Chapter – 21.3 ” သိုင်းပညာ ၀ိညာဥ် သုံးခုကို အတွင်းပိုင်းပေါင်းစပ်ခြင်း ”
°°°
ဟို့ယွိဟောင်ကို ဒေါသထွက်နေဖို့အတွက် ၀မ်သုန့်မှာအချိန်မရှိပါဘူး။ သူတို့တွေ ပြဿနာတက်တော့မယ်ဆိုတာကို သိနေတဲ့အတွက် ဟို့ယွိဟောင်နဲ့အတူတူ ပြေးပါတော့တယ်။
သူတို့တွေ မနက်စာစားဖို့လဲ အချိန်မရခဲ့သလို ရေချိုးဖို့လဲ အချိန်မရခဲ့ပါဘူး။ အဲ့ဒီအစား သင်ကြားရေးနယ်မြေတွေဆီကိုသာ အမြန်ဆုံးပြေးပါတော့တယ်။ သူတို့တွေ ကျိုးယိရဲ့ အခြေအနေအကြောင်းကို ကောင်းကောင်းသိနေခဲ့တယ်။ ဒါ့ပြင် အတန်းချိန်ကို နောက်ကျတာက ကိုယ့်ကိုကိုယ် သတ်သေတာနဲ့အတူတူပါပဲ။
သူတို့ရဲ့ပုံစံတွေကတော့ အတော်လေးကို ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။ ၀မ်သုန့်က အခြေအနေကောင်းနေသေးတယ်။အနည်းဆုံးတော့ သူက အ၀တ်အစားတွေကို မတွန့်ကြေအောင် ပြန်ပြီဆွဲဆန့်ခဲ့တဲ့သူပါ။ ဟို့ယွိဟောင်ကတော့ပိုပြီး အခြေအနေဆိုးနေခဲ့ပါတယ်။ သူ့ရဲ့ ကျောင်း၀တ်စုံက ဘောင်းဘီထဲမှာသွားပြီ ငြိနေခဲ့ပါတယ်။ ဆံပင်တွေရှုပ်ပွနေရုံတင်မက ကြယ်သီးနှစ်လုံးကလဲ ပြုတ်နေခဲ့သလို ရင်ဘတ်ကလဲပေါ်နေခဲ့ပါသေးတယ်။ သူပြေးနေတဲ့အချိန်မှာတော့ လေတိုက်တာကြောင့် အ၀တ်အစားတွေက ပိုလို့ ပွယောင်နေခဲ့ပါပြီ။
ဒါပေမယ့် အဲ့ဒါတွေကို စိုးရိမ်ဖို့အချိန်မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ အားလုံးက ကျိုးယိရဲ့ဒေါသကို မဆွမိစေဖို့အတွက် အမြန်ဆုံးပြေးဖို့သာ လုပ်နေခဲ့ကြတာပါ။
တစ်မိနစ်အတွင်းမှာပဲ သူတို့ရဲ့ အတန်းနံပါတ်တစ်ရဲ့၀င်ပေါက်ကို ရောက်လာပါတော့တယ်။
” ၀င်ခွင့်ပြုပါ ”
ဟို့ယွိဟောင်က အော်လိုက်ပါတယ်။
” ၀င်ခွင့်ပြုပါ ”
၀မ်သုန့်ရဲ့အသံက သူ့ထက်တိုးနေခဲ့ပါတယ်။ သူက အားမရှိတော့တဲ့ပုံစံပါပဲ။ ဟို့ယွိဟောင်ကို ရှုပ်ထွေးတဲ့မျက်နှာထားနဲ့သာ ကြည့်နေခဲ့ပြီ ဟို့ယွိဟောင်ရဲ့နောက်ကျောကို လက်နဲ့ရိုက်ချပြစ်လိုက်ပါတယ်။
ကျိုးယိက သူတို့အရှေ့မှာလျှောက်ပြီ၀င်သွားတာ မြင်လိုက်တဲ့အတွက် ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို မျက်နှာပျက်သွားပါတော့တယ်။ သူအတင်းအော်ရင်းနဲ့ အထဲကိုသာ၀င်သွားဖို့သာ ပြင်နေခဲ့ပါပြီ။
တခြားကျောင်းသားတွေကတော့ ရှိနေပြီသားဖြစ်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ဖရိုဖရဲပုံစံကို မြင်ချိန်မှာတော့ ကျိုးယိရဲ့ မျက်လုံးထဲမှာ ရယ်ချင်စိတ်တစ်ချို့ဖြတ်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ကျောတစ်ခုလုံးနာနေပြီဖြစ်တာကြောင့် ဒါကိုသတိမထားမိပါဘူး။
” မင်းတို့နှစ်ယောက် ဘာတွေဖြစ်လာကြတာလဲ အရင်၀င်လာခဲ့လိုက် “‘
ကျိုးယိက လက်ဝှေ့ရမ်းရင်း ပြောလိုက်ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ အထဲကို၀င်လာခဲ့ပါပြီ။ ၀မ်သုန့်က တံခါးကိုတောင် စဥ်းစဥ်းစားစားနဲ့ ပိတ်ခဲ့ပါသေးတယ်။
အစောကြီးကထဲက ရောက်နေပြီဖြစ်တဲ့ ရှောင်းရှောင်းကတော့ သူတို့တွေရဲ့ ဖရိုဖရဲပုံစံကို မြင်ချိန်မှာ မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် သူဘာမှမပြောနိုင်ပါဘူး။ ဒါပေမယ့် သူအကြည့်တွေကတော့ မေးနေသလိုပါပဲ။
” မိုးနတ်မင်းကြီးရေ မင်းတို့နှစ်ယောက် မနေ့ညကဘာတွေများ လုပ်နေကြတာလဲ ”
အတန်းတစ်တန်းလုံးက သူတို့ကိုသာ ကြည့်နေခဲ့ပါတယ်။ အထူးသဖြင့် အင်္ကျီမသပ်မရပ်ဖြစ်နေတဲ့ အတန်းခေါင်းဆောင်ကိုပါပဲ။
ကျိုးယိကတော့ အမြဲတမ်းအေးစက်တဲ့အသံနဲ့ မေးလာခဲ့ပါတယ်။
” အတန်းခေါင်းဆောင် ငါ့ကိုပြောစမ်း မင်းတို့နှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ ”
” တောင်းပန်ပါတယ်…ဆရာကျ်ိုး ကျွန်တော်တို့အအိပ်လွန်သွားလို့ပါ ”
ဟို့ယွိဟောင်ကတော့ နီရဲနေတဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ်။ အခုအချိန်မှာ သူတို့လုပ်နိုင်တဲ့ တစ်ခုတည်သောအရာကတော့ အမှားကို၀န်ခံပြီ တောင်းပန်တာပါပဲ။ ဒါ့အပြင် ကျိုးယိပေးတဲ့ အပြစ်ကိုလဲ စောဒက မတက်ပဲလက်ခံရမှာပါ။
” ဘယ်သူက ဘယ်သူနဲ့အိပ်တာလဲ မင်းတို့တွေ တကယ်ကို အအိပ်လွန်သွားကြတာလား ”
ကျိုးယိက ရှားရှားပါးပါး သူတို့ကို စနောက်နေခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ မျက်လုံးပြူးလို့သွားခဲ့သလို ၀မ်သုန့် မျက်နှာက ပိုလို့နီရဲသွားခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ သူက အနာထိလို့စပ်သွားခဲ့တာပါ။
အတန်းတစ်တန်းလုံးကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမယ့် တိတ်ဆိတ်မှုက တခဏတာသာ ကြာမြင့်ပြီတဲ့နောက် သူတို့တွေ ရယ်မောကြပါတော့တယ်။
၀မ်သုန့်ကတော့ ခေါင်းငုံ့ထားရင်း တူးတစ်တွင်းတူးပြီတော့သာ ခုန်၀င်နေချင်စိတ် ရှိနေပါတော့တယ်။ အရမ်းကို ရှက်စရာကောင်းလွန်လှတာပါပဲ။ ဟို့ယွိဟောင်ရဲ့ အ၀တ်အစား မသန့်မရပ်တွေကို ကြည့်နေရင်း သူ့ကိုသေတဲ့အထိသာ ရိုက်သတ်ပြစ်ချင်နေပါတယ်။ ဒီခွေးသားက ငါ့ကို အရှက်တကွဲဖြစ်အောင် လုပ်နေခဲ့ပြန်ပြီ။
မမျှော်လင့်ထားလောက်အောင် ကျိုးယိက ပြုံးနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြုံးက တခြားသူတွေရယ်နေတာထက် ပိုပြီး ကြည့်ရဆိုးနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူမပြုံးနေမှန်း ကောင်းကောင်းသိပါတယ်။ ကျိူးယိက လက်ကိုမြောက်လိုက်ပြီ တစ်ခန်းလုံးကို တိတ်ဆိတ်လို့သွားစေခဲ့တယ်။ ဒါကတော့ အထူးဆရာတစ်ယောက်ရဲ့ တကယ်စွမ်းအားအစစ်အမှန်ပါပဲ။ ဒါပေမယ့် ပြုံးနေတဲ့ကျောင်းသားတွေကိုတော့ လျစ်လျူရှုထားခဲ့ပါတယ်။
” တော်လောက်ပြီ ကိုယ်နေရာကိုယ်ပြန်ထိုင်ကြ ”
ကျိူးယိက ပြောရင်း သူတို့နှစ်ယောက်ကို ထူးထူးခြားခြား ခွင့်လွှတ်ပေးနေခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်စလုံးလဲ နားကြားလွဲသွားတဲ့အတိုင်း တအံ့တဩဖြစ်နေဆဲပါ။
” ဘာဖြစ်တာလဲ မင်းတို့ပြောတဲ့ အအိပ်လွန်သွားတယ်ဆိုတာကို ငါနားမလည်ဘူးထင်နေတာလား ”
ဒီတစ်ကြိမ်မှသာ ဟို့ယွိဟောင်လဲ သူပြောတာကို နားလည်သွားပြီ ချက်ချင်းဆိုသလို ၀မ်သုန့်ကို အင်္ကျီလက်ကနေ ဆွဲခေါ်လာရင်း သူတို့ထိုင်နေကြ နေရာကို သွားထိုင်ပါတော့တယ်။ ဒါပေမယ့် အခုအချိန်ထိ ခေါင်းမဖော်၀ံ့ကြသေးပါဘူး။
သူတို့လိုလူသစ်တွေအနေနဲ့ ဒီလိုကိစ္စမျိုးကတော့ ဖြစ်တတ်တဲ့ကိစ္စဖြစ်နေခဲ့တယ်။ ဒါ့အပြင် နှစ်ယောက်အတူတူ အအိပ်လွန်သွားတဲ့ ကိစ္စက ဘယ်သူမှအတွေးလွန်တတ်တဲ့ကိစ္စလဲမဟုတ်ပါဘူး။ အကယ်၍ အပြင်နယ်မြေကလူတွေကို ဒီအကြောင်းသာ သွားပြောမယ်ဆိုရင်တော့ ချက်ချင်းဆိုသလို ကြီးမားတဲ့ ကိစ္စကြီးဖြစ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီအထဲမှာ ယောင်္ကျားလေးအချင်းချင်း သဘောကျတာကို အင်မတန်အားပေးထောက်ခံပြီ သဘောကျနှစ်ခြိုက်တဲ့သူတွေ ရှိနေတာကြောင့်ပါပဲ။
ကျောင်းစာသင်တဲ့နေရာကို လျှောက်လိုက်ရင်း ကျိုးယိက ပြောလိုက်ပါတယ်။
” သုံးရက်ပြီတဲ့နောက် ကျောင်းသားသစ်ရဲ့စာမေးပွဲက ပြီးဆုံးသွားပြီ နောက်ဆုံးရလဒ်က မနက်ဖြန်ညမှာ ဆုံးဖြတ်လိုက်မယ် ”
ဒါကိုကြားပြီချိန်မှာပဲ အတန်းသားတွေအားလုံး တက်ကြွလာကြပါတော့တယ်။ ဟို့ယွိဟောင်တို့ အဖွဲ့လိုပဲ စာမေးပွဲအောင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေခဲ့ပါတယ်။
ဘယ်သူမှ မခန့်မှန်းထားနိုင်လောက်အောင်ပဲ ကျိုးယိက နောက်တစ်ကြိမ် ပြုံးနေခဲ့ပြန်ပါတယ်။
” မင်းတို့တွေတကယ်ကြိုးစားခဲ့ကြတယ်ဆိုတာ ငါလက်ခံရမှာပဲ မင်းတို့က ငါ့ကို မျက်နှာသာရစေတယ်…ငါတို့ရဲ့ အတန်းနံပါတ်တစ်မှာ အဖွဲ့နှစ်ဆယ့်နှစ်ဖွဲ့စလုံးက စာမေးပွဲကို အောင်မြင်ပြီးပြီ ဒါကြောင့် ငါအရမ်း၀မ်းသာတယ် ”
ချက်ချင်းဆိုသလို အတန်းတစ်ခုလုံးက အရမ်းကို ပျော်ရွှင်လာခဲ့ကြပါတော့တယ်။ ပျော်ရွှင်တဲ့အသံတွေကလဲ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ ကျိုးယိက သူတို့ကို မတားဆီးခဲ့ပါဘူး။ စိတ်လှုပ်ရှားနေကြတဲ့ ကလေးတွေကိုကြည့်ရင်းသာ ပြုံးနေခဲ့ပါတယ်။
ဒီအချိန်က တကယ်ပျော်ရွှင်ဖို့ အချိန်ပါပဲ။ မနေ့ညမှာ စောင့်ကြည့်ကြီးကြပ်သူတွေအားလုံးက အတူတူအလုပ်လုပ်ကြရင်း ရလဒ်ကိုစစ်ဆေးခဲ့ပါတယ်။
အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေက တခြားအတန်းတွေထက်ပိုပြီး မျက်နှာသာကို ရခဲ့တယ်။ ပြင်းထန်လှတဲ့ ပြိုင်ပွဲမှာသူတို့တွေက ကြောက်စရာကောင်းလောက်တဲ့ စိတ်ခွန်အားကို ပြသခဲ့ရုံတင်မကပဲ တိုက်ခိုက်ရေးစွမ်းအားကလဲ အသာလွန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေက သူတို့ယှဥ်ပြိုင်သမျှ ပြိုင်ပွဲအားလုံး နီးပါးကို အောင်နိုင်ခဲ့တာကြီးပါပဲ။
အမျက်ဒေါသကျောင်းတော်ကို သူမရောက်ရှိပြီ ဆရာဖြစ်တဲ့အချိန်ကစလို့ ကျိုးယိအနေနဲ့ ပထမဆုံးလူတွေအများကြီး ချီးမွမ်းတာကိုခံရချင်လဲ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေတွေမှာ အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေက အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြိုင်ပွဲကြီးပြီတဲ့နောက် ကျောင်းသားတွေရဲ့ တစ်၀က်က ထုတ်ပယ်ခံလိုက်ရပါပြီ။ ရလဒ်အနေနဲ့ လက်ရှိအချိန်မှာ အတန်းနံပါတ်တစ်ကတော့ ပထမနှစ်မှာ လူအများဆုံးဖြစ်လာခဲ့ပါတယ်။
ကျိုးယိ ဘယ်လောက်ပဲတင်းကြပ်ပါစေ လူတိုင်းကတော့ အရမ်းကို ပျော်ရွှင်နေခဲ့ကြပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်လဲ ဒီလိုခွင့်လွှတ်ပေးခံရတာ စာမေးပွဲအကုန်လုံးအောင်တဲ့ အဓိကအကြောင်းရင်းကြောင့်ပါပဲ။
” ကောင်းပြီ ငြိမ်ကြတော့ ”
ကျိုးယိက သူတို့အားလုံးကို ပြန်ထိန်းချုပ်လိုက်ပါတယ်။
” မင်းတို့တွေ ကျောင်းတော်ထဲမှာ နေဖို့အတွက် အာမခံချက်ရနိုင်မဲ့တစ်ခုတည်သောနည်းလမ်းက ဒီစာမေးပွဲကို အောင်မြင်ဖို့ပဲ အနည်းဆုံးတော့ မင်းတို့နောက်နှစ်အထိ ထုတ်ပယ်ခံရမှာမဟုတ်ဘူး…ဒါပေမယ့် နောက်တစ်နှစ်ပဲ ခံမှာနော် အနာဂတ်မှာ မင်းတို့တွေ ပျင်းရိနေကြရင်း ဒုတိယနှစ်မှာ မင်းတို့ကို ဒီနေရာမှာတောင် မြင်ရတော့မှာမဟုတ်ဘူး…ဒါ့အပြင် လူသစ်တွေရဲ့စာမေးပွဲကို ဖြတ်သန်းဖို့ဆိုတာက ကိစ္စကြီးတစ်ခုမဟုတ်ဘူးလေ ငါတို့ရဲ့အဖွဲ့ နှစ်ဆယ့်နှစ်ဖွဲ့ထဲမှာ ဆယ့်လေးဖွဲ့က စာမေးပွဲကို အခုထိ မပြီးမြောက်သေးဘူး… ဘာကြောင့်လဲဆိုတော့ မင်းတို့က ထိပ်တန်းခြောက်ဆယ့်လေးဖွဲ့ထဲကို ၀င်သွားလို့ပဲ မနက်ဖြန်မှာ ရှုံးထွက်ပွဲစဥ်တွေကို ယှဥ်ပြိုင်ရလိမ့်မယ်…ဒါမှသာ မင်းတို့တွေ တကယ်ကို အထူးချွန်ဆုံးနေရာအဖြစ်ကို ရောက်ရှိလိမ့်မှာပဲ ”
အပိုင်း ၂၁•၃ ပြီး၏။