Switch Mode

Chapter – 250

ထူးခြားစွမ်းအင်

Chapter – 250
“ထူးခြား စွမ်းအင်”

ခန္ဓာကိုယ်​အ​တွင်းသို့ ဝင်​ရောက်​နေသည့်​စွမ်းအင်​များသည်​အဆုံးမရှိသည့်​အလား ရပ်တန့်သွားခြင်း မရှိဘဲ အဆက်မပြတ် စီးဆင်းနေလျက်​ရှိသည်​။ စက္ကန့်အနည်းငယ် အတွင်းမှာပင် စွမ်း အင်​များသည်​ပိုင်ရှင်းယွဲ့၏ သွေးကြောများထံသို့ ပြန့်နှံ့သွားသည်​။ မယုံနိုင်ဖွယ် ကောင်းလောက်အောင်ပင် အစွမ်းထက်​သော စွမ်းအင်​များ ဖြစ်သည်။
ပိုင်ရှင်းယွဲ့သည်​ဝမ်ရမ်ချူးချူးနှင့်​မတူချေ။ အတွေ့အကြုံ ရင့်ကျက်သည့်​ထိပ်သီးပညာရှင်တစ်ဦး ဖြစ်​သော ပိုင်​ရှင်းယွဲ့သည်​လင်းရှောင်ရေခဲကျင့်စဉ်အား နှစ်ပေါင်းများစွာ ကျင့်ကြံထားသူတစ်ဦးဖြစ်သည်​။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တွင်​ဖြစ်​ပျက်​နေ​သော အခြေအနေများအား ကောင်းစွာ ဆင်​ခြင်​နိုင်​စွမ်း ရှိသည်။ ရဲရှောင်၏ ထူးခြားလှသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်​မည်သည့်နေရာ အစိတ်အပိုင်းများအထိ စီးဆင်းနေသည်​ဆိုသည်​ကို သိရှိ​နေမိသည်​။
စွမ်းအားများသည် စွမ်းအင်သိုလှောင်ရာသို့ စီးဆင်းသွားကာ ထိုမှတဆင့် သွေးကြောများထံသို့ စီးဆင်းသွားကြသည်။ သွေးကြောများ ထုံး​နေသည့်​နေရာသို့ ရောက်သွား​သောအခါ စွမ်းအင်​များသည်​ကွန်ယက်သဖွယ်ဖြစ်​သွားပြီး ခန္ဓာကိုယ်​တစ်​ခုလုံးရှိ သွေးကြောများထံသို့ ခွဲဖြာ၍ စီးဆင်းသွားသည်​။
သန့်စင်သော ယင်နှင့်ယန် စွမ်းအင်နှစ်ခုသည်လည်း သူ၏ကိုယ်တွင်း၌ အပြည့်အဝ ရောက်ရှိနေခဲ့ပြီ ဖြစ်​သည်​။
ရဲ​ရှောင်​၏ စွမ်းအင်​များ​ကြောင့်​ပိုင်ရှင်းယွဲ့၏ စိတ်​ထဲတွင်​အလွန်အမင်း အံ့ဩ​နေမိ​လေသည်​။
(ဘယ်လိုတောင် ထူးခြားလိုက်တဲ့ အစွမ်းမျိုးပါလိမ့်။​တော်တော်ကို အစွမ်းထက်တာပါလား။ လူတစ်ယောက်ရဲ့ သွေးကြောတွေ အားလုံးကို ခဏ​လေးနဲ့ ထိန်းချုပ်သွားနိုင်​တယ် . . .)
ပိုင်​ရှင်းယွဲ့သည်​ကမ္ဘာပေါ်ရှိ ကျင့်စဉ်မှန်​သမျှအား သိမြင်နှံ့စပ်သူဟု မိမိကိုယ်​ကို ယုံကြည်ချက်ရှိခဲ့သူ တစ်​ဦး ဖြစ်​သည်​။ သို့သော် ယခုကဲ့သို့ ထူးခြားအစွမ်းထက်သည့် ကျင့်စဉ်မျိုးကိုမူ တစ်​ကြိမ်​တစ်​ခါမျှပင်​မကြားဖူးခဲ့​ချေ။
သန့်စင်သော စွမ်းအင်နှစ်ခုသည် ကွန်ယက်သဖွယ် ယှက်သမ်းလျက် စီးဆင်းနေကြသည်​။
မတူညီသော စွမ်းအင်နှစ်ခု စီးဆင်းနေခြင်းကြောင့် သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းမှ ပန်းရောင် အခိုးအငွေ့များပင် ထွက်ပေါ်​နေသည်ဟု ခံစားမိလိုက်​သည်​။
ထိုပန်းရောင်အခိုးအငွေ့များသည် သူ၏ ခန္ဓာကိုယ်​အတွင်း၌ ရှိနေသည့် စွမ်းအင်များအား ထိန်း ချုပ်​ဖိနှိပ်ထားလေသည်​။
ပိုင်ရှင်းယွဲ့ ကိုယ်​တိုင်​သည်လည်း သူ၏ စွမ်းအားများ ထိန်းချုပ်​ပိတ်ဆို့ထားခံ​နေရ​ကြောင်း ခံစားနေရသည်​။ ကုသမှု ပြု​နေသည့်​အတွက်​သူ့အ​နေဖြင့်​ပြန်လည် တွန်းကန်ခြင်း မပြုခဲ့​ပေ။ အကယ်​၍ တွန်းကန်​ခဲ့လျှင်​လည်း ရဲ​ရှောင်​ထည့်​သွင်းလိုက်​သည့်​စွမ်းအင်​များသည်​တွန်းက​န်​နေသည့်​အဆိုပါ စွမ်း အင်​များအား မမှုဘဲ​ကောင်းစွာ ဖြတ်​သန်း စီးဆင်းနိုင်​ပေလိမ့်​မည်​။
စွမ်းအင်များ အထက်မှအောက်သို့ တစ်ကြိမ်စီးဆင်းပြီးသွားသည့်နောက်တွင်​သွေးကြောများသည်​တင်းမနေတော့ဘဲ ပျော့ပျောင်းသွားသည်ကို ခံစားမိလိုက်သည်။ သူ့အား ဒုက္ခပေးနေသည့် ချီဓာတ်များသည်လည်း အနည်းငယ် လွင့်စင်ပျောက်ပြယ်သွားလေသည်​။
ပြောင်းလဲမှုအား ခံစားလိုက်​မိသည့်​အတွက်​ပိုင်​ရှင်းယွဲ့၏ စိတ်ထဲတွင်​အလွန်အမင်း ကျေနပ်သွားမိသည်​။
(ဖန်ဇီလင်က ငါ့ရဲ့ရောဂါကို တကယ်ပဲ ကု​ပေးနိုင်တာပါလား။ ချူးချူးတင် မဟုတ်ဘူး ငါ့အတွက်​လည်း အလုပ်ဖြစ်တယ်။ ဒါတောင်မှ ငါက လင်းရှောင်ရေခဲကျင့်စဉ်ကို အဆင့်အများကြီး ကျင့်ထားတဲ့လူ . . .)
ထိုကဲ့သို့ စဉ်းစား​နေရင်းဖြင့်​ပိုင်​ရှင်းယွဲ့သည် ရဲ​ရှောင်​ထံမှ ဝင်ရောက်လာသည့် စွမ်းအင်များအား ငံ့လင့်နေမိသည်။ ထူးခြားလှသည့်​စွမ်းအင်များ သူ၏ ခန္ဓာကိုယ်တွင်း စီးဆင်းသွားသည့် အချိန်တိုင်း အ​ကျေနပ်​ကြီး​ကျေနပ်​နေမိသည်​။ ပိုင်​ရှင်းယွဲ့အ​နေဖြင့်​မည်​သည့်​အရာမျှ​တွေးမ​နေ​တော့ဘဲ ထိုခံစားမှုအား စိတ်ရောကိုယ်ပါ နှစ်ခြိုက်စွာ ခံစားနေမိလျက်​ရှိသည်​။
ဖန်ဇီလင်သည်လည်း​သူ့အပေါ်တွင်​မ​ကောင်းကြံမည့်​လူတစ်​ယောက်​မဟုတ်​ဟု ယုံကြည်​နေမိသည်​။
ပိုင်​ရှင်းယွဲ့အ​နေဖြင့်​မည်မျှပင် အစွမ်းထက်​နေ​စေကာမူ ရဲရှောင်မှ သူ၏ ချီဓာတ်များအား ဖိနှိပ်ထား၍ ထိန်းချုပ်ထားသည့်အတွက် သူ့အား သတ်​လိုက ချက်​ချင်းပင်​သတ်နိုင်​စွမ်းရှိေ​လသည်​။ ထို့အပြင် ယခုကဲ့သို့​သောအချိန်မျိုးတွင် ရဲ​ရှောင်​မှ မဖွယ်​မရာ လုပ်မည် ဆိုလည်း လုပ်၍ ရနိုင်သည့်​အ​ခြေအ​နေပင်​ဖြစ်​သည်​။
သို့သော် ရဲရှောင်သည် ထိုကဲ့သို့ လုပ်မည့်လူစားမျိုး မဟုတ်ချေ။
ရဲ​ရှောင်​သည်​သူ၏ ချီဓာတ်များကိုသာ အဆက်မပြတ် ထုတ်လွှတ်၍ ပိုင်ရှင်းယွဲ့၏ သွေးကြောများအတွင်း ရှိ​နေသည့်​အညစ်အကြေးများအား ရှင်းလင်း​ပေးလျက်​ရှိသည်​။ ပိုင်ရှင်းယွဲ့၏ မကောင်းသော စွမ်းအင်များသည် ရဲရှောင်၏ ရှေးဦးခရမ်းရောင် ချီဓာတ်များနှင့် တွေ့သောအခါ ပျက်ပြယ်သွားခဲ့ရသည်​။ ထို့​နောက်​ထိုမ​ကောင်း​သော စွမ်းအင်​များသည်​ရဲရှောင်၏ စွမ်းအင် သိုလှောင်ရာအတွင်း စုပ်ယူခြင်း ခံလိုက်ရပါတော့သည်။
ပိုင်ရှင်းယွဲ့ထံမှ ရရှိသော စွမ်းအင်များသည် ဝမ်ရမ်ချူးချူးထက်​ပို၍ ပြင်းထန်နေသည်ကို ရဲရှောင် သိလိုက်ရသည်​။ အဆ ၁၀၀ မကပင်​ပို၍ များပြားပြင်းထန် နေပါသေးသည်။ ထိုစွမ်းအင်များသည်​သူ၏ စွမ်းအင်သိုလှောင်ရာအတွင်းသို့ ရောက်သွားသောအခါ ရေခဲချီဓာတ်အဖြစ် ပြောင်းလဲသွားသည်။ ထိုကဲ့သို့ ထပ်ခါထပ်ခါ ပြုလုပ်ပြီးနောက် ရဲရှောင်ထံတွင်​စွမ်းအင်အတော်များများ စုဆောင်းမိသွားခဲ့သည်​။
သူကိုယ်တိုင်လည်း ထိုကဲ့သို့ စွမ်းအင်များစွာ ရရှိခဲ့သည့်အတွက် စိတ်လှုပ်ရှားနေမိသည်။
ရဲ​ရှောင်​အတွက်​မူ အောင်မြင်မှုတစ်ခုဟု ဆိုရ​ပေမည်​။ နှစ်​ဦး နှစ်​ဖက်​စလုံးအတွက်​အကျိုးရှိသည့် ကိစ္စတစ်ခု​ပင် မဟုတ်ပါ​လော။ ထို့ကြောင့် စွမ်းအင်များအား အာရုံစိုက်၍ စုပ်ယူနေမိခဲ့သည်​။ အစပိုင်းတွင် စွမ်းအင်များသည် တာကျိုးသွားသည့်​ဆည်​တစ်​ခုအလား တဟုန်ထိုးပင်​ဝင်ရောက်လာခဲ့ကြသည်​။
ထိုကဲ့သို့ ပမာဏ များပြားစွာ ဝင်ရောက်လာသည့်တိုင် ပိုင်ရှင်းယွဲ့ထံမှ အနည်းငယ်​မျှသာ ရယူမိလိုက်သည်​ဟု ဆိုရ​ပေမည်​။
အကယ်၍ စွမ်းအင် အားလုံးသာ စုပ်ယူနိုင်မည်ဆိုပါက မည်မျှအထိ များပြားနိုင်ပါမည်နည်း။
ရဲရှောင်စုပ်ယူမိသော ပမာဏသည် ပိုင်ရှင်းယွဲ့ထံမှ ၀.၁ ရာခိုင်နှုန်းခန့်သာ ရှိသေး​ပေသည်​။
အလွန်စွမ်းအား ကြီးမားသော ပိုင်ရှင်းယွဲ့ပင် ဖြစ်လေသည်။ ရဲရှောင် ထိုကဲ့သို့ တွေးမိလိုက်ေ​သာအခါ အနည်းငယ်ပင် လန့်သွားမိခဲ့သည်​။
ယခုအခါတွင်​မူ သူမ၏ ကျင့်ကြံမှုအား အသိအမှတ်ပြုလိုက်မိသည်။
ပိုင်​ရှင်းယွဲ့အား ကျွင့်ယင်းလျန် တန်ဖိုးထားမည် ဆိုလည်း ထားချင်စရာပင်။
ရဲရှောင်သည် ရှေးဦးခရမ်းရောင် ချီဓာတ်များ အဆက်မပြတ် ထည့်သွင်း၍ စွမ်းအင်များ စုပ်ယူနေဆဲပင် ဖြစ်သည်။ ပိုင်ရှင်းယွဲ့၏ ကိုယ်​တွင်းရှိ မ​ကောင်း​သော စွမ်းအင်များအား ဂရုတစိုက်ဖြင့် ဖယ်ရှား​ပေးလျက်​ရှိသည်​။ သို့သော် တစ်နာရီမျှ ကြာပြီးသည့်​နောက်​တွင်​ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံး တုန်ယင်လာခဲ့သည်။
သူစုပ်ယူနေသည့် ချီဓာတ်များနှင့်အတူ အံ့ဩဖွယ်​ကောင်းသည့်​အခြားစွမ်းအင်တစ်မျိုးပါ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။​ထိုစွမ်းအင်သည် ပိုင်ရှင်းယွဲ့၏ ခန္ဓာကိုယ် အတွင်းပိုင်းတွင် ပုန်းကွယ်နေခြင်း ဖြစ်ပြီး တစ်ခါမျှပင် အသုံးမပြုရသေးသည့်​စွမ်းအင်​အသစ်​ဖြစ်​သည်​။
ယခုအခါမှပင် ရဲရှောင်၏ ဝိညာဉ်တော်ချီဓာတ်များ၏ နှိုးဆွမှုကြောင့် ထွက်ပေါ်လာရခြင်း ဖြစ်သည်။
ရဲရှောင် အနည်းငယ် စိတ်ညစ်သွားမိသည်။ ထိုစွမ်းအင်သည် အလွန်​ပြင်းထန်​နေသည့်​အတွက်​ရဲရှောင်ဘက်​မှ အားစိုက်၍ ရှင်းထုတ်သည့်တိုင် ပြန်​လည်​ခုခံနေလေသည်။
ရဲရှောင်​ချွေးစေးများပင်​ပြန်လာပြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်​။
ငြိမ်သက်စွာ ရှိနေသော ပိုင်ရှင်းယွဲ့သည်လည်း သူမ၏ ကိုယ်တွင်းရှိ ပြောင်းလဲမှုများအား ဆင်ခြင်ရင်း သတိပြုမိသွားသည့်​ပုံပင်​။
“ဘယ်လိုပါလိမ့် . . .”
ရဲရှောင်သည်​စွမ်းအင်စီးဆင်းမှုအား အရှိန်လျော့ချလိုက်သည်။ မည်သည့်နေရာမှ​ပေါ်ထွက်​လာမှန်း မသိေ​သာ စွမ်းအင်သည် မည်မျှအထိ စွမ်းအားကြီးမှန်း သူမသိသေးချေ။ ထို့ကြောင့် သူ့အ​နေဖြင့်​အတင်းအကြပ်​မလုပ်​ဝံ့​တော့​ဘဲ အရှိန်လျော့ချရင်း အဖြေထုတ်ရန်သာ ကြိုးစားလိုက်မိသည်​။
ရဲ​ရှောင်​၏ စွမ်းအင်များ လျော့ချလိုက်သည့် အချိန်တွင် ထိုထူးဆန်းသော စွမ်းအင်သည် သူ၏ စွမ်းအင်များနောက်မှ လိုက်ပါလာခဲ့သည်​။ ထို့​နောက်​ရဲရှောင်၏ စွမ်းအင်သိုလှောင်ရာအတွင်းသို့ ရောက်ရှိသွားခဲ့သည်​။ သို့သော် ချက်ချင်းဆိုသလိုပင်​ပြန်လည်ထွက်ခွာသွားလေသည်​။ အချိန်​ခဏ​လေးအတွင်းမှာပင်​အဝင်​အထွက်​ပြုလုပ်​သွား​သော်​လည်း ရဲရှောင်မှာမူ သူ၏ ရင်ဘတ်အား ကျောက်တုံးတစ်ခုမှ အရှိန်ပြင်းပြင်းဖြင့်​လာရောက်ထိမှန်သည့်​အလားခံစားလိုက်ရသည်။ ထိုအရှိန်​ကြောင့်​ရဲ​ရှောင်​၏ ခန္ဓာကိုယ်​တစ်​ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားကာ သွေးများပင်​အန်ထွက်သွားသည်​။
ပိုင်ရှင်းယွဲ့ အလန့်တကြားဖြင့် ထရပ်လိုက်ရင်း –
“ဘာဖြစ်တာလဲ . . . အဲဒါ ဘာစွမ်းအင်လဲ . . .”
ရဲရှောင်သည်​ပိုင်​ရှင်းယွဲ့အား ကြည့်​ရင်း စိတ်​ထဲတွင်​အံ့ဩသွားမိသည်​။
(အဲဒါ မင်းဆီက စွမ်းအင်လေ။ မင်းတောင် မသိတာ ငါ့လာမေးနေသေးတယ် . . .)
နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်​ကြပြီး မည်​သည့်​စကား ဆက်ပြောရမှန်း မသိ​အောင်​ပင်​ဖြစ်​နေကြသည်​။
ပိုင်ရှင်းယွဲ့သည် အလွန်​အမင်း ထိတ်​လန့်​တုန်လှုပ်သွားမိသည့်​အတွက်​သူ၏ တင်ပါးပေါ်သို့ ရဲရှောင်၏ လက်ေ​ရာက်နေသည်ကိုပင် သတိမထားမိ​တော့​ချေ။
ထိုစွမ်းအင်​များသည်​မည်​သည့်​နေရာမှ ထွက်​ပေါ်လာသည်​ကို ပိုင်​ရှင်းယွဲ့ ကိုယ်​တိုင်​ပင်​မသိ​ပေ။
“ဘာစွမ်းအင်​လဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ . . .”
ရဲရှောင်သည်​ပိုင်​ရှင်းယွဲ့အား ကြည့်​၍ ခပ်​ပြတ်​ပြတ်​ပင်​ပြန်​ဖြေလိုက်​သည်​။
ရဲ​ရှောင်​အဖို့ မယုံနိုင်ဖွယ် ကောင်းလောက်အောင်ပင်​ခံစားနေရပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset