပါဘူး။ ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားကတော့ ပိုပြီး ကြောက်စရာကောင်းသလို မြင့်မြတ်တဲ့အရှိန်အ၀ါတွေလဲ အပြည့်ရှိနေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားက နူးညံ့ပြီ ရိုးသားတဲ့လူငယ်လေးတစ်ယောက်အသွင်နဲ့ ရှိနေခဲ့သလို ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားကတော့ မောက်မာပြီ လူတွေကို ခြိမ်းခြောက်တတ်တဲ့ သခင်မလေးလို့ပါပဲ။
စွမ်းအားနှစ်ခုက ဆက်တိုက်ဆိုသလို လှည့်ပတ်နေရင်း စက်၀ိုင်းတစ်ခုလိုအသွင်နဲ့ ၀မ်သုန့်ခန္ဓာကိုယ်တွေကို ဖြတ်သန်းနေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားနှစ်ခုက ဆက်တိုက်ပေါင်းစည်းလို့နေခဲ့ပြီ အရာအားလုံးကိုလဲ မျှဝေလို့နေခဲ့တယ်။ ဒီအချိန်အတွင်းမှာ ဘယ်လိုပဠိပက္ခပစ္စည်းမျိုးမှလဲ မဖြစ်ပျက်ခဲ့ပါဘူး။ သူတို့နှစ်ယောက်က ခန္ဓာကိုယ်တစ်ခုထဲကနေ ခွဲထွက်လာသလိုပါပဲ။
ဟို့ယွိဟောင်ကတော့ အခြေအနေအနည်းငယ်ပိုကောင်းပါတယ်။ သူ့ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းက အတော်လေးကို နူးညံ့တဲ့ စွမ်းအားပိုင်ဆိုင်ထားတာကြောင့်ပါ။ တခြားတစ်ဖက်မှာတော့ ၀မ်သုန့်က လန့်နေခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားက ဘယ်လောက်အထိ ကြောက်စရာကောင်းမှန်း သူကိုယ်တိုင်ကောင်းကောင်းသိနေခဲ့သလို သန်မာမှုကလဲ အရမ်းကို မြင့်မားပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကတော့ သူနားလည်ထားနိုင်တာထက်ကို အများကြီးသာလွန်လို့ နေခဲ့ပါပြီ။
တခဏတာ လှည့်ပတ်ပြီတဲ့အချိန်မှသာ သူတို့တွေ သက်သောက်သက်သာ ဖြစ်သွားပါတော့တယ်။ တစ်ယောက်ထဲ ကျင့်ကြံထားတာထက် နှစ်ယောက်သားတွဲပြီ ကျင့်ကြံတာက ပိုပြီး မြန်ဆန်မှာပါ။ ဒါ့အပြင် အစပဲရှိသေးတာကို သူတို့သိနေခဲ့တယ်။ ပိုပြီးပေါင်းစည်းနိုင်မယ်ဆိုရင် သူတို့တွေလဲ အများကြီး ပိုပြီး အကျိုးအမြတ်ရလာမှာပါ။
” သွားကြစို့ ငါတို့တွေ အရင်ပြေးသင့်ပြီ ညဘက်ပြန်လာမှ လေ့ကျင့်ကြတာပေါ့ “‘
၀မ်သုန့်ရဲ့လက်ကိုလွှတ်ရင်း ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။ အဲ့ဒီနောက် သူလဲ သံကြိုးတွေကိုယူရင် အပြင်ကို ပြေးထွက်သွားခဲ့ပါပြီ။
၀မ်သုန့်ကတော့ မျက်လုံးအပြူးသားဖြစ်နေခဲ့ပြီ နှုတ်ခမ်းတွေကို တွန့်လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့ စကားတွေအရ သူတို့မနေ့ညက ပွေ့ဖက်ခဲ့တဲ့ကိစ္စက ဘယ်လောက်အထိ ထူးခြားသွားခဲ့မှန်း သူနားလည်သွားခဲ့ပါတယ်။
ဒါ့အပြင် စိတ်ထဲမှာတော့ မရေမရာဖြစ်နေခဲ့တယ်။ လက်သီးတစ်ဖက်ကို နောက်ပြစ်ထားရင်း သံကြိုးကိုယူပြီ အမီလိုက်ပါတော့တယ်။
သူတို့တွေ သုံးလတိတိ သံကြိုးနဲ့ပြေးရတာ ကျင့်သားရနေပြီ ဖြစ်တာကြောင့် အခုအချိန်မှာ သူတို့အတွက်တော့ ပန်းခြံထဲလမ်းပန်းလျှောက်နေရသလိုပါပဲ။
နှစ်ယောက်စလုံးက ကျောင်းဆင်းခေါင်းလောင်းတီးတဲ့အထိ ပြေးနေခဲ့ပါတယ်။ ရှောင်းရှောင်းတစ်ယောက်သာ သူတို့အနားကိုလာပြီ ရပ်စောင့်နေခဲ့တယ်။ သူမကလဲ ကျောင်းဆင်းခေါင်းလောင်းတီးတီးချင် ဆရာကျိုးပြောခဲ့သမျှကိစ္စတွေကို ပြန်ပြောပြပါတော့တယ်။
ဟို့ယွိဟောင်တစ်ကိုယ်လုံးကတော့ ချွေးတွေစိုရွှဲနေခဲ့ပါပြီ။ ၀မ်သုန့်ကတော့ တစ်စက်လေးတောင် ချွေးမထွက်ပါဘူး။
” ဆရာကျိုး ဘာပြောသေးလဲ ”
ဟို့ယွိဟောင်က မေးလာခဲ့တယ်။ ရှောင်းရှောင်းကတော့ ပုခုံးသာတွန့်ပြတယ်။
” ဘာမှသိပ်မများပါဘူး တကယ်တော့ အားလုံးကို သူကအားပေးစကားပြောနေတာ ဒါ့အပြင် ငါတို့ပြိုင်ပွဲတွေရဲ့ အခြေအနေအကြောင်းကိုလဲ သေချာလေး အထူးပြုပြီ ပြောပြသေးတယ်…ချန်ပီယံဖြစ်လာဖို့အတွက်ကတော့ အတော်ကို ခက်ခဲမဲ့ပုံပဲ ငါတို့အစောပိုင်းတိုက်ခိုက်တဲ့ တိုက်ခိုက်ပွဲက သွေးပူရုံလောက်ပဲရှိတာ တခြားတစ်ဖက်မှာ ကျောင်းတော်က အမြဲတမ်းပါရမီရှင်တွေအပြည့်ပဲလေ ”
အဲ့ဒီနောက် သူမရဲ့ စိုးရိမ်နေတဲ့ပုံစံကိုကြည့်ရင်း ၀မ်သုန့်က မေးလာခဲ့ပါတယ်။
” ဘာလဲငါတို့ရဲ့ အမွှာ၀ိဉာဥ်ပါရမီရှင်ကြီးတောင်မှ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိဘူးလား ”
ရှောင်းရှောင်းက နှုတ်ခမ်းတွေတွန့်သွားခဲ့ပါတယ်။
” ယုံကြည်ချက်ရှိတာက အမြဲရှိပါတယ်..ဒါပေမယ့် တစ်ချို့လူတွေက ငါတို့ထက် ပါရမီပိုမြင့်တယ်…ဆရာကျိုးပြောတာကတော့ အပြည့်အ၀အနိုင်ရခဲ့တာ အဖွဲ့ငါးဖွဲ့ပဲရှိတယ်ဆိုပဲ အဲ့ဒီထဲမှာ ၀ိဉာဥ်စက်ကွင်းသုံးကွင်းရှိတဲ့အဖွဲ့တစ်ဖွဲ့ရှိနေတယ်တဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ၀ိဉာဥ်ပညာရှင်တွေကို ငါတို့ ဘယ်လိုမျိုးတိုက်ခိုက်နိုင်မှာလဲ ”
” ၀ိဉာဥ်အကြီးအကဲတွေလား ‘
ချက်ချင်းဆိုသလို သူတို့ပြောမိလိုက်ပါတော့တယ်။
” ဟုတ်တယ် မဟုတ်ရင် ငါဘာဖြစ်လို့ စိတ်ညစ်နေရမှာလဲ ”
” ဆရာကျိုး ဘာပြောလဲ ”
ဟို့ယွိဟောင်က ဆက်ပြီးမေးပါတယ်။
” သူပြောတာတော့ အဓိက အဖွဲ့သုံးဖွဲ့အကြောင်းပဲ သူတို့အကြောင်းကို ဆရာကျိုးလဲ သိပ်ပြီ သဘောကျတဲ့ပုံမပေါ်ဘူး…ကြည့်ရတာ ဒီသတင်းအချက်အလက်ကို သူရလာတာ မကြာသေးတဲ့ပုံစံနဲ့တူတယ်….အစောပိုင်းတုန်းက အတန်းနံပါတ်သုံးက သူတို့ကျောင်းသားတွေအကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး…ဒါ့အပြင် အဲ့ဒီကျောင်းသားတွေကလဲ နင်တို့လို အထူးဖိတ်ခေါ်ခံထားရတဲ့ ကျောင်းသားတွေကြီးပဲ ”
ရှောင်းရှောင်းက ပြန်ဖြေလာခဲ့ပါတယ်။
ဒါကိုကြားချိန်မှာ ၀မ်သုန့်က ရယ်မောရင် ဟို့ယွိဟောင်ကို ပြောလာခဲ့တယ်။
” တွေ့ပြီလား မင်းတို့အားလုံးက အထူးဖိတ်ခေါ်ခံထားရတဲ့ ကျောင်းသားတွေကြီးပဲ ဒါကြောင့်သာ ကွာခြားချက်က ကြီးမားနေတာ ”
ဟို့ယွိဟောင်ကတော့ တခဏတာ ပါးစပ်ပိတ်သွားခဲ့ပါတယ်။
” ဒါတွေကို ပြောနေလို့အသုံးမ၀င်ဘူး ငါတို့လုပ်ရမဲ့ကိစ္စတွေက သူတို့ကို ဘယ်လိုအနိုင်ယူရမလဲဆိုတာ ဆွေးနွေးဖို့ပဲ ”
” အခုအချိန်မှာ ငါတို့တွေ အကောင်းဆုံးကြိုးစားပြီ ကံတရားကို ဆုံးဖြတ်ခိုင်းရုံပဲရှိမယ်..ဒါ့အပြင် အဲ့ဒီသုံးယောက်က သူတို့အဖွဲ့တွေရဲ့ အဖွဲ့ခေါင်းဆောင်တွေ ဖြစ်နေတယ်…ဒါ့အပြင် သူတို့ကို ရင်ဆိုင်ဖို့လဲ လွယ်ကူမှာမဟုတ်ဘူး…စဥ်းစားကြည့်စမ်းပါ သူတို့က အသင်ဆယ့်နှစ်နှစ်မတိုင်းခင်မှာတင် ၀ိဉာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ အဆင့်ကိုဖြတ်ကျော်ပြီးနေပြီ သူတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေက ဘယ်လောက်သန်မာနေမလဲ ဒါ့အပြင် နောက်ကွယ်မှာ ထောက်ပံ့ပေးနေတဲ့ မျိုးနွယ်ကရှိဦးမှာပဲ ဒါကြောင့်သာ သူတို့ရဲ့ ၀ိဉာဥ်စက်ကွင်းက ကန့်သတ်ချက်ထက် ပိုပြီး ကျော်လွန်နေတာပေါ့..အကယ်၍ သူတို့သာ ၀မ်သုန့်လိုမျိုး နှစ်တစ်ထောင်၀ိဉာဥ်စက်ကွင်းရှိတဲ့ သူ မဖြစ်ခဲ့ဘူးဆ်ိုရင်သေချာပေါက် ကွာခြားချက်က ကြီးမှာမဟုတ်ဘူး..ငါ့အမြင်မှာ ဆရာကျိုးကိုယ်တိုင်တောင်မှ ငါတို့အတွက်ကို တွေးပေးနေတယ်…ငါအထင်တော့ ငါတို့နံပါတ်လေးနေရာကိုပဲရမယ်ထင်တယ် ”
ရှောင်းရှောင်းက ပြောလာခဲ့ပါတယ်။
” သူ့မှာ၀ိဉာဥ်စက်ကွင်းသုံးခုရှိတော့ရော ဘာဖြစ်လဲ ၀ိညာဥ်အကြီးအကဲတွေကရော မရှုံးနှိမ့်နိုင်တဲ့သူတွေမလို့လား ငါတို့မှာလဲ အားသာချက်ရှိတယ်လေ မင်းမှာက အမွှာ၀ိဉာဥ်ရှိတယ်…ငါကလဲ စွမ်းအားအပြည့်ကို ထုတ်မသုံးရသေးဘူး..ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိဉာဥ်ကလဲ အားကောင်းတယ်…ငါတို့သုံးယောက်က ပေါင်းစည်းလိုက်မယ်ဆိုရင် ဘယ်သူကမှငါတို့ကို အနိုင်မယူနိုင်ဘူး ”
ရှောင်းရှောင်းက ပြောလာခဲ့ပါတယ်။
” ငါတို့ချန်ပီယံ မဖြစ်ချင်ဘူးလို့ နင်ထင်လား ဒါ့အပြင် ထိပ်တန်းသုံးယောက်ကပဲ အထူးဆုလာဘ်တွေကိုရမှာ နံပါတ်လေးနေရာကပါ ဘာဆုလာဘ်ကောင်မှ ရနိုင်မှာမဟုတ်ဘူး…ဒါပေမယ့် ငါတို့ရဲ့ ပေါင်းစည်းမှုစွမ်းအားက သူတို့လောက်မကောင်းတာတော့အမှန်ပါပဲလေ တွေးကြည့်စမ်းပါ ၀ိဉာဥ်အကြီးအကဲတစ်ယောက်နဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ၀ိဉာဥ်မဟာပညာရှင်တွေလို အဖွဲ့သားတွေလိုအပ်တယ်…ငါတို့မှာ အားသာချက်တွေရှိနေပေမဲ့ လက်ရှိအချိန်မှာ အတန်းခေါင်းဆောင်အနေနဲ့ အဆင့်နှစ်ဆယ်ကို ထိုးဖောက်၀င်ရောက်ပြီ နောက်ထက် သန်မာတဲ့၀ိဉာဥ်စွမ်းရည်တစ်ခု ရှိဖို့တော့လိုမယ် ”
အပိုင်း ၂၂•၁ ပြီး၏။